Saturday, October 11, 2014

မတတ်ပ လေး ၁

ရေးစရာဆို သမီးအကြောင်းကပဲ အများသား။

သမီးလေးကို ငယ်ငယ်ကတည်းက တောက်လျှောက် ကိုယ်ဘာလုပ်လုပ် သူ့ကိုပြောပေးတော့ သမီးလေးက ငယ်ငယ်လေးနဲ့ အားလုံးနားလည်နေပါတယ်။ မြန်မာလိုနဲ့ အင်္ဂလိပ်လို တခါတလေ ပြောပေးပီး ဂျပန်လိုကိုတော့ သမီးလေးကျောင်းတက်ရင် သူ့အလိုလို တတ်သွားမှာမို့ လိုအပ်တဲ့ နုတ်ဆက်တာလောက်ပဲ သင်ပေးပါတယ်။  အဲ့ဒါကြောင့် သမီးလေးရေ... ကွန်နိချိဝ ဆို ခေါင်းကလေးညိမ့်လို့ နုတ်ဆက်တတ်ပါတယ်။ သမီး ကျေးဇူးတင်ပါတယ်လို့ဆိုလည်း ခေါင်းလေး ညိမ့်တတ်ပါတယ်။ ကျေးဇူးဆိုတဲ့ စကားလုံးကိုတော့ ၃ဘာသာလုံး သင်ပေးပါတယ်။ ကိုယ်တိုင်လဲ သမီးလေး ကို ဘာလုပ်ခိုင်းခိုင်း ဘာပဲယူပေး ဘာပဲလုပ်လုပ် ကိုယ်တိုင်လဲပြောပေးသလို သမီးလေးကိုလည်း ပြောခိုင်းလို့ သမီးက အဲဒါ လုပ်တတ်ပါတယ်။
သမီးလေးက ဘိုင့်ဘိုင်ဆိုပီး လက်ပြတာကို ၁၁ လသမီးထဲက လုပ်တတ်ပီး အခုဆိုရင် လမ်းထွက်တိုင်း တွေ့သမျှ လူတွေကို ဘိုင့်ဘိုင်ပြပါတယ်။ အခုတော့ သမီးက တာတာ့ တဲ့။  အဲ့မှာ သမီးလေး နုတ်ဆက်လိုက်ပါဆို ခေါင်းကလေးညိမ့်ပြတော့တာပါပဲ။ တွေ့သမျှ အဘိုးအဘွားတွေ ဆိုတာ သူ့ကို ချစ်ကြပါတယ်။ အချို့ဆို သမီးလေးကို နစ်ခိုနစ်ခိုချန်တဲ့ ။ သမီးလေး မျက်လုံးက အဖေတူတော့ သိပ်လှပါတယ်။ အဲ့မျက်လုံးလေးက သမီးရဲ့ အလှကို ပိုပေါ်လွင်စေပါတယ်။ သမီးလေး ပြုံးလိုက်တဲ့ အခါမှာ လူတိုင်း ကြွေဆင်းသွားရအောင် သမီးလေးက ချစ်စရာ ကောင်းလှပါတယ်။ အဲ့အပြုံးကတော့ အမေတူပါ။ (ကြုံကြွားပါ) ဒီကြားထဲ သမီးလေးရဲ့ ဆံနွယ်တွေက (အဖေမတူမအေမတူစွာနဲ့) နောက်ဖက်မှာ ကောက်ကောက်လေးဖြစ်နေတဲ့အခါ သမီးလေးဟာ ဒီမှာတော့ စတားပါ။  အချို့ကတော့ သမီးလေးကို အိုရီခို့စံတဲ့.။ လိမ္မာလို့ပါတဲ့။

သမီးလေး က သိပ်ဆော့ပါတယ်။ ဆော့တယ်ဆိုတာထက် ကို ပိုဆော့ပါတယ်။ ၁၀ လထဲက လမ်းလျှောက်တဲ့ သမီးငယ်ဟာ အခုဆို မပြေးယုံတမယ် လျှောက်ပါတယ်။  လှေကားမြင်ရင် တက်မယ်ဆိုတာကြီးပါပဲ။ ၃ပေလောက်မြင့်တဲ့ လျှောကိုတောင် သေချာစီးတတ်နေပါပီ။

