သမီးလေး ၁ နှစ် ၃လ ပြည့်စ မှာ မြန်မာပြည်ကို ပြန်ပါတယ်။ မပြန်ခင်
အင်္ဂလန်က သူ့ အဒေါ်ငယ် ဂျပန်ကို လာလည်ပါတယ်။ သူ့အဒေါ်ငယ် မိပ်ကပ်လိမ်းတာ
ကြည့်ပီး သူက သူ့မျက်နှာကို ဖတ်ဖတ်နဲ့ လုပ်တာ အစက ဘာလုပ်ပြနေမှန်း
မသိပါဘူး။ နောက်မှ သမီး တီတီ ဘယ်လို မိပ်ကပ်လိမ်းလဲဆိုတော့မှ သူ့မျက်နှာကို
လုပ်ပြနေတာမှန်း သိကြပါတယ်။
သမီးက လမ်းလျှောက်တာလဲ
မြန်သလို စကား ပြောတတ်တာလဲ မြန်ပါတယ်။ သမီး တီတီ လာတော့ သမီးက ၁နှစ် ၂လ ပါ။
သူ့ တီတီ ကို တီတီလို့ ပီပီသသ ခေါ်တတ်နေပါပီ။ မေမေ့ကိုတော့ သမီးလေး
၈လလောက်တည်းက ပီပီသသ ခေါ်ပါတယ်။ သမီး ၉လ မှာတော့ ဖေဖေ ကို ပီပီသသ
ခေါ်နိုင်နေပါပီ။ သမီးကို မြန်မာပြည် မပြန်ခင် ၂ ရက်လောက် ကတည်းက သမီးကို
သမီးလေးရေ.. မေမေတို့ မြန်မာပြည် ပြန်ရင် သမီး ဘိုးဘွားတွေနဲ့ တွေ့မယ်နော်။
တွေ့ရင် သမီးက ဘိုးဘိုး ဘွားဘွား ဦးဦး ဒေါ်ဒေါ် ခေါ်တတ်အောင်
လုပ်နော်ဆိုပီး သင်ပေးလိုက်တာ။ သမီးလေး က ဘွားဘွား ဘိုးဘိုး ဦးဦး ဘဘ
အကုန် ပီပီသသ ခေါ်နိုင်ပါတယ်။ ဦးဦး လို့ ခေါ်တဲ့အခါ သိပ်ရီရပါတယ်။
သူ့နုတ်ခမ်းလေးကို ချွန်ပီးစုလိုက်သေးပါတယ်။ ပီးတော့မှ ဦးဦးလို့
ခေါ်တာပါ။
သမီးလေး နဲ့ ပထမဆုံး လေယာဉ် စီးခြင်း
သမီးနဲ့ လေယာဉ် မစီးခင် သူ့အဒေါ်လာတုန်းက ရှင်ကန်ဆန်လို့ ခေါ်တဲ့ bullet train စီးဖြစ်ပါတယ်။ ဂျီမကျတတ်တဲ့ ကလေး ဂျီကျတာ အဲ့ဒီမှာ သိလိုက်ပါတယ်။ ကလေးတွေ အိပ်ရေးမ၀ရင် လူကြီးတွေ အဆင်မပြေဘူးဆိုတဲ့ သင်ခန်းစာလဲ ရသွားပါတယ်။ ဒါနဲ့ သမီးလေး လေယာဉ်စီးတဲ့ အခါ အဆင်ပြေအောင် အတွေ့အကြုံရှိသူတွေကို မေးရမြန်းရပါတယ်။
သမီး သိပ်ကြိုက်တဲ့ အရုပ်ရယ် စာအုပ်ရယ် အိုင်ပက်ရယ် ကို စီစဉ်ရပါတယ်။ ပီးတော့ သမီးလေးအတွက် စားစရာ မုန့်နဲ့ readymade လေးတွေ ကို ကိုယ်နဲ့ တပါးတည်း သယ်ပါတယ်။
မြန်မာပြည် ပြန်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ သမီးအတွက် လိုအပ်တာတွေကို စီစဉ်ရပါတော့တယ်။ သမီးက ငယ်သေးတော့ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရပါတယ်။ ဒီတော့ မသွားခင် ၁ ရက်အလို မှာ ဆရာဝန်ကို သမီး ခရီးသွားမယ် ဆိုတဲ့ အကြောင်း ပြောပြပီး လိုအပ်တဲ့ ဆေးဝါး အထူးသဖြင့် အဖျားပျောက်ဆေး၊ ၀မ်းပိတ်ဆေးတွေ ပေါ့။ ခြင်ကိုက်ရင် လိမ်းတဲ့ ဆေးအပါအ၀င်ပေါ့။ အဲ့ဒီအချိန်က သမီးက ရိုးရိုးရေ လုံးဝမသောက်တတ် သေးပါဘူး။ အဲ့အတွက် ခေါင်းတော်တော်စားပါတယ်။ သူများတွေကတော့ ပိုတယ် ပြောမှာပါပဲ။ ပြောလဲ ပြောကြပါတယ်။ တသက်လုံး ရေမသောက်ပဲ ရမလားတဲ့။ ဒါပေမဲ့ ဖြစ်နေတဲ့ အခြေအနေကို ကိုယ်လဲ မတတ်နိုင်ဘူးလေ။ သူမသောက်တော့ သောက်တဲ့ ဟာတော့ စီစဉ်ရမှာပေါ့။ ဒီတော့ မသွားခင် ၂ပတ်အလိုတည်းက ဆိုင်တကာ ပတ်ပီး သမီးသောက်တဲ့ ရေ အတွက် ဖြည့်တင်းဖို့ ၀ယ်ရပါတယ်။ ကံကောင်းစွာပဲ စက္ကူဗူးလေးနဲ့ တခါသောက်ဗူးလေးတွေ ၀ယ်လို့ ရလာပါတယ်။ ဒါပေမဲ့ ၁လခွဲ စာလောက်ပဲ ရပါတယ်။ သူသောက်တဲ့ ရေက ရိုးရိုးရေတော့ မဟုတ်ပါဘူး။ ကျန်းမာရေး အတွက် ကောင်းပီး အခြားဗီတာမင်တွေ ပါတဲ့ ရေပါ။ ဒါနဲ့ အဲဒီရေဗူးအပြင် ကုန်သွားခဲ့ရင် ဖျော်ပီး သောက်လို့ရတဲ့ အထုပ်တွေပါ ၀ယ်ခဲ့ရတာပေါ့။ သူငယ်ချင်းတယောက်က ပြောသေးတယ်။ ကလေးကို ၀မ်းမလျှောအောင် မြန်မာပြည်ကရေသန့်နဲ့ ဂျပန်က ရေသန့် နဲနဲစီရော တိုက် ဆိုလို့ ရေသန့်ဗူး အသေး ၂လုံးလောက်လည်း သယ်လိုက်ပါသေးတယ်။
ပီးတော့ သမီးလေး ထမင်းမစားတဲ့အခါ အရေးပေါ်သုံးလို့ရမဲ့ readymate ဟင်းထုပ်လေးတွေ ရယ် snack ထုပ်လေးတွေ cheese တွေ သယ်ပါတယ်။ သမီးအတွက်ရတဲ့ ၂၃ ကီလိုဟာ သမီး မုန့်တွေ ရေတွေနဲ့ပဲ ပြည့်နေပါတယ်။ နို့မှုန့်လည်း တဗူး ပါလိုက်သေး။ သမီးအတွက် ဒိုင်ဗာလဲ ၂လစာ မှန်းပီး သယ်လိုက်ပါသေးတယ်။ မြန်မာပြည်မှာ ရှိတယ်လို့ သတင်းရပေမဲ့ စိတ်မချတာနဲ့ သယ်သွားတာပါ။
ပစ္စည်းတွေ အားလုံးကို မသွားခင် ၂ ရက်အလိုတည်းက လေဆိပ်ကို လှမ်းပို့ထားပါတယ်။ ဒီတော့ သွားတဲ့အခါ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လူကြီးသတ်သတ် လေဆိပ်ကို သွားပါတယ်။ ကိုယ်တို့ သွားမဲ့ အချိန်က စောတော့ သမီးကို ညကတည်းက ၀တ်စုံပြည့်ဝတ်ပေးထားလိုက်ပါတယ်။ အဲဒါမှ သမီးလေး မနိုးအောင်ပါ။ ဒါပေမဲ့ သွားမဲ့ မနက်စောစော မှာ သမီးက နိုးလိုက်တာမှ ပြန်သိပ်လို့ကို မရဘူး။ သမီးက ဖေဖေနဲ့ မေမေနဲ့ တူတူထွက်တော့ သိပ်ပျော်နေတာ ကိုး။
ဒီလိုနဲ့ ရထား ပြောင်းစီးပီး လေဆိပ်ကို ရောက်သွားပါတယ်။ သမီးက ပျော်ရွှင်စွာနဲ့ စပ်စုစိန်လုပ်နေတာပေါ့။ အိပ်ကို မအိပ်ပါဘူး။ ကိုယ်လဲ သမီးလေး မေမေတို့ လေယာဉ် စီးမယ် စီးပီး သွားမယ် ကြိုပြောထားပါတယ်။ ဒီလိုနဲ့ လေယာဉ် ပေါ်တက်တော့မှ မရွှေချောက အိပ်သွားပါတယ်။ အဲ့ဒီအချိန် ကိုယ်က သမီးလေးကို လေယာဉ်တွေ ပြချင်နေတဲ့ အချိန်ပေါ့။ သမီးလေးဟာ လေယာဉ် စတက်ကတည်းက အိပ်လိုက်တာ နောက်ထပ် ၄နာရီလောက်ပါ။ အဲလို အိပ်တာ ကလေးတွေ အတွက် သိပ်ကောင်းသလို မိဘတွေ အတွက်လည်း အတော် အဆင်ပြေပါတယ်။
