ဟိုးတပတ်လောက်က မြေအောက်ဈေးလေးသွားဖြစ်တော့ ဝက်နဲ့ပါက်သက်တာတွေ ဝယ်လာခဲ့တယ်။ ဝက်အူ ဝက်လျှာ ဝက်အသဲ ဝက်ခြေထောက် ကြက်ခြေထောက်တွေ တပွေ့တပိုက်နဲ့ (မနိုင်မနင်းလို့ပြောရင် ပိုမှန်ပါမယ်)ဝယ်လာခဲ့တယ်။
အဲ့ဒီဆိုင်တွေမှာ ကိုယ်တစ်ခုမေးလိုက်တိုင်း ပြန်ပြောတာက တရုပ်လိုတွေဆိုတော့ ကိုယ်တော်တော် စိတ်ညစ်ပါတယ်။ ကိုယ်မှ တရုပ်မဟုတ်ပဲဟာ မဟုတ်ကြောင်းပြန်ရှင်းရတာက အလုပ်တစ်ခုပါ။ ရထားပေါ်ရောက်ပြန်တော့လဲ တရုပ်လားဆိုပီး မနိုင်မနင်းသယ်လာတဲ့ ကိုယ့်ကို နေရာပေးတော့ အမေးခံရပြန်ပါတယ်။း( ကိုယ်တရုပ်မဟုတ်ဘူးးးးးးးးးး ချော်ကုန်ပြန်ပီ။
ဝက်နဲ့ပက်သက်တယ်ဆိုလို့ ပြောရရင် သူ့ကြောင့် ဝက်သား စားဖြစ်တာ ပိုမှန်ပါတယ်။ သူက ဝက်သားကြိုက်တယ်လေ။ အခုတော့ ကိုယ်တခါမှ မဝယ်ဘူး မမြင်ဖူး မကိုင်ဖူးတဲ့ ဝက်လျှာ ဝက်အူ ဝက်ခြေထောက်တွေ ဝယ်လာခဲ့ပါတယ်။ ဝက်အဆုတ် ဝက်နံရိုးတော့ မပါလာခဲ့ဘူး။ မေးဖို့ မေ့သွားလို့။
ဝက်ခြေထောက်နဲ့ပက်သက်ပီး ပြောပြရရင် ဘဝမှာ ၃ခါပဲ စားဖူးခဲ့ပါတယ်။ ဒါတောင် အတင်းကျွေးလို့ စားတာပါ။ ကြည့်ပီး ကြောက်လို့ မစားရဲတာပါ။ ပထမတခါက သူငယ်ချင်းအိမ်မှာပါ ။ အတင်းစားခိုင်းတာနဲ့ မရဲတရဲ စားဖြစ်သွားပါတယ်။ မြန်မာပြည်မှာပါ။ နောက်တခါက ဒီမှာပဲ သူငယ်ချင်းတွေဆုံတုန်းက ဝက်ခြေထောက်ပေါင်း မိန်းမတွေနဲ့တည့်တယ်ဆိုပီး အတင်းကျွေးပြန်တာနဲ့ပဲ စားဖြစ်သွားပါတယ်။ (အမှန်က စားစရာမရှိတော့လို့ ဗိုက်ဆာနေလို့ပါ)။ နောက်ဆုံးတခေါက်ကတော့
ဒီတခေါက် အိမ်ပြန်တော့ သူ့အတွက် ကိုကို့ ကို ချက်ခိုင်းပီး အိမ်မှာ နဲနဲ စားဖြစ်သွားတာပါ။ ကြောက်ကြောက်နဲ့ စားတာဆိုတော့လဲ သိပ်အရသာ မတွေ့မိပါဘူး။
ဝက်ဆိုလို စိမ်းလန်းက ဝက်သားတုတ်ထိုးဆိုင်လိုမျိုး ကိုယ်တောင်ဖွင့်ချင်ပါတယ်။ ဆိုင်က တော်တော်သန့်တယ်။ အလူမီနီယမ်မှန်ဘောင်နဲ့ အကျလုပ်ထားတဲ့ ဆိုင်မှာ ဝက်သားတုတ်ထိုး ထိုင်ရောင်းနေတာ.. အတော်တော့ မြတ်မဲ့ပုံ။ ငယ်ငယ်တုန်းက စာအုပ်တွေထဲမှာ ဝက်သားတုတ်ထိုးဆိုင်ဖွင့်ရင် တအားမြတ်ပီး ကြီးပွါးသွားတဲ့ အကြောင်းဖတ်မိတော့ ဆိုင်အပြင်အဆင်ကို ကြည့်ပီး သဘောကျမိသား။ နေရာကလဲ ကောင်းဆိုတော့.... အင်း ပြန်ပီး ဆိုင်ဖွင့်ရင် ကောင်းမလားပဲ။း) အယ်.. ချော်ပြန်ပီ။
