သူများနိုင်ငံနှင့် အစဉ်အမြဲ ပြောင်းပြန် လုပ်တတ်သော ကျနုပ်တို့ လက်ရှိ နေထိုင်ရာ အရပ်တွင်
မနက်ဖြန် ဆိုလျှင် ချစ်သူများနေ့ရောက်ပေတော့မည်။
ချစ်သူများနေ့တွင် မိန်းကလေးများက ယောင်္ကျားလေးများကို ချောကလက်တွေ ပေးကြသော ဓလေ့ ဖြစ်သည်။
လက်အောက်ငယ်သားများ ကလည်း အထက်အကြီးအကဲများကို ချောကလက် လက်ဆောင်ပေးလေ့ပေးထ ရှိသည်။
ဖေဖေါ်ဝါရီ ၁၄ ဟာ ချစ်သူများနေ့ပါ။ မိန်းကလေးတွေ က ချောကလက်ပေး ယောင်္ကျားလေးတွေ ငိုတယ်လေး။ ဘာလို့လဲ ဆိုတော့...။
မတ်လ ၁၄ က အဖြူရောင်နေ့။ အဖြူရောင်နေ့မှာ ယောင်္ကျားလေးတွေဟာ သူတို့ လက်ဆောင်ရထားတဲ့ ချောကလက်တန်ဖိုး ထက်ပိုတဲ့ တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို ပြန်ပေးရလို့ပါပဲ။ များများရရင် များများ ကုန်တာပေါ့ကွယ်။
ကဲ..ကိုယ်လဲ ဂျပန်တို့ထုံး နှလုံးမူပီး သကာလ.. ချစ်သောသူတွေ အတွက် ဒီနှစ် ချက်ကလော ချောကလက် လုပ်လိုက်ပါတယ်။
အရမ်းခက်တာပဲ။ ဟီးဟီး...။ အပြူထင်း အပျင်းထူပီးတော့ အလွယ်လိုက်ပါကြောင်း ။ အို... ဘူ..သိတာမှတ်လို့...နော်။ ကောင်မလေးတွေ .... ကိုယ့်ချစ်သူကို ကိုယ့်ဘာသာကိုယ်လုပ်တာဆိုပီး ပေးချင်ရင် ပိုက်ဆံကုန်လဲ သက်သာ တဲ့..နည်းလေး လက်တို့ပီး ပြောမယ်နော်။
လိုအပ်တာလေးတွေကတော့လေ...။
ချောကလက် ရယ်
ယန်း၁၀၀ ဆိုင်က ချောကလက်ထည့်ဖို့ မိုလ် လေးတွေရယ်ပေါ့။
ပီးတော့ ချောကလက်ထဲ အစေ့အဆန် ထည့်ချင်ရင်လည်း ၀ယ်ပေါ့။
ကိုယ်ကတော့ အသည်းပုံလေးတွေပါတဲ့ ဟာလေး ထည့်လို့ အဲဒါလေးပဲဝယ်တယ်။
ကဲ လုပ်ပီနော်။
ချောကလက် ၂ပြား ၀ယ်လိုက်တယ်လေ။ ၈၈ ယန်း နဲ့၂ခုပေါ့။
ပီးတော့လေ...ချိုး ခြေထည့်ပီး micro wave oven မှာ ၂မိနစ်လောက် ထည့်ပလိုက်တယ်။
အို လွယ်မှလွယ်..အသည်းပုံလေးထဲ မှာ အသည်းအသေးလေးတွေ ထည့်ပီး အပေါ်ကနေ ချောကလက် အရည်တွေထည့်တယ်..ပီး.တော့ သာသာလေး လှုပ်ခါပေးတယ်။ ညီသွားအောင်လေ..။
ပီးတာနဲ့ ရေခဲသေတ္တာ အခဲခန်းမှာ ၂နာရီလောက်ထည့် လိုက်တယ်။ ဒါပဲ...။ သမီးအတွက်ကတော့ တိရစ္ဆာန်ရုပ်လေးတွေ ပါတဲ့ မိုလ်ကို သုံးလိုက်တယ်။
၂နာရီ အကြာ... ရပါပီ။ လွယ်ကူလျှင်မြန်တဲ့ ချက်ကလော...။
ကောင်မလေးတွေကတော့ ပေးရမှာဆိုတော့ အိတ်လှလှလေးတွေ လိုတာပေါ့...။ အဲ့ဒါတွေလေ... ယန်း၁၀၀ ဆိုင်မှာရှိတယ်။
အမှန်က ချောကလက်လုပ်တာ သိပ်တော့မခက်ပါဘူး။ cocoa အမှုန့်ရယ် သကြားရယ် ထောပတ်ရယ် နို့မှုန့်ရယ် လိုပါတယ်။ မခက်ပါဘူး။
Showing posts with label ရမ်းသမဟင်းများ. Show all posts

Sunday, February 14, 2016
Saturday, February 13, 2016
ထ- ထမနဲ
ဟလို.... စာဖတ်သူ ဘော်ဘော်တို့ရေ...
အခုတခါ ထ - ထမနဲလေး နဲ့ ထိုးပုံထိုးနည်းလေး... လက်တို့ လိုက်ပါရစေ။
သိပ်မခက်ခဲတဲ့ နည်းလေးပေါ့...။
အခြေခံ ကုန်ကြမ်းရယ် နည်းပညာရယ်ကတော့ ဓနုဖြူဒေါ်စောရီ နည်းလေးကို မှီငြမ်းပီး ရှိတာလေးနဲ့ လုပ်ချင်သလို လုပ်ထားပါတယ်။ ဒါပေမဲ့ အရမ်းအရမ်းကို စားလို့ကောင်းပါတယ်။
လုပ်မှာက ကောက်ညှင်းဆန် ၂ခွက် ဆွမ်းတော်တင်ဖို့ရယ် အိမ်သားအနည်းငယ် စားဖို့ လုံလောက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
ကောက်ညှင်းဆန် ၂ခွက် (ဆန်ချင်ခွက်နဲ့ပါ။)
နှမ်းဖြူ နှမ်းမဲပေါ့။ နှမ်းဖြူ ၁ဇွန်း နှမ်းမဲ ၂ဇွန်းပေါ့။ (အို ကြိုက်ရာ ဇွန်းနဲ့ လုပ်တာ။)
အုန်းသီးစိတ်ဆိုပေမဲ့ အုန်းသီး အလွယ်တကူ မရတဲ့ အခါကျတော့ အုန်းသီးခြောက်ပေါ့။ လက်တထုပ်ထက် များများ ထည့်ပါ။
ဆီ မများမနဲထည့်ပါတယ်။ သူပြောတဲ့ အညွှန်းအတိုင်းထည့်ရင် သိပ်များမှာမို့။ ဒါတောင် ကိုယ့်မှာ များလို့ စားခါနီး ဆီပြန်စစ်လိုက်ပါတယ်။
ဂျင်း အကြီးအသေးပေါ်မူတည်ပီး ထည့်ပါ။
မြေပဲ လက်တဆုပ်ထည့်ပါ။
ဆား ၁ဇွန်း ခွဲ ထည့်ပါသည်။
ကဲ..လုပ်ကြရအောင်နော်..။
ကောက်ညှင်းဆန်ကို ည ၇နာရီလောက်ထဲက ရေစိမ်ထားပါ။
နောက်တနေ့ လုပ်မဲ့အချိန် ည ၇ နာရီဆို အတော်ပါပဲနော်။ ၂၄ နာရီအတိပေါ့..။
စချက်တော့မည်ဆိုလျှင် အဆာပလာ များ မပြင်ဆင်ခင် ကောက်ညှင်းဆန်ကို ရေစစ်ထားပါ။
ဂျင်းကို အချောင်းလေး ဖြစ်အောင် ပါးပါး လှီးထားပါ။
မြေပဲ ကို လှော်ပါ။ ပီးလျှင် မြေပဲ တ၀က်ကို ညက်အောင်ထောင်းပါ။ တ၀က်ကို လေးစိပ်ကွဲ ထောင်းပါ။
နှမ်းကို လှော်ပါ။
ဆီပူပူမှာ အုန်းသီးဆံကို ကြော်ပါ။ အုန်းသီးဆံကြော်လျှင် သတိထားပါ။ မီးနဲနဲဖြင့် အရောင် နီစပြုလာလျှင် ချပါ။ တူးသွားနိုင်ပါသည်။ ( တခါ လွှင့်ပစ်ရလို့ပါ.)
