Sunday, December 23, 2012

Sunday ဈေးဝယ်ခြင်း

မိဆိုးတို့က ဈေးဝယ်မယ်ဆိုလျှင် အဝတ်အစားထက် အစားအသောက်က ပိုများပေသည်။ ဝယ်လွန်းမက ဝယ်လွန်းတော့လည်း မိဆိုးရေခဲသေတ္တာမှာ အစဉ်ပြည့်လေသည်။
အခြောက်အခြမ်း နှင့် အသားငါးတို့မှာ ဝယ်သမျှ ဘာမျှမဖြစ်သော်လည်း အသီးအရွက် တို့မှာမူကား မိဆိုးဝယ်သမျှ ဟင်းအဖြစ်မရောက်ရှာရကား အမှိုက်ပစ်ရက်တိုင်း ညှိုးလျော်ဝမ်းနဲစွာ လက်ပြ တတ်ကြသည်။ မိဆိုးက အသီးဝယ်လျှင်လဲ ငပျင်းမဆိုတော့ အခွံခွါပီး စားရမှာ အလွန်ပျင်းသည့်အလျှောက် ပန်းသီး သစ်တော်သီးတို့မှာ လနှင့်ချီကာ မိဆိုးရေခဲသေတ္တာမှာ နေရာယူလေသည်။ အချိန်တန်တော့လဲ သူတို့သည်လည်း အမှိုက်ပစ်ရက်ကို မျက်စပစ်ကြသည့်ပေါ့။ ထိုရောအခါ အချစ်နှင့် မိဆိုး ပြဿနာတက်လေတော့သည်။ အချစ်က အဲဒါမျိုးလွှင့်ပစ်ရတာကျတော့ နှမျောသည်။ မိဆိုးက ...ဒါမျိုးကျတော့ သိပ်မနှမျှောတတ်။ ဘာပဲဖြစ်ဖြစ်.. မိဆိုးသည် နောင်သောအခါ ဟင်းသီးဟင်းရွက် နှင့် အခွံခွါရသော အသီးအနှံများကို တော်ယုံ မဝယ်တော့ပါ။

ဒီတော့ ဟင်းသီးဟင်းရွက် ဆိုလျှင် စားချင်လျှင် ၂ရက်စာလောက်ပဲ ဝယ်ထားတော့သလို အသီးဆိုလျှင်လဲ ပန်းသီး သစ်တော်သီးများဆို ဝေးဝေးရှောင်လေသည်။ အကြောင်းမူ သူတို့ကို ဝယ်လျှင် ဘုရားဆွမ်းတော်တင့်သည့် အလုံးကိုသာလျှင် ခွဲ၍ ပူဇော်သော်ငြား ကျန်အလုံးများမှာ အမှိုက်ပုံးနှင့်ညားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မိဆိုး ဝယ်လေ့ရှိသော သစ်သီးမှာ စပျစ်သီး သင်္ဘောသီး  သရက်သီး ငှက်ပျောသီး လိမ္မော်သီး စပျစ်သီး တခါတလေ စတော်ဘယ်ရီပေါ့ ဝယ်လေ့ရှိသည်။ ကျန်အသီးများ မျက်စတောင်မပစ်ချေ။