သူ့ကို ဝက်ခြေထောက်စွပ်ပြုတ် လုပ်ကျွေးချင်တာလဲ တကြောင်း မြန်မာပြည်ပြန်တုန်းက သူက ဝက်ခြေထောက်ပဲ တမ်းတလွန်းသမျှ တရုပ်တန်းသွားချိန်တိုင်း ကုန်တာနဲ့ပဲ တိုးနေတာကို သတိရလို့ အိမ်မှာတခါ ကိုကို ချက်ပေးဖြစ်တာကလွဲလို့ သူ မစားရရှာဘူးဆိုတော့ ဟင်းချက်နည်း အသစ် လက်စွမ်းပြချင်တာနဲ့ ချက်ဖို့ ပြင်တော့တာပေါ့။ ချက်သာ ချက်ရ ဘယ်က စကိုင်ရမှန်းကို မသိတော့ သူ့ကို ဆရာတင်ပီး မေးတော့ ရေနဲ့ဆူအောင်ပြုတ် ပီးရင် သေချာဆေး ပီးပီဆို ဆားဆနွင်းနယ်ပီး ဂျင်းနဲ့ ကြက်သွန်ဖြူနဲ့ထည့်ပြုတ်တဲ့။ ငရုတ်ကောင်းတောင် မထည့်နဲ့တဲ့။ စားမှ ထည့်မယ်တဲ့(သူပြောတာက ဂျပန်လိုချက် တာတဲ့ နောက်မှသိတာ)
ဒါပေမဲ့ ကိုယ်ကလဲ သိတဲ့အတိုင်း ပထမဆုံးချက်မှာလဲ ဖြစ်ပြန် ညှီစောနံမှာကလဲ ကြောက်ပြန်ဆိုတော့ ထုံးစံအတိုင်း အွန်လိုင်းကိုရှာတာပေါ့။ ဒါမဲ့ စိတ်တိုင်းမကျတော့ သူငယ်ချင်းဆီ ဖုန်းဆက်ဖြစ်ရော။ သူကတော့ အမြဲ ချက်နေကျတဲ့ အရမ်းကောင်းတာပဲတဲ့။ သူ့နည်းကို ကိုယ်လဲ ယုံတယ်။ ဘာလို့ဆို ကိုယ်တို့က အပြန်အလှန် ချက်နည်းပညာ ဖလှယ်နေလို့ပေါ့။ ဒါနဲ့ပဲ သူပြောသလို ပထမတရည်ပြုတ်ပီး ရေသေချာဆေးတာပေါ့။ ဒါချစ်ချစ်ပြောသလိုနဲ့တူတယ်။ အဓိက က ကိုယ်က ညှီမှာ သိပ်ကြောက်တော့ သူငယ်ချင်းပြောသလို လုပ်မိတယ်။
ဆားဆနွင်း နယ်ပီးတော့ ပဲငန်ပြာရည် အကြည်ရယ် နယ်ပီးတော့ ခရုဆီလဲထည့်ပီး သမအောင်နယ်တာပေါ့။
မိနစ်၂၀လောက်နှပ်ထား ပီးတော့ ရေမြှုပ်ယုံထည့်ပီး ပေါင်းအိုးနဲ့ တည်တာပေါ့။ ပေါင်းအိုးကလည်း ပထမ မီးပြင်းပြင်းထည့်ပီး မှ မီးကို မြှင်းမြှင်းထားတာပေါ့။ နာရီဝက်လောက်တခါ ကြည့်ပီး ဟိုဘက် ဒီဘက် လှည့်ပေးတယ်။ ရေခန်းတဲ့အခါ ထပ်ဖြည့်ရင်း ၁နာရီခွဲလောက် ကျတော့ စားလို့ရပီ။ ဒါမဲ့ သိတဲ့အတိုင်း ပဲ မီးကို အနဲဆုံးထားပီးထပ်တင်ထားတယ်။ ငရုတ်ကောင်းမှုန့် အဖြူထည့်ပီး အရသာမြည်းတော့ အိုကေနေတယ်။ မွှေးးးးးးးးနေတာပဲ။
