သံသရာမှာ
ကျင်လည်ရသမျှ
ဝဋ်ဆိုတာ လည်နေသမျှ
မောင့်ကို သတ်တဲ့
လူသတ်သမားရဲ့ဘဝ
အစဉ်မငြိမ်းချမ်းပါစေသား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မောင်နဲ့ခင် သိပ်ချစ်ကြတဲ့ သက်သေအဖြစ် ခင်တို့မှာ သမီးကလေး နှစ်ယောက်။ ငယ်စဉ်ကတော့ ခင့်အဖေတို့က ငယ်သေးလို့ မယူပါနဲ့ဦးဆိုတာကို မစောင့်နိုင်တော့ ခင်တို့တွေ ၁၆နှစ်နဲ့ ခိုးရာလိုက်ပြေးကြတာ ပျော်စရာပေါ့...မောင်ရေ..။
မောင်နဲ့ ခင် ဒိုးတူဖောင်ဖက် အလုပ်တွေလုပ် ပိုက်ဆံတွေစုနဲ့ မောင့်ရဲ့ကြိုးစားမူကြောင့် ခင်တို့တွေ အိုးပိုင် အိမ်ပိုင် ဖြစ်လာခဲ့တဲ့အတွက် မောင့်ကို ခင် သိပ်ကျေးဇူးတင်ပါတယ်။
မောင်ရေ... ခင့် ကိုခွင့်လွှတ်ပါ။ ခင့်ကြောင့် ခင့်ရဲ့ လောဘဇောကြောင့် ၂လုံးနောက် သဲကြီးမဲကြီးဖြစ်ခဲ့တဲ့ ခင့်ကြောင့် မောင် ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်ခဲ့တာတောင် ခင့်ကို မငြူမစူ တဲ့အပြင် သမီးတွေကို တင့်တောင် တင့်တယ် ဖြစ်ဖို့ မောင် လဲကျနေရာက ပြန်ထပေးတာ ကျေးဇူးတင်ပါတယ်..မောင်။
အခုဆို ခင်တို့တွေမှာ မောင့်ရဲ့ နောက်တဖန် ကြိုးစားမှူတွေကြောင့် ဆီစက်အပြင် မီးစက်တွေနဲ့ အဆင်ပြန်ပြေလာသလို ခင်ကလဲ ကုန်စုံဆိုင်လေးနဲ့ အဆင်တပြေ ဖြစ်လာခါမှ မောင်ရယ်....
ခင်တို့ မိသားစုတွေ သိပ်ပျော်ခဲ့တဲ့ ရွာသီတင်းကျွတ်တောင် စပြန်ပီ..မောင်။ မောင်.. ကံကြမ္မာကပဲ ရိုင်းလေသလား မောင်ကပဲ ကံခေလေသလား ခင်..ခင် ဘယ်လိုဖြေရမလဲ...မောင်။
ညိုးလိုက်တဲ့ ကံကြမ္မာကို ပဲ အပြစ်ပုံချရမလား။ ခင်တို့ရဲ့ တဇောက်ကမ်းလုပ်မိတဲ့ အရာကိုပဲ လက်ညိုးထိုးရမလား။ ဒါမှမဟုတ် ငွေမက်တဲ့ ဆေးသမားအမည်ခံ ဆရာဝန်ကြီး တွေကိုပဲ လက်ညိုးငေါက်ငေါက်ထိုးပီး ရန်တွေ့ရမလား...မောင်။ ဘယ်လိုပဲ ဖြစ်ဖြစ်...... မောင်ကတော့... မောင်ကတော့.......ခင့်ဆီကို ဘယ်တော့မှ.....
တကယ်ဆို ခင်လဲ မှားခဲ့ပါတယ်..မောင်။ခင်မှားတယ်ဆိုတာထက် ဗဟုသုတ နည်းခဲ့တာတွေအတွက် ခင် ယူကျုံးမရ ဖြစ်ခဲ့မိတယ်..မောင်ရေ..။ ခင့်ဆွေမျိုးတွေ ရှိရဲ့သားနဲ့ တိုင်ပင်ရကောင်းမှန်းမသိသလို ပိုက်ဆံရှိရင် ရောဂါပျောက်မယ် လို့ချည်း ထင်နေမိတဲ့ ခင့်ကို ငွေနဲ့အတူ မောင်ဆုံးရှုံးသွားတော့မှ ခင် သိလိုက်ရတယ်..မောင်ရေ..။ ခင်ကြိုသာသိရင် ဒီလို လုပ်မိမယ် မထင်ဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခင့်အတွေးတွေက ယောက်ယက်ခတ်နေသည်...။ ပြန်တွေးမိလျှင် မနေ့တုန်းက လိုလို အိမ်မက်လိုလိုပင်။ မောင်နဲ့ ကွမ်းတူတူစားခဲ့မိတာကို ပြေးသတိရမိသည်။ ကလေးတွေ ကွယ်ရာမှာ တားဆီးမရသည့် မျက်ရည်များကို ဒီအတိုင်း ထားရင်း ...... လွန်ခဲ့တဲ့ ၇ လဆီက အဖြစ်အပျက်တို့ဆီ...
' ခင်ရေ.. မောင် ဒီနားအောင့်တယ်။'
'ဟုတ်လား..မောင်။ ခင် ဆေးလိမ်းပေးမယ်။ '
ခင်ရေ.. မောင် ထမင်းမစားနိုင်ဘူး
ဟင်...မောင်..ဒီနေ့ချက်တာ မောင့်အကြိုက်လေ..
မောင်စားလို့မဝင်ဘူး ..မိန်းမရယ်..