ဟင်းသီးဟင်းရွက်ဆိုလျှင် ကြာရှည်ခံသော မုန်လာဥနီ ဥဖြူ ကိုတော့ ကြာရှည်ခံလို့ဝယ်ပါသည်။
အသား ငါးဆိုလျှင်တော့ လာထား။ တွေ့သမျှ ပေါချောင်ကောင်းသမျှ ဝယ်လေသည်။ မိဆိုး တခါ ဈေးဝယ်ထွက်လျှင် လူမြင်လို့ မကောင်းအောင် အထုပ်အပိုးတပွေ့တပိုက် လက်၂ဖက်လုံးမအားအောင် ကိုင်ရသည့်အပြင် လက်ပါ ညောင်းညာကိုက်ခဲလေသည်။ မိဆိုး အကြိုက် ဈေးများကိုပြောပါဆိုလျှင် အုအဲနိုရှိ အာရှဈေးဆိုင်တန်းကို အလွန်ကြိုက်သည်။ ထိုနေရာက မိဆိုး အိမ်နှင့် အတော်ဝေးသည့်အတွက် မိဆိုးသည် ရောက်သည့်အခါတိုင်း တွေ့သမျှ အငမ်းမရ ဝယ်လေသည်။ ဝက်သား အသားမျိုးစုံနှင့် ဝက်နံရိုး ကလီစာပါမကျန် ခြေထောက် နားရွက် အပါအဝင် ဝယ်သည်။ ထို့ပြင် ပုစွန်အသေးတွေ့ပါကလည်း လက်မနှေး ။ ပုစွန်ထုပ်တွေ့ပါကလည်း အလွတ်မပေး။ ကြက်ခြေထောက်ဆိုလည်း လာထား။ ကြက်ပေါင်ဆိုလဲ မပါလို့မဖြစ်နှင့် ဆိုတော့ တွေးကြည့်ပါလေ...။ ဒါတောင် ဂဏန်းလိုချင်သော်လည်း အရှင်လတ်လတ်ဆိုတော့... မထိရဲ မတွေးရဲ မစားရဲလို့သာ..။
ဒါမျှနှင့်မကျေနပ်သေး  ဆန်ကြာဇံထုပ်ကလေး ပြေးဝယ်သလို ငရုတ်သီးစိမ်း နံနံပင်ပါမလွတ်။ တရုတ်ငရုတ်ကောင်း လေးလဲပါသေးသည်။ ဒါတောင် ငါးပိ ငန်ပြာရည်တွေဘာတွေက အိမ်နားမှာ နီးလို့ မဝယ်ဖြစ်ပေ။  ပီးတော့ ဝက်ခေါက်ကြော်လေး ဝယ်ချင်သည့်အခါ ဝယ်သလို ငါးခြောက်ကလေးလဲ တခါတလေ ဝယ်သည်။ သဘောင်္သီးအစိမ်းဆိုလဲ လက်မနှေး။ ဒီတော့ တယောက်တည်း များပြားလှသည့် ပစ္စည်းမျာကို မနိုင်မနင်းနဲ့ လတ်စသတ်ရပီ။ အဲ့ဒီကနေဘူတာအထိ လမ်းလျှောက်။ တွေ့သည့် အသီးဆိုင်မှာ ပေါလို့ စိတ်က ဝယ်ချင်သေးသည်။ သို့သော် ကိုင်စရာ လက်မရှိတော့သလို ဝယ်သမျှအထုပ်တွေက နဂိုပုသော အရပ်ကို ပိုပုစေသည်။ သူကတော့ ထိုအဖြစ်မျိုးကို မြင်လျှင် လက်ခံမှာ မဟုတ်ပဲ အဆူခံရမည်မှာ သေချာလေသည်။း)

ဒီနေ့လည်း ဈေးဝယ်ထွက်ပြန်ပါပီ။ မိဆိုးအကြိုက် နောက်တနေရာကတော့ ရှင်အိုခုဘို့ ဖြစ်လေသည်။ ထိုနေရာမှာ အသီးအရွက်လည်း ဝယ်လို့ကောင်းသည်။ အခြောက်အခြမ်းလဲ ဝယ်လို့ကောင်းသည်။ ဈေးအလွန်ချိုသည်။ မိဆိုးတို့အကြိုက်ပေါ့။ သိပ်မကြာခင် လွန်ခဲ့သော ၃လလောက်က  မိဆိုး နေရာအသစ်တွေ့ထားသည်။ ရှင်းအိုခုဘို့ဘူတာကနေ တည့်တည့်ဆက်ထွက်ပါက ကိုရီးယားအလှပြင်ပစ္စည်းများ အပြင် စားသောက်ဆိုင်များ ဟင်းချက်စရာများ နှင့် စုံလင်စည်ကားလှသော Korea Town ကိုတွေ့ရှိထားလေသည်။ မိဆိုးအကြိုက်ပေါ့။ အလှပြင်ပစ္စည်းကတော့ မိဆိုး သိပ်မသိသော်ငြား အစားအသောက်တွေကတော့ မိဆိုးစိတ်ကြိုက်မွှေသည်ပေါ့။