သမီးက အကဆို တီးလုံးသံကြားတာနဲ့ ခြေလှုပ် လက်လှုပ်ဖြစ်နေပါပီ။ သမီးရေ ဒန့်စ်ဆိုတာနဲ့ ကမယ်ဆိုတာ ကြီးပါပဲ။ စကားလုံးတွေကလဲ ထွက်တဲ့အခါ ထွက်ပါတယ်။ ဥပမာ..သမီးရေ..လတ်စ်ဂိုးဆို လိုက်ပြောလိုပြောပါတယ်။ ထမင်းစားခါနီး သမီးရေ အိတတခိမတ်စ် ဆို သူက လက်ကလေး၂ဖက်ရိုက်ပီး မပီတပီနဲ့ လိုက်ပြောပါတယ်။ သမီးလေးရေ..မေမေ့ကို မွှေးပေးဆိုလည်း မွှေးပေးရတာအမော..။ ဖလိုင်းကစ်ဆိုလည်း လုပ်ပြရတာ အမော။ သမီးလေးရေ တူဆို သူက လက်ဝါးနာဖက်ကို သူ့မျက်နှာဖြန့်ပီး ၀ါးတဲ့... ၀ါးဆိုတာ မပီတော့ အား ဖြစ်နေတယ်။ သမီးလေး သမီးလေးနဲ့ တနေ့တနေ့ သူနဲ့ချည်း ၂ပါးသွားနေရတယ်။
အခုဆို သမီးက ကောင်ကောင်လေးတွေကို သိနေပီဆိုတော့ တီဗွီမှာ အကောင်လေးတွေလာရင် သမီးလေးရေ..ဟိုမှာ ကြည့်ကြည့်ဆို သူက လိုက်ကြည့်ပီး လက်ညှိုး တထိုးထိုးနဲ့။ ပျောက်သွားရင် အော်ရော။ ရီရတယ်။ စလဲစတတ်တယ် သူ့အရွယ်နဲ့။ မကြိုက်မှန်းသိရင် လုပ်ပြတယ်။ သူ မဟုတ်တာ လုပ်တော့မယ်ဆို အသာလေး ချောင်းကြည့်တာများ... ကိုယ့်မှာ ရီလိုက်ချင်တာ တအား။ သူမဟုတ်တာ လုပ်ပီးရင် သူ့ကို ဘာမှမပြောခင် အရင် ကိုယ့်ဆီ လာတက်တာ လူလည်မလေး။ လိုက်ကာကို ကွယ်ပီး ကိုယ့်ကို ချောင်းကြည့်တာကလဲ အသည်းယားစဖွယ်ပေါ့။
သူတက်မှာဆိုးလို့ နည်းနည်းမြင့်တာတွေဆို အပေါ်မှာ တခုခုတင်ထားရင် သူက အဲ့ဒါတွေဖယ်ပီး အပေါ်တက်သေးတာကလား။ တက်သွားပီးရင်လည်း သူတက်နိုင်တဲ့ဆိုတဲ့ အပြုံး။

ကုတင်ပေါ် အဆင်းအတက်လည်း ဆရာကြီးအဆင့်ဖြစ်နေပါပီ။ တခုပဲ အဆော့လွန်ပီး ကုတင်ပေါ်က မတ်တပ်ဆင်းသလို ဖြစ်သွားမှာပဲ စိုးရိမ်ရတာပါ။ သမီးလေးကို ကုတင်အဆင်းအတက် ကိုယ်သင်ပေးထားတာ သိပ်ကို စိတ်ချရပါတယ်။ ကျောပေးပီး ခြေထောက်အရင်ချ ဆိုပီး သင်ပေးထားသလို အတက်ကိုလည်း ဘယ်လိုတက်ဆိုတာ သင်ပေးထားတာပါ။ ပြောရမယ်ဆို သမီး ကုတင်ပေါ်က ကျတာ ၂ခါပါ။ ပထမတခါက နဲနဲငယ်သေးတယ်။ ကိုယ်ဟင်းချက်နေတုန်း သူ့ကိုယ်သူ သိပ်တတ်နေပီဆိုပီး ဆင်းလိုက်ပုံရပါတယ်။ အဲဒါတခါရယ်. နောက်တခါကတော့ ကုတင်ပေါ်ကနေ ဆော့ရင်းနဲ့ မတ်တပ်ဆင်းမိသွားတာပါ။ ကိုယ်လှမ်းဆွဲတာကို မမှီလိုက်တာပါ။ ၂ခါစလုံး ဘာမှတော့ မဖြစ်ပါဘူး။