မောင်..ဒါဆို မြို့တက်ပီး ဆေးရုံသွားပြရအောင်
အင်း သွားရအောင်
တနေ့..ရွာ လယ်လမ်းမက အဖြတ်.. '.ဟေးးး မောင်အောင်ဇော်တို့ လင်မယား ဘယ်သွားကြမလို့လဲ'
' မြို့တက်ပီး ဆေးကုမလို့ဟေ့'
ဒီလိုနဲ့ လင်မယားနှစ်ယောက် မော်လမြိုင်မြို့က အထူးကုဆေးခန်း အပြင်ဆေးရုံမှာ တက် လိုအပ်တဲ့ ဆေးစစ်မူတွေ လုပ်လိုက်တဲ့အခါမှာ ထင်မှတ်မထားတဲ့ အဖြေက အသည်းမှာ အလုံးတွေ့တယ်တဲ့။ ( အမှန်က ကင်ဆာ )
သေချာအောင် ထပ်မံစစ်ဆေးတော့လဲ အဖြေက အသည်းမှာ ( သေချာ မရှင်းပြတဲ့ ကင်ဆာ) အလုံးရှိတယ်။ ထိရောက်တဲ့ ကုသမှူတွေ ခံယူဖို့ ရန်ကုန်ကို သွားပါတဲ့။ ဟိုမှာ ပစ္စည်းစုံ ဆရာစုံတော့ ကုသရ ပိုလွယ်သတဲ့။
ဒီလိုနဲ့ ခင်တို့မောင်နှံ ကလေးတွေကို အမျိုးတွေဆီအပ် အလုပ်တွေကို တပည့်တွေ သေချာမှာလို့ ရန်ကုန်မြို့ဆီလာခဲ့တယ်။ ခင်တို့ ရန်ကုန်က အမျိုးတွေကို လည်း အကြောင်းမကြားပါဘူး။ ခင်တို့ အဆင်ပြေမှာပါ။ ဟုတ်တယ်နော်..မောင်။ ခင်တို့ မောင့်ရောဂါကို ထိရောက်တဲ့ ကုသမှူတွေပေးလိုက်ရင် ပျောက်သွားမှာ။ ဟုတ်တယ်လေ..။ မောင့်ရောဂါက အသည်းမှာ အလုံးရှိနေတာပဲဟာ။
ခင်တို့ရန်ကုန်ကို ကားတစ်စီးနဲ့လာခဲ့တယ်။ မောင့်အမ ဝမ်းကွဲ တစ်ယောက်လဲပါတယ်။
ခင်တို့တည်းတာ ခင်တို့ရွာက အမျိုးအိမ်ပေါ့ ။ ဒီတော့ မယောင်မလည် ဖြစ်နေတဲ့ ခင်တို့ကို ကား ဒရိုင်ဘာကပဲ လမ်းညွှန်တာပေါ့။ အဲ့ဒါက ခင်တို့ရဲ့ ပထမ အမှား။ ကားဒရိုင်ဘာကလဲ ရန်ကုန်နဲ့ ခင်တို့ရွာကို သူ့ဆရာ ခင်တို့အကို ခိုင်းသလို လုပ်ပေးနေရတဲ့သူလေ။ သူက အခု ရန်ကုန်က ခင်တို့ တည်းနေတဲ့ ခြံနဲ့ နီးတဲ့ ဆေးခန်းကြီး တစ်ခုကို ခေါ်လာပေးတယ်။
အဲဒီဆေးခန်းကြီးက အပြင်က ကြည့်ရင်တော့ သန့်ရှင်းသယောင် ရှိတယ်ပေါ့။ လူလဲ သိပ်မရှိတဲ့ ဆေးခန်းကြီး တစ်ခုပေါ့။ ခင်တို့ကတော့ ရန်ကုန်ဆိုရင် ဆေးခန်းကြီးတွေလဲ ကောင်း ဆရာဝန်ကြီးတွေလဲ ကောင်းမှာပဲလို့ တွေးထားသူတွေ ဆိုတော့ ဒီဆေးခန်းကြီး ကြည့်ပီး ယုံကြည်တာပေါ့။ ဒါကိုက ခင်တို့ရဲ့ ဒုတိယအမှား။
ခင်တို့က မြန်မာပြည်မှာ အသည်းနဲ့ ပက်သက်ရင် ဘယ်သူက နာမည်ကြီး ဆိုတာလဲ မသိဘူး။ မြန်မာပြည်မှာ အသည်းနဲ့ ပက်သက်ရင် ကုနိုင်သလား မကုနိုင်ဘူးဆိုတာလဲ မသိဘူး။ ဒါတွေကို စဉ်းစားရကောင်းမှန်း မေးမြန်းစုံစမ်းရကောင်းမှန်း လဲ မသိဘူး။ ခင်တို့သိတာ ဆရာဝန်တွေ ပစ္စည်းတွေ စုံပီး ငွေတွေပေးရင် မောင့်ရောဂါ ပျောက်မယ်။ ဒါပဲလေ..။
ခင်တို့ အဲ့ဒီဆေးခန်းကြီး ရောက်တယ်ဆိုရင်ပဲ မော်လမြိုင်က ဆေးစာရွက်တွေပြတော့ ကောင်တာက မမများက ဆရာဝန်ရွေးပေးတယ်။ ခွဲစိတ်ဆရာဝန်ကြီးတဲ့။ ဦး.................. ။ သူက ပါလာတဲ့ စာရွက်တွေကို ကြည့်ပီး တခါ ဆေးတွေထပ်စစ်ခိုင်းတယ်။ ဓာတ်မှန်တွေ ရိုက်ခိုင်းတယ်။ စစ်ပီးသမျှတွေအားလုံး ပြန်စစ်ခိုင်းတယ်။ ပီးတော့ သောက်ဆေးလဲ ပေးလိုက်တယ်။ အမယ်.. အဲ့ဒီ သောက်ဆေးက မောင်နဲ့ အဆင်ပြေတယ်။ မောင် နာကျင်တာတွေ သက်သာသလို စားလို့ကောင်းတယ် ဆိုတော့ ခင်လဲ ပိုက်ဆံကုန်ရကျိုး နပ်လို့ ဝမ်းသာတာပေါ့။ မောင်လဲ ရောဂါ ပျောက်တော့မယ်ဆိုတဲ့ အသိနဲ့ ဝမ်းသာလို့...။ ခင်တို့၂ယောက်လဲ ဆရာဝန်ပြပီး နောက်ရက်တွေမယ် မရောက်တာ ကြာပီဖြစ်တဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်လို့ပေါ့။ ကုသိုလ်လဲလုပ်ရင်း မော်လမြိုင် ပြန်ရချိန်ကို မျှော်လို့....။ ဒီလိုနဲ့ ဆေးစစ်ချက်တွေယူဖို့ အချိန်၃ ရက်ကုန်တော့ ဆေးခန်းကြီးကို တခါ ပြန်လာတာပေါ့..............................။
