Thursday, December 31, 2015

သမီးလေးရဲ့ မြန်မာပြည် ခရီးစဉ် ၃

 (ဒီနေ့ မြန်မာပြန်ခဲ့ တာ ၁ နှစ်ပြစ် အထိမ်းအမှတ်)

တမနက်တည်းနဲ့ ကားထဲမှာ အေး အပြင်မှာပူလိုက်တာမှာ သမီး ဘယ်လိုမှ မခံနိုင်တော့ပါဘူး။ အပူအအေး မမျှတဲ့ ဒဏ်ကြောင့် အပူရှပ်ပီး သမီး အကြီးအကျယ် ဖျားပါတော့တယ်။  ဂျပန်မှာ သမီးအဖျား က ၃၉ စင်တီဂရိတ် လောက်ပဲ ရှိပေမဲ့ မြန်မာပြည်မှာ သူ့အဖျားက ၄၀ ကျော်တော့ ငယ်ထိပ်မြွေပေါက်ပါပဲ။ ဒီမှာ အဖျား ၄၀ ကျော်ရင် ဆရာဝန်က emergency ပြေးခိုင်းတာဆိုတော့ ...စဉ်းစားသာ ကြည့်တော့...။ တန်းပီး ပြေးရတာပေါ့။
သူများတွေက ပြောလို့ ရန်ကင်း ကလေးဆေးရုံ ပြေးဆိုလို့ ပြေးရပါလေရော။  အောင်မငီးးးးးးးးးးးးးးးးးး လို့ပဲ ပြောပါရစေတော့။

ရန်ကင်းဆေးရုံကို ရောက်တော့ နာ့စ်ကို ဖြစ်စဉ်ပြောရတယ်။ ပြောပီးတော့ သူတို့က အဖျားတိုင်းခိုင်းတော့လည်း သမီး ကိုယ်ပူတာ အဖျား ၁၀၃ ကျော် ၁၀၄ ဆိုတော့ တန်းပီး ရေချိုးခိုင်းပါလေရော။ ရေခွက်နဲ့ ၁၀ခွက် လောင်းခိုင်းတယ်။ အမေဖြစ်တဲ့ ကိုယ်ဟာ...သမီးကို သနားလိုက်တာ...။ သမီးကို တခါမှ ရေအေးနဲ့ မချိုးပေးခဲ့ဖူးဘူးလေ..။ သမီးလေး ကြောက်လန့်တကြားနဲ့ ကိုယ့်ကို ဖက်တွယ် ထားပေမဲ့ ကိုယ်လဲ ရင်နာနာနဲ့ပဲ မဖြစ်မနေ ရေအေးနဲ့ ချိုးပေးလိုက်ရတယ်။ သမီးလေး ငို လိုက်တာ..။ တခွက်လောင်းတိုင်း ရင်ထဲ နင့်ကနဲပေါ့။ ဒီကြားထဲ သူ့အဘွားက ဆေးရုံလာလို့ သိပ်မကြည်ဘူး။ အဲဒါလည်း ပီးရော... ဆရာဝန် ပေါက်စလေး တကဲ့ နို့နံ့ မစင်တဲ့ ပေါက်စလေးကို တခါ ဖြစ်စဉ် ပြန်ပြောရပြန်ရော။ ( အထင်ကြီးစရာ လုံးဝ မရှိတဲ့ ဆရာဝန်ပေါက်စ) အဲကနေ တခါ နောက်ထပ် ဆရာဝန် လူရွယ် တစ်ယောက် ပြောင်းရ ပြန်ရော။ ပြောင်းလဲ ပြောင်းရော သူက တခါတည်း ပြောတယ်။ သူ့အဘွားကို အန်တီတို့ ပါရမီ ကလေး အထူးကု ဆေးခန်းသာ သွားလိုက်ပါတဲ့.....။