သမီးလေးနိုးတော့ မငြိမ်တော့ဘူးလေ။ ဒါနဲ့ အရုပ်လေးတွေပေး အစာကျွေး စာအုပ်ဖတ်ပြနဲ့ သူပျင်းလာရင် လေယာဉ်ပြတင်းပေါက်ကနေ မြင်နေရတဲ့ တိမ်တွေရယ် လေယာဉ်တောင်ပံရယ် ကြည့်နဲ့ပေါ့။ ထိုင်ခုံ တီဗီမှာ ကစ်တီ ကာတွန်းကားရယ် ဒိုရမွန် ရယ်ရှိတော့ တခါတလေ အဲဒါလေးပြတော့ သူလဲ အဆင်ပြေပေါ့။ သမီးက နို့စို့ချင်လာတော့ သမီးကို နို့ဖြတ်မယ်လို့ ရည်ရွယ်ထားတော့ သမီးကို ဟိုလှည့်ဒီလှည့်နဲ့ မတိုက်ဘူးပေါ့။ ဒါပေမဲ့ ကိုယ် မခံမရပ်အောင် နို့နာလာတော့ လေယာဉ်အိမ်သာမှာ သွားညှစ်ထုတ်ရတယ်။ ဒါပေမဲ့ အကုန်မညှစ်နိုင်ပါဘူး။ ဒါနဲ့ သူ့ဖေဖေကလည်း ကလေးသနားပါတယ်ဆိုတာနဲ့ ဆိုတာနဲ့....... ပြန်တိုက်ရတော့တာပဲ။ တိုက်လိုက်တာလည်း ခပ်ကောင်းကောင်းပါ။ သမီးက လေယာဉ်ဆင်းတော့ နားနာလာပုံရပါတယ်။ မအေနို့စို့လိုက်တော့ သက်သာအောင် သမီးကို မေမေ့နို့ကို စို့နေနော် သမီးလို့ ပြောရပါတယ်။ သနားပါတယ်။ မြန်မာပြည်ကို လေယာဉ်ဆိုက်တော့ ခန့်မှန်းချိန်ထက် အတော်လေးစောပါတယ်။ လာကြိုသူတွေတောင် မရောက်သေးပါဘူး။ ၄နာရီ၁၅ လောက် ရောက်တယ်ထင်ပါတယ်။ အပြင်ထွက်လာတာတောင် ဘယ်သူမှ မရောက်ကြသေးပါဘူး။
သမီး အဘွားလာကြိုပါတယ်။ သူ့အဘွားက တွေ့တွေ့ချင်း သမီးကို မြေး မြေးဆိုပီး အော်ပီး ပြေးလာချီတော့ သမီးလေးက ၀ါးကနဲ ငိုတော့တာပါပဲ။ ဘယ်သူမှ ခေါ်လို့မရတော့ပဲ အမေဆီပဲ ကပ်ပါတော့တယ်။ သမီးလန့်သွားတာလေ။ အဲဒါနဲ့ သူ့ကို လာကြိုတဲ့ တယောက်က အမေ အရမ်းသွားခေါ်တာ ကလေးလန့်သွားတာပေါ့လို့ ဆိုမှ ချီချင်ပေမဲ့ သူတို့လည်း ဘေးကနေ အသာလေး လိုက်လာရပါတယ်။
သူ နဲနဲ အဆင်ပြေပီးသွားမှ ကားပေါ်မှာ သမီး လေး ဘွားဘွားကြီးလေ မှတ်မိလား စကိုင်ပီမှာ ပြောတယ်လေဆိုတော့ အင်းတဲ့။ ဒါပေမဲ့ သမီးက လန့်နေတုန်းပဲ အဖေရယ် အမေရယ် ၂ယောက်တည်းကနေ ရုတ်တရက်ဆိုတော့ လူအများကြီးနဲ့ ဆိုတော့သူလန့်မှာပေါ့။ ကားပေါ်မှာ ငြိမ်ပီး သူပါလာတယ်။ အိမ်ကိုရောက်တော့ သူ့အဘွားအိမ်မှာ ကစားကွင်း လို လုပ်ထားတော့ သူသိပ်ပျော်နေတာပေါ့။ ကစားရင်း ကစားရင်းမှ ဘွားဘွားကို မှတ်မိသွားတယ်။ သူ့အဘွားကတော့ ပျော်လို့ သမီး ဘာလုပ်လုပ် ဓာတ်ပုံတွေ ရိုက်ပေါ့။ မိုးလည်းချုပ်လာရော မနှင်းဆီလေးလည်း အိမ်ပေါ် အိမ်အောက် ထမင်းစားခန်းမကျန် အကုန်ပတ်ပီး သွားပီပေါ့။ မကြာခင် သူ့ ဘိုးဘိုး ပြန်လာရော။ သမီးလေး သိပ်ပျော် သွားတာပေါ့...။
ဆက်ရန်
Saturday, November 7, 2015
Thursday, October 8, 2015
သမီးလေး နှင့် အရိပ်
သမီးလေး ၁နှစ်နဲ့ ၁၁လကျော်မှာ သမီးလေးဟာ အရိပ်ကြောက်သူလေး ဖြစ်လာပါတော့တယ်။