မောင်.... မောင်ဖြစ်နေတဲ့ အသည်းမှာ အလုံးကြီးကို (ခုချိန်ထိ ကင်ဆာဆိုတာ ကာယကံရှင် မောင်နှံမသိ ခင်တို့သိတာ စီပိုးမောင့်မှာရှိတယ်ဆိုတာပဲ ) ခွဲရမယ်တဲ့။ မခွဲရင် ရလားဆိုတော့ မခွဲရင်သေမတဲ့။ နောက်ထပ် ၃လ ကနေ ၆လတဲ့။ ခွဲရင်ရောဆိုတော့ နောက် ၃ နှစ်ဆိုလဲဟုတ်တယ်။ ၆နှစ်ဆိုလဲ ဟုတ်တယ်တဲ့။ ခင်ဗျားတို့မှာ ပိုက်ဆံရှိလား ရှိရင်ခွဲ။ မခွဲရင်သေမယ်ဆိုတဲ့ ဆရာဝန်ကြီးရဲ့ စကားအောက်မှာ ဘယ်လိုအင်အားမျိုးနဲ့ ငြင်းနိုင်စွမ်းရှိပါ့မလဲ။ ဘာဖြစ်လို့ ဘာအကြောင်းကြောင့် ဒီလိုနေရာမှာ ဒါတွေရှိတယ်။ ဘာရောဂါဆိုတာ သေသေချာချာ မပြောပြပဲနဲ့ တောကလာတဲ့ သူတွေဆိုပီး အထက်စီးကပြောတာလဲ ခံခဲ့ရသလို မခွဲရင်သေမယ်ဆိုတဲ့ စကားလုံးကို ခဏခဏ လက်ကိုင်တုတ် အဖြစ် သုံးတဲ့နောက်မှာ ခင်တို့လဲ မထင်မှတ်ပဲ ခွဲစိတ်ဖို့ သဘောတူလိုက်ရတယ်။ ခင်တို့ကို ဆရာဝန်ကြီး ပြောတာက အသည်းမှာ အလုံးတည်တာ။ အလုံးကို ခွဲလိုက်ရင် ပျောက်သွားမှာတဲ့။ ဒါပဲ ခင်တို့သိတယ်။ ဆရာဝန်ကြီး ပြောသလို ခင်တို့ ခွဲလိုက်ရင်.. ပျောက်မယ်။ ပျောက်မယ်ဆိုတာ ရောဂါ မဟုတ်ပဲ မောင့်ကို ပြောတယ်ဆိုတာသာ ခင်သိခဲ့ရင် ခင်..ခွဲစိတ်ဖို့ လက်ခံမှာ မဟုတ်ဘူး..မောင်။ မောင့်ကို အသက်ရှင်လျှက် တရက်ပိုတွေ့ရလဲ ခင်တွေ့ချင်တယ်..မောင်။
ဆရာဝန်ကြီးက ခွဲမယ်ဆို ခုချက်ချင်း ဆေးရုံတက် ချက်ချင်းခွဲမယ်တဲ့။ ဒါနဲ့ ရန်ကုန်ရောက်ပီး ၃ ရက်မြောက်နေ့မှာ ဆေးရုံတက်တော့ ။ ဝင်ဝင်ခြင်းတင် မျက်နှာထားတွေနဲ့ ငွေပါလားဆိုပီးမေးတာ ခံရတယ်။ ဟုတ်ပါတယ်..မောင် ခင်တို့ရုပ်တွေကလည်း ရန်ကုန်သူတွေလို မဝတ်ထား မစားထားတော့ သူတို့ မေးချင်စရာပေါ့။ ငွေပါပါတယ်ဆိုတော့ ဒါဆို ဆေးရုံတက်ဖို့ စပေါ်ငွေ ဆယ်သိန်းအရင်ပေးတဲ့။ ခင်တို့လည်း ပေးလိုက်ပါတယ်။ နောက်ကျတော့ ဘယ်အခန်းယူမှာလဲ မေးတော့ ခင်တို့လဲ ရေချိုးခန်းအိမ်သာပါတဲ့ အခန်းကို ယူလိုက်တယ်။ အခန်းကလဲ ကိုယ်လာမှ ရှင်းတော့ ဖုန်တွေနဲ့။ တီဗွီကိုလည်း လာရှင်းခိုင်းမှ ရှင်းပေးတယ်။ အဲယားကွန်းခလုတ်တောင် မနဲတောင်းယူရတယ်။ ပိုက်ဆံပေးတာတောင် ဝန်ဆောင်မှူက အဲသည်လို။
အဲသည်ရက်တွေမှာ မောင်ကလဲ မျက်နှာကလန်းဆန်းပီးတက်ကြွလို့ ပျော်နေတာ။ ခွဲရင်ပျောက်မှာလေ။ အသည်းထဲကဟာ အလုံးပဲဟာ။ လာသမျှသူတွေနဲ့ စကားလက်ဆုံကျလို့။ ဆရာဝန်ကြီးကလည်း ချက်ချင်းခွဲမှာဆိုတော့ ဆေးရုံတက်ပီး ၃ရက်အကြာမှာ ခွဲဖို့ပြင်တော့ လိုအပ်တဲ့ဆေးတွေ သွေးတွေ ရှာရတော့တာပေါ့။ သွေးက ဝယ်ရင် တပုလင်း ၃သောင်း ဆိုတော့ သွေးရှာတဲ့အခါ .မှ ရန်ကုန်မှာနေ ရန်ကုန်မှာကြီးတဲ့ အမျိုးတွေဆီ သတင်းရောက်သွားတယ်။ ရန်ကုန်မြို့ပြင် ရပ်ကွက်တခုရဲ့ ဆေးရုံမှာ တက်နေတဲ့ ခင့်ယောင်္ကျားဆီ အမျိုးတွေ လာကြတယ်။ သူတို့ ကိုယ်တိုင် သွေးလှူကြတယ်။ သွေးရှာပေးကြတယ်။ သူတို့အားလုံးလည်း ခင်ပြောသလောက်သိတာ ဆိုတော့ အသည်းမှာ အလုံးတည်တာကို ခွဲမယ်။ ခွဲဖို့ သွေးလိုလို့ဆိုတာ လောက်ပဲသိတော့ လူအား စိတ်ဓာတ်အား ငွေအားတွေ တတ်နိုင်သမျှ ကူညီကြတယ်။ သူတို့ ဆေးခန်းတည်ရှိရာကလဲ သွားလာရခက်ခဲတဲ့ နေရာဆိုပေမဲ့ အမျိုးတွေ ရောက်အောင် ဖြစ်အောင် လာကြပါတယ်။ မောင်ကလဲ ခင့်အမျိုးတွေနဲ့ အခုမှ တွေ့ဖူးတာဆိုတော့ စကားလက်ဆုံ ပြောမကုန်ပေါ့။
ဒီလိုနဲ့ ရန်ကုန်ရောက်ပီး ၆ ရက် အကြာ ဆေးရုံတက်ပီးချက်ချင်း အသည်းထဲက အလုံးကို ခွဲဖို့ လုပ်ရတယ်။ ခွဲပီးချိန်မှာ မောင်လုံးဝမသက်သာတဲ့အပြင် သွေးယိုစိမ့်မှူတွေများလာတယ်။ မောင့်ကို အရေးပေါ်ခန်းမထဲမှာပဲ ထားရတယ်။ ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်ကြီးဆိုသူကို အခုချိန်ထိ ခင်တို့မတွေ့ရသေးဘူး။ ခင်တို့ကိုလည်း ဘာမှ မပြောပြကြ မရှင်းပြကြဘူး။ ခင်တို့ငှားထားတဲ့ နာ့စ်ရယ် နဲ့ အရေးပေါ်ခန်းထဲမှာ မောင့်ကိုခင်တို့ စိတ်တွေပူနေကြပီ။ ဆရာဝန်ကြီးလို့ နာမည်ခံထားတဲ့ ခွဲစိတ်အထူးကု ဆရာဝန်က မောင့်ကို ခွဲခန်းထဲက ထုတ်ပီးကတည်းက ခုချိန်အထိ လုံးဝမပေါ်လာဘူး။ ဒီအချိန်မှာပဲ မောင့်ကို ဒုတိယအကြိမ် ခွဲစိတ်မှူ ထပ်လုပ်တယ်။ ဒါကိုလဲ ဘာကြောင့် ထပ်ခွဲရတယ်ဆိုတာ လုံးဝ မရှင်းပြခဲ့ဘူး။ ခင်တို့အမျိုးအချို့ကလည်း ခွဲစိတ်ချိန်မှာ မရှိတော့ ခင်တို့ပဲ မသိနားမလည်စွာနဲ့ ပြုသမျှ နုနေရတာပေါ့။ ဒုတိယအကြိမ် ခွဲစိတ်ခန်းထွက်လာတော့လည်း ခွဲစိတ်အထူးကုလို့ နာမည်တပ်ထားတဲ့ ဆရာဝန်ကြီးဆိုသူ က လုံးဝ မရှင်းပြခဲ့သလို သူဘယ်မှာလဲဆိုတာတောင် ခင်တို့မသိဘူး။ မောင့်အခြေအနေကလည်း ပိုပိုဆိုးနေပီ။
အမျိုးတွေလည်း ဒေါသတွေ ထွက်နေကြပီ။