အခုဆို ဘေဘီကားပေါ်တက်ဆိုတာနဲု့ သူ့ဘာသာတက်နေပါပီ။ ဘေဘီဝေါ့ကာပေါ်လည်း သူ့ဟာသုတက်ပါတယ်။ သူ့စက်ဘီး ပေါ်လည်းတက်ပါတယ်။ တခါတလေ မအေဖုန်းလာပီဆိုရင် သူက သွားကိုင်ပိးနှိပ်ပါတယ်။ အိုင်ပက်က ဆိုလဲ သူနှိပ်မရရင် ကိုယ်ရှိနေတဲ့ ဆီ မယူလာခိုင်းပဲ ယူလာပေးပါတယ်။ တခါတလေ လဲ ရှိသမျှ ဟန်းဖုန်း အိမ်ဖုန်းမကျန် ကိုင်ပီး ဖုန်းပြောပါသတဲ့။

စာအုပ်တွေလည်း တအုပ်ပီးတအုပ်ဖတ်ခိုင်းလို့ ကိုယ်တော်တော်မောနေပါပီ။ စာအုပ်ဖတ်၇င် အသံထွက်အပြင် အမူအယာပါလုပ်ပြရတော့ မောတာပါ။ ကစားစရာ တော်တော်များများလည်း တော်တော်ဆော့တတ်နေပါပီ။

သမီးလေး ဘယ်နှစ်နှစ်လဲဆိုလက်ညှိုးလေး၁ချောင်းထောင်ပီး ၁ လို့လဲ ဖြေတတ်နေပါပီ။ သမီးလေး အကြောင်းတွေ ရေးရမယ်ဆို မကုန်ပါဘူး။တကယ်ပါ။

သမီးလေးက အခု ကိုယ်တို့၂ယောက် သား လုံးထွေးနေရင် သူ့ကို မခေါ်ရင် စိတ်ကောက်ချင်ယောင်ဆောင်ပီးခိုးကြည့်ပါတယ်။ ကိုယ်တို့က သမီးလေးလာလို့ခေါ်ရင်တော့ ပြုံးပီး ရောက်လာပါတယ်။ သူ့အဖေရဲ့လက်က်ု ကိုယ်က ကိုင်ရင် ကိုယ့်လက်ကိုဖယ်ပီး သူ့လက်ကိုထည့်ပါတယ်။ သူ့အဖေက သူ့ကိုမမွှေးပဲ ကိုယ့်ကို မွှေးရင် သူကအော်ပါတယ်။ ကိုယ်တို့၂ယောက်မှာ သူ့ကို စစရာလေး ရနေပါတယ်။ အခြားဟာတွေ မစပေမဲ့ ဒါတော့စပါတယ်။ တခါတလေ ကိုယ်တို့၂ယောက် စကားပြောရင်း အခန့်မသင့်အော်မိရင် သူက အင်း အင်းနဲ့ဟန့်ပါတယ်။ ဘာမှမဟုတ်ရင်တော့ လျှော့လိုက်ကြတာပေါ့။ ဟုတ်ခဲ့ရင်လဲ သမီးကြောင့် မကျေနပ်လဲ ကိုယ်ပဲလျှော့လိုက်ပါတယ်။ ကမ္ဘာ့အရစ်ဆုံး ယောက်င်္ကျားနဲ့ တူတူနေဖူးသွားလို့ပါ။