အင်မတန်ဆော့တဲ့ သမီး ၄ ၊ ၅ နှစ် ကလေးတွေ မှတက်တဲ့ လျှောပေါ်ကို မှ အမြဲစီးနေကြ သမီးလေးဟာ... အမြင့်ကို မတက်ရဲတော့ သလို လှေခါးကိုလည်း မတက်ရဲ တော့ပါဘူး။ အိမ်အပြင် ထွက်ပီဆိုတာနဲ့ မအေကို ကုပ်ပီး ဖက်တွယ်ထားတဲ့ သမီးကို ကြည့်ရင်း အစက သမီးဘာကိုကြောက်မှန်း မသိ ဖြစ်ခဲ့ရပါတယ်။ နောက်မှ သေသေချာချာ သိပါတယ်။ သမီးလေးက အရိပ်ကြောက်တာကိုး။ သမီးကို ခြောက်လှန့်တာလဲ မရှိတော့ သမီး ဘာကြောင့် အဲလို ဖြစ်သွားတာလဲ ဆိုတာ တော်တော် အုံးစားပါတယ်။ ရှော့ပင်းစင်တာတွေ သွားလဲ ပြေးလွှားသွားတတ်တဲ့ သမီးဟာ သူ့အရိပ်ကိုကြည့်ပီး လမ်းကောင်းကောင်းမလျှောက်တော့ပါဘူး။
ဘယ်လိုမျိုး ဖြေပေးရမှာလဲ ဆိုတာ ကို ဖတ်မိသလောက် ဥာဏ်ရှိသလောက် အတော် ကြိုးစားခဲ့ရပါတယ်။
သမီးလေးကို သမီးအရိပ် မေမေ့အရိပ် ဖေဖေ့အရိပ် အရုပ်လေးတွေ အရိပ်ဆိုပီး ဆော့ တမ်းကစားလဲ... ကစားတုန်းပါပဲ။ အိမ်ထဲမှာဆို သူ မကြောက်ပါဘူး။ လိုက်ကာအရိပ်လေးဆိုပီး ကိုယ်က လှုပ်ပြ သူကဆော့။ အပြင်ထွက်ရင်လဲ သမီးအရိပ် မေမေ့အရိပ်ပြလဲ ပြပြပါပဲ။ သမီး အရိပ်ကို မကြောက်ဘူးကွာ ပြောလဲ ပါးစပ်ကနေ အရိပ် မကြောက်ဘူးလို့ လိုက်ပြောပေမဲ့ ကြောက်တာပါပဲ။ ဒါနဲ့ ကိုယ်က သမီးလေး I am brave လို့ အမူအယာနဲ့ သင်ပေးတော့ သမီးလေးက လက်ဝှေ့ထိုးသူလို လက်ပိုက်ပီး လက်ခမောင်းခတ်ရမဲ့ အစား ပုခုံးပေါ်ကို လက်လေးတွေတင်ပီး I am brave တဲ့။ ကိုယ်တို့ ၂ယောက်သား ရီလိုက်ရတာ။ သမီးဟာ သူများက မကြောက်ပဲ ဖက်နမ်းခံရမဲ့ ဒီဇိုင်း။ ဒီလိုနဲ့ သမီးလေးနဲ့ အပြင်တွေထွက် ကစားကွင်းတွေသွား ရှော့ပင်းမောလ်တွေ သွား သမီးလေးကို ကစားရင်းနဲ့ ကြောက်စိတ်လေး ဖြေပေး။ တခါတခါ ဖေဖေ့ဆီကနေ မေမေက ခပ်လှမ်းလှမ်းကစောင့် လက်၂ဖက်ကားပီး သမီးကိုခေါ်။ ဖေဖေတလှည့် မေမေတလှည့်လုပ်ပေးပေါ့။ သူငယ်ချင်းတွေ ရောက်လာတော့လည်း အဲဒီလိုလေးတွေ လုပ်ပေး ဆော့ပေးနဲ့ ပေါ့။ သူ့ကစားကွင်းတို့ ကစားစရာတွေနဲ့ တွေ့ရင်တော့ သမီးရဲ့ အရိပ်ကြောက် ရောဂါက အဆော့မက်ပီး ပျောက်ပါတယ်။ ဒီလိုနဲ့ ကိုယ်လည်း အပင်ပန်းခံပီး ရက်ဆက် ရှော့ပင်းမောလ်သွား ပေးလိုက်တာ... အခုတော့ သမီးရဲ့ အရိပ်ကြောက်ရောဂါ က ပျောက်သလောက် ဖြစ်သွားပါပီ။ အဲ့လို ဖြစ်တဲ့ အခါ ကြတော့လဲ မေမေ့မှာ စိတ်ပူရပြန်ပါတယ်။ လမ်းကောင်းကောင်းမလျှောက်ပဲ ပြေးနေတော့တာကိုး။ ချော်လဲမှာ စိတ်ပူရတာ တမျိုး ပျောက်သွားမှာ ကြောက်ရတာ တမျိုးပေါ့။
သမီးလေး အရိပ်ကြောက် ရောဂါပျောက်ဖို့ အချိန် ၂လ နီးပါး ကြာသွားခဲ့ပါတယ်။