ဒီအချိန်မှာ မေ့ဆေးအထူးကုဆရာဝန်ကြီးက ကာယကံရှင် မိသားစုကို ပြောတယ်။ ကျနော် လက်ခံထားတဲ့ ကိစ္စ မဟုတ်ပေမဲ့ ခင်ဗျားတို့နယ်က လာတယ်ဆိုတာ မှန်းသိရင် ကျနော် ခွဲစိတ်ဖို့ လုံးဝ တိုက်တွန်းမှာ မဟုတ်ဘူးလို့ ပြောတယ်။ သူကိုယ်တိုင်လဲ တတ်နိုင်သမျှ လူနာကို သက်သာအောင် အနားကနေ လုပ်ပေးတယ်။ ခင်ဗျားတို့ ခွဲစိတ်မယ်ဆိုတော့ ဘာတွေရှင်းပြလဲလို့မေးတော့ ကာယကံရှင် ခင်တို့သိတာ မခွဲရင်သေမယ်ဆိုတဲ့ စကားလုံးပဲဆိုတော့ မေ့ဆေးဆရာဝန်ကြီး စိတ်မကောင်းခြင်းများစွာနဲ့ ခေတ္တ တိတ်ဆိတ်သွားတယ်။ သူကပြောတယ်... ခင့်ယောင်္ကျားမှာ အသည်းစီးပိုးကနေ ကင်ဆာအကျိတ်တွေ ဖြစ်နေတာတဲ့ မခွဲပဲထားရင် နောက်ထပ် ၆လ တနှစ်လောက်တော့ သက်တမ်းပိုရှည်နိုင်သေးတယ်တဲ့။ ခွဲပီး အသည်းထဲမှာ အကျိတ်ကို ဖယ်တာ သွေးကြော မလွှတ်လို့ သွေးကြောတွေ ပေါက်ကုန်တာတဲ့။ အကျိတ်က ဖယ်ဖို့လို့ လုံးဝမဖယ်နိုင်ပါဘူးတဲ့။ အခုလို ရှင်းပြနေရပေမဲ့ သူက ခွဲစိတ်ဆရာဝန်မဟုတ်လို့ အစအဆုံး တော့ တာဝန်မယူနိုင်ပါဘူး။ ဒါပေမဲ့ ကာယကံရှင်တွေကို သနားညှာတာသော အားဖြင့် အခုလို ရှင်းပြရတာပါတဲ့။ အဲ့ဒီအချိန်ထိ ခွဲစိတ်ဆရာဝန်ကြီးလို့ အမည်ခံထားတဲ့ ဆရာဝန်က လူနာရှင်တွေကို တွေ့ဆုံဖို့မပြောနဲ့ သူခွဲထားတဲ့ လူနာဆီ အားပေးဖို့ ကြည့်ဖို့ မလာသေးဘူး။ လူနာက သွေးတွေ စိမ့်ထွက်နေတော့ သွေးတွေ သွင်းရတာ လဲ အဆက်မပြတ်နဲ့ အခုချိန်ထိ သွေးပုလင်း ၁၁ လုံးကျော်နေပီ။ အမှန်ဆို လုံးဝခွဲဖို့ မသင့်ဘူးဆိုတဲ့အကြောင်း အထူးသဖြင့် နယ်ကလာကုသူတွေကို ကိုယ်ချင်းစာစိတ်နဲ့ အမှန်တကယ်ရောဂါ အခြေအနေကို သေချာရှင်းပြသင့်တဲ့ အကြောင်းရှင်းပြပါတယ်။ သူ ..ဒီလောက်ပဲ ပြောနိုင်ပါတယ်ဆိုပီး ဆရာဝန်ကြီးလဲ စိတ်မကောင်းစွာနဲ့ လူနာကို အတတ်နိုင်ဆုံးအားပေးပီး ပြန်သွာလေရဲ့။
လူနာကလဲသွေးတွေ ဆက်သွင်းနေတာ ၁၈ပုလင်းလောက်ရှိနေပီ။ အဲ့ဒီအချိန်က နေ့လည် ၂နာရီဖြစ်နေပီ။ ခွဲစိတ်ဆရာဝန်ကြီးဆိုသူက အခုချိန်ထိ လုံးဝမလာသေးဘူး။ ကာယကံရှင်တွေကလည်း ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်သေးသေးလေးနဲ့ စောင့်မျှော်နေကြပီ။ ဒီအချိန်မှာ ဆရာဝန်ကြီး ရောက်လာတယ်။ ကြည့်တယ်။ ဘာမှမပြောဘူးထွက်တော့ ကာယကံရှင် ဆွေမျိုးအချို့က နောက်ကလိုက်ပီးမေးတော့ ခင်ဗျားတို့လူနာ ၂၀% ပဲရှိတော့တယ်။ ကျနော်ကတော့ သွေးဆက်သွင်းနေတာကို ရပ်လိုက်စေချင်ပီလို့ပြောတယ်။ ပီးတော့ ကျနော် အစည်းအဝေးရှိလို့ သွားလိုက်ဦးမယ်ပြောတယ်။ ကာယကံရှင်တွေက ဘာဖြစ်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာ ရှင်းပြဖို့ပြောတော့ ကာယကံရှင်တွေကို ဒီလိုစကားနဲ့ပြောတယ်။ ဒါတောင် ဒီလို ရှင်းပြတာကို ရဖို့အတွက် သူ့ရုံးခန်းကို အတင်းဝင်တွေ့ဖို့ ကြိုးစားခဲ့ရတယ်။ သူက လူနာကို ကြည့်ပေးပီး ထွက်သွားလို့...
သူ့ရုံးခန်းမှာ သူက ဒီလိုရှင်းပြတာက ကျနော်တို့ခွဲတယ်။ အကျိတ်က အရမ်းကြီးနေတယ် မဖယ်နိုင်ဘူး။ ဒါကြောင့် ပြန်ပိတ်တယ်။ ဒါပေမဲ့ သွေးကြောပေါက်သွားလို့ ဒုတိယအကြိမ်ပြန်ချုပ်တာ ကျနော်တို့ ပိုက်ဆံ ထပ်မယူဘူး။ ခင်ဗျားတို့ တိုင်ချင်ရာတိုင် လုပ်ချင်ရာလုပ်တဲ့။ ပြောပြောဆိုဆိုနဲ့ သူထွက်သွားတယ်။
အနှစ်ချုပ်လိုက်တဲ့ အခါ လူနာ က ညနေမှာ အမောတွေဖောက်လာတယ်။ ဒီတော့ ဒီကိစ္စနောက်ထားပီးတော့ လူနာ အကောင်းဆုံးဖြစ်အောင် လုပ်ကြရတယ်။ ဗုဒ္ဓဘာသာပီပီ လူနာ အသက်မထွက်ခင် တရားနာလို့ရအောင် ဘုန်းကြီးတွေကို ပင့်ဖိတ်တယ် သင်္ကန်းကပ်တယ်။ လူနာဟာ ခွဲစိတ်မှူ စတင်ပီး ၁၂ နာရီအကြာမှာပဲ သူချစ်သော ဇနီး နှင့် လူမမယ်သမီး နှစ်ယောက်ကို ထားပီး လူ့ဘဝကို ကျောခိုင်းသွားခဲ့ပါတယ်။
ဆေးရုံတက်ခဲ့တဲ့ ၆ ရက်တာ ကုန်ကျစရိတ်က သိန်း ၇၀ ကျော်ကျခဲ့ပါတယ်။ ဒါပေမဲ့ အသက်ကတော့ ပြန်မပါလာခဲ့တော့ပါဘူး။ အသက်မဲ့ ခန္ဓာကို အဲဒီနေ့ညမှာပဲ ဆေးရုံကားကို ၁သိန်းပေးပီး မော်လမြိုင်ကို ညတွင်းချင်း ပြန်ခေါ်ခဲ့ကြပါတယ်။ ဆွေမျိုး အားလုံးရဲ့စိတ်ထဲမှာ ယူကျုံးမရခြင်းများစွာ.. စိတ်မကောင်း ကြေကွဲရခြင်း များစွာနဲ့ မျက်စိတမှိတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့ပါတယ်။ အမျိုးအချို့ဆို ရန်ကုန်မြေ ရန်ကုန်လေကိုတောင် မရှူတော့ဘူးလို့ ပြောခဲ့ကြပါတယ်...။