ပီးလျှင် ဆယ်ထားပီး.. ဂျင်းချောင်းများကို အရောင်နီလာပီး မွှေးလာလျှင် ကောက်ညှင်းဆန်ကို ထည့်နိုင်ပါပီ။ ဆား
ဆန်ထည့်ပီးလျှင် ရေ ကို ၁၅၀ မီလီ လီတာလောက်ထည့်ကာ မီးပြင်းပြင်းဖြင့် ၇ မိနစ်လောက်အဖုံးဖုံးပီးထားပါ။
ပီးလျှင် ရေကို ၁၀၀ မီလီ လီတာထပ်ထည့်ကာ မီးနဲနဲ ဖြင့် စတင်မွှေပါ.။ မွှေနေရင်းဖြင့် နှမ်းများထည့်ပါ။ ညက်နေအောင်ထောင်းထားသော မြေပဲကို လည်း ထည့်ရင်း အဆက်မပြတ်မွှေပေးပါ။ မွှေရင်းမွှေရင်း ထွေးလုံး လာပါလိမ့်မည်။ ဆန် အပျော့အမာ ကို ကြည့်ပါ။ ဆန် မာနေသေးလျှင် ရေ နဲနဲစီထပ်ထည့်ပါ။ မွှေလည်းမွှေရင်း ဆန် ကိုကြည့်ပီး ထွေးလုံးလေး ဖြစ်လာပါက အုန်းသီးကြော်ကိုလည်း ထည့်ပါ။ ပီးလျှင် မြေပဲ စလုံးစခုကိုထည့်ပါ. မွှေပါ။ ၁၅မိနစ်လောက် နာနာမွှေပီးပါက အနံ့အရသာနှင့် ပြည့်စုံသော ထမနဲကို ရပါပီ။

Friday, February 1, 2013
ဟောဒီက...ပဲပြုတ်
မြန်မာပြည်မှာ ... မနက်ဆို... ဟိုးနာဒီနားက ပဲပြုတ်ဆိုတဲ့ အော်သံကြားရမြဲ။
အဲလိုအသံကြားရင် ကိုယ်ယူနေကျဈေးသယ် ဆို အသံကြားရင် လှမ်းခေါ်ပေါ့..။ ဒါပေမဲ့ ကိုယ်တို့အိမ်က အိပ်ယာထ အမြဲနောက်ကျတော့ .. ပဲပြုတ်သယ်ဆို လွတ်တာများတယ်။း)
ဒါပေမဲ့ ကိုယ်တို့ အိမ်နားက ခပ်လှမ်းလှမ်းကို သွားရင် ထိုင်ရောင်းပဲပြုတ်သယ်ရှိတယ်။ သူလဲ.. ၈နာရီ တခါတလေ ၇နာရီဆို ကုန်တတ်တယ်။
ညနေဖက်ဆိုလဲ ကိုယ်တို့ဆီကနေ နဲနဲလှမ်းလှမ်းသွားဝယ်ရင် ထိုင်ရောင်း ပဲပြုတ်သည် အမြဲရှိတယ်။ သူက ည ၈နာရီထိ ရှိတယ်။ ပြောချင်တာက မြန်မာပြည်မှာ ပဲပြုတ်ဆိုတာ အဆင့်သင့် ၀ယ်စားလို့ရတယ်။ ပဲပြုတ်သည်ဆိုလို့ ပဲပြုတ်ရောင်းပီး ချမ်းသာသူ တွေ့ဖူးကြလားဟင်။ အရင်ခေတ်ကြောင့်လဲ ဖြစ်မယ်ထင်ပါတယ်။ တွေ့ဖူးချင်ရင်တော့ ဘိုကလေးဈေး ဖက်ခြမ်း ၃၈ လမ်း နဲ့ ၃၇ လမ်းကြား ထင်တယ်။ မဟာဗန္ဓုလလမ်းပေါ်မယ်... ဗင်ကားလေးနဲ့ ပဲပြုတ်ရောင်းနေတဲ့သူကို တွေ့ရပါလိမ့်မယ်။ သူတို့အကြောင်း ကြားရတဲ့အခါ.. သိပ်ကျေနပ်အားရမိတယ်။ အတုယူသင့်တဲ့သူတွေအထဲ ပါတယ်။ သူတို့က ရပ်ကွက်တော်တော်များများ နဲ့ဈေးတွေမှာ လက်ခွဲတွေဖွင့်ထားတယ်။ တိုက်တလုံးမှာ ပဲတွေလှောင် တယ်။ ပဲရွေးတဲ့သူတွေက သတ်သတ် ပဲပြုတ်ပီး ရောင်းသူတွေနဲ့ သူတို့တိုက်က စည်ကားနေသတဲ့။ ပဲပြုတ်ရင်လည်း အရည်အသွေးကို ထိန်းတယ်တဲ့။ တကယ်လို့ ပဲပြုတ်ကို စိတ်ကြိုက်ပုံမှန် လက်ရာ မရဘူးဆိုရင် အဲ့ဒီပဲကို မရောင်းဖူးဆိုပဲ။ မြန်မာပြည်က နာမည်ကြီးဆိုင်တွေ အတုယူလိုက်နာသင့်တယ်နော်။ စေတနာ နဲ့ ကံ ၂ခုပေါင်းပီး အကျိုးပေးတာ ဖြစ်မယ်ထင်တယ်။ ဒီအကြောင်းက စကားစပ်မိလို့ပြောပြတာပါ။
မြန်မာပြည်မှာ အဆင့်သင့်ရနေတဲ့ ပဲပြုတ်ဟာ ဒီမှာတော့ ရွှေထက်ရှားတာပေါ့လေ..။ မြန်မာဆိုင်တွေမှာ ဝယ်လို့ရပေမဲ့ ခဲထားတာတွေရယ်။ ပီးတော့ ပေါပေါများများ မစားရဘူးလေ...။ ဒါကြောင့်...ပဲပြုတ် ကိုချက်ချင်နေတာ ကြာပီ။ အမှန်က လက်တည့်စမ်းချင်တာ ပိုမှန်ပါတယ်။
ဒီလိုနဲ့ အင်တာနက်မှာ ဟိုရှာဒီရှာရင်းနဲ့ နည်းမျိုးစုံ ကောင်းမယ်ထင်တဲ့ အထဲက စုတုပြု နည်းတွေနဲ့ လုပ်လိုက်တဲ့အခါ.... ပဲပြုတ် ပြုတ်တာ အောင်မြင်သွားတာပေါ့ကွယ်..။
ပထမဆုံး yellow peas ကို ဝယ်ပါတယ်။ ပီးတော့ တည ရေစိမ်ပါတယ်။ ၁၂ နာရီ ဒါမှမဟုတ် ၂၀နာရီပေါ့။
ပီးတော့ ၂ ရက်ကို ရေစစ်ထားပီး အပေါ်က မီးဖိုချောင်သုံးတစ်ရှူးလေးနဲ့ အုပ်ထားပါတယ်။ မကြာမကြာ လဲ အပေါ်ကနေ ရေတောက်ပေးရပါတယ်။
ပထမရက်မှာထဲက ပဲလေးတွေ အညှောင့်ထွက်လာတာကို တွေ့ရမှာပါ။
ဒုတိယရက်လဲ ကျရော
ပဲအညှောင့် ရှည်လေးတွေ ထွက်လာပါပီ။ တတိယရက်မှာ ပဲပြုတ်လို့ရပါပီ။ ပဲကို pressure
cooker ထဲ ထည့်ပီး ထန်းလျက်ခဲ ရှိရင်တခဲ မရှိရင် သကြားအညိုရည်လေးနဲနဲထည့်ပီး
ရေမြှုပ်ယုံထည့်ပီး ပြုတ်ပါတယ်။ သတိတော့ထားပေါ့နော်... ပဲမကပ်သွားအောင်လို့ပေါ့..။
( အစက ပေါင်းအိုးမှာ အောက်ကရေထည့်ပီးပေါင်းတာပါ။ အဲ့ဒီနည်းက ပြုတ်သလောက် စားမကောင်းဘူးထင်ပါတယ်။)
ပဲ အနှူးကိုကြည့်ပီး ရေလဲခမ်းပီဆို စားချင်စရာပဲပြုတ် လေးရပါပီ။ ဒီတော့မှ
ဆားလေးထည့်နယ်ပီး ဗူးလေးတွေထဲ ထည့်ပီး သိမ်းထားလိုက်ပေါ့။ စားချင်တဲ့အချိန်
ထုတ်စားလို့ရတာပေါ့...။
ဒါက ပထမတကြိမ်တုန်းက မပြုတ်ပဲပေါင်းထားတဲ့ပုံပေါ့...။ ပေါင်းတာထက် ပြုတ်တာပိုကောင်းပါတယ်။ ပေါင်းတော့ နဲနဲမာတယ်။ ပြုတ်တဲ့ပုံတွေကျတော့ မရိုက်မိလို့..ရှိတဲ့ပုံပဲ တင်လိုက်တာပါ။
သူက ပဲပြုတ်သိပ်မစားဘူးဆိုလို့....ကိုယ်လဲ လက်ကျန်ပဲကို ဘာမှ ဆက်မလုပ်ဖြစ်သေး...။ နေနှင့်ဦး ပဲအီကြာလုပ်ကျွေးလိုက်ဦးမယ်။ သူက ပဲအီကြာကို ဘယ်လိုမျိုးလဲဆိုပီး မစားဘူးဘူးတဲ့..။ သူက တချို့ အစာတွေ ကိုယ့်ကြောင့်စားဖူးတာ..။ ဒီမှာ ရှိတဲ့ မြန်မာစာတွေကို သူငယ်ငယ်က မှတ်မိသလောက်ပဲ စားဘူးတာဆိုတော့... တခါတခါ ..သူ့ကို ပုံပြန်ဖော်ပြရတယ်။ ပုစွန်ခွက်ကြော်တွေ ကြေးအိုးဆီချက်တွေ ကာဆင်ဘိုင်ကြက်သားသုတ်တွေ..ဆိုတာ ကိုယ့်ကြောင့်သူသိပီး ကြိုက်သွားတာ..း)
အဲလိုအသံကြားရင် ကိုယ်ယူနေကျဈေးသယ် ဆို အသံကြားရင် လှမ်းခေါ်ပေါ့..။ ဒါပေမဲ့ ကိုယ်တို့အိမ်က အိပ်ယာထ အမြဲနောက်ကျတော့ .. ပဲပြုတ်သယ်ဆို လွတ်တာများတယ်။း)
ဒါပေမဲ့ ကိုယ်တို့ အိမ်နားက ခပ်လှမ်းလှမ်းကို သွားရင် ထိုင်ရောင်းပဲပြုတ်သယ်ရှိတယ်။ သူလဲ.. ၈နာရီ တခါတလေ ၇နာရီဆို ကုန်တတ်တယ်။
ညနေဖက်ဆိုလဲ ကိုယ်တို့ဆီကနေ နဲနဲလှမ်းလှမ်းသွားဝယ်ရင် ထိုင်ရောင်း ပဲပြုတ်သည် အမြဲရှိတယ်။ သူက ည ၈နာရီထိ ရှိတယ်။ ပြောချင်တာက မြန်မာပြည်မှာ ပဲပြုတ်ဆိုတာ အဆင့်သင့် ၀ယ်စားလို့ရတယ်။ ပဲပြုတ်သည်ဆိုလို့ ပဲပြုတ်ရောင်းပီး ချမ်းသာသူ တွေ့ဖူးကြလားဟင်။ အရင်ခေတ်ကြောင့်လဲ ဖြစ်မယ်ထင်ပါတယ်။ တွေ့ဖူးချင်ရင်တော့ ဘိုကလေးဈေး ဖက်ခြမ်း ၃၈ လမ်း နဲ့ ၃၇ လမ်းကြား ထင်တယ်။ မဟာဗန္ဓုလလမ်းပေါ်မယ်... ဗင်ကားလေးနဲ့ ပဲပြုတ်ရောင်းနေတဲ့သူကို တွေ့ရပါလိမ့်မယ်။ သူတို့အကြောင်း ကြားရတဲ့အခါ.. သိပ်ကျေနပ်အားရမိတယ်။ အတုယူသင့်တဲ့သူတွေအထဲ ပါတယ်။ သူတို့က ရပ်ကွက်တော်တော်များများ နဲ့ဈေးတွေမှာ လက်ခွဲတွေဖွင့်ထားတယ်။ တိုက်တလုံးမှာ ပဲတွေလှောင် တယ်။ ပဲရွေးတဲ့သူတွေက သတ်သတ် ပဲပြုတ်ပီး ရောင်းသူတွေနဲ့ သူတို့တိုက်က စည်ကားနေသတဲ့။ ပဲပြုတ်ရင်လည်း အရည်အသွေးကို ထိန်းတယ်တဲ့။ တကယ်လို့ ပဲပြုတ်ကို စိတ်ကြိုက်ပုံမှန် လက်ရာ မရဘူးဆိုရင် အဲ့ဒီပဲကို မရောင်းဖူးဆိုပဲ။ မြန်မာပြည်က နာမည်ကြီးဆိုင်တွေ အတုယူလိုက်နာသင့်တယ်နော်။ စေတနာ နဲ့ ကံ ၂ခုပေါင်းပီး အကျိုးပေးတာ ဖြစ်မယ်ထင်တယ်။ ဒီအကြောင်းက စကားစပ်မိလို့ပြောပြတာပါ။
