သူက အခုတလော နုန်းနုန်းနေတယ်လို့ ပြောတာနဲ့ သူ့အတွက် အားရှိအောင် ကြက်ပေါင်းရည်လုပ်ကျွေးခြင်း ဖြစ်ပါတယ်။
တခါမှလည်း မပေါင်းဖူးဘူး ဆိုတော့ ထုံးစံအတိုင်း အညွှန်းတွေ ရှာရတာပေါ့။ ကြက်ပေါင်းရည်ကို မြန်မာလိုရှာတာ သိပ်မတွေ့ဘူး။ ကြက်ပေါင်းဟင်းကိုပဲ တွေ့တယ်ဆိုတော့ ဘိုလိုရှာရတာပေါ့။ ဘိုလိုရှာတော့ တွေ့ပါတယ်။ ဒါမဲ့ ထပ်ပီးတော့ အမတစ်ယောက်ဆီ မေးတော့ လုပ်နည်းသိပီး စိတ်တိုင်းကျ သွားပါတယ်။
ကြက်ပေါင်းရည် ပြုလုပ်ဖို့အတွက် ကြက်အကောင်လိုက် လိုပါတယ်။
ကြက်ကိုယ်တုံးလုံးလေး |
ရှက်နေလို့ အပ်ချည်ကြိုးလေးနဲ့ လုံမလားလို့ ချည်လိုက်တာ.. |
အဆိုပါ ရေထည့်ထားသည့် အိုးထဲကို ကြက်ထည့်ထားသော ပန်းကန်လုံးထပ်ထည့်ပါတယ်။
ပီးလျှင် မီးနဲနဲ နဲ့ အိုးဖုံး ဖုံးပီး ပစ်ထားလိုက်ပါ။ အဖုံးကို သွားမဖွင့်ပါနဲ့။ အဖုံးရဲ့ အငွေ့က ကြက် ထည့်ထားသော ပန်းကန်လုံးထဲကို ကျလာတဲ့ အရည်သည် ကြက်ပေါင်းရည် ဖြစ်ပါသည်။ မိနစ် ၄၀ ၄၅ မိနစ်ကြာသောအခါ မီးပိတ်လိုက်ပါ။ ကျက်ပါပီ။ အိုးဖုံးကို ၅မိနစ်လောက်ဆက်ပီး မဖွင့်ပဲ ထားပါ။
ကြက်တကောင်လုံး ပေါင်းမှ အရည်က ပန်းကန်လုံး တလုံးစာ အပြည့်မရပါ။
ကြက်ပေါင်းရည်ဆိုတာ ပန်းကန်ထဲကပေါ့ |
ကိုယ်ကတော့ ဆီတွေသိပ်များနေလို့ အဆိုပါအရည်ကို ရေမဆိုစလောက်ထပ်ထည့်ပီး ဆားထပ်ထည့်ကာ ကြက်သွန်မြိတ်လေး ခပ်လိုက်ပါသည်။
အသားကိုတော့ ခက်ရင်း ဓားနဲ့လှီးကာ တုံးလိုက်ပါသည်။ ပီးမှ အပေါ်ကနေ ကြက်ပေါင်းရည်လေး ဖြန်းလိုက်တဲ့အခါ စားချင့်စဖွယ် ဖြစ်သွားပါသည်။ တော်တော် အရသာရှိပါသည်။
အသားလေးက နူးညံ့ပီး အရည်က အမှန်တကယ် အရသာရှိ |
ကြက်တကောင်မှ ၃၅၀ ယန်း... လုပ်ရတာလဲ မခက်တော့ မကြာမကြာ လုပ်စားဖြစ်မည်ထင်ပါသည်။း)
မှတ်ချက်။ ထမင်းနှင့်မစားရပါ။း)
No comments:
Post a Comment