သမီးလေးက  ကလေးချန်နယ်ထဲမှာမှ သူကရွေးကြိုက်တာပါ။ အဲဒါလာရင် သူက အဲ့အတိုင်းလိုက်လုပ်တာပါ။
ဟင်းချက်လို့  ကိုယ်က မြည်းသလို သူကလဲ လိုက်မြည်းပါတယ်။ အဲ့အချိန်ဆို သူက ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ ကောင်းတယ်ပေါ့ ပုံစံနဲ့ ဆိုတော့ ကိုယ့်မှာ ပြုံးရတာ အမြဲပါ။
ဒိုင်ပါဆိုလည်း သူ့ဘာသာသူဝတ်တဲ့ပုံနဲ့ ပေါင်ကြားထဲညှပ်ထည့်လို ထည့်။
ဘောင်းဘီလဲ ကိုယ့်ဘာသာကိုယ်ဝတ်ချင်။ ဘာမဆို သူ့ဘာသာသူလုပ်ချင်တယ်။ သူ့အဖေခြေအိတ်တွေ့ရင် သူ့ခြေထောက်ကို စွတ်လိုစွတ်။ စကတ်တွေဆို သူ့ခေါင်းကနေစွတ်ပီး လည်ပင်းမှာ ဆွဲလို့ ရီလိုက်ရတာ။ ဆွဲကြိုးဆိုလည်းကြိုက်ပီး။ နာမည်ကဒ်ပြားတွေလည်းဆွဲ။ သူ့အဖေ ဦးထုပ်ဆောင်းတာ မြင်တော့ သူပါဆောင်းသေးတာ။ သူ့ဦးထုပ်ကို သူ့ဟာသူဆောင်းပီး မှန်ရှေ့မှာ ကြည့်တာ ဆရာမက။  ရီရတယ်။

အခုဆို ဘာမှန်းမသိတဲ့ စကားတွေ တတွတ်တွတ်ပဲ။ သိပ်သိပ်ပြောသမှ အိပ်နေရင်းနဲ့တောင် ယောင်ပီးစကားတွေပြောပါတယ်။ သမီးလေးရေ..ခြင်္သေ့ဘယ်လိုအော်ဆိုလဲ ပါးစပ်ကြီးဟပီး ဝေါင်းတဲ့..။ စာအုပ်ထဲမှာ ဒရမ်တို့ ပတ္တလားတို့ ပလွေတို့ပါတော့ ကိုယ်က ဖတ်ပြရင်း အသံထွက်ရင် သူက ခေါင်းလှုပ် လက်လှုပ်ကတယ်...။ စာအုပ်ထဲမှာ စားစရာပါရင် အမူအယာနဲ့ လာစားပြပီး သမီးကောင်းလားဆို ကောင်းသတဲ့..။

သမီးလေး စကားပြောသံလေးတွေ ကြားချင်လှပီ...။

သမီးလေးအတွက် အင်္ဂလိပ် စာအုပ်များ လက်ဆောင်ပေးတဲ့ အမတန်ခူး ကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ...။