မြန်မာပြည်မှာ အဆင့်သင့်ရနေတဲ့ ပဲပြုတ်ဟာ ဒီမှာတော့ ရွှေထက်ရှားတာပေါ့လေ..။ မြန်မာဆိုင်တွေမှာ ဝယ်လို့ရပေမဲ့ ခဲထားတာတွေရယ်။ ပီးတော့ ပေါပေါများများ မစားရဘူးလေ...။ ဒါကြောင့်...ပဲပြုတ် ကိုချက်ချင်နေတာ ကြာပီ။ အမှန်က လက်တည့်စမ်းချင်တာ ပိုမှန်ပါတယ်။
ဒီလိုနဲ့ အင်တာနက်မှာ ဟိုရှာဒီရှာရင်းနဲ့ နည်းမျိုးစုံ ကောင်းမယ်ထင်တဲ့ အထဲက စုတုပြု နည်းတွေနဲ့ လုပ်လိုက်တဲ့အခါ.... ပဲပြုတ် ပြုတ်တာ အောင်မြင်သွားတာပေါ့ကွယ်..။
ပထမဆုံး yellow peas ကို ဝယ်ပါတယ်။ ပီးတော့ တည ရေစိမ်ပါတယ်။ ၁၂ နာရီ ဒါမှမဟုတ် ၂၀နာရီပေါ့။
ပီးတော့ ၂ ရက်ကို ရေစစ်ထားပီး အပေါ်က မီးဖိုချောင်သုံးတစ်ရှူးလေးနဲ့ အုပ်ထားပါတယ်။ မကြာမကြာ လဲ အပေါ်ကနေ ရေတောက်ပေးရပါတယ်။
ပထမရက်မှာထဲက ပဲလေးတွေ အညှောင့်ထွက်လာတာကို တွေ့ရမှာပါ။
| ပဲရေစိမ်ပီး အပေါ်က မီးဖိုချောင်သုံးတစ်ရှူးအုပ် ပီးတော့ အပေါ်က ရေတောက်ပေးတာပါ |
| ပထမညပေါ့ |
| ၃ ရက်မြောက် ၂ညအိပ်ပေါ့ |
| ပေါင်းအိုးထဲမှာ အောက်ကရေထည့်ပီး အပေါ်က ဇလုံထဲထည့်ပေါင်းခဲ့တာပါ.. (ပြုတ်တာပိုကောင်းတယ်နော်..မပေါင်းနဲ့) |
| ပေါင်းပီးသွားပီ... (ပေါင်းတာ သိပ်စားမကောင်း..ဘူး ပြုတ်ရင်ပိုနူးညံ့ပီး အိအိလေး) |
သူက ပဲပြုတ်သိပ်မစားဘူးဆိုလို့....ကိုယ်လဲ လက်ကျန်ပဲကို ဘာမှ ဆက်မလုပ်ဖြစ်သေး...။ နေနှင့်ဦး ပဲအီကြာလုပ်ကျွေးလိုက်ဦးမယ်။ သူက ပဲအီကြာကို ဘယ်လိုမျိုးလဲဆိုပီး မစားဘူးဘူးတဲ့..။ သူက တချို့ အစာတွေ ကိုယ့်ကြောင့်စားဖူးတာ..။ ဒီမှာ ရှိတဲ့ မြန်မာစာတွေကို သူငယ်ငယ်က မှတ်မိသလောက်ပဲ စားဘူးတာဆိုတော့... တခါတခါ ..သူ့ကို ပုံပြန်ဖော်ပြရတယ်။ ပုစွန်ခွက်ကြော်တွေ ကြေးအိုးဆီချက်တွေ ကာဆင်ဘိုင်ကြက်သားသုတ်တွေ..ဆိုတာ ကိုယ့်ကြောင့်သူသိပီး ကြိုက်သွားတာ..း)
Thursday, November 29, 2012
တုံယန်း ကြက်ခြေထောက်ချဉ်စပ်
ကြက်ခြေထောက် ချဉ်စပ် ကို မြန်မာပြည်ပြန်တုန်းက အကင်ဆိုင်မှာ စားဖြစ်တာများပါတယ်။ အကင်ဆိုင်ကတော့ တုံယန်းမပါပဲ ရိုးရိုးချဉ်စပ်လေးပေါ့။
ကြက်ခြေထောက် အကြောင်းမပြောခင် ကြက်ခြေထောက် စားဖြစ်သော ရာဇဝင်ကို မှတ်တမ်းတင်ချင်ပါသေးတယ်။
ကြက်ဆိုလျှင် အရိုးကြိုက်တဲ့ ကိုယ်ဟာ ကြက်ခြေထောက်နှင့် ကြက်ခေါင်းကို လုံးဝ မစားရဲခဲ့ပါ။ သို့သော်...
၂၀၀၃ ခုနှစ်ကထင်သည်။ ကိုယ် ဂျပန်လုပ်ဖော်ကိုင်ဖက်များနှင့် ဆီဒိုးနားဟော်တယ်မှာ နေ့လည်စာ သွားစားခဲ့သည်။ အစားအသောက် သောင်းကျန်းသော ကိုယ့်ကို ကြက်ခြေထောက်စားကြည့်ဖို့ တိုက်တွန်းတော့ ကိုယ် မရဲတရဲ စားကြည့်ပီး သိပ်ကြိုက်သွားသည်။ အဲ့ဒီက စလို့ ကိုယ်လဲ ကြက်ခြေထောက်ကို စားတော့သည်။ မြန်မာပြည်မှာ နေတုန်းတော့ ထူးထူးထွေထွေ ဝယ်မစားဖြစ်ပါ။ အိမ်က ဈေးသွားလို့ ကြက်တကောင် ဝယ်လျှင် ခြေထောက် ၂ချောင်းပါသလို အဆစ်ကို ခြေထောက်နှင့်တောင်ပံ တစ်ချောင်းချောင်းရသည် မဟုတ်ပါလား။ဤကား ကြက် ခြေထောက် စ စားဖြစ်ရခြင်း အကြောင်းအရင်း။
အခု ကြက်ခြေထောက်ဟင်းစချက်ပါတော့မယ်..
ကြက်ခြေထောက်ကို ရေမဆေးခင် လက်သဲလေးတွေကို ခုတ်ပြစ်လိုက်သည်။ ပီးတော့မှ ရေသေချာဆေးသည်။ ဆား ဆနွင်း ငန်ပြာရည်နှင့် ကြက်ခြေထောက်ကို နယ်ကာ နာရီဝက်လောက် နှပ်ထားသည်။ အဲ့သည်နောက် ပေါင်းအိုးမှာ ဂျင်း ကြက်သွန်ဖြူ နှင့် မီးနည်းနည်း နှင့် ပစ်ထားလိုက်သည်။ မိနစ် ၃၀လောက်ကြာတော့ ရေထည့်ပီး အပေါ့အငန်မြည်းသည်။ ချက်တုန်းကတော့ မြန်မာပြည်မှာ စားသလို ချဉ်စပ်ဆိုတော့ ငရုတ်သီးစိမ်းလှီးထည့်ကာ သံပုရာသီးညှစ်သည်။ ဒါကို သူက တုံယန်းလေးပါထည့်ဆိုတော့ တုံယန်းထည့်လိုက်တော့ တုံယန်းနံ့သင်းသည့် စားချင်စဖွယ် ကြက်ခြေထောက် စွပ်ပြုတ်လေး ဖြစ်သွားသည်။

ရာသီဥတုအေးအေးမှာ ပူစပ်ပူလောင် ကြက်ခြေထောက် စွပ်ပြုတ်ကလေး သောက် ရင်း အရိုးလေးကိုက်ကြည့်ပါ။ အပျင်းပြေတာပေါ့။ သူကတော့ ဗိုက်မဝပဲ အလုပ်ရှုပ်တယ်တဲ့...။ ပီးတော့ သူပဲ အများဆုံးအားပေးတာ။း)
စကားမစပ်။ ဝက်ခြေထောက်ရော ကြက်ခြေထောက်မှာ ပါတဲ့ ထုပ်ထုပ်အဖြူအရွတ်ကလေးတွေက ကိုလာဂင် အများဆုံးပါလို့ မိန်းမတွေအတွက် ကောင်းတယ်နော့်..။

Monday, November 19, 2012
ကြက်ပေါင်းရည်
ဒီတခါတော့ ကြက်ပေါင်းရည် ချက်ပါမယ်။
သူက အခုတလော နုန်းနုန်းနေတယ်လို့ ပြောတာနဲ့ သူ့အတွက် အားရှိအောင် ကြက်ပေါင်းရည်လုပ်ကျွေးခြင်း ဖြစ်ပါတယ်။
တခါမှလည်း မပေါင်းဖူးဘူး ဆိုတော့ ထုံးစံအတိုင်း အညွှန်းတွေ ရှာရတာပေါ့။ ကြက်ပေါင်းရည်ကို မြန်မာလိုရှာတာ သိပ်မတွေ့ဘူး။ ကြက်ပေါင်းဟင်းကိုပဲ တွေ့တယ်ဆိုတော့ ဘိုလိုရှာရတာပေါ့။ ဘိုလိုရှာတော့ တွေ့ပါတယ်။ ဒါမဲ့ ထပ်ပီးတော့ အမတစ်ယောက်ဆီ မေးတော့ လုပ်နည်းသိပီး စိတ်တိုင်းကျ သွားပါတယ်။
ကြက်ပေါင်းရည် ပြုလုပ်ဖို့အတွက် ကြက်အကောင်လိုက် လိုပါတယ်။
ပထမဦးစွာ ကြက်အကောင်လိုက်ကို အင်္ကျီချွတ် အဲ..အရေခွံခွါလိုက်ပါ။ ပီးလျှင် ကြက်ကိုယ်ထည်အပါအဝင် ကြက်ကိုယ်တုံးလုံးကြီးကို ရေသေချာဆေးပါ။ ကိုယ်ထည်မှာ ကပ်နေသော ကြက်အဆီများကို သေချာဖယ်ပါ။ကိုယ်ကတော့ ဖယ်တာ သိပ်မစင်ဘူးထင်တယ်။ ပီးလျှင် ဆား ဆနွင်း ငန်ပြာရည်နဲ့ သေချာနယ်ပီး မိနစ်၂၀ ၃၀လောက် နှပ်ထားလိုက်ပါ။