ဒါနဲ့ ပါရမီ အထူးကု ဆေးခန်းကို  ပြေးရပြန်တာပေါ့... အဲ့ဒီမှာ အဲ့ဒီရက်က တာဝန်ကျတဲ့ ဆရာဝန်မ  အသက်ခပ်ကြီးကြီးပါပဲ။ သူနဲ့ ပြရတယ်။ ပြသာ ပြတယ်။ သေချာလည်း စစ်တာ မဟုတ်ပါဘူး။ သူက သောက်ဆေးတွေ ပေးလိုက်တယ်။ ကိုယ်က ဆေး ချိုလားလို့ မေးတော့ ဒီက ကလေးတွေ သောက်တယ်ပေါ့။ အဖျားကျဆေးရယ် ပိုးသတ်ဆေးရယ် အရမ်းပူလာရင် သုံးတဲ့ ဆေးရယ်ပေးလိုက်တယ်။ နောက် ၁ရက်နေရင် ပြန်လာတဲ့။ စာအုပ်ဖိုးက register လုပ်လို့ ပေးရတယ် ဆရာဝန်ခ ရယ် ဆေးဖိုးရယ်ပေါင်း မြန်မာငွေ ၁၅၀၀၀  ကုန်ပါတယ်။ သမီးအတွက် ပထမဆုံး ဆေးခ ကုန်ခြင်းပါ။ ဂျပန်မှာက ကလေးက ဖရီး လေ..ဓာတ်မှန်ရိုက်တာက အစ ဆိုပါတော့။ ထားပါတော့လေ..ဒါ မြန်မာပြည်ကိုး။ကုန်တာက အကြောင်းမဟုတ်ပါဘူး။
ဒီလိုနဲ့ မီးလေးနဲ့ ကိုယ် ဆေးတိုက်ဖို့ ပြင်ရတာပေါ့။ ဆေးမတိုက်ခင် ကိုယ့်မှာ တော်တော်လေး ဗျာများရပါတယ်။ မြန်မာဆေး အွန်မလား ဂျပန်က ဆရာဝန်ပေးလိုက်တဲ့ ဆေး အွန်မလားဆိုပီး အုံးစားတာပေါ့။ ဘာလို့ဆို ဂျပန်မှာ ကလေးမပြောနဲ့ လူကြီးတောင် ၂၀၀ ၂၅၀ ဂရမ်ပဲ အွန်တာ။ ကိုယ်တို့ မြန်မာပြည် မယ် ၅၀၀ ဂရမ် အွန်ထားတာကိုး။ ကိုယ်လဲ နောက်ဆုံး  မြန်မာပြည်ဟာပဲ ချကွာဆိုပီး ချတော့ အမလေးးး ကိုယ့်အမှား တစက်မှ မမြည်းကြည့်လိုက်မိဘူး။ သမီးလေး ...ဆေးမကြောက်တဲ့ကလေး... အဲ့ဒီကစပီး တခါတည်း ကြောက်သွားလိုက်တာ ဂျပန်ပြန်ရောက်တာတောင် မပျောက်လို့ မနဲ ပြန်လုပ်ရပါရော။ အဲလိုနဲ့ သမီးကို ဆေးထိုးအပ်မှာထည့်ပီး ချုပ်တိုက်ရတဲ့ အဆင့်ရောက်ရော။ ဆေးက ၀င်လိုက်မ၀င်လိုက်နဲ့ ဆိုတော့ ကလေးက အဖျားမကျ။ အရမ်း အဖျား မတက်တော့ပေမဲ့ မကျဘူး ၁၀၂ မှာတန့်နေတယ်။ သမီးလည်း အစား မစားတော့ဘူး။ အမေနို့ ပဲ ၀င်တော့တယ်။ ဘယ်သူ့မှ ခေါ်လို့ မရတော့ဘူး။ တောက်တဲ့လေး ကပ်နေသလို ကိုယ်ပေါ်မှာပဲ။ ချောင်းကလည်း ဆိုးလိုက်တာ ဆိုတာလေ...။ နောက်ဆုံး သူချောင်းဆိုးတိုင်း ကိုယ်က ထောင်ထောင်ပေးရတဲ့အခါ ကလေးက သူချောင်းဆိုးတော့မယ်ဆို မအေကိုယ်ပေါ်ရောက်လာတော့တာပဲ။ ဒီလိုနဲ့ နောက်တနေ့ ဆရာဝန်ဆီထပ်သွားတော့ ကလေးချောင်းဆိုးတာ ပြောတယ် ကိုယ်ပူမကျတာပြောတော့ ဆေးဝင်အောင်တိုက်တဲ့..။ ကိုယ်မကြိုက်တာက ချောင်းဆိုးတယ် ပြောတာ ချောင်းဆိုး ပျောက်ဆေး လုံးဝ မပေးပဲနဲ့ ပိုးသတ်ဆေးတိုက်တာပါပဲ။ စဉ်းစားကြည့်.. ကိုယ်စိတ်ဆိုးလိုက်တာ။ ချောင်းဆိုးတာ ပိုးသတ်ဆေးသောက်မှဆိုတဲ့ အစွဲ မြန်မာပြည်ကလူတွေ စွဲနေကြတယ်။ အမှန်က ဒီမှာဆို ချောင်းဆိုးပျောက်ဆေး ပေးလို့ မသက်သာမှ ပိုးသတ်ဆေး ထပ်ပေးတာ။ ၂မျိုး သောက်ရတာပေါ့။

           အဲ့ဒီပိုးသတ်ဆေးကို မကျေမနပ်နဲ့ပဲ သမီးကို သနားစွာနဲ့ တိုက်ရပါလေရော။ သမီးလေး သိပ်သနားဖို့ ကောင်းတယ်။ အဲလိုနဲ့ ဆေးလဲတိုက်ပီး ခေါင်းပေါ်ရေလောင်းချပလိုက်တယ်။ အဖျားကကြာလာလို့။ ရာသီဥတုကလည်း တအားမပူပေမဲ့ ပူတော့ပူတယ်။ ဒါနဲ့ ဆရာဝန်ကို သမီးအတွက် အခန်းအပူချိန် ဘယ်လောက်လောက်ထားရင် အဆင်ပြေမလဲ မေးတာပေါ့...။ အဆင်ပြေသလိုထားတဲ့။
အဲ့တာနဲ့ ကိုယ့်မှာ ဖွင့်လိုက်ပိတ်လိုက်နဲ့ သမီးနဲံ့ ဗျာများနေတာပေါ့။ သမီးလေးလည်း ကိုယ်အကြမ်းလုပ်လိုက်လို့ လားမသိဘူး။ အဖျားကျသွားလေရဲ့။ အဖျားကျတော့ မျှော်နေကြတဲ့ ကိုယ့်အဖေအိမ် သွားတာပေါ့...။ အဲ့ဒီမှာ ဘာထပ်ဖြစ်လဲ ဆိုတော့ သမီးက အဖျားတော့ ကျပါရဲ့ တကိုယ်လုံးမှာ အနီစက်တွေ ထွက်လာပါလေရော။

ဆက်ရန်