Saturday, October 4, 2014

သမီးလေး ၁နှစ်ပြည့် အမှတ်တရလေး

သမီးလေးးးးးးး..... ၁နှစ်ပြည့်ပါပီ...။
၁နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘလော့လေးမှာ မှတ်တမ်းတင်ပါသည်။
၇လမှာ လေးဘက်ထောက်နေပီဖြစ်တဲ့သမီးလေးက ၈လမှာ လေးဘက်ထောက်ပီး ၆လက်မအမြင့်ကိုလှမ်းနေသလို တခုခုကိုကိုင်ပီး ၂လှမ်း၃လှမ်း မတ်တပ်စမ်းနေတဲ့ သမီးလေးဟာ ၉လမှာ ၅လှမ်းလောက်ထိ အလွတ်လမ်းလျှောက်နေပါပီ...။ သမီးလေး ၁၀လ တင်းတင်းမှာ လမ်းတကယ်လျှောက်သွားပါပီ။ အိမ်ထဲမှာနဲ့ သူသွားကစားတဲ့နေရာတွေမှာ လျှောက်နေတာပေါ့...အပြင်မှာ ပေးလျှောက်စေချင်ပေမဲ့ သမီးအတွက်ဝယ်သမျှ ဖိနပ်တွေ တရံမှ မတော်တာနဲ့ပဲ အပြင်မှာမလျှောက်ရပါဘူး။ သမီးက သီချင်းသံကြားရင် ဖင်လှုပ်ခြေလှုပ် ခေါင်းလက်လှုပ်ပီး ကပါတယ်။ ဘယ်နေရာမဆို သီချင်းသံကြားလို့ကတော့ ကပီးသားပါပဲ။
၁၀လခွဲမှာ သူ့ဘွားဘွားပို့ပေးလိုက်တဲ့ ဖိနပ်တွေထဲက အသေးဆုံးနဲ့ အဆင်ပြေပီး ဖိနပ်လေးကိုစီးလိုက် သွားကိုင်လိုက်နဲ့ပေါ့။ အဲ့ဖိနပ်စစီးတဲ့နေ့က အပြင်ထွက်တာ...သူ့ကို မနဲလိုက်ဖမ်းရတယ်။ ဒီလိုနဲ့ ၁၁ လပြည့်တော့ လှေကား အမြင့်ကြီးတွေကို တက်တော့တာပဲ။ ကိုယ်က ဘေးကနေလက်၂ဖက်ကိ ကိုင်ပေးပီး တက်တာပါ။ နို့မိုဆို ပြုတ်ကျမှာဆိုးလို့။
ကလေးတက်တဲ့ လျှောဆို လှေကား ၃ထစ် သူ့ဟာသူတက်နေပီး လျှောစီးရတာ ကြိုက်နေပါတယ်။ သူတို့ကစားခန်းထဲက ကစားစရာ မှန်သမျှ အကုန်လျှောက်ကစားပါတယ်.။ ကစားစရာ မီးဖိုချောင်က ပစ္စည်းဆိုလဲ မနေရပါဘူး.။ ကလေးစားပွဲဝိုင်းအသေးဆိုလည်းအပေါ်တက်လိုက်ရမှ။ သူ့နောက်ကနေ လိုက်ထိန်းရတာလဲ တကယ်တော့ မလွယ်လှပါဘူး။ ဖုန်းဆက်ရင်လဲ သူပါတယ်။ ဖုန်းကိုသူ့ဘာသာကိုင်ပိး ဘာတွေမှန်းမသိဘူး ပြောနေတာ ရီရပါသေးတယ်။
၁၀လမှာ ၂လီတာ ရေဗူး ၆ဗူးပါတဲ့ ကဒ်ထူဘူးကို ကိုင်လိုက်မြှောက်လိုက်အော်လိုက် လုပ်နေတာ..ကိုယ်သဘောကျပီး ဗီဒီယိုရိုက်တာ ရိုက်ခါမှ သမီးလေးက အဲ့ပုံးပေါ်ကိုတက်ပီး မတ်တပ်ရပ် အောင်မြင်သူ စစ်သူကြီးလိုအော်ပါတယ်။ပီးလဲပီးရော အောက်ကိုဆင်းဖို့လုပ်ချိန်မှာ အောက်ကို ဇောက်ထိုးကျသွားပါတယ်။ ကံကောင်းထောက်မစွာ ဘာမှမဖြစ်ပါဘူး။ ကိုယ်တော်တော်လန့်သွားးပါတယ်။
အခုတော့ အဲ့ဒီဘူးပေါ်အတက်အဆင်း ကျွမ်းကျင်အဆင့်ရောက်သွားပါပီ။
သူထမင်းစားတဲ့ခုံ ကိုယ်တွေစားပွဲခုံကိုလည်း သိမ်းထားရပါတယ်။ တက်လွန်းလို့ပါ။ ကုတင်ပေါ်တောင် သူက တက်ချင်နေပါပီ။ ဆင်းရင် ကိုယ်ကို နောက်ပစ်ပီး ခြေထောက်ကိုချပီးဆင်းပါတယ်။ သူ့ကိုယ်သူဆရာကြီးပေါ့။ အဲလိုအလုပ်ကောင်းလို့ ကုတင်ပေါ်က တခါ ပြုတ်ကျပါတယ်။ ကိုယ်က နောက်ဖေးမှာ သူအိပ်နေတုန်း ထမင်းသွားချက်နေတာ..သူ့ဘာသာသူထပီးဆင်းတယ်ထင်ပါရဲ့။ ခါတိုင်းဆို ကိုယ့်ကိုခေါ်နေကျဟာ မခေါ်တော့ ကိုယ်လဲ သူပြုတ်ကျပီးငိုမှ သိပါတော့တယ်။ သူငိုတော့ ကိုယ်လဲ တော်တော်ပျာသွားပါတယ်။ ဘာလုပ်ရမှန်းကိုမသိပါဘူး။ နဖူးမှာလဲ ဘုသီး အငိုလဲမရပ်။ အရေးပေါ်ပဲ ပြေးရမလို... ဟိုပဲပြေးရမလို ဒီပဲပြေးရမလိုပေါ့။ သူ့အဖေဆီဆက် ဒဏ်ရာကို ပုံရိုက်ပီးပို့။ အာငွေ့ပေးမပြတ်ပေါ့။ အခြားသူငယ်ချင်းတွေကိုမေးနဲ့... အာငွေ့မပြတ်ပေးပီးမှာ အရောင်တော်တော်ကျသွားသလို သူလဲ အိပ်ပျော်သွားပါတယ်။ မနက်ကျတော့ ဆေးခန်းသွားပီး ပြပါတယ်။ သေချာစစ်ပီး ဘာမှမဖြစ်ဖို့များပါတယ်။ ဒါပေမဲ့ ၁ပတ်အတွင်း မသင်္ကာရင် ထပ်ပြဖို့နဲ့ ကြားထဲမှာ အရေးပေါ်ဖြစ်ရင်သွားရမဲ့ ဆေးရုံနဲ့ဆက်သွယ်ရမဲ့လိပ်စာကို ပေးလိုက်ပါတယ်။ ကံကောင်းပြန်ပါတယ်။ သမီးဘာမှမဖြစ်ပါဘူး။
သမီးလေးက သူ့ရေဗူးကို သူ ၈လလောက်တည်းက ကိုင်ပီးသောက်တတ်ပါတယ်။ ၆လလယ်မှာထွက်လာတဲ့ အောက်သွားလေး၂ချောင်းရယ် ၇လလယ်မှာထွက်လာတဲ့ အပေါ်သွား၂ချောင်း ၁၀လမှာထပ်ထွက်လာတဲ့ အပေါ်သွား၂ချောင်း ပေါင်း သွား ၆ချောင်း ရှိပါပီ။