ခင်တို့တွေ မောင့်ခန္ဓာ မြေမချခင် တိုင်မယ်ဆိုရင် တိုင်ရမဲ့ အဆက်အသွယ်ဆိုတာ ရှိသတဲ့ ။ အဲဒီအကြောင်းကို မသိခဲဘူး။ မသိခဲ့ဆိုတာထက် မောင့်ကို ရန်ကုန်မြေမှာ တရက်တောင် ပေးမနေစေချင်တော့တာပါပဲ။ ဒါပေမဲ့...မောင်..ခင့်ရင်ထဲမှာ...............မနေ့ကလိုပဲ ..မောင်ရှိနေဆဲ။
ပြောခွင့်များရမယ်ဆိုရင် မောင့်ကိုသာ ပြန်လျော်ပေးပါလို့...................................... တလောကလုံးကြားအောင် ခင်ပြောလိုက်ချင်ပါတယ်...မောင်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တမလွန်ကို ကူးပြောင်းသွားသော ဆေးရုံတက်စဉ်မှ တွေ့ခဲ့ရသော ယောက်ဖရေ... ဒီစာနဲ့အတူ နောက်လူတွေ ယောက်ဖလို မခံစားရအောင် ဝေမျှပေးပါတယ်။ ပြုပြုသမျှ ကုသိုလ်အစုစုကို အမျှပေးပါတယ်။သာဓု ခေါ်နိုင်ပါစေ။ ရောက်လေရာဘဝ ဘဝတိုင်းမှာ ယခုကဲ့သို့ ဆရာဝန်ဆိုး အသပြာဆရာဝန်များနှင့် မတွေ့ မကြုံရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။
နောက်ဆက်တွဲ။
ဆေးစာရွက်များကို တတ်သိနားလည်သော ဆရာဝန်များထံ ပြသခဲ့ရာတွင် အစထဲက ကင်ဆာဆိုတာ ဆေးစာရွက်များမှာ ဖော်ပြထားပါသည်။ မခွဲစိတ်ခင်ထဲက ဖြစ်နိုင်သည့်အခြေအနေများ ခွဲစိတ်လျှင် ဖြစ်မည့်အကြောင်းအရာများကို ဆရာဝန်တိုင်း သေသေချာချာ ပြောကြားဖို့ လိုသည် ဆိုသည်မှာ ပြောဆိုစရာမလိုပါကြောင်း နှင့် ဆရာဝန်တိုင်းသည် ဆရာဝန်များ
ကိုသာလျှင် များသောအားဖြင့် ကာကွယ်ကြပါကြောင်း။ မည်သို့မှ ဆေးစာထဲမှာ အစက ဘယ်လိုဆိုတာလေးတစ်ခုကိုတောင် ရေးသားပေးသည် မဟုတ်ပါကြောင်း ။
သို့သော် ဆရာဝန်များ ကိုယ်တိုင် ပြောသည့်စကား တစ်ရပ်ကတော့
မြန်မာပြည်မှာ ဘယ်ဆရာဝန်မှ ဦးဏှောက် အသည်း ခွဲစိတ်တာ မအောင်မြင်သေးကြောင်း
မိမိ တတ်နိုင်သည့်ဖက်မှ တင်ပြပါသည်။ ထို့ကြောင့် မိမိတို့နှင့် ပက်သက်သည့် ဆွေမျိုး မိတ်ဆွေများအား ဦးဏှောက် အသည်း နှင့်ပက်သက်ပီး ခွဲစိတ်ခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရှေ့ထား၍ ရေးသားလိုက်ရပါသည်။
Showing posts with label ကြုံဆုံခဲ့သမျှ. Show all posts
Showing posts with label ကြုံဆုံခဲ့သမျှ. Show all posts
Sunday, December 2, 2012
Wednesday, October 31, 2012
ရောက်ခဲ့တဲ့ မြို့
နေပြည်တော်တဲ့ ...
အမှန်အတိုင်း ဝန်ခံရလျှင် ရန်ကုန်သူ ကိုယ်သည် နေပြည်တော်ကို ယနေ့တိုင် မြန်မာပြည်၏ မြို့တော်အဖြစ် မသတ်မှတ်နိုင်သေး။ နောင်လဲ သတ်မှတ်လိမ့်မည်မထင်။
လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့ပီး စီးပွါးရေး အပါအဝင် အချက်အခြာ ကျသော နေရာ ကိုသာ မြို့တော်ဟု ခေါ်မည်ဆိုလျှင် နေပြည်တော် ပတ်ဝန်းကျင် ကို ရေလမ်းကြောင်း ဖွင့်ပေး ရမည် ဖြစ်သလို လေလမ်းကြောင်း ကိုလည်း အတင်းလုပ်ယူခြင်း မဟုတ်ပဲ အဆင်ပြေချောမွေ့ နေ မှသာလျှင် မြို့တော် ဖြစ်မည်မဟုတ်ပါလား။
နေပြည်တော်ကို ၂ခေါက်ရောက်ဖူးသည်။ ရောက်ခဲ့သမျှသည်လဲ မလုပ်မဖြစ် အလုပ်လုပ်ဖို့အတွက်ပေါ့။ ပထမတခေါက်က ၂၀၀၆ ။ အဲ့ဒီတုန်းကတော့ အရာအားလုံးက ဆောက်လုပ်ဆဲ။ များသောအားဖြင့် ဖုန်ထူထူ လွင်တီးခေါင်ပေါ့။ ကားမရှိပါက အဆင်မပြေနိုင်သောနေရာ။ အဲ့ဒီတုန်းက ကိုယ့်အမလဲ အဲ့မှာဆိုတော့ အစစအရာရာ ဘာမှမပူရ။ လိုတာအဆင်သင့်။ အဲ့ဒီအချိန်က ဘာမှလဲ သေချာမရှိသေး။ ဒီလိုနှင့် အဲ့ဒီနောက်မှာ တစတစ ဟော်တယ်တွေ မော်တယ်တွေနဲ့ စားသောက်ဆိုင်တွေ ပေါလာသည်။
ကိုယ်ပြန်ရောက်တော့ နေပြည်တော် သွားမလားမေးလျှင် ဟင့်အင်းပဲဖြေမည်။ မေမြို့သွားတုန်းကတော့ လူမရှိပဲ ညဥ့်သန်းခေါင်မှာ ကွက်ကွက်ကြီး ထိန်ထိန်ညီးနေသော လျှပ်စစ်မီးများကို ကြည့်ကာ မနာလို စွာ ဖြင့် ပြုံးမဲ့မဲ့ ဖြစ်ခဲ့သလို သူငယ်ချင်းအမ ကလေးများ မေးခဲ့သော စကားလုံး အချို့ကို ပြန် ကြားယောင် မိသည်။
ရန်ကုန်မြို့။ အချိန်ကား ည ၉ နာရီ အပြင်မှ အိမ်သို့အပြန် တလမ်းလုံး မှောင်နေရာမှ ထိန်ထိန် လင်းနေသော ဂေါက်ကွင်း ရှေ့က အဖြတ် တွင် ...
