Monday, September 2, 2013

ချစ်သူသိလေ....

ချစ်သူ....
မာနရဲ့တဖက်ကမ်းအလွန်
ရှင့်ချစ်သူ..ကျမဟာ..
single မိခင်လုပ်ဖို့အတွက်
ဟိုးခပ်ငယ်ငယ်တည်းက
ဆုံးဖြတ်ခဲ့သူပါ..
ကလေးတစ်ယောက်နဲ့မိခင်ဖြစ်လဲ
ဝမ်းနဲနေတတ်သူ..မဟုတ်ခဲ့တာ
ချစ်သူ..သိမှာပါလေ..

ချစ်သူရေ...
ပြဿာနာတွေရဲ့ နောက်ဆက်တွဲ
ကျွံကျလာတဲ့ စကားလုံးတိုင်းဟာ
ကျမ.မာနတွေကို ကိုင်လှုပ်ခဲ့တာ
ချစ်သူ..သိမှာပါလေ..

စိတ်မြန်စိတ်ထက်တဲ့ကျမ
ချက်ချင်းပဲဆုံးဖြတ်လိုက်တာက
သမီးလေး၃လ ရောက်တဲ့အခါ
သမီးကိုပွေ့ချီလို့
မိခင်တိုင်းပြည်ဆီ
ပြန်ဝင်ဖို့ဆိုတာ..
ချစ်သူတော့..သိခဲ့မှာမဟုတ်ဘူးလေ...
အဲဒီလို ခပ်တိုးတိုး..ဆုံးဖြတ်ချပီးချိန်မှာ...မှ
ချစ်သူရဲ့ မျက်လုံးတွေ..
သမီးလေးကို..သိပ်ချစ်တဲ့မျက်လုံး
ကျမကိုချစ်တဲ့အပြုံးနဲ့
မိခင်နဲ့ကျမအကြား ဗျာများနေတဲ့ချစ်သူအတွက်
ကျမ..မာန တထစ်လျှော့လို့
ချစ်သူအတွက်
ကျမကြိုးစားပေးခဲ့တာ...တော့..
ချစ်သူ..သိမှာပါလေ.......။

ချစ်သူ..
ရင်မှာနာကျင်စွာနဲ့
ဟန်ဆောင် ပြုံးရင်း
ချစ်သူအတွက်ပေးဆပ်ခဲ့တာ
ချစ်သူ..သိမှာပါလေ..။





2 comments:

  1. ဟန်ကြည်September 2, 2013 at 3:44 PM

    မောင်စိန်ဝင်း ပုတီးကုန်းရဲ့ “ ချစ်သူသိလေ ” ကဗျာကိုတောင် ပြန်သတိရသွားသလိုပဲ...ကဗျာကောင်းလေးကိုး...

    ဘလော့ဒေးအတွက် တဂ်ပို့စ်လေးတစ်ပုဒ်လောက် ချီးမြှင့်ဖို့ ဥပစာယ ပြုပါရစေဦး...ဘလော့ရွာတစ်ရွာလုံး အုံးအုံးကြွက်ကြွက် ရေးပြီးကုန်ကြမင့်ဟာ...

    ReplyDelete
  2. တချို့ အရာတွေက သဘာဝတရားတွေမို့ သိပ်ပြင်းပြင်းထန်ထန် မခံစားပါနဲ့ လေ. သွေးနုသားနု အချိန်မှာ နုလုံးသားကလဲ အရမ်းနုနေတတ်တယ်

    ReplyDelete