သမီးလေးအကြောင်းတွေက တနေ့တမျိုးမရိုးနိုင်ပါဘူး။ ကိုယ်က I am the queenဆိုပီးသူ့ကိုလက်ကလေး မြှောက်ပီးသင်တာ...သူကကိုယ်ပြောလိုက်တာနဲ့လက်ကလေးမြှောက်တော့
တာပဲ။

ဟိုနေ့ကသူ့ကို ထထ လို့သင်တာ ထထတဲ့။ သမီးပေးဆိုပေးတတ်။ယူဆိုယူတတ်နေပီ။လက်မြှောက်ဆိုလဲ လုပ်တတ်နေပီ။ဟိုက်ဖိုက်ဆိုလဲလက်ဝါးချင်းရိုက်တတ်တာ သူ ၈လလောက်တည်းကပေါ့။ ရေသွားသောက်ဆိုလည်း သူ့ရေဗူးဆီသွားပီး သောက်တတ်နေပီ။
သမီးလေး၁၀လလောက်တည်းက သမီးရေ ...တူဆို..ကိုယ့်ကိုတခန်းဝင် တခန်းထွက် မတွေ့တွေ့အောင်ရှာ တတ်နေပီပေါ့..။ ရေချိုးခန်းတွေလည်း လိုက်လိုက်ဝင်တတ်။မီးဖိုထဲဆိုလည်း ခြေဖျားထောက်ထောက်ပီးလက်လှမ်းလို့ ကိုယ်တော်တော် သတိထားနေရပီ။ စားမလားဆိုခေါင်းညိမ့်တတ်နေပီ။ကြိုက်လားကောင်းလားဆိုလဲခေါင်းတညိမ့်ညိမ့်ပေါ့။