ဒီနေ့ မိဆိုးဝယ်နေကျဆိုင်မှာ ကမ်ချီခေါက်ဆွဲထုပ် ရေညှိ ချိခဲပေ့စ် တဇောင်းလက်ပတ်ဖျော်ရည် ကင်မ်ချီ ငါးအသေးလေး ဒါတွေက ပုံမှန်ဝယ်ဖြစ်သည်။ ထိုဆိုင်မှာ ကမ်ချီနှင့် အခြားသာ ကိုရီးယား စာတွေကို အမြည်းအဖြစ် တဝတပြဲ စားလိုက်သေးသည်။ ရေငတ်လျှင်လည်း ပန်းသီးဖျော်ရည်လေး ပြေးသောက်လိုက်သေးသည်။း) ထိုဆိုင်က ဝန်ဆောင်မှူပေါ့လေ..။
အဲ့ဒီဆိုင်က အပြန် ဝယ်နေကျ ဆိုင်မှာ သကြား၊ ဆား၊ ဆာခုရာပုဇွန်ခြောက်ထုပ်၊ ငရုတ်သီးအတောင့်ရှည် ၊ ငရုတ်ဖတ်လတ်ဖတ်လတ် ၊ မိဆို့ငါးဗူး၂ဗူး၊ ဆူနာငါးဗူး၊ တုန်ယမ်းချဉ်စပ်ခေါက်ဆွဲထုပ်ကြီး၊ တုမ်ယန်းချဉ်စပ် ကြာဆံထုပ်ကြီး၊ငရုတ်ဆော့ ၊ ပီးတော့ sweet chile sauce၊ ချိခဲခေါက်ဆွဲအသေးတထုပ်၊ ဆို့မန်ဟုခေါ်သော မုန့်ဟင်းခါးဖတ် အထုပ်ကြီး ၂ထုပ်၊ ဗီယက်နမ်ခေါက်ဆွဲခြောက် ( ရှမ်းခေါက်ဆွဲချက်ရင် သုံးဖို့) ၂ထုပ်၊ မိဆို့ဟင်းချိုထုပ်ကြီး ၁ထုပ် ပီးတော့ ရေခဲမုန့် ။ ကဲ... အဆိုပါ ပစ္စည်းတွေကို မိဆိုး ဘယ်လိုသယ်မလဲ။ စုစုပေါင်း အထုပ်၎ထုပ်။ ဒါတောင် ယန်း၁၀၀ဆိုင်က စာအုပ်သေးတအုပ်နှင့် ပြက္ခဒိန်လေးတစ်ခု ဝယ်ထားတာကို ကိုရီးယားဆိုင်က အထုပ်တွေနှင့် ရောထည့်ထားလိုက်ပေလို့။
ဒါတောင် အသီးအရွက်ဖက်မလှည့်ခဲ့ရသေးဘူး။နောက်နေ့မှ သွားဝယ်ရဦးမယ်။