ဒါမဲ့ အဲ့ဒါကို ဘာနဲ့စားရတာလဲဆိုတာ မသိပြန်ဘူး။ ဒါနဲ့ အမျိုးတယောက် အွန်လိုင်းတက်လာတာနဲ့ ဘယ်လိုစားရလဲဆိုတာမေးတော့ အချဉ်ရည်နဲ့တဲ့။ အချဉ်ရည် ဘယ်လိုလုပ်လဲဆိုတော့ သူပြောပြတဲ့နည်းနဲ့ သမလိုက်တာပေါ့။ ဒါမဲ့ သူပေးတဲ့နည်းထဲက ခရမ်းချဉ်သီးဆော့စ် တော့ မထည့်ဘူး။ ငန်ပြာရည်လဲ မထည့်ဘူး။
ကိုယ်လုပ်တဲ့ အချဉ်ရည်က
ပထမ မန်ကျည်သီးကို ပျစ်ပျစ်လေးဖျော်လိုက်တယ်။ ပီးတော့ ငရုတ်ဆီထည့်တယ်။ သကြားထည့်တယ်။ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ဆားကိုထည့်တယ်။ ငရုတ်သီးစိမ်းလေးတွေ ပါးပါးလှီးထည့်တယ်။ နံနံပင်လေး ၂ချောင်း၃ချောင်းလောက် လှီးထည့်တော့ အချဉ်ရည်ဆိုတာ ရှယ်ပဲ။ သူကတော့ အချဉ်ရည်ကို သေချာ နည်းမှတ်တဲ့။ အရမ်းကောင်းတယ်တဲ့။း)
သူအိမ်ပြန်လာတော့ သူ့ကို ဝက်ခြေထောက်လေး မွှေးနေတာပဲ ပြောတော့။ သူက ဘယ်လိုချက်သလဲတဲ့။ သူ့နည်းနဲ့ ချက်တာ မဟုတ်တော့ စိတ်တွေဆိုးပီး နောက်တခါ သူ့ကို မမေးနဲ့ ဆိုပီး ထုံးစံအတိုင်း ရန်ဖြစ်တာပေါ့။ ဒီကလဲ မစားဘူးလား ဒါဆိုလဲ မစားနဲ့ သွန်ပစ်မယ်လို့ (ပါးစပ်ကအမြဲပြောတာ တကယ် ဘယ်တော့မှ မလုပ်) ပြောတာပေါ့။ သူက သူ့ကို မယုံလို့ သူပြောသလို မချက်တာလား ဘာလားနဲ့။ မယုံတာ မဟုတ်ဘူး။ညှီမှာကြောက်လို့ဆိုလဲ မရဘူး။ အဲဒါနဲ့ ထုံးစံအတိုင်း စိတ်ကောက် ပုလဲခ သူကပြန်ချော့ ပြန်စိတ်ကောက်နဲ့ သံသရာလည်ပီးးးမှပဲ သူက စားမယ်တဲ့။ အဲ့ဒီတော့မှပဲ ဝက်ခြေထောက်စွပ်ပြုတ်ကို ထည့်ဖြစ်တော့တယ်။ စားဖြစ်တော့လဲ သူပြောပါတယ်။ အရမ်းကောင်းတယ်တဲ့။း) သူက ဂျပန်လို စားချင်လို့ပြောတာဆိုပီး ပြန်လျှောချတယ်။ ကိုယ်ကလဲ တခါမှ မချက်ဘူးတော့ အရမ်းညှီမှာကြောက်လို့ ဆိုပီး ပြောပေါ့။ အဲဒါကြောင့် ပြောတာ နောင်ဂျိန်ပါဆို..။ ပီးတော့ ဟုတ်တာလဲ မဟုတ်ဘူး။ တယောက်မပြုံးရင် တယောက်မနေနိုင်ဘူး။း)
ကိုယ်လဲ စားရင်းစားရင်းနဲ့ အရသာကို အရမ်းကြိုက်သွားတော့ နောက်ဆို မကြာမကြာ ချက်ဖြစ်မလားပဲ။း)
စာဖတ်သူတွေလဲ အဆင်ပြေရင် လုပ်စမ်းကြည့် အရမ်းမိုက်တယ်...း)
No comments:
Post a Comment