တီဗွီကကြော်ငြာတို့ ကလေးအစီအစဉ်များသူကြိုက်လို့ကတော့ လက်ခုတ်လေးတီးပီးကတတ်သေးတာ..။ ရိုးရိုးကြည့်တာ အားမရလို့ထင်ပါရဲ့။ တီဗွီရှေ့ အနီးဆုံးထိ သွားပီး အပေါ်ကို မရရအောင် တက်ချင်သေးတာ..။ အပေါ်ဆိုလည်း ဘာတက်သလဲမမေးနဲ့။ ဘယ်လိုတက်ရမလဲဆိုတာကြီးပဲ။ ကိုယ်မကြည့်နိုင်ချိန် တက်မှာစိုးလို့  ခုံတွေ သိမ်းထားရတယ်။ တခါတလေလဲ သိပ်ရီရတယ်။လက်ကလေးနောက်ပစ်ပီး ဘာလုပ်မှန်းမသိဘူး။ ပြုံးပြုံးနဲ့။ခေါင်းလေးကိုလည်း စောင်းလိုက်သေးတာ။ခေါင်းလဲ တညိမ့်ညိမ့်နဲ့။

အခုဆိုသမီးက ကိုယ်ဘာစားသလဲ။စားသမျှအကုန်ပါတယ်။ မုန့်ဖတ်ကိုကိုယ်က အရှည်ကြီးဆိုတော့ ရှူးရှူးဆိုပီးဆွဲစားရင် သူကလည်း ကိုယ် စားသလိုစားတယ်။ ကိုယ့်မှာ့  ရီလိုက်ရတာ။ မက်မန်းသီး သံပုရာသီး အချဉ်အကုန်စားတယ်။ ကြက်ဟင်းခါးသီးပါစားလို့ ကိုယ်တို့မှာအံ့သြရတယ်။ ကိုယ့်ဆီက ပြောင်းဖူးဆိုလဲ လုစားတတ်နေပီ။ရေခဲမုန့် ချောကလက်ဆိုလဲ ကြိုက်။မအေက အဲလိုတွေစားတော့ သမီးလဲစားတာနေမှာ။ ဒိန်ချဉ်ဆိုလည်းကြိုက်။ တို့ဖူးအပါအ၀င် ဂျပန်စာတွေလည်း သမီးက သိပ်ကြိုက်တယ်။

သီချင်းလည်းအရမ်းကြိုက်တယ်။သူ့ အင်္ဂလိပ်ကလေးသီချင်းကို နားထောင်ချင်ရင် ကိုယ့်ဆီ အိုင်ပက်ကြီးမလာပေးတယ်။ပီး ပါးစပ်ကလည်း ဂျာ၈ျာနဲ့ ဖွင့်ခိုင်းတယ်။ တခါတလေ ကိုယ်က သမီးလေး သီချင်းနားထောင်မလား ဆိုတာနဲ့။ ကိုယ့်ဆီရောက်လာရော။ အိုပါဂါနာစတိုင်ဆိုလည်း သိပ်ကြိုက်။ အဲဒါဖွင့်ရင်ကတော့တာပဲ။ သမီးစက်ဘီးလေးက ဒစ်စနေစက်ဘီး လေးမှာ တီးလုံးလေးတွေပါတော့ သူ့ဟာသူနှိပ်ပီး လှုပ်လှုပ်နဲ့ကတာ..။သိပ်ချစ်ဖို့ကောင်းတာပဲ။