ထိုအချိန်မှာ ကြက်သွန်ဖြူ နှင့် ဂျင်းကို လှီးပါ။ ကိုယ်ကတော့ ကြက်သွန်ဖြူကို အလုံးလိုက် အမွှာလိုက်လေး ကိုယ်ထည်မှာ ထည့်ပါတယ်။ ပြောတဲ့ အမကတော့ ထောင်းထည့်ပါတဲ့။ ဂျင်းကိုလည်း ပါးပါးလှီးပီး ကိုယ်ထည်မှာ ထည့်ပါတယ်။ ကြက်က အရေခွံ ဖယ်လိုက်တော့ ပေါင်နှစ်ချောင်းက ကားသွားတာနဲ့ အရှက်ဖုံးအောင်..အဲ.. ကြက်ကားယားကြီး ဖြစ်နေတာနဲ့ အပ်ချည်ကြိုးနဲ့ ကြက်ခြေထောက်ကို ၂ချောင်းပူးချည်လိုက်ပါတယ်။ ကြက်တကောင်လုံးဆံ့သော ပန်းကန်လုံး တလုံးမှာ ထည့်ပီး သကာလ ရိုးရိုးအိုးမှာ ရေ အနဲငယ်ထည့်ပါတယ်။
အဆိုပါ ရေထည့်ထားသည့် အိုးထဲကို ကြက်ထည့်ထားသော ပန်းကန်လုံးထပ်ထည့်ပါတယ်။
ပီးလျှင် မီးနဲနဲ နဲ့ အိုးဖုံး ဖုံးပီး ပစ်ထားလိုက်ပါ။ အဖုံးကို သွားမဖွင့်ပါနဲ့။ အဖုံးရဲ့ အငွေ့က ကြက် ထည့်ထားသော ပန်းကန်လုံးထဲကို ကျလာတဲ့ အရည်သည် ကြက်ပေါင်းရည် ဖြစ်ပါသည်။ မိနစ် ၄၀ ၄၅ မိနစ်ကြာသောအခါ မီးပိတ်လိုက်ပါ။ ကျက်ပါပီ။ အိုးဖုံးကို ၅မိနစ်လောက်ဆက်ပီး မဖွင့်ပဲ ထားပါ။
ကြက်တကောင်လုံး ပေါင်းမှ အရည်က ပန်းကန်လုံး တလုံးစာ အပြည့်မရပါ။
ကိုယ်ကတော့ ဆီတွေသိပ်များနေလို့ အဆိုပါအရည်ကို ရေမဆိုစလောက်ထပ်ထည့်ပီး ဆားထပ်ထည့်ကာ ကြက်သွန်မြိတ်လေး ခပ်လိုက်ပါသည်။
အသားကိုတော့ ခက်ရင်း ဓားနဲ့လှီးကာ တုံးလိုက်ပါသည်။ ပီးမှ အပေါ်ကနေ ကြက်ပေါင်းရည်လေး ဖြန်းလိုက်တဲ့အခါ စားချင့်စဖွယ် ဖြစ်သွားပါသည်။ တော်တော် အရသာရှိပါသည်။
အရည်ကို သောက်ပီး အသားကို ယိုးဒယားဆော့စ် နှင့် စားပါက အလွန်ကောင်းပါသည်။ အဆင်ပြေလျှင် လုပ်စားကြည့်ပါလေ..။
ကြက်တကောင်မှ ၃၅၀ ယန်း... လုပ်ရတာလဲ မခက်တော့ မကြာမကြာ လုပ်စားဖြစ်မည်ထင်ပါသည်။း)
မှတ်ချက်။ ထမင်းနှင့်မစားရပါ။း)
သူက အခုတလော နုန်းနုန်းနေတယ်လို့ ပြောတာနဲ့ သူ့အတွက် အားရှိအောင် ကြက်ပေါင်းရည်လုပ်ကျွေးခြင်း ဖြစ်ပါတယ်။
တခါမှလည်း မပေါင်းဖူးဘူး ဆိုတော့ ထုံးစံအတိုင်း အညွှန်းတွေ ရှာရတာပေါ့။ ကြက်ပေါင်းရည်ကို မြန်မာလိုရှာတာ သိပ်မတွေ့ဘူး။ ကြက်ပေါင်းဟင်းကိုပဲ တွေ့တယ်ဆိုတော့ ဘိုလိုရှာရတာပေါ့။ ဘိုလိုရှာတော့ တွေ့ပါတယ်။ ဒါမဲ့ ထပ်ပီးတော့ အမတစ်ယောက်ဆီ မေးတော့ လုပ်နည်းသိပီး စိတ်တိုင်းကျ သွားပါတယ်။
ကြက်ပေါင်းရည် ပြုလုပ်ဖို့အတွက် ကြက်အကောင်လိုက် လိုပါတယ်။
| ကြက်ကိုယ်တုံးလုံးလေး |
| ရှက်နေလို့ အပ်ချည်ကြိုးလေးနဲ့ လုံမလားလို့ ချည်လိုက်တာ.. |
အဆိုပါ ရေထည့်ထားသည့် အိုးထဲကို ကြက်ထည့်ထားသော ပန်းကန်လုံးထပ်ထည့်ပါတယ်။
ပီးလျှင် မီးနဲနဲ နဲ့ အိုးဖုံး ဖုံးပီး ပစ်ထားလိုက်ပါ။ အဖုံးကို သွားမဖွင့်ပါနဲ့။ အဖုံးရဲ့ အငွေ့က ကြက် ထည့်ထားသော ပန်းကန်လုံးထဲကို ကျလာတဲ့ အရည်သည် ကြက်ပေါင်းရည် ဖြစ်ပါသည်။ မိနစ် ၄၀ ၄၅ မိနစ်ကြာသောအခါ မီးပိတ်လိုက်ပါ။ ကျက်ပါပီ။ အိုးဖုံးကို ၅မိနစ်လောက်ဆက်ပီး မဖွင့်ပဲ ထားပါ။
ကြက်တကောင်လုံး ပေါင်းမှ အရည်က ပန်းကန်လုံး တလုံးစာ အပြည့်မရပါ။
| ကြက်ပေါင်းရည်ဆိုတာ ပန်းကန်ထဲကပေါ့ |
ကိုယ်ကတော့ ဆီတွေသိပ်များနေလို့ အဆိုပါအရည်ကို ရေမဆိုစလောက်ထပ်ထည့်ပီး ဆားထပ်ထည့်ကာ ကြက်သွန်မြိတ်လေး ခပ်လိုက်ပါသည်။
အသားကိုတော့ ခက်ရင်း ဓားနဲ့လှီးကာ တုံးလိုက်ပါသည်။ ပီးမှ အပေါ်ကနေ ကြက်ပေါင်းရည်လေး ဖြန်းလိုက်တဲ့အခါ စားချင့်စဖွယ် ဖြစ်သွားပါသည်။ တော်တော် အရသာရှိပါသည်။
| အသားလေးက နူးညံ့ပီး အရည်က အမှန်တကယ် အရသာရှိ |
ကြက်တကောင်မှ ၃၅၀ ယန်း... လုပ်ရတာလဲ မခက်တော့ မကြာမကြာ လုပ်စားဖြစ်မည်ထင်ပါသည်။း)
မှတ်ချက်။ ထမင်းနှင့်မစားရပါ။း)
Tuesday, November 13, 2012
ကြက်သားသုတ်
ကြက်သားသုတ် နည်းအမျိုးမျိုး ရှိသည့်အနက် ယခု မှတ်တမ်းတင်ဖြစ်တာကတော့ ကာဆင်ဘိုင် ကြက်သားသုတ်ပါ။ မြန်မာသုတ်လဲ သုတ်လေ့ရှိပေမဲ့။ ဒီအသုတ်ကတော့ ကိုယ့်ရဲ့ အကြိုက်ဆုံး အသုတ်ပါ။
မြန်မာပြည်မှာ ဆိုရင်တော့ ပုစွန်တောင်ဈေး ကြည့်မြင်တိုင်ညဈေး နဲ့ တရုပ်တန်းမှာ စားဖြစ်လေ့ရှိပါတယ်။
အရမ်းလည်းကြိုက်ပါတယ်။ ကဲ..လေကြောရှည်နေပီ။
ပထမဆုံး ကြက်ကို အသား အရိုး ကို ကြိုက်သလောက် သာပြင်ဆင်ပါ။ အသည်းအမြစ်ကြိုက် လျှင်ထည့်ပါ။ ထုံးစံ အတိုင်း ဆား၊ ဆနွင်းများများ ထည့်ပီး နယ်ထားပါ။ နယ်ထားပီး ၁၅မိနစ်လောက်တော့ ကြာပါစေ။
ပီးလျှင် ရေ ထည့်ပီး ပြုတ်ပါ။ အရိုးများကို အရင်ပြုတ်ပါ။ ပီးမှ အသားထည့်ပြုတ်ပါ။အသားလဲ အနေတော် အရိုးတွေလဲ ရပီဆိုလျှင် မီးနဲနဲဖြင့် ဆီပြန် ရေကျန်လေးဖြစ်သည်အထိ ထားပါ။ ပီးလျှင် မီးပိတ်ပီး ကြက်သား ကြက်ရိုးများကို ဆယ်ယူပါ။
ကြက်သားတည်ထားတုန်း ပဲအစိမ်းမှုန့် အနည်းငယ် ကို ရေထည့်ပီး ကြေအောင် မွှေထားပါ။ပဲမှုန့်များလျှင် မကောင်းပါ။ ပဲအရည်ကျဲလေး ဖြစ်အောင် ဂရုစိုက်ပါ။ မွှေထားပီးသား အမှုန့်ကို ခုန ကြက်အိုးတည်ထားသော အိုးအတွင်းကို ထည့်ပီး မီးနဲနဲ ဖြင့်တည်ပါ။ ပဲမကပ်သွားအောင် ဆူသည်အထိ မွှေပေးပါ။ ဆူလာပီဆိုလျှင် အရသာမြည်းပီး လိုသလို ပြင်ပါ။ကျက်ပီဆိုလျှင် ..သုတ်ဖို့ပြင်ပါတော့မည်။
ကြက်သားတည်ထားတုန်း လုပ်ဆောင်ရမည်များမှာ
ဂေါ်ဖီ ပါးပါးလှီးပါ။
ငရုတ်သီးစိမ်း ပါးပါးလှီးပါ။
သံပုရာသီး လှီးပါ။
ငန်ပြာရည်
ငရုတ်သီးအကျက်အမှုန့် ပြင်ဆင်ပါ။
ပူစီနံရွက် လိုပါသည်။ ကိုယ်ကတော့ အိမ်က အပင်မှ ခူးလိုက်ပါသည်။
ကြက်သားများကို အနေတော် တုံးလိုက်ပါ။ အရိုးများကို လဲ အဆင်ပြေသလို တုံးပါလေ..။
ပီးလျှင်သုတ်လို့ ရပါပီ။ တုံးထားသော ကြက်သား ကြက်ရိုး များအပေါ်သို့ ဂေါ်ဖီ ငရုတ်သီးစိမ်း ငန်ပြာရည် ထည့်ကာ ပဲရည်လောင်းပါ။ ပီးလျှင် ငရုတ်သီးအမှုန့်ထပ်ထည့်ကာ သံပုရာသီးညှစ်ပီး သုတ်လို့ရပါသည်။ ပီးမှ ပါးပါးလှီးထားသော ပူစီနံရွက်လေးအုပ်လိုက်ပါ။
ဒါဆိုလျှင် အနံ့ အရသာပြည့်စုံသော ကြက်သားသုတ်လေး စားလို့ရပါပီ။

မြန်မာပြည်မှာ ဆိုရင်တော့ ပုစွန်တောင်ဈေး ကြည့်မြင်တိုင်ညဈေး နဲ့ တရုပ်တန်းမှာ စားဖြစ်လေ့ရှိပါတယ်။
အရမ်းလည်းကြိုက်ပါတယ်။ ကဲ..လေကြောရှည်နေပီ။
ပထမဆုံး ကြက်ကို အသား အရိုး ကို ကြိုက်သလောက် သာပြင်ဆင်ပါ။ အသည်းအမြစ်ကြိုက် လျှင်ထည့်ပါ။ ထုံးစံ အတိုင်း ဆား၊ ဆနွင်းများများ ထည့်ပီး နယ်ထားပါ။ နယ်ထားပီး ၁၅မိနစ်လောက်တော့ ကြာပါစေ။