မေမေ.. သားတို့ဖြတ်လာတဲ့ အိမ်တွေ မီးမလင်းသလို သားတို့အိမ်ကျလဲ မီးမလာတဲ့ဟာ ဘာလို့များ လူမနေတဲ့ ပန်းခြံကြီးတွေမှာ မီးလင်းနေတာလဲဟင်.... တဲ့
ကိုယ့်အနေနဲ့ နေပြည်တော်ဆိုတာ ကိုယ်နှင့်မဆိုင်သော မြို့အဖြစ် သတ်မှတ်ခဲ့ပေမဲ့ မသွားမဖြစ်သွား ရသော အကြောင်း ပေါ်လာခဲ့သည်။ ကိုယ့်အမြင် ပြောရမည်ဆိုလျှင်... တကဲ့ကို ပိုက်ဆံ မကုန်ကုန်အောင် စေခိုင်းနေသလို အချိန်မကုန်ကုန်အောင် အရှုပ်ထုပ် လုပ်သည့်နေရာကို ပြပါဆိုလျှင် မနှေးမမြန် လက်ညိုးထိုးပြရမည့်နေရာသည် အဆိုပါ နေရာဖြစ်လေသည်။ ကိုယ်ကြားရသလောက်ဆို အရပ်ရပ်မှ အမှူထမ်း အရာထမ်း ဖြစ်ချင်သူများသည် နေပြည်တော်တွင် ရေးဖြေသွားဖြေရသည်။ တည်းစရာမရှိလျှင် တည်းခိုခန်း ဟော်တယ် တည်းပေရော့။ မအောင်ပြန်လျှင် ထိုင်ငိုပေတော့။ အနီးအနား နယ်က လူတွေအဖို့တော့ အဆင်ပြေမည် ဖြစ်သော်လည်း လူနည်းစုသာ။
ဟော်တယ်များ၏ ဈေးများကလည်း ကြောက်ခမန်းလိလိ။ ဒါတောင် တည်းခိုခန်းမရလို့ မတည်း ရသူတွေတောင် ရှိသတဲ့။ ဒါက တနှစ်မှာ ၂ခါ လုပ်သော ကျောက်မြတ်ပွဲကြောင့်။ ဒါကြောင့် လာဘ်မြင်သည့် မြန်မာဖွားတရုပ်လား မသေချာသည့် ကိုရွှေတရုပ်တို့က ခြံဝယ်ကာ တည်းခိုခန်း သဖွယ် ကျောက်မျက်ပြပွဲ ချိန်မှာ ငှားစားကြလေသတည်း။နေပြည်တော် မြေဈေးကွက်ကလဲ သာမန်ပြည်သူတွေ လက်လှမ်း မမှီနိုင်သည့် ဈေးကွက် အဖြစ်သို့ တရိပ်ရိပ်ပြောင်းနေသည်။ သည်တော့ ဝန်ထမ်း သမားတွေသာ လိမ်ဖယ်လိမ်ဖယ်နှင့် ရန်ကုန် မိသားစု နှင့် တာဝန်ကျရာမှာ နေရသည့် မိသားစု၂စုစာ ရုန်းကန်ကြရသော်လည်း ကောင်းစားသူတွေကတော့ လုပ်စားကိုင်စား ဖားစား မြှောက်စား သူတွေသာ။ တကယ်တမ်းတော့ ဘာမျှမလုပ်စား တတ်သော ဝန်ထမ်း များသည် သနား ဖို့ ကောင်းလှသည်။
အိမ်ခန်းပေးသည် ဆိုသော်လည်း ရောက်စ ပထမနှစ်တွင်သာ အလကားပေးပီး အခုတော့ လခပေးနေရသည်။ ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားသော အိမ်ယာများရှိ အပျက်အဆီးကိုလည်း တာဝန်ယူရသည်။ ပျက်ပါက ပြန်လျော်။ ကိုယ့်ဘာသာ ကိုယ်တပ်ထားလျှင်တော့ အိမ်ပေါ်က ဖယ်ခိုင်းလျှင် ပြန်ယူခွင့်မရှိ။ အိမ်ပေါ်က ဖယ်ခိုင်းသည် ဟု ပြောရာမှာ စည်ပင်ပိုင် အိမ် ဖြစ်သောကြောင့် ဌာနဆိုင်ရာများ အား ပေးထားသည် ဖြစ်ရာ စည်ပင်မှ ဖယ်ခိုင်းသည့် အခါ အထက်ပါ ဖြစ်ရပ်များ ဖြစ်ခဲ့ သည့် အတွက် သိရှိခဲ့ခြင်း ဖြစ်သည်။ ဒါတောင် အောက်ခြေဝန်ထမ်း အိမ်ရာ မဟုတ်။
နေပြည်တော် လမ်းမကျယ်ကြီးသည် အတော်ကားမောင်းလို့ ကောင်းသည်။ အလုပ်တက်ချိန် နှင့် ဆင်းချိန်မှ လွဲလျှင် ကားများနှင့် လူများစွာ ကို မြင်ခွင့်ရမည်မဟုတ်သလို မနက်စောစော တချိန်၊ နေ့လည်နေ့ခင်းချိန် နှင့် ည၇ နာရီဝန်းကျင်ချိန်မှ စကာ နောက်တနေ့ မနက်စောစောထိ ထိုလမ်းမကျယ်များ နှင့် လမ်းသွယ်များကို မြင်ပါက တိတ်ဆိတ်နေသည့် အပြင် ခွေးဟောင်သံတောင် မကြားရသည့် အတွက် ကိုယ့်ကိုကိုယ် ဘယ်ရောက်နေသလဲ ဟု အထပ်ထပ်မေးရမည့် နေရာမှာ အဆိုပါ နေရာလဲ ဖြစ်သည်။
ထိုသို့ တိတ်ဆိတ် နေသော်လည်း ညအခါတွင် လမ်းတလျှောက် ထိန်ညီးနေသည့် မီးရောင်စုံများ ကို တွေ့မြင်ရပေမည်။ ကားလမ်းဘေး တလျှောက် အလှစိုက်သမျှ သေသည့် အပင်များကို အစားထိုးစိုက်ရင်း နေ့လည်နေ့ခင်း မကျန် ရေမပြတ်လောင်းနေသည့် အလုပ်သမများကို လည်း တွေ့မြင်နိုင် သည် မှာ အဆိုပါနေရာ။
၂၀၁၂ အစောပိုင်းက ကိုယ် လက်ထပ်စာချုပ်အပါအဝင် ပုံစံ၁၀ကို endorsed လုပ်ဖို့ နေပြည်တော် သွားဖို့ အကြောင်း ပေါ်လာသည်။ ကိုယ်တိုင်သွားမလား လူကြုံပေးမလား?????? စဉ်းစားရပီ။ မူရင်းတွေပါ ပေးရမည်ဆိုတော့ စိတ်မချ။ ကိုယ်တိုင်သွားရင် ဘယ်လောက် ကျပီး ပိုက်ဆံပေးရင် ဘယ်လောက်တဲ့ ။ တခါတည်း ဈေးထွက်သည်။ သို့သော် ကိုယ့်ကို ဥပဒေအကြံပေးက ကိုယ်တိုင်သွားတာ အကောင်းဆုံးဟု အကြံပေးသည်။ ဒီလိုနှင့် သူ့ကို အကျိုးအကြောင်း လှမ်းပြောတော့ သူက စိတ်ပူစွာ မသွားရတဲ့။ ပြောရင်း ၂ယောက်သား ရန်ဖြစ်ကြပြန်သည်။ ကိုယ်က အကျိုးအကြောင်း ပြောတာ လက်မခံ။ သူက ကိုယ့်ကို ကဲချင်လို့ သွားသည်ဟု စွပ်စွဲလို့ ဖြစ်သည်။ သည်ဇာတ်လမ်းမှာ သူက ဟိုကနေ သူ့သူငယ်ချင်း ဆီ ဆက်သည်။ ပိုက်ဆံနဲ့ လုပ်ခိုင်းမည်တဲ့။ သူ့ သူငယ်ချင်းကလဲ ပြောသည်။ မူရင်းတွေပါတော့ ကိုယ်တိုင်သွားတာ အကောင်းဆုံးပေါ့။ ဒါနဲ့ ကိုယ်သွားဖြစ်သည်။ သို့သော် အဖော် ပါမှသွားတဲ့။ ကိုယ်သွားမယ်ဆိုတော့ အိမ်ကလဲ ဘယ်သူမှ မလိုက်နိုင်။ ကိုယ့်ညီမကလဲ ကလေးတွေ စာမေးပွဲ နီးနေတော့ ဘယ်လိုမှ မလိုက်နိုင်။ အိမ်မှာက လူခွဲ မရှိ။ အဒေါ်က လေဖြတ်ထားတော့ မမက လဲ လိုက်လို့ အဆင်မပြေ။ သူကလဲ အဖော်မပါရင် မသွားရနဲ့။ ဒီလိုနဲ့ သူ့အိမ်က ကောင်မလေးကို အဖော်ခေါ်သွားတဲ့။း))))))) သူ့အိမ်မှာ ၂ယောက်တောင် ဆိုတော့ ကိုယ်လဲ သိပ်မကြာတော့ အဆင်ပြေသည်ပေါ့။ ဒါပေမဲ့ ကိုယ်ကပြောသည် ချစ်ချစ်ကိုယ်တိုင် ပြောပေးလို့...။ ကိုယ်ကတော့ မပြောပါ။ သည်လိုဆိုတော့ သူက သူ့အိမ်ကိုပြောသည်။ ထွက်နေမည့် အဖြေကို ကိုယ်က သိပီးသားဆိုတော့ ခပ်အေးအေးပင်။ ကိုယ့်ဖက်က လုပ်စရာရှိတာတွေ လုပ်ထားသည်။ တည်းဖို့ ရယ်။ သွားဖို့ ကားရယ်။ ဟိုမှာ အဆင်ပြေဖို့ ကားရယ်ပေါ့။ နောက်ဆုံးတော့ ကိုယ်တစ်ယောက်တည်း သွားဖြစ်သည်။ ကားလက်မှတ် တော်တော် ဝယ်လိုက်ရသည်။
တယောက်တည်းဆိုတော့ သူက စိတ်တွေပူကာ ... တမနက်လုံး ဖုန်းတခေါ်ခေါ် ။ ဒီလိုနှင့် မနက် ၇နာရီမှာ ကားစထွက်သည်။ ၄၅ မိုင်မှာ ကားပျက်ပါသည်။ သို့သော် နောက်ကား တစ်စီး ၈နာရီခွဲ လောက်မှာ ရောက်လာသည်။ ပျက်သည့်နေရာက ဖုန်းလိုင်းမိတချက် မမိတချက်ဆိုတော့ ကိုယ်လဲ ဘာမှမတတ်နိုင်။ ထုံးစံအတိုင်း ၁၁၅ မိုင်မှာ ကားရပ်သည်။ သူနှင့် ထိုင်ခဲ့သည့် Feel ဘေးက ဆိုင်ကိုရောက်တော့ သူ့ကို သတိရစွာ ပြုံးဖြစ်လိုက်သေးသည်။ သူမပါသည့် ဒီခရီးသည် လွမ်းဆွတ်ဖွယ်အတိ။ ပီးတော့ တစ်ယောက်တည်းဆိုတော့ စိတ်လှုပ်ရှားစရာ ကောင်းသလိုလို။ ဒီတခေါက်တော့ Feel မှာပဲ ကားပေါ်မှာ သိခဲ့သော ဘေးက အန်တီတစ်ယောက်နှင့် အဖော်လုပ် စားခဲ့သည်။ ဒီလိုနှင့် သတ်မှတ်ထားသည့် အချိန်ထက် ၁နာရီလောက် နောက်ကျပီး မှ နေပြည်တော်ကို ရောက်သည်။ လမ်းမှာ သူ့ဖုန်း ၂ခါလာသည်။ ရောက်ခါနီးတော့ လာကြိုမည့် အမကို ဖုန်းဆက်လိုက်သည်။ ကိုယ်လဲ ကားဂိတ် အရောက် သူလဲ အရောက်။
နောက်တော့ အမက သူ့အိမ်ကို တည်းဖို့ပို့ပီး သူ့ကို ရုံး ပြန်ပို့ပေးသည်။ ကားကို ၄နာရီမှာ ပြန်လွတ်လိုက်သည်။ ကိုယ်က အိပ်သည်။ ရေမိုးချိုးသည်။ တီဗွိကြည့်သည်။ ၄ နာရီထိုးတော့ မနက်အတွက် ပြင်ဆင်ရမည့် အချက်တို့ကို မေးမြန်းရင်း အဲ့ဒီညက အခြားအန်တီအခန်းများမှ ထမင်းစားဖိတ်သော်လည်း အပြင်မှာ သွားစားခဲ့သည်။ Feel ထင်တယ်..။အရသာ မဆိုး။ ဗျူးမဆိုး။ ဆိုင်မှာလဲ လူအပြည့်။ နေပြည်တော်သည် အဲ့လိုနေရာတွေ တော့ စည်းကားသည်။ အိမ်ပြန်ရောက်တော့ မတွေ့တာ ကြာပီ ဖြစ်သည့် အန်တီများနှင့် စကားပြော။ အမနှင့်လဲ သတင်းပေါင်းစုံ ဖလှယ်ရင်း တညတာ ကုန်ဆုံးသည်။
မနက်စောစော သွားဆိုလို့ ကားတစ်စီးနှင့် ကိုယ် ယောင် ချာချာ နိုင်ငံခြားရေးရုံး ရောက်သည်။ အဲ့သည်မှာ ပြောစရာ ဖြစ်သည်။ဌာနဆိုင်ရာ ကားတွေသာ အထဲထိဝင်လို့ရသည်။ ဆိုင်ကယ် ကယ်ရီနှင့်လာပါက ရုံးအထိ ရောက်ဖို့ တမျှော်တခေါ် လျှောက်ပေရော့။
သိပ်စောနေတော့ ကားတွေတောင် သိပ်မတွေ့။ စောလှသည် ဆိုသော်လည်း ၈နာရီလောက်ပါ။ ကိုယ်က သိပ်စောနေတော့ မသွားချင်။ ဒီလိုနှင့် ကားပတ်မောင်းခိုင်းလိုက်သည်။ ၈နာရီခွဲကျော် ၉နာရီလောက်မှ လူအပြည့်နှင့် ဖယ်ရီများ အရာရှိကားများ ကိုတွေ့ရတော့သည်။ ကိုယ်လဲ နိုင်ငံခြားရုံးကို ပြန်ဝင်တော့ ကိုယ့်ထက်စောသူတွေ ၇ ယောက်မက ရှိသည်။ ဘာတွေလိုလဲ ဆိုတော့ ကျသင့်ငွေ ငွေသွင်းချလန် တဲ့။ ဟမ်... မှတ်ပုံတင်ကလဲ ၂ယောက်စလုံး မှတ်ပုံတင်ပါရမတဲ့..ဟမ်.... သူ့ဟာ ပါမလာဘူးဆိုတော့ ဘယ်လိုလုပ်ရပါ့။ ပျားတုပ်ပီ။ ခရီးကလဲ နောက်ကြောင်းပြန်လို့ ရတဲ့ အရာမဟုတ်။ဦးနှောက် ကို အလုပ်ပေး ဆိုင်ရာတွေကို အပူကပ်ဖို့ လုပ်ပေမဲ့ အခြေအနေက ရတက်မအေးဖွယ်။း(