ဟိုးတလောကသမီးလေးက သူ့ဖေဖေကို ကိုယ်ပြောသလို ခိအိုဆကဲတဲ ဆိုပီး လိုက်ပြောတယ်။ ကိုယ်တို့မှာ အံ့သြ၀မ်းသာလိုက်ရတာ။  နောက် ဘိုင့်ဘိုင်ဆိုပီးပြောသေးတယ်။ တခါပဲ..ပြောခိုင်းတော့မပြောတော့ဘူး။ သမီးလေး မသိစိတ်ကနေ လိုက်ပြောတတ်နေပီ ထင်ပါရဲ့။ သမီးရေ...ပါပီလေးကိုခေါ်ဆိုသူ့ခွေးရုပ်လေးကို မနိုင်မနင်းမလာလေရဲ့ မွှေး၂ပေးဆိုပေးတယ်။ပူစီလေးဆိုလည်းခွဲတတ်နေပီ။  သူ့မွေးနေ့မှာ လက်ဆောင်ရတဲ့ တက်ဒီလေးကိုလည်း ခဏခဏ မွှေးလိုက်ရတာ။ အဲဒီအရုပ်တွေနဲ့ အသံစုံ ထွက်ပီး သမီးက ဆော့လေရဲ့။ မေမေ့လာမွှေး ဖေဖေ့လာမွှေးဆိုလည်း မွှေးတတ်နေပီ။ ဘိုင်ဘိုင်ဆိုပီး လက်ကလေးယမ်းတာ သမီးလေး  ၁၁ လသမီးထဲကပေါ့။ ဖလိုင်းကစ်တောင် ပေးတတ်နေပီ။

ဟိုးနေ့က သူ့မွေးနေ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တော့ ကိုယ်က ဆွမ်းအတွက်ပျားတုပ်အလုပ်ရှုပ်နေတာ..သူနဲ့သူ့အဖေ ဆူညံ့နေတာပဲ။ သမီးကမနေဘူး။ သူ့အဖေက မချော့တတ်တာရယ် ကလေးက ယောင်္ကျားလေးဆို ကြောက်တတ်တာရယ်နဲ့။ဘုန်းကြီးရယ်သူ့အဖေ သူငယ်ချင်းတွေ ကြား ကလေးက အငိုမတိတ်တော့ဘူး။ ကိုယ်လည်း ဘာမှ မလုပ်ပေးနိုင်တော့ သူတို့သားအဖကို ဘုရားခန်းသွားနေကြလို့ ပြောလိုက်ရတယ်။ ဆွမ်းကပ်ချိန်ကျမှ သမီးကိုခေါ်၇တယ်။ သမီးလေးလည်း မုန့်ကျွေးရင်းနဲ့ တဖြည်းဖြည်းချော့မှ သမီးက အဆင်ပြေသွားတယ်။ ရီနိုင်ပြုံးနိုင်လာတယ်။ ဘုန်းဘုန်း ဦးတော် ဆိုသမီးက လုပ်တယ်။ တရားလဲ နာရော..သမီးလေးလည်း ငိုရတာရယ်။ဆော့ရတာရယ်နဲ့ မောပီး အိပ်ပျော်သွားရော။ တရားနာပီးမှ သမီးလေးနိုးတယ်။ သမီးလေး ဘုရားဘုရား ဦးတော်လုပ်ရအောင် ဆိုတော့ သမီးလေးက မအေရှိခိုးသလို ရှိခိုးတယ်။ သိပ်လိမ္မာတဲ့  သမီးကလေး။

သမီးလေးက ရေဆော့ရတာ ကြိုက်တယ်။ မေမေကလဲ အိမ်မှာ ဒါမှမဟုတ် ကျောင်းတွေမှာ ရေပေးဆော့ချိန် သမီးလေးကို ပို့ပေးတယ်။ အခုဆိုသမီးက အဆင့်တက်လာပြန်ပီ။ လျှောစီးရင် လှေကားက မတက်ဘူး။ လျှောဖက်ကတက်တယ်။ သမီးအကြောင်းရေးမယ်ဆို ရေးမကုန်။
ဒါလေးက သမီးလေး ၁နှစ်ပြည့်တုန်းက တင်ဖို့ ရေးထားတာပါ။ လက်စမသတ်ပဲ တင်လိုက်ပါတယ်။ အခုတော့ သမိးလေးတောင် ၁နှစ်နဲ့ ၁လ ရှိသွားပါပီ။