ကြက်သားတည်ထားတုန်း ပဲအစိမ်းမှုန့် အနည်းငယ် ကို ရေထည့်ပီး ကြေအောင် မွှေထားပါ။ပဲမှုန့်များလျှင် မကောင်းပါ။ ပဲအရည်ကျဲလေး ဖြစ်အောင် ဂရုစိုက်ပါ။ မွှေထားပီးသား အမှုန့်ကို ခုန ကြက်အိုးတည်ထားသော အိုးအတွင်းကို ထည့်ပီး မီးနဲနဲ ဖြင့်တည်ပါ။ ပဲမကပ်သွားအောင် ဆူသည်အထိ မွှေပေးပါ။ ဆူလာပီဆိုလျှင် အရသာမြည်းပီး လိုသလို ပြင်ပါ။ကျက်ပီဆိုလျှင် ..သုတ်ဖို့ပြင်ပါတော့မည်။
ကြက်သားတည်ထားတုန်း လုပ်ဆောင်ရမည်များမှာ
ငရုတ်သီးစိမ်း ပါးပါးလှီးပါ။
သံပုရာသီး လှီးပါ။
ငန်ပြာရည်
ငရုတ်သီးအကျက်အမှုန့် ပြင်ဆင်ပါ။
ပူစီနံရွက် လိုပါသည်။ ကိုယ်ကတော့ အိမ်က အပင်မှ ခူးလိုက်ပါသည်။
ကြက်သားများကို အနေတော် တုံးလိုက်ပါ။ အရိုးများကို လဲ အဆင်ပြေသလို တုံးပါလေ..။
ပီးလျှင်သုတ်လို့ ရပါပီ။ တုံးထားသော ကြက်သား ကြက်ရိုး များအပေါ်သို့ ဂေါ်ဖီ ငရုတ်သီးစိမ်း ငန်ပြာရည် ထည့်ကာ ပဲရည်လောင်းပါ။ ပီးလျှင် ငရုတ်သီးအမှုန့်ထပ်ထည့်ကာ သံပုရာသီးညှစ်ပီး သုတ်လို့ရပါသည်။ ပီးမှ ပါးပါးလှီးထားသော ပူစီနံရွက်လေးအုပ်လိုက်ပါ။
ဒါဆိုလျှင် အနံ့ အရသာပြည့်စုံသော ကြက်သားသုတ်လေး စားလို့ရပါပီ။
Saturday, October 13, 2012
ဝက်ခြေထောက်စွပ်ပြုတ်
ဟိုးတပတ်လောက်က မြေအောက်ဈေးလေးသွားဖြစ်တော့ ဝက်နဲ့ပါက်သက်တာတွေ ဝယ်လာခဲ့တယ်။ ဝက်အူ ဝက်လျှာ ဝက်အသဲ ဝက်ခြေထောက် ကြက်ခြေထောက်တွေ တပွေ့တပိုက်နဲ့ (မနိုင်မနင်းလို့ပြောရင် ပိုမှန်ပါမယ်)ဝယ်လာခဲ့တယ်။
အဲ့ဒီဆိုင်တွေမှာ ကိုယ်တစ်ခုမေးလိုက်တိုင်း ပြန်ပြောတာက တရုပ်လိုတွေဆိုတော့ ကိုယ်တော်တော် စိတ်ညစ်ပါတယ်။ ကိုယ်မှ တရုပ်မဟုတ်ပဲဟာ မဟုတ်ကြောင်းပြန်ရှင်းရတာက အလုပ်တစ်ခုပါ။ ရထားပေါ်ရောက်ပြန်တော့လဲ တရုပ်လားဆိုပီး မနိုင်မနင်းသယ်လာတဲ့ ကိုယ့်ကို နေရာပေးတော့ အမေးခံရပြန်ပါတယ်။း( ကိုယ်တရုပ်မဟုတ်ဘူးးးးးးးးးး ချော်ကုန်ပြန်ပီ။
ဝက်နဲ့ပက်သက်တယ်ဆိုလို့ ပြောရရင် သူ့ကြောင့် ဝက်သား စားဖြစ်တာ ပိုမှန်ပါတယ်။ သူက ဝက်သားကြိုက်တယ်လေ။ အခုတော့ ကိုယ်တခါမှ မဝယ်ဘူး မမြင်ဖူး မကိုင်ဖူးတဲ့ ဝက်လျှာ ဝက်အူ ဝက်ခြေထောက်တွေ ဝယ်လာခဲ့ပါတယ်။ ဝက်အဆုတ် ဝက်နံရိုးတော့ မပါလာခဲ့ဘူး။ မေးဖို့ မေ့သွားလို့။
ဝက်ခြေထောက်နဲ့ပက်သက်ပီး ပြောပြရရင် ဘဝမှာ ၃ခါပဲ စားဖူးခဲ့ပါတယ်။ ဒါတောင် အတင်းကျွေးလို့ စားတာပါ။ ကြည့်ပီး ကြောက်လို့ မစားရဲတာပါ။ ပထမတခါက သူငယ်ချင်းအိမ်မှာပါ ။ အတင်းစားခိုင်းတာနဲ့ မရဲတရဲ စားဖြစ်သွားပါတယ်။ မြန်မာပြည်မှာပါ။ နောက်တခါက ဒီမှာပဲ သူငယ်ချင်းတွေဆုံတုန်းက ဝက်ခြေထောက်ပေါင်း မိန်းမတွေနဲ့တည့်တယ်ဆိုပီး အတင်းကျွေးပြန်တာနဲ့ပဲ စားဖြစ်သွားပါတယ်။ (အမှန်က စားစရာမရှိတော့လို့ ဗိုက်ဆာနေလို့ပါ)။ နောက်ဆုံးတခေါက်ကတော့
ဒီတခေါက် အိမ်ပြန်တော့ သူ့အတွက် ကိုကို့ ကို ချက်ခိုင်းပီး အိမ်မှာ နဲနဲ စားဖြစ်သွားတာပါ။ ကြောက်ကြောက်နဲ့ စားတာဆိုတော့လဲ သိပ်အရသာ မတွေ့မိပါဘူး။
ဝက်ဆိုလို စိမ်းလန်းက ဝက်သားတုတ်ထိုးဆိုင်လိုမျိုး ကိုယ်တောင်ဖွင့်ချင်ပါတယ်။ ဆိုင်က တော်တော်သန့်တယ်။ အလူမီနီယမ်မှန်ဘောင်နဲ့ အကျလုပ်ထားတဲ့ ဆိုင်မှာ ဝက်သားတုတ်ထိုး ထိုင်ရောင်းနေတာ.. အတော်တော့ မြတ်မဲ့ပုံ။ ငယ်ငယ်တုန်းက စာအုပ်တွေထဲမှာ ဝက်သားတုတ်ထိုးဆိုင်ဖွင့်ရင် တအားမြတ်ပီး ကြီးပွါးသွားတဲ့ အကြောင်းဖတ်မိတော့ ဆိုင်အပြင်အဆင်ကို ကြည့်ပီး သဘောကျမိသား။ နေရာကလဲ ကောင်းဆိုတော့.... အင်း ပြန်ပီး ဆိုင်ဖွင့်ရင် ကောင်းမလားပဲ။း) အယ်.. ချော်ပြန်ပီ။
သူ့ကို ဝက်ခြေထောက်စွပ်ပြုတ် လုပ်ကျွေးချင်တာလဲ တကြောင်း မြန်မာပြည်ပြန်တုန်းက သူက ဝက်ခြေထောက်ပဲ တမ်းတလွန်းသမျှ တရုပ်တန်းသွားချိန်တိုင်း ကုန်တာနဲ့ပဲ တိုးနေတာကို သတိရလို့ အိမ်မှာတခါ ကိုကို ချက်ပေးဖြစ်တာကလွဲလို့ သူ မစားရရှာဘူးဆိုတော့ ဟင်းချက်နည်း အသစ် လက်စွမ်းပြချင်တာနဲ့ ချက်ဖို့ ပြင်တော့တာပေါ့။ ချက်သာ ချက်ရ ဘယ်က စကိုင်ရမှန်းကို မသိတော့ သူ့ကို ဆရာတင်ပီး မေးတော့ ရေနဲ့ဆူအောင်ပြုတ် ပီးရင် သေချာဆေး ပီးပီဆို ဆားဆနွင်းနယ်ပီး ဂျင်းနဲ့ ကြက်သွန်ဖြူနဲ့ထည့်ပြုတ်တဲ့။ ငရုတ်ကောင်းတောင် မထည့်နဲ့တဲ့။ စားမှ ထည့်မယ်တဲ့(သူပြောတာက ဂျပန်လိုချက် တာတဲ့ နောက်မှသိတာ)
ဒါပေမဲ့ ကိုယ်ကလဲ သိတဲ့အတိုင်း ပထမဆုံးချက်မှာလဲ ဖြစ်ပြန် ညှီစောနံမှာကလဲ ကြောက်ပြန်ဆိုတော့ ထုံးစံအတိုင်း အွန်လိုင်းကိုရှာတာပေါ့။ ဒါမဲ့ စိတ်တိုင်းမကျတော့ သူငယ်ချင်းဆီ ဖုန်းဆက်ဖြစ်ရော။ သူကတော့ အမြဲ ချက်နေကျတဲ့ အရမ်းကောင်းတာပဲတဲ့။ သူ့နည်းကို ကိုယ်လဲ ယုံတယ်။ ဘာလို့ဆို ကိုယ်တို့က အပြန်အလှန် ချက်နည်းပညာ ဖလှယ်နေလို့ပေါ့။ ဒါနဲ့ပဲ သူပြောသလို ပထမတရည်ပြုတ်ပီး ရေသေချာဆေးတာပေါ့။ ဒါချစ်ချစ်ပြောသလိုနဲ့တူတယ်။ အဓိက က ကိုယ်က ညှီမှာ သိပ်ကြောက်တော့ သူငယ်ချင်းပြောသလို လုပ်မိတယ်။
ဆားဆနွင်း နယ်ပီးတော့ ပဲငန်ပြာရည် အကြည်ရယ် နယ်ပီးတော့ ခရုဆီလဲထည့်ပီး သမအောင်နယ်တာပေါ့။
မိနစ်၂၀လောက်နှပ်ထား ပီးတော့ ရေမြှုပ်ယုံထည့်ပီး ပေါင်းအိုးနဲ့ တည်တာပေါ့။ ပေါင်းအိုးကလည်း ပထမ မီးပြင်းပြင်းထည့်ပီး မှ မီးကို မြှင်းမြှင်းထားတာပေါ့။ နာရီဝက်လောက်တခါ ကြည့်ပီး ဟိုဘက် ဒီဘက် လှည့်ပေးတယ်။ ရေခန်းတဲ့အခါ ထပ်ဖြည့်ရင်း ၁နာရီခွဲလောက် ကျတော့ စားလို့ရပီ။ ဒါမဲ့ သိတဲ့အတိုင်း ပဲ မီးကို အနဲဆုံးထားပီးထပ်တင်ထားတယ်။ ငရုတ်ကောင်းမှုန့် အဖြူထည့်ပီး အရသာမြည်းတော့ အိုကေနေတယ်။ မွှေးးးးးးးးနေတာပဲ။
ဒါမဲ့ အဲ့ဒါကို ဘာနဲ့စားရတာလဲဆိုတာ မသိပြန်ဘူး။ ဒါနဲ့ အမျိုးတယောက် အွန်လိုင်းတက်လာတာနဲ့ ဘယ်လိုစားရလဲဆိုတာမေးတော့ အချဉ်ရည်နဲ့တဲ့။ အချဉ်ရည် ဘယ်လိုလုပ်လဲဆိုတော့ သူပြောပြတဲ့နည်းနဲ့ သမလိုက်တာပေါ့။ ဒါမဲ့ သူပေးတဲ့နည်းထဲက ခရမ်းချဉ်သီးဆော့စ် တော့ မထည့်ဘူး။ ငန်ပြာရည်လဲ မထည့်ဘူး။
ကိုယ်လုပ်တဲ့ အချဉ်ရည်က