သမီးက စကားတွေလဲ တအားတတ်တတ်လာပါတယ်။ တခါတလေ ဘာတွေ ပြောမှန်းလဲ မသိပါဘူး။ မနေ့ကတော့ ရီစရာကောင်းတာက သမီးအလုပ်လုပ်နေတယ်တဲ့။ ဘာလုပ်နေတာလဲဆိုတော့ ဟင်းချက်နေတာတဲ့။ ဘာဟင်းချက်လဲဆိုတော့ မန်မန်တဲ့။

Thursday, October 1, 2015
သမီးလေး အတွက် ကိုယ့်ကဗျာ
အင်္ဂလိပ်လို
၁ ကနေ ၁၀ အထိ သမီးလေး ၂နှစ်ပြည့်စမှာ ရေတွက်နိုင်တဲ့ အတွက် သိပ်ကို
အံ့လဲသြမိ ဂုဏ်လဲယူမိရပေမဲ့ မြန်မာလို ရေတွက်တာ မသင်ရသေးလို့ ကဗျာတွေ
အင်တာနက်က ရှာတဲ့ အခါ အဆင်မပြေတာနဲ့ပဲ ကိုယ့်ဘာသာ တီထွင်ထားတဲ့ ကဗျာပါ။
ကဗျာလေးက သမီးအတွက်တော့ အဆင်ပြေပါတယ်။ သမီးလေး နားလည်တဲ့ အရာပေါါ်
အခြေခံထားလို့ပါ။ ကလေးတစ်ယောက် နားလည်ဖို့ရယ် စိတ်ဝင်စားစေဖို့အတွက်
ကိုယ်တိုင်
ဟန်ပန် အမူအယာနဲ့ သင်ပေးရပါတယ်။ ( ကလေး အမေ ဖြစ်တဲ့ အတွက် သမီး လေး
စိတ်ဝင်စားဖို့ပဲ အဓိက ထားပါတယ်။ သူများတွေ မြင်ရင်တော့ မရှက်ဘူးလို့
ထင်မှာပေါ့။)
တစ် နှစ် မျက်နှာသစ်
သုံး လေး လက်ကိုဆေး
ငါး ခြောက်တံခါးခေါက် (ဒေါက်.. ဒေါက်..ဒေါက်)
ခုနှစ် ရှစ် အကျီင်္ဝတ်
ကိုး တစ်ဆယ် အပြင်ထွက်မယ်။ (သမီးက let’s go, c u , bye bye ပါထည့်ဆိုပါတယ်။)
ဒီအပုဒ်ကတော့ သူသိပ်ကြိုက်ပါတယ်။ သူ့ရဲ့ အဖြစ်ကို အခြေခံထားတာကိုး။
တစ် နှစ် သုံး လေး ငါး။ ထမင်းတွေ အများကြီးစား။ သေသေချာချာ ၀ါး။ လျှာကို ကိုက်မယ် သတိထား။
ခြောက် ခုနှစ် ရှစ် ကိုး တစ်ဆယ်။ လျှာကို ကိုက်မိတယ်။ လျှာကို ကိုက်တော့ နာနာဖြစ် ။ အား အား.. အီး အီး အစ်။
သမီးလေး နှစ်သက်ပီး သူ နားလည်တဲ့ ကဗျာလေး ဖြစ်တဲ့ အတွက် ခဏအတွင်း ရသွားပါတယ်။ နောက်မှ သူငယ်ချင်းတွေက ငါးလေးတစ်ကောင်ဖမ်းမိတယ် ကဗျာလေးပြောပြလို့ သမီးကို သင်ရပါသေးတယ်။
အပြင်သွားလို့ လှေခါး အတက်အဆင်းတွေ ဆိုရင် သမီးလေးက လှေခါးထစ် ရေတွက် ပီးတက်ဆင်း လုပ်ပါတယ်။
အရောင်တွေ သင်ပီး နောက်မှာလဲ လမ်းကူးရင် သမီးကို မီးပွိုင့်မှာ မီးအရောင် ကို ကြည့်ခိုင်းပါတယ်။

Tuesday, September 22, 2015
ipad အသုံးတည့်ပုံ
အခုတလော ipad iphone တွေရွဲှ့န္တရာယ် တွေ ပဲ ဖတ်နေရလို့ ကောင်းကျိုးလေးတွေ လည်း ရှိတယ်ဆိုတဲ့ အကြောင်း ပြောပြချင်ပါသေးတယ်။
သမီးလေးနဲ့ အိုင်ပက် ပေါ့။
အရင် ဦးဆုံး အိုင်ပက် သုံးပီး သမီးလေး တိုးတက်မှုကို ပြောပြချင်ပါတယ်။
သမီးလေးကို 1 to 10 ကို တခါမှ သေချာ မသင်ပေးခဲ့ပါဘူး။ ဒါပေမဲ့ youtube ကနေ counting nos , 1,2,3,4,5 သီချင်းတွေနဲ့ သမီးလေးက အလွတ်ရ သွားသလို ကလေးတွေ အကြိုက် ဂဏန်းလေးကို ပုံလေးတွေနဲ့ပါတဲ့ အခါ သမီးလေး အလွတ်ရသွားသလို ၁ ကနေ ၅ အထိ သူမှန်အောင် ရွေးချယ်နိုင်ပါတယ်။ ဓာတ်လှေကား တက်တဲ့ အခါမှာ သူ့ကို သမီးလေး ဘယ်အထပ်ကို နှိပ်ပေးပါလို့ ပြောရင် သူ ရွေးချယ်ပေးပါတယ်။ လှေကား တက်တဲ့အခါ သူနဲ့အတူ လှေကားထစ်တွေ ရီပီး တက်ပေးပါတယ်။ ပြောချင်တာက youtube က သမီးလေး ကို စာသင်ပေးတယ်ဆိုတဲ့ အကြောင်းပါ။