အဲ့ဒီဆိုင်ကို မိဆိုးက စက်ဘီးလေးတွန်း၍ သွားခဲ့သည်။ မိဆိုးက စက်ဘီးကို စီးခြင်းမဟုတ် စက်ဘီးကသာ မိဆိုးကို စီးခြင်းဖြစ်သည်။ ဒီတော့ ပုံမှန် စက်ဘီးစီးရင် မိနစ် ၂၅ လောက်ဆိုရောက်ရပေမဲ့ မိဆိုးက မိနစ်၃၀ထက်မနှေးသော ခြေလှမ်းဖြင့် အိမ်ပြန်လာလေသည်။ စက်ဘီးနှင့် မိဆိုးပစ္စည်း ဒီအခေါက် ပို ပြဿနာကြီးသည်။ ပစ္စည်းက ၄ထုပ်ဆိုတော့ အရှေ့မှာ တထုပ်ထည့်။ အိုကေ ။ အနောက်က ကယ်ရီယာမှာ တထုပ်တင်တော့ စက်ဘီး လဲပါလေသည်။ လမ်းသွားလမ်းလာများက မနေနိုင်တော့ မိဆိုး စက်ဘီးကို ကူမပေးသလို ပစ္စည်းတွေကို စင်ပေါ်တင်ပေးလေသည်။ မိဆိုး အကြံထုတ်ရပီ။ စက်ဘီးနှင့် ဒီပစ္စည်း ဘယ်လိုစီစဉ်ရပါ့...။ အို..ဘာရမလဲ မိဆိုးပဲဟာ ဆိုပီး စက်ဘီးကို လမ်းဘေး သံတန်းတွေဆီကို အားပြုထောက်လိုက်သည်။ အထုပ်ကြီးကို ရှေ့ကိုထည့်။ အိုကေ။ ဘေး ၂ဖက်မှာ အထုပ်ကို တဖက်တထုပ်ချိတ်။ နောက်ဆုံး ခပ်ကြီးကြီးတထုပ်ကို ကယ်ရီယာပေါ်တင်။ ကြိုးကမပါတော့ သော့နဲ့ချည်သလိုလုပ်ပေမဲ့။ အဆင်ကမပြေ။ ပြန်ပြုတ်ကျပြန်ရော။ ဒီတော့ မိဆိုးလဲ ဘာလုပ်ရမလဲ စဉ်းစားတော့မှ။ မိဆိုးပဲဟာ... ကြွပ်ကြွပ်အိတ်တထပ်ကို ထိုင်ခုံနဲ့ ချိတ်ပလိုက်တာပေါ့။ အဆင်ကိုပြေလို့..။ ဒီတော့မှ ရေခဲမုန့်ဖောက်စားလိုက်တယ်။ အဲဒါစားလို့ မအေးဘူးထင်ရင်မှားမှာပေါ့။ ၆ ပဲရှိပါတယ်။ ဒါမဲ့...စားမှာပဲ စားမှာပဲ။ အဲ့ကနေမှ စက်ဘီးကို တွန်းပီး ပြန်လာခဲ့ပါတယ်။

မိဆိုးတို့ဆီမှာ နှစ်ကူးနားရက်မှာ အဲလိုဆိုင်တွေက ပိတ်တတ်တော့ ဈေးဝယ်ထားမှ အဆင်ပြေပါတယ်။ ဘဏ်တွေလဲ ပိတ်တော့ ပိုက်ဆံတွေကြိုထုတ်ထားမှလဲ အဆင်ပြေပါတယ်။ အသုံးမလိုလို့ မထုတ်ထားမိရင် ဒုက္ခနဲ့ လှလှနဲ့ ငြားပါတယ်။ ဘာလို့ဆို ဈေးချသမျှ ဝယ်မိတဲ့အခါ ပိုက်ဆံမကျန်တတ်လို့ပါ။ ဘဏ်ရော စာတိုက်ပါပိတ်တဲ့အတွက် ပိုက်ဆံထုတ်လို့မရပါ။

2 comments:

  1. cabbage broccoli, cucumber, tomato, can eat raw without peeling.

    ReplyDelete
  2. Thanks, I bought all that you advised.:)
    But if I eat alone, without peeling cucumber. :D

    ReplyDelete