ပထမ မန်ကျည်သီးကို ပျစ်ပျစ်လေးဖျော်လိုက်တယ်။ ပီးတော့ ငရုတ်ဆီထည့်တယ်။ သကြားထည့်တယ်။ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ဆားကိုထည့်တယ်။ ငရုတ်သီးစိမ်းလေးတွေ ပါးပါးလှီးထည့်တယ်။ နံနံပင်လေး ၂ချောင်း၃ချောင်းလောက် လှီးထည့်တော့ အချဉ်ရည်ဆိုတာ ရှယ်ပဲ။ သူကတော့ အချဉ်ရည်ကို သေချာ နည်းမှတ်တဲ့။ အရမ်းကောင်းတယ်တဲ့။း)
သူအိမ်ပြန်လာတော့ သူ့ကို ဝက်ခြေထောက်လေး မွှေးနေတာပဲ ပြောတော့။ သူက ဘယ်လိုချက်သလဲတဲ့။ သူ့နည်းနဲ့ ချက်တာ မဟုတ်တော့ စိတ်တွေဆိုးပီး နောက်တခါ သူ့ကို မမေးနဲ့ ဆိုပီး ထုံးစံအတိုင်း ရန်ဖြစ်တာပေါ့။ ဒီကလဲ မစားဘူးလား ဒါဆိုလဲ မစားနဲ့ သွန်ပစ်မယ်လို့ (ပါးစပ်ကအမြဲပြောတာ တကယ် ဘယ်တော့မှ မလုပ်) ပြောတာပေါ့။ သူက သူ့ကို မယုံလို့ သူပြောသလို မချက်တာလား ဘာလားနဲ့။ မယုံတာ မဟုတ်ဘူး။ညှီမှာကြောက်လို့ဆိုလဲ မရဘူး။ အဲဒါနဲ့ ထုံးစံအတိုင်း စိတ်ကောက် ပုလဲခ သူကပြန်ချော့ ပြန်စိတ်ကောက်နဲ့ သံသရာလည်ပီးးးမှပဲ သူက စားမယ်တဲ့။ အဲ့ဒီတော့မှပဲ ဝက်ခြေထောက်စွပ်ပြုတ်ကို ထည့်ဖြစ်တော့တယ်။ စားဖြစ်တော့လဲ သူပြောပါတယ်။ အရမ်းကောင်းတယ်တဲ့။း) သူက ဂျပန်လို စားချင်လို့ပြောတာဆိုပီး ပြန်လျှောချတယ်။ ကိုယ်ကလဲ တခါမှ မချက်ဘူးတော့ အရမ်းညှီမှာကြောက်လို့ ဆိုပီး ပြောပေါ့။ အဲဒါကြောင့် ပြောတာ နောင်ဂျိန်ပါဆို..။ ပီးတော့ ဟုတ်တာလဲ မဟုတ်ဘူး။ တယောက်မပြုံးရင် တယောက်မနေနိုင်ဘူး။း)
ကိုယ်လဲ စားရင်းစားရင်းနဲ့ အရသာကို အရမ်းကြိုက်သွားတော့ နောက်ဆို မကြာမကြာ ချက်ဖြစ်မလားပဲ။း)
စာဖတ်သူတွေလဲ အဆင်ပြေရင် လုပ်စမ်းကြည့် အရမ်းမိုက်တယ်...း)
အဲ့ဒီဆိုင်တွေမှာ ကိုယ်တစ်ခုမေးလိုက်တိုင်း ပြန်ပြောတာက တရုပ်လိုတွေဆိုတော့ ကိုယ်တော်တော် စိတ်ညစ်ပါတယ်။ ကိုယ်မှ တရုပ်မဟုတ်ပဲဟာ မဟုတ်ကြောင်းပြန်ရှင်းရတာက အလုပ်တစ်ခုပါ။ ရထားပေါ်ရောက်ပြန်တော့လဲ တရုပ်လားဆိုပီး မနိုင်မနင်းသယ်လာတဲ့ ကိုယ့်ကို နေရာပေးတော့ အမေးခံရပြန်ပါတယ်။း( ကိုယ်တရုပ်မဟုတ်ဘူးးးးးးးးးး ချော်ကုန်ပြန်ပီ။
ဝက်နဲ့ပက်သက်တယ်ဆိုလို့ ပြောရရင် သူ့ကြောင့် ဝက်သား စားဖြစ်တာ ပိုမှန်ပါတယ်။ သူက ဝက်သားကြိုက်တယ်လေ။ အခုတော့ ကိုယ်တခါမှ မဝယ်ဘူး မမြင်ဖူး မကိုင်ဖူးတဲ့ ဝက်လျှာ ဝက်အူ ဝက်ခြေထောက်တွေ ဝယ်လာခဲ့ပါတယ်။ ဝက်အဆုတ် ဝက်နံရိုးတော့ မပါလာခဲ့ဘူး။ မေးဖို့ မေ့သွားလို့။
ဝက်ခြေထောက်နဲ့ပက်သက်ပီး ပြောပြရရင် ဘဝမှာ ၃ခါပဲ စားဖူးခဲ့ပါတယ်။ ဒါတောင် အတင်းကျွေးလို့ စားတာပါ။ ကြည့်ပီး ကြောက်လို့ မစားရဲတာပါ။ ပထမတခါက သူငယ်ချင်းအိမ်မှာပါ ။ အတင်းစားခိုင်းတာနဲ့ မရဲတရဲ စားဖြစ်သွားပါတယ်။ မြန်မာပြည်မှာပါ။ နောက်တခါက ဒီမှာပဲ သူငယ်ချင်းတွေဆုံတုန်းက ဝက်ခြေထောက်ပေါင်း မိန်းမတွေနဲ့တည့်တယ်ဆိုပီး အတင်းကျွေးပြန်တာနဲ့ပဲ စားဖြစ်သွားပါတယ်။ (အမှန်က စားစရာမရှိတော့လို့ ဗိုက်ဆာနေလို့ပါ)။ နောက်ဆုံးတခေါက်ကတော့
ဒီတခေါက် အိမ်ပြန်တော့ သူ့အတွက် ကိုကို့ ကို ချက်ခိုင်းပီး အိမ်မှာ နဲနဲ စားဖြစ်သွားတာပါ။ ကြောက်ကြောက်နဲ့ စားတာဆိုတော့လဲ သိပ်အရသာ မတွေ့မိပါဘူး။
ဝက်ဆိုလို စိမ်းလန်းက ဝက်သားတုတ်ထိုးဆိုင်လိုမျိုး ကိုယ်တောင်ဖွင့်ချင်ပါတယ်။ ဆိုင်က တော်တော်သန့်တယ်။ အလူမီနီယမ်မှန်ဘောင်နဲ့ အကျလုပ်ထားတဲ့ ဆိုင်မှာ ဝက်သားတုတ်ထိုး ထိုင်ရောင်းနေတာ.. အတော်တော့ မြတ်မဲ့ပုံ။ ငယ်ငယ်တုန်းက စာအုပ်တွေထဲမှာ ဝက်သားတုတ်ထိုးဆိုင်ဖွင့်ရင် တအားမြတ်ပီး ကြီးပွါးသွားတဲ့ အကြောင်းဖတ်မိတော့ ဆိုင်အပြင်အဆင်ကို ကြည့်ပီး သဘောကျမိသား။ နေရာကလဲ ကောင်းဆိုတော့.... အင်း ပြန်ပီး ဆိုင်ဖွင့်ရင် ကောင်းမလားပဲ။း) အယ်.. ချော်ပြန်ပီ။
သူ့ကို ဝက်ခြေထောက်စွပ်ပြုတ် လုပ်ကျွေးချင်တာလဲ တကြောင်း မြန်မာပြည်ပြန်တုန်းက သူက ဝက်ခြေထောက်ပဲ တမ်းတလွန်းသမျှ တရုပ်တန်းသွားချိန်တိုင်း ကုန်တာနဲ့ပဲ တိုးနေတာကို သတိရလို့ အိမ်မှာတခါ ကိုကို ချက်ပေးဖြစ်တာကလွဲလို့ သူ မစားရရှာဘူးဆိုတော့ ဟင်းချက်နည်း အသစ် လက်စွမ်းပြချင်တာနဲ့ ချက်ဖို့ ပြင်တော့တာပေါ့။ ချက်သာ ချက်ရ ဘယ်က စကိုင်ရမှန်းကို မသိတော့ သူ့ကို ဆရာတင်ပီး မေးတော့ ရေနဲ့ဆူအောင်ပြုတ် ပီးရင် သေချာဆေး ပီးပီဆို ဆားဆနွင်းနယ်ပီး ဂျင်းနဲ့ ကြက်သွန်ဖြူနဲ့ထည့်ပြုတ်တဲ့။ ငရုတ်ကောင်းတောင် မထည့်နဲ့တဲ့။ စားမှ ထည့်မယ်တဲ့(သူပြောတာက ဂျပန်လိုချက် တာတဲ့ နောက်မှသိတာ)
ဒါပေမဲ့ ကိုယ်ကလဲ သိတဲ့အတိုင်း ပထမဆုံးချက်မှာလဲ ဖြစ်ပြန် ညှီစောနံမှာကလဲ ကြောက်ပြန်ဆိုတော့ ထုံးစံအတိုင်း အွန်လိုင်းကိုရှာတာပေါ့။ ဒါမဲ့ စိတ်တိုင်းမကျတော့ သူငယ်ချင်းဆီ ဖုန်းဆက်ဖြစ်ရော။ သူကတော့ အမြဲ ချက်နေကျတဲ့ အရမ်းကောင်းတာပဲတဲ့။ သူ့နည်းကို ကိုယ်လဲ ယုံတယ်။ ဘာလို့ဆို ကိုယ်တို့က အပြန်အလှန် ချက်နည်းပညာ ဖလှယ်နေလို့ပေါ့။ ဒါနဲ့ပဲ သူပြောသလို ပထမတရည်ပြုတ်ပီး ရေသေချာဆေးတာပေါ့။ ဒါချစ်ချစ်ပြောသလိုနဲ့တူတယ်။ အဓိက က ကိုယ်က ညှီမှာ သိပ်ကြောက်တော့ သူငယ်ချင်းပြောသလို လုပ်မိတယ်။
မိနစ်၂၀လောက်နှပ်ထား ပီးတော့ ရေမြှုပ်ယုံထည့်ပီး ပေါင်းအိုးနဲ့ တည်တာပေါ့။ ပေါင်းအိုးကလည်း ပထမ မီးပြင်းပြင်းထည့်ပီး မှ မီးကို မြှင်းမြှင်းထားတာပေါ့။ နာရီဝက်လောက်တခါ ကြည့်ပီး ဟိုဘက် ဒီဘက် လှည့်ပေးတယ်။ ရေခန်းတဲ့အခါ ထပ်ဖြည့်ရင်း ၁နာရီခွဲလောက် ကျတော့ စားလို့ရပီ။ ဒါမဲ့ သိတဲ့အတိုင်း ပဲ မီးကို အနဲဆုံးထားပီးထပ်တင်ထားတယ်။ ငရုတ်ကောင်းမှုန့် အဖြူထည့်ပီး အရသာမြည်းတော့ အိုကေနေတယ်။ မွှေးးးးးးးးနေတာပဲ။
ဒါမဲ့ အဲ့ဒါကို ဘာနဲ့စားရတာလဲဆိုတာ မသိပြန်ဘူး။ ဒါနဲ့ အမျိုးတယောက် အွန်လိုင်းတက်လာတာနဲ့ ဘယ်လိုစားရလဲဆိုတာမေးတော့ အချဉ်ရည်နဲ့တဲ့။ အချဉ်ရည် ဘယ်လိုလုပ်လဲဆိုတော့ သူပြောပြတဲ့နည်းနဲ့ သမလိုက်တာပေါ့။ ဒါမဲ့ သူပေးတဲ့နည်းထဲက ခရမ်းချဉ်သီးဆော့စ် တော့ မထည့်ဘူး။ ငန်ပြာရည်လဲ မထည့်ဘူး။
ကိုယ်လုပ်တဲ့ အချဉ်ရည်က