ဒီလိုပါပဲ A, B, C သီချင်းကို သမီးလေး အလွတ်ရသလို အခုအရွယ်လေးနဲ့ A ကနေ z အတွင်း စာလုံးတွေ မြင်ရင် သူက ဒါကို မေမေ abc ဟိုမှာတဲ့..။ အဲဒါ သူ ၂ နှစ်မပြည့်ခင်ထဲက ပြောတာပါ.။
သမီးကို A, B, C ရွေးခိုင်းရင် သူ အေ ကနေ စီ အထိ မှန်အောင် ရွေးနိုင်ပါတယ်။
သမီးလေးဟာ YOUTUBE ကနေ အင်္ဂလိပ် စာလုံးတွေ နားလည်မှုတိုးလာသလို ဂျပန်စာလုံးလေးတွေ လည်း သူ နားရည်ဝနေ ပါတယ်။ မြန်မာလို ကဗျာလေးတွေလည်း YOUTUBE ကပဲ ရပါတယ်။ သမီးလေး ကြိုက်တဲ့ ကဗျာသီချင်းလေးတွေက ရောင်စုံဘောလုံး ၊ ပစ်တိုင်းထောင်၊ သူတို့ဘ၀နဲ့သူတို့တွေ၊ အဘိုးကြီးအို ခါးကုန်းကုန်း၊ ငြိမ်းချမ်းတဲ့ မိသားစုလေး တို့ပါပဲ။ အဲလို ကဗျာတွေကို မိခင်တွေ ကိုယ်တိုင် အင်္ဂလိပ် ဂျပန် မြန်မာ အကုန် ကလေးနဲ့ အတူ အမူအယာလေး တူတူလုပ်ပီး လိုက်ဆိုရင် သူတို့လေးတွေ သိပ်သဘောကျပါတယ်။ အင်္ဂလိပ်ကဗျာ တော်တော်များများ ရသလို ဂျပန်လို ကဗျာလေးတွေ လည်း သူရနေပါတယ်။ ဒါကတော့ youtube ကနေ ရတဲ့ အကျိုးပါ။
နောက်ပီး သမီးကို ဘာလုပ်စေချင်လဲ။ youtube မှာရှာပီး ကိုယ်တိုင်ဘယ်လို လုပ်တာ ဒါမှမဟုတ် မိဘက ဘယ်လို လုပ်တာကိုပါ ပြပေးရပါတယ်။ ဒါဆို သူတို့က အဲဒါကို မြင်ပီး အတုမြင် အတတ်သင်ကြပါတယ်။
ဒီက ကလေးချန်နယ်မှာလည်း ကလေးတွေ အကျီင်္ ခေါက်သိမ်းတာ အ၀တ်ကိုယ်တိုင်ဝတ်တာ သွားတိုက်တာ အိမ်သာတက်တာ လေးတွေ ပြတာကို ကြည့်ပီး သမီးက ကိုယ့်ဘာသာ လုပ်ချင်တာ များပါတယ်။ ဥပမာ..အခုတလော သမီးလေးက ရှူးရှူးပေါက်တာ အိမ်သာမှာ မသွားလို့ youtube မှာရှာပီးပြရတာပေါ့. အခုတော့ သမီးလေးက အိမ်သာမှာ သွားပါတယ်။ သွှူအရုပ်တွေကို တောင် ရှူးရှုးတည် ပေးတမ်းဆော့ပါတယ်။ အခုတလော ကိုယ်က သွားတိုက်ပေးတိုင်း ငြင်းနေလို့ အဲဒါလေး ရှာပြပေးမှ မအေလုပ်တာ ခံပါတယ်။ သူ ကိုယ်တိုင် အ၀တ်ဝတ်နိုင်သလို ခြေအိတ် ဖိနပ်ဝတ်နိုင်ပါတယ်။ တခါတလေတော့လည်း ပြောင်းပြန်ဖြစ်တာတို့ မှားတာတို့တော့ ရှိတာပေါ့နော်။
သမီးကိုယ်ဝန်နဲ့ တည်းက ကိုယ်တိုင် ဂိမ်းဆော့တဲ့ အကျင့်ကို ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ သမီးလေးအတွက် educated game လေးတွေ ရှာထားပေးတော့ အခုချိန်မှာ သမီးလေး အတွက် အတော် လေး အသုံးဝင်ပါတယ်။ colour တွေ shape တွေ တူတာလေးတွေ ဆက်တာ သမီးလေးလဲ ပျော်ရ တခါတည်း သင်ပေးပီးသား ဖြစ်သွားပါတယ်။ အခု သမီးကို shape တွေ သင်နေပါပီ။
သမီးက tango, viver, line, skype ကို ကောင်းကောင်းခွဲတတ်ပါတယ်။ ဘယ်သူက ဘယ်သူ ဆိုပီး tango, line, skye မှာ သူကိုယ်တိုင်ရှာပီး ခေါ်တတ်ပါတယ်။ သူကိုယ်တိုင် လျှောက်ရိုက်တဲ့ ပုံတွေကတော့ သမီးလေး ၁ နှစ်ခွဲလောက်တည်းက ကောင်းကောင်း ကိုင်တတ်နေပါတယ်။
ဒါတွေကတော့ အကျိုးရှိပုံတွေပေါ့။
အကျိုးမရှိတာကတော့ မျက်စိပျက်စေမည်။ စွဲလန်းစေမည်ပေါ့။
ဒီတော့..... အချိန်နဲ့ ပေးသုံးပါ။ ပါးစပ်မပိတ်တမ်း ပြောပေးပါ။ ငြိမ်ပီးရော တယောက်တည်း လွှတ်မထားပါနဲ့။
သမီးကို အမြဲ ပေးမသုံးပါဘူး။ သူနဲ့ တူတူသုံးတဲ့ အခါ ကဗျာတွေ တူတူလိုက်ဆိုပေးပါတယ်။ သူတယောက်တည်း ပေးသုံး ဖြစ်တဲ့အခါ တချိန်လုံး နောက်ဆုတ်ကြည့်ဖို့ပြော ရပါတယ်။ သမီးရေ နောက်ဆုတ် မျက်စိပျက်မယ် လို့ အာပေါက်မတတ် ပြောရပါတယ်။ ပြောလိုက်ရင်တော့ နောက်ဆုတ်တာပေါ့. ပီးတော့ ရှေ့ပြန်ရောက်။
သူ အိုင်ပက်သုံးပီး ကိုယ်အလုပ်လုပ်နေပေမဲ့ မျက်ခြေမပျက် ကြည့်နေပေးပါ။ သူဘာတွေ ကြည့်နေလဲ ဘာတွေ လုပ်နေလဲပေါ့။ တခါတလေ သူ့ဘာသာ ဖွင့်တဲ့ အထဲက ကိုယ်က ကောင်းတယ်ထင်တာလေး တွေ မှတ်ထားပီး သူ့ကို ပြန်ပြရတာပေါ့.။ မိနစ်၂၀ တခါတလေ နာရီဝက် ပီးရင် သမီးရေ... တော်တော့ နောက်နေ့မှ ကြည့်လို့ ပြောပါ။ သေချာပါတယ်။ မပေးချင်ပါဘူး။ အဲဒါဆို သမီးရေ..the last လို့ပြောပါ။ ပီးရင်တော့ ငိုလည်း သိမ်းလိုက်ပါ။ အခြားဟာကို အာရုံ ပြောင်းပေးလိုက်ပါ. သမီး မျက်စိ ပျက်မှာမို့လို့ ဆိုတာ ရှင်းပြပေးလိုက်ပါ။
ဒါကတော့ သမီးနဲ့ အိုင်ပက်အကြောင်း တစေ့တစောင်းပေါ့။
Monday, September 21, 2015
သမီးလေးနဲ့ အရာင်များ
ကလေးတွေကို ၁နှစ် အရွယ်ထဲက သေချာ နားလည်အောင် ပြောရင် ရပါတယ်။
သမီးလေးဟာ အခုဆိုရင် ၂ နှစ်နဲ့ ၁ လ ဖြစ်သွားပါပီ။
သမီးအကြောင်းတွေ မြန်မာဖွန့်အဆင်မပြေတာနဲ့ မရေးရတာလဲ အတော် လေးကြာသွားပါပီ။
သမီးလေးနဲ့ အတူ ကစားရင်း စာသင်ပုံလေး ပြောပြပေးမယ်နော်။
သမီးလေးကို သူ့မွေးနေ့မှာ ရောင်စုံ ဘောလုံးလေးတွေ နဲ့အတူ ဆော့ကစားရင်း သမီးကို ဘိုလိုပဲ ကာလာလေး သင်ပေးဖြစ်ပါတယ်။ သမီးက red ဘောဘော green ဘောဘော yellow ဘောဘော pink ဘောဘော blue ဘောဘော orange ဘောဘော ဆိုပီး သင်ရင်းနဲ့ သားအမိနှစ်ယောက် ကစားကြပါတယ်။ ကစားနေရင်းနဲ့ သမီးလေးရေ... မေမေ့ကို pink ဘောဘော လေး ယူပေးပါဆိုပီး ကာလာတွေ နဲ့ မိတ်ဆက်ပေးပါတယ်။ ကလေးလဲ ပျော်ပါတယ်။ ဒီလိုနဲ့ သမီးလေးဟာ ကာလာလေးတွေကို ခွဲတတ်သွားပါတယ်။