ကိုယ်လဲ စားရင်းစားရင်းနဲ့ အရသာကို အရမ်းကြိုက်သွားတော့ နောက်ဆို မကြာမကြာ ချက်ဖြစ်မလားပဲ။း)
စာဖတ်သူတွေလဲ အဆင်ပြေရင် လုပ်စမ်းကြည့် အရမ်းမိုက်တယ်...း)
Saturday, October 6, 2012
ကုန်းဘောင်ကြီးကြော်
ဝက်သားကုန်းဘောင်ကြော်
အဲ့ဒီနေ့ကပေါ့.. သရက်ချဉ်သုတ်၊ ပဲနီလေးဟင်း နဲ့ ဘာများချက်ရင် ကောင်းမလဲလို့ ထုံးစံအတိုင်း အကြံဥာဏ် တောင်းဖြစ်တော့ ဝက်သားနီဟင်းချက်ဖို့ ဖြစ်လာတယ်။ ဟမ်.. ဝက်သားကုန်းဘောင်ဆိုပီး ဘယ်လိုလုပ် ဝက်သားနီဖြစ်လဲလို့ စဉ်းစားနေလား။ မတွေးပါနဲ့ ဆက်ဖတ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
ဝက်သားနီဆိုတော့ အာရုံမှာ ရေးရေးပေါ်လာတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်၁ခုလောက်က သူငယ်ချင်းအဆောင်ကို လိုက်သွားတော့ သူချက်ကျွေးရင်း ပြောတာက ဝက်သားကို ချခါနီးမှာ သကြားထည့်ရင် ဝက်သားလေးကနီသွားတယ်တဲ့။ အဲဒါကို ဝက်သားနီချက်လို့ ခေါ်သတဲ့။ ဒါမဲ့ ချက်မဲ့နေ့က သူငယ်ချင်း ကိုမေးတာကျတော့ သူက မန်ကျည်းသီးထည့် မထည့်ချင် ခရမ်းချဉ်သီးထည့်တဲ့။ ရမ်းသမ ဆရာမကြီး တွေးရပီပေါ့။ ဒါနဲ့ အွန်လိုင်းကိုလဲ မပယ်နဲ့ ဆိုတဲ့ စကားအတိုင်း အွန်လိုင်းမှာ ဟိုဒီမွှေနောက်တော့ တွေ့ပါတယ်။ သုံးထပ်သားကြီးကို ဝက်သားနီချက် ချက်နည်းတွေ။ အင်း..ဒီတော့ ကိုယ်လဲ ရောသမနည်းနဲ့ချမဟဲ့ ဆိုပီး ရေခဲသေတ္တာကို အဖွင့်မှာတော့ ကျန်ရှိနေတဲ့ ဝက်သားက လက်သီးဆုပ်ကလေး လှမ်းပြတယ်။ နင်ချက်ချင်တဲ့ ဝက်သားနီတော့ မရဘူးဟေ့။ လှီးလိုက်ရင် ၄တုံးလောက်ရမဲ့ဟာဆိုပီး လှောင်နေတော့ ဒီကလဲ ဘာရမလဲ စိတ်နာနာနဲ့ ဝက်သားနီတော့ မချက်ဘူး နင့်ကို ကုန်းဘောင်ကြော် လုပ်မဟဲ့ဆိုပီး စိတ်ကူးကို ရုတ်ချည်းပြောင်းပစ်လိုက်တာပေါ့။ ဒီလိုနဲ့ ကိုယ်ချက်မဲ့ဟင်းက ဝက်သားကုန်းဘောင်ကြော် ဖြစ်သွားလေရဲ့။
အမှန်ဆို ဝက်ကုန်းဘောင်ဆိုတာ အသားကြီးပဲ ကြော်တာ တွေ့ဘူးတာပဲ။ (ဆိုင်မှာစားရတာ ပြောတာ)
ကိုယ့်ဝက်သားက ၃ထပ်သားကို မျက်စိမှိတ်ပီး ကုန်းဘောင်လုပ်တာ ။ ဘာဖြစ်လဲ။ ငါ ဗိုလ်ပဲ။လာထား... ဘီလိုချက်ရပါ့ဆိုပီး.. ရှေးထုံး..အဲ အွန်လိုင်းကို မပယ်ပဲနဲ့ ရှာလိုက်တော့ တီတီဆွိ ရဲ့ကြက်သား ကုန်းဘောင်ကြော် သွားတွေ့လေရဲ့။ သူလို အကုန်တော့ မတူပေမဲ့ ဘာကိုလုပ်လုပ် စုတုပြု ပညာရှင်ပီပီ ရမ်းသမချက်ပါတော့မယ်။
ဝက်သားတွေကို အနေတော် လက်သန်းတဆစ်စာလောက် ဖြတ်လိုက်ပါတယ်။ ထုံးစံအတိုင်း ဆားဆနွင်းနယ်ပါတယ်။ ပီးတော့ အသီးအရွက်ဘာရှိလဲ ကြည့်လိုက်တော့ မုန်လာဥနီရှိတယ်။ ခြံထဲက ကြက်သွန်မြိတ်ရယ်ပေါင်းတော့ အိုကေပီပေါ့။ ငရုတ်သီးအခြောက်ကိုလဲ ဆီနဲ့လှိမ့်ဖို့ ထုတ်လိုက်တယ်။ တီဆွိကတော့ သူက ဆော့စ်ကို သတ်သတ်လုပ်တယ်။ ကိုယ်ကတော့ ကိုယ့်မှာရှိတဲ့ဟာနဲ့ ဖြစ်သလိုလုပ်ပါတယ်။ ကိုယ့်ရဲ့ဆော့စ်ကတော့ ပရိုတွေ ကြားရင် ဖျားသွားမယ်ထင်တယ်။
ပထမဆုံး ကော်မှုန့်ကို အရည်ဖျော် ပဲငန်ပြာရည် အကြည်လေးနဲနဲထည့် သကြားထည့် ပီး ဆားဆနွင်းနဲ့ မိနစ်၂၀လောက်နှပ်ထားတဲ့ ဝက်သားကို နယ်လိုက်ပါတယ်။
မုန်လာဥနီကို မကြီးမငယ် အချောင်းလေးတွေ တုံးလိုက်ပါတယ်။ ကြက်သွန်မြိတ်ကိုလဲ လက်ဆစ်လောက်လေးတွေ ဖြတ် လိုက်ပါတယ်။ ကြက်သွန်နီကိုလဲ လေးထောင့် အနေတော်လေးဖြစ်အောင်လှီးလိုက်ပါတယ်။
ချက်ပါတော့မယ်။
ပထမ ငရုတ်သီးကို ကြော်ပါတယ်။ နောက်တော့ ဆီထပ်ထည့်ပီး ဂျင်းအနည်းငယ်ကို ချေပီးထည့်လိုက်ပါတယ်။ပီးတော့မှ ဝက်သားထည့်ပါတယ်။ မီးမြှင်းမြှင်းနဲ့ ဝက်သားကို လှိမ့်လိုက်ပါတယ်။ ခနနေတော့ မုန်လာဥနီကိုထည့်ပါတယ်။ နောက်ခနထပ်နေတော့ ကြက်သွန်နီထည့်ပါတယ်။ အရသာမြည်းပါတယ်။ အိုကေပီဆိုတာနဲ့ ..ဝက်သားလဲ နူးပီထင်တာနဲ့ ခရုဆီကို အပေါ်ကဆမ်းလိုက်ပါတယ်။ ပီးလဲပီးရော မွှေပီးတော့ နောက်ဆုံးချခါနီးမှ ကြက်သွန်မြိတ်နဲ့ သီဟိုဋ်စေ့ကို ထည့်ပီး မီးပိတ်လိုက်ပါတယ်။
မထင်မှတ်ပဲ တကယ်စားကောင်းပါတယ်။
သူကလဲ ပြောတယ်။ စားလို့ကောင်းတယ်တဲ့း)
သရက်ချဉ်သုတ်ကတော့ လွယ်လွယ်လေးလို့ ထင်တာပဲ။ မှန်မမှန်တော့ သိဘူး။ အဲလိုပဲ သုတ်လိုက်တာပဲ။ မသုတ်ခင်တော့ စဉ်းစားရတယ် ။ ဘာတွေ ထည့်ရလဲလို့..း))
ပဲနီလေးဟင်းကတော့ အလွယ်ချက်ချင် အဲ့ဟင်းကို အရည်သောက်ချက်တာ များတယ်။ အခုတလောတော့ ကိုယ့်ချစ်ချစ်က ငရုတ်ရွက် ကြိုက်တယ်ဆိုတာနဲ့ ပဲနီလေးဟင်းထဲ ငရုတ်ရွက်တွေ ခပ်ခပ်ထည့်နေတာ ငရုတ်ပင်လဲ တရုပ်တွေ မြန်မာမြေကို တစစီဖဲ့နေသလိုပဲ အပင်လေးလဲ ကြည့်မကောင်းချင်တော့ဘူး။
ငရုတ်ရွက် စားကောင်းသတဲ့။ စမ်းကြည့်ပေါ့နော်။
မှတ်ချက်။ဟင်းချက်နည်းများမှာ ရမ်းသမများ ဖြစ်၍ မေ့မှာဆိုးလို့ မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ ဒါမှ နောက်ခါ ပြန်ချက်ရင် ကြည့်ဖို့ပေါ့။

သရက်ချဉ်၊ ကြက်သွန်နီ ၊ ပုစွန်ခြောက်မှုန့် ၊ ငရုတ်သီးစိမ်းပါးပါးလှီးပီးဆီစိမ်းဆမ်း၊ ပဲမှုန့်နဲနဲထည့်ပီး နှမ်းထောင်းလေးဖြူးတော့ ဆားလို့တော့ ကောင်းသားပါပဲ။
ငရုတ်ရွက် စားကောင်းသတဲ့။ စမ်းကြည့်ပေါ့နော်။
မှတ်ချက်။ဟင်းချက်နည်းများမှာ ရမ်းသမများ ဖြစ်၍ မေ့မှာဆိုးလို့ မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ ဒါမှ နောက်ခါ ပြန်ချက်ရင် ကြည့်ဖို့ပေါ့။
Sunday, September 30, 2012
ငါးထမင်းချဉ်
ဒီနေ့..မနက် အိပ်ယာက တရေးနိုးတော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစားမိတော့ ငါးထမင်းချဉ် ချက်မလားလို့ပေါ့။ အဲ့ဟင်းချက်မဲ့သာ ချက်ရ..လျှော့ရှိတယ်။ ဘာလို့ဆို သူတအားကြိုက်ပီး သူ့အမေ့လက်ရာ အကောင်းဆုံးဆိုတော့ ဒီဟင်းချက်ရမှာ လက်ကတွန့်နေတာတော့ အမှန်ပဲလေ။ (မိန်းမပဲဟာ)။ဒါတောင် သူ့မယ်တော်ဆီမှာ သင်လာခဲ့သေးတာ။
ကိုယ်က ဟင်းတခုချက်မယ်ဆိုရင် လာထား အင်တာနက်လေးနဲ့ ဟိုရှာ ဒီရှာ လုပ်တဲ့အပြင် သူငယ်ချင်းတွေဆီလဲ အလျဉ်းသင့်သလို မေးလိုက်သေးတယ်။ သြော်..ပီးတော့ လုပ်နည်းတွေထဲက ကိုယ်ကြိုက်တဲ့နည်းကို ဟိုဘက်ဒီဘက်က ကိုယ်ကောင်းမယ်ထင်သလို နည်းတွေယူပီး သမလိုက်တာပဲ။ အချိုးအစားတွေတော့ လာမမေးနဲ့နော်။ ပရိုတွေ ထိုင်ငို သွားမယ်။