နောက်နေ့တွေမှာတော့ သမီးလေးကို အခြား အရောင်တူတွေစုတဲ့ ကစားနည်းနဲ့ သမီးလေးမှတ်ဥာဏ်ကို ပံ့ပိုးပေးလိုက်ပါတယ်။ အဲဒါကတော့ သမီးလေးရေ... မေမေတို့ ကာလာတူတဲ့ ပစ္စည်းလေးတွေ စုရအောင် ပေါ့။ ဒီလိုနဲ့ သမီးနဲ့ ကိုယ်တို့ ၂ယောက်ဟာ အနီရောင် တူတာတွေ အစိမ်းရောင် လေးတွေ တူတာတွေစုပီး ကစားကြပြန်ပါတယ်။ အဲ့လို ကစားရာမှာ သမီးလေး ကိုယ်တိုင် ရွေးပီး ကာလာကို ပြောခိုင်းပါတယ်။
နောက်တနေ့မှာတော့ သမီးကို ရောင်စုံဘောကွင်းလေးပြပီး သမီးလေးကို ကာလာရွေးခိုင်းပါတယ်။ သမီးလေးက အဲ့လို ကစားနည်းကို ပျော်ပါတယ်။ သမီးလေး မှန်အောင်ရွေးနိုင်ပါတယ်။ သမီးလေး ရွေး တာမှန် သွားပီဆိုတော့ သမီးလေးကို မြန်မာလိုလေး နဲ့ မိတ်ဆက်ပေးပါတယ်။ အဲ့ဒီတော့ သမီးလေး နားမှာ အင်္ဂလိပ်လိုနဲ့ မြန်မာလို ၂မျိုး ရသွားပါတယ်။
အပြင်ကို ထွက်တဲ့ အခါ တခါတလေမှာ သမီးနဲ့ကာလာရှာတမ်းဆော့ ပါတယ်။ သမီးရေ white ရှာပေးပါဆို သူက လိုက်ရှာပီး လက်ညှိုးထိုးပါတယ်။ green ဆို သစ်ရွက်လေးတွေကို ပြပီး သင်ထားဖူးတော့ သူက သစ်ရွက်လေး တွေကို ပြပါတယ်။
ဒီလိုနဲ့ သမီးလေးနဲ့ အရောင်လေးတွေ မိတ်ဆက်ပီးသွားပါပီ။
ကလေးတွေဟာ သူတို့ကို သိပ်တော်တာပဲ။ အရမ်းတော်တာပဲ ပျော်ရင် သိပ်ကျေနပ်ကြပါတယ်။ သူတို့ လုပ်တာ အောင်မြင်သွားတိုင်း ချီးကျူးပေးဖို့တော့ လိုအပ်ပါတယ်။

ပြန်လာပါ ကလေးရယ်...
သားသားပြန်လာပါ...
သားလေးရေ.... ဘာလေးမှန်းမသိခဲ့ပေမဲ့ သားအလိုရှိတော့ သားလေးပေါ့ကွယ်။
အခုချိန် ကံမစုံပေမဲ့... မျှော်လင့်နေပါတယ်...ကလေးရေ..။
ဒီနေ့ဆို သားသားမေမေ တို့ဆီကနေ ပြန်ထွက်သွားတာ ၃ ပတ် ပြည့်ပီနော်။
ပြန်လာခဲ့ပါနော်။
မေမေ ဖေဖေ နဲ့ မမ တို့က မျှော်နေပါတယ်... ကလေးရေ...။
Saturday, July 25, 2015
our new baby lay
သူ တကယ်က မယုံရဲသော အဖြေတစ်ခု။ ချစ် ဘယ်လိုပြောပြော ကိုယ်မယုံဘူးကွာဆိုတော့ ကိုယ့်ကို သူမက စိတ်တွေဆိုးပီး ရန်တွေထောင်ပေါ့ ။ ဒီလိုနဲ့ မယုံမရဲအဖြေတစ် ခုကို ကိုယ်တိုင်သေချာ စစ်ဆေးစမ်းသပ်ပီး သကာလ ယေးးးးးးးးး ယေးနဲ့ ထိန်းမရအောင် မျက်ရည်တွေ ကျလို့ ခ်စ္ကိုုဖက္ပီးေ ပ်ာ္လိုုက္ရတာ 2015. July. 20 memory.
thanks you for coming new member.
Warmly welcom baby lay.
Love you.
I want to write about my daughter but no myanmar type.
My princess will become 2years soon.
Subscribe to:
Posts (Atom)