ကဲ..ပြောနေ အဲ..ရေးနေကြာတယ်။ ချက်တော့မယ်။
ဘာအရင်ချက်မလဲ ဆိုတော့...ထုံးစံအတိုင်း..မီးအလှည့်မအားရအောင်တည်ဖို့..ပထမဆုံး အာလူးပြုတ် ပီးတာနဲ့ ဆန်ဆေးပီး ရေများများနဲ့ ပလပ်ဖွင့်ထားလိုက်တယ်။ အဲ့အချိန်မှာ ကြက်သွန်ဖြူလှီးတယ်။ ဆီချက်ကများမှ ကောင်းမှာဆိုတော့ ခပ်များများလေးလှီး။ လှီးလဲပီးရော အာလူးကျက်ပီ။
အိုးက မပေါများတော့ အာလူးကို ခွက်တလုံးတဲထည့်ပီး အိုးကို ခပ်မြန်မြန်လေးဆေး ပီးတာနဲ့ ခရမ်းချဉ်သီး ၁ဗူး ဖောက်ပီးအိုးမှာတည်။ မီးမြှင်းမြှင်းနဲ့ တည် ထားတုန်း အာလူး အခွံနွှာလိုက် ခရမ်းချဉ် သီး ကို မွှေပေးလိုက်နဲ့ အလုပ်တွေရှုပ်။ ခဏနေတော့ အိုးထဲ ဆနွင်းနဲ့ ဆားများများထည့်ပီး မွှေပေး ။ မကပ်အောင် ဂရု စိုက်နေရတော့ လက်မလည်။ အာလူးကလဲ အလုံးသေးတွေ ဆိုတော့ မပီးနိုင်။ ဒါမဲ့ အာလူးလဲ အပီး ခရမ်းချဉ်သီးချက်လဲ အရ။ ပီးတာနဲ့ ဆီအိုးတင်ထားလိုက်တယ်။ ဆီကျက်တာနဲ့ ကြက်သွန်ဖြူထည့်ပီး မီးမြှင်းမြှင်းနဲ့ပဲ ဂရုတစိုက်မွှေပေးပီး ကြော်။ အိုကေပီဆိုတာနဲ့ ဆီအိုးထဲက ဆီချက်ကို ပန်းကန်တလုံးထဲ ထည့်။ဆီနဲနဲချန်ပီး မြေပဲလေးကြော်။ မီးကတော့ လုံးဝမပြင်းဘူး။
အဲ့အချိန်မှာ ထမင်းလဲကျက်ပီ။ တမင်းကို လှမ်းပီး အအေးခံ ဖို့အတွက် ပေါင်းအိုးကို အဖုံး လှမ်းဖွင့် လိုက်သေးတယ်။ ခရမ်းချဉ်သီးချက်ထားတဲ့အိုးကို လှယ်ပီး ဆေးရသေးတယ်။ မွှေ..မွှေ... ဆားနဲနဲထပ်ထည့်ပီး ကျက်ပီ ဆိုရင်တခါ ဗူးထဲထည့်။
ပီးတော့တခါ ပဲပုတ်လေး ကိုကြော်။ မီးကတော့ ထုံးစံအတိုင်းမပြင်းဘူး။ တူးမှာဆိုးလို့ သတိထားရသေး။ ပီးတော့ ပန်းကန်လုံးထဲထည့်။ ပီးတာနဲ့ ငရုတ်သီးခြောက်လေး ကြော်။
ပီးတော့..ဆေးထားတဲ့အိုးမှာ တူနာငါးဗူး၎ဗူးလောက်ဖောက်ပီး ထည့်။ ဆနွင်းနဲ့ဆားထည့်ပီး မီးမြှင်းမြှင်း နဲ့ပဲ မွှေလိုက်တယ်။ သူ့လဲ မကပ်အောင် ဂရုစိုက်ရသေးတယ်။
အဲ့အချိန်သူထလာပီး စပ်စုတယ်။ မပီးခင် အသားမဲ(သူက အသားညိုတယ်။) မမြင်စေနဲ့ဆိုတဲ့ စကားမကြားဘူးလားဆိုပီး ချစ်ချစ်ခင်ခင် ကြင်ကြင် နာနာ ပြောလိုက်သေးတယ်။ အိမ်သာနဲ့ ချက်တာနဲ့ တခါးတွေပဲ ခြားတာဆိုတော့ ငါးမွှေနေတုန်း သူ့ကိုကြည့်ပီး ၂ယောက်သား နုတ်ခမ်းလေးတွေစူပွပွ လုပ်နေတုန်း ဗြုန်းဆိုကိုယ်လှည့်ကြည့်ချိန်ဆို မျက်နှာကို တဖက်လှည့်ပီး သူက စ။ အဲလိုဆိုနေပေါ့ ဆိုပီး မကြည့်တော့ဘူး။
ငါးလဲ ကျက်ပီဆိုတော့ အိုးအကြီး တလုံးချပီး အာလူးကို ညှစ်ပီးခြေ။ ငါးမွှေကို ပန်းကန်ထဲပြောင်းပီး အိုးကို ရေထည့်ပီး ဟင်းချိုတည်ဖို့ပြင်လိုက်တယ်။ အာလူးကျေပီဆိုတာနဲ့ ခရမ်းချဉ်သီး ထပ်ထည့်ပီး နယ်။ တမင်းကိုထည့်ပီး ဆားရယ် အချိုမှုန့် (အစက သိပ်မသုံး တီတီဆွိရေးတဲ့ စာဖတ်ပီး သုံးရဲသွားတယ်။ )ဆီချက်ရယ် ထည့်ပီး အားရပါးရနယ်လိုက်တယ်။ပီးတော့ ငါးထည့်ပီးနယ်တယ်။
အားလုံးပီးတော့မှ မြည်းကြည့်ဆိုပီး သူ့ကို မြည်းခိုင်းလိုက်တယ်။ အိုကေတဲ့....တဲ့........။ လာပီ.......နောင်ဂျိန်

စားလို့ကောင်းတယ်.. ဒါပေမဲ့ ...သူအမြဲတမ်းစားနေတာ ထမင်းက အဲလို မကြေဘူးတဲ့...။ သေရော။ ဒီက လုပ်လိုက်ရတာ ။ မရှိမဲ့ ရှိမဲ့ အားတွေ ညှစ်ပီး ..လူက ပင်ပန်းနေတာ..သူက အဲလိုလဲ ပြောလိုက်ရော ဘာပြောကောင်းမလဲ.. အဲ့ဆိုလဲ မစားနဲ့တော့ ရှင့်အတွက် ထမင်းထပ်တည်ပီး ဟင်းချက်ပေးမယ် ဆိုတာတွေရော ။ ရှင့်အမေအိမ်မှာ အဲလို အားရပါးရ နယ်တာ တွေ့လာခဲ့တဲ့ဟာကို ဆိုပီး..ဆူပုတ်ပွ။
သူက မကောင်းဘူး ပြောတာ မဟုတ်ဘူး။ အရသာက ရှိတယ်။ ထမင်းက သိပ်ကြေသွားတာတဲ့..။ ဒီကလဲ နဲနဲ တင်းသွားပီ။ တော်ပီ။ ငါးမုန့်ကြော်ရင် ကောင်းမလား မကောင်းဘူးလား...ဆိုပီး စဉ်းစား။ လုပ်ရတာ စိတ်မပါတော့ဘူးလေ။ ဒါပေမဲ့ ဟင်းချိုက ပွက်လာတော့ ချဉ်စော်ကားသီးထည့် အရသာမြည်း ငရုတ်သီးစိမ်း (အိမ်မှာစိုက်ထားတာ..ကြွားတာ) လှီးထည့် ကြက်သွန်ဖြူ ဂျင်းထည့်။ သူ့ကို လှမ်းကြည့်တော့ စားဖို့မပြောဘူး။ အဲဒါနဲ့ သူစမပြောရင် မပြောဘူးဆိုဘူး ပေရင်း ဟင်းချိုက ကျက်နေတော့ ဆီအိုထပ်တည်ပီး ငါးမုန့်ကြော်လိုက်တယ်။ မုန့်ကြော်နေတုန်း သူက ဘယ်တော့ စားရမှာလဲတဲ့..။
သူပြောတော့မှ စားလို့ရပီဆိုပီး ခုံခင်း ခုံပေါ်ကို တင်ပီး ဒါ့ပုံရိုက်လိုက်သေးတယ်။ ပါးစပ်ကလဲ ပြောတယ်။ နောက်တခါ မချက်တော့ဘူးလို့.. သူကပြောတယ်။ စကားမများချင်ဘူးတဲ့..။ ဘယ်သူက များချင်လို့လဲလို့.. ဒီဟင်းချက်ရတာ ပင်ပန်းတယ်။ အားကုန်လို့ မချက်တော့ဘူး ပြောတာလို့။
ပီးသတ်ကျတော့ သူပဲ စားလိုက်တာ။ ပုံထဲကဟာက သူတယောက်တည်းစားတာ။ လိုက်ပွဲတောင် ယူလိုက်သေး။ ကိုယ်က မောလို့ တလုံးထဲစားနိုင်တယ်။း( ပြောသေးတယ်။ နံနံပင်က မလိုက်ဘူးတဲ့။ အင်းလေ..ဂျူးမြစ်အစားသုံးတာလို့..ကြက်သွန်မြိတ်နဲ့လိုက်တယ်။ ရှိသေးလားတဲ့..။ (ဝရံတာ ပန်းအိုး)ခြံထဲက စိုက်ထားတဲ့ဟာ ကုန်ပီလို့ ပြောလိုက်ရသေးတယ်။
စားနေရင်း ကိုယ့်မျက်နှာ ကို ကြည့်တယ် မထင်လိုက်ပါနဲ့။ တီဗွီမင်းသားက တီဗွီပဲ ကြည့်လို့... ။း(
ပီးတော့မှ စားလို့ကောင်းတယ်တဲ့။ အဲ့အချိန်မှာ ကိုယ်စားပီးတော့ တိတ်၂လေး ဘလော့တွေ ပြန်ရှာတယ်။ တမင်းနယ်တာ ကြေလား မကြေလားသိချင်လို့.. အဟီး..ထမင်းနယ်တာ သိပ်မကြေဘူးထင်တယ်။နော်။ ဒီတော့ ကိုယ်လဲ သူ့ကို နောက်တခါ မကျေပွဲ ပြန်ချက်လိုက်ဦးမယ်လို့..ပြောတော့မှ သူက ဘယ်လိုပြောလဲဆိုတော့ တကယ်လို့ နောက်တခါ ချက်ဖြစ်ခဲ့ရင် အာလူးကို အရမ်းကျေအောင်မလုပ်နဲ့တဲ့...။အဲဒီလိုနဲ့ ငါးထမင်းချဉ် ချက်ဖူးပီးသွားတာပေါ့...။
သြော်.. ပြောသေးတယ်.. ငါးထမင်းချဉ်လုပ်တာ လုံးမနေလို့တဲ့..ဘယ်လုံးတော့မလဲ ..စိတ်နဲနဲဆိုးသွားတားကိုး..နော့်။ ဟီးဟီး..ပီးတော့လဲ... ပဲပုပ်က ကြာသွားလို့လားမသိဘူး ဆီဂျီးဆော်နံလို့တဲ့..စားကြည့်တဲ့.. ကိုယ်ကမကြိုက်လို့ မစားဘူးလို့။ ဒါမဲ့ လွှင့်ပစ်လိုက်လို့ ဆိုတော့ သူက ပဲပုပ်ကြိုက်တော့ မလွှင့်ပစ်ရက်နဲ့ လွှင့်ပစ်လိုက်ရလေရဲ့။ ဤကား မှတ်ချက်
Subscribe to:
Posts (Atom)