ငွေသွင်း ချလန်က သူတို့ လုပ်ပေးမယ်။ အဲဒါဆို ဘယ်လောက်ပေါ့။ ဟုတ်တာပေါ့။ ကိုယ့်ဟာကိုယ် သွားမယ်ဆိုရင် ဆိုင်ကယ်ကယ်ရီခ အပြင် အသွားအပြန် လမ်းလျှောက် မောကြော..။ ဒါပေမဲ့ ကိုယ်က ကားပါတော့ ကိုယ်တိုင်သိအောင် လိုက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။အဲဒီမှာ အမ မှတ်ပုံတင် ထပ်ထားအမ နောက် ၁၀နာရီခွဲ ၁၁ နာရီလောက်ဆို ရမယ်ဆိုလို့ အဲဒီကနေ ဘဏ်ကိုထွက်လာခဲ့တယ်။
လက်ရှိ ပြဿနာက မှတ်ပုံတင် ကိစ္စ။ ကားကို ဘဏ်ဖက် ဦးလှည့်ပီး ကားပေါ်မယ် ကိုယ်တစ်ယောက်တည်း ပျားတွေ တုပ်နေတာ....။ ရန်ကုန်က အပူကပ်လို့ ရမဲ့သူများဆီ ဆက်နဲ့ နောက်ဆုံး သူ့အမေဆီပဲ ပြန်ရောက်တယ်။ သူ့ မှတ်ပုံတင်မပါရင် မရဘူးတဲ့။ ဟူးး... ဒါနဲ့ သူ့အမေက စကန်ဖတ်ပီး မေးလ်နဲ့ လှမ်းပို့ပေးတယ်။ ဘဏ်ကလဲ မဖွင့်သေးတော့ အတော်စောင့်ရတယ်။
အမယ်..ဒီတခါ ဘဏ်က ဝန်ဆောင်မှူ နဲနဲကောင်းလာသလားလို့..။ ကိုယ့်ကို အကုန် လာ ကူညီပီး ပြောဖြည့်ပေးတယ်။း) အဲ့ဒီမှာ ပိုက်ဆံသွင်းပီး ချလန်ရတော့ အင်တာနက် ဆိုင် ရှာပုံတော် ဖွင့်ရတယ်။ ရုံးကို လိုက်သွားရင် အဆင်ပြေပေမဲ့ မသွားချင်တော့ နေပြည်တော်မှာ ဆိုင်ပတ်ရှာနေတာ ... လမ်းတွေက သိပ်များလွန်းတော့ ကိုယ်တောင် အလွတ်ရကုန်တယ်။း))
ဟိုဆိုင်မှာ နက်မကောင်း ဒီဆိုင်မှာ နတ်ကျနဲ့ နောက်ဆုံး ကားဂိတ်နားက ဆိုင်မှာ အဆင်ပြေတယ်။ ဆက်ဆံရေးကလဲ ကျဲတောက်လိုက်တာ ပုံမှန် အချိန်ဆို ဝင်ဖြစ်မယ်မထင်ပေမဲ့ ပြေးကြည့်လို့မှ ဆိုင်မရှိတော့လဲ အဲ့ဒီမှာပဲ သူ့ကဒ်ကို ထုတ်ခဲ့ရတယ်။ ၅၀၀ ကျပ်တောင် ပေးခဲ့ရတယ်။ ဘယ်တတ်နိုင်မလဲ..ပေးပေါ့..နော်..။အဲဒီလိုနဲ့ ၁၀နာရီခွဲပီး ၁၁နာရီတောင်ထိုးတော့မှာ ဆိုတော့ ကားနဲ့ အမြန်ပြန်လာတော့ ကိုယ့်နာမည် ခေါ်နေပီ။ သူတို့တောင်းတဲ့ဟာ တွေ ပြ. မေးတဲ့ မေးခွန်းလေး ၂ခု ဖြေပေးပီးတော့ အသင့်လုပ်ပီးသား စာကြောင်းနဲ့ တံဆိပ်တုံးလေး တခု ထုပေးတယ်။ သြော်... အဲဒါလေးရဖို့ ရန်ကုန်ဆိုတဲ့ ရွှေမြို့တော် ကနေ ဒီအထိ ကားအဆင့်ဆင့်စီးပီး လာရတယ်တဲ့ဗျာ။ စဉ်းစားသာ ကြည့်ပါ။ အချိန်ကုန် ငွေပိုကုန် လူပန်း ။ အဲ့ဒီနားမယ် ကိုယ်လိုလာလုပ်သူတွေ က အဲ့ဒီမှာပဲစားပီး ညကားနဲ့ ရန်ကုန်ပြန်ကြရမှာ။ ကိုယ်ချင်းစာတတ်ရင် သိပ်ကောင်းမယ်။ မလိုလားအပ်တဲ့ အလုပ်တခုကို လုပ်နေရသလို ခံစားရတယ်။ ပြည်သူတွေကို တကယ် အဆင်ပြေ ချောမွေ့ စေချင်ရင် ..... ဒီလို မဖြစ်သင့်ဘူးလို့ ထင်တာပဲဗျာ။
ကိစ္စပီးတော့ ..ဘာလုပ်မလဲ..ဘယ်သွားမလဲ...။ အမက သွားချင်ရာသွားတဲ့။ ဆာဖာရီ သွား မလား ဝေး
တော့ ဝေးတယ်.. မသွားချင်။ ဒီလောက် ပူလောင်နေ တဲ့ နေ့လည် မှာ သေရ ချည် ရဲ့။ ရေပန်း ဥယာဉ် သွားမလားတဲ့။ နေအပူနဲ့တင် ဘယ်မှ မသွားချင် ကားပတ်မောင်းတော့ရော။ ဘာမှမရှိ။ ကုန်နေပီ။ အရင်ဦးဆုံး မောရှမ်းမှာ နေ့လည်စာ သွားစားတယ်။ စားပီးတော့ ဘုရားသွားမလား...ဘယ်ဘုရားလဲဆိုတော့..........ဥပန္တိယစေတီတဲ့။ နိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ရန်ကုန်မှာ ရွှေတိဂုံ ဘုရားကြီးရှိတယ်။ ဒါနဲ့ အဲ့ဒီက ရှေးဟောင်းဘုရား ဆီရောက်တယ်။ ပီးတော့ ပျဉ်မနားဖက်ရောက်တယ်။ ပျဉ်းမနားဖက် အထွက်မှာ ဟော်တယ်တွေ ဆောက်လက်စတွေ ပီးပီးသားတွေ အစီအရီနဲ့ပေါ့ အဝေးကနေတော့ ဘုရားကို လှမ်းမြင်ရတယ်။ အမ Capital သွားမလားတဲ့.. ဟမ်... ရန်ကုန်က လာတဲ့သူက နေပြည်တော်မှာ ဘာဝယ်ရမှာလဲ..။ မန္တလေးတို့ မေမြို့တို့ဆို ဈေးဝယ်ဖို့ စိတ်ကူးဦးမယ်။ ရုပ်ရှင်ရုံကြီးလဲ တွေ့ခဲ့ပါ့။ နေရောင်အောက်မှာ အထီးကျန်စွာ ရပ်နေလေရဲ့။
ဒီလိုနဲ့ ပေါင်းလောင်းလမ်းက ပတ်ဝင်ရသော တောင်ပေါ်ရောက်တယ်။(တောင် နာမည် မမှတ်မိ)ပွဲတော်ရှိလျှင် အတော်စည်သည်ဆိုပဲ။တောင်ကလဲ အတော်မြင့်သား။

တောင်ပေါ်ကနေ ပေါင်းလောင်း ရေတမံကို မြင်ရတယ်။ အတိတ်ကို လွမ်းယောင်ရင်း သူငယ်ချင်းတွေကိုတောင် သတိရမိသေးတယ်။ သြော်..ခုတော့လဲ တကွဲတပြားစီ..။
ဒီလိုနဲ့အပြန် စောနေသေးတာနဲ့ လွှတ်တော် အနားက ရှေးဟောင်းဘုရားတစ်ဆူ ထပ်ဝင်ဖြစ်သေးတယ်။ ပီးတော့မှ ဈေးနားက လက်ဖက်ရည်ဆိုင်ထိုင် ဖြစ်တယ်။ အမရဲ့ ဈေးနေ့ဆိုရင် စည်တယ်တဲ့ ။ ဈေးနေ့ ဆိုတာ ဈေးသည်တွေရဲ့ ဈေးနေ့ မဟုတ် ဘူးနော်။ ဈေးဝယ်သူတွေရဲ့ ဈေးနေ့။ ဘာလို့ဆို ဝန်ထမ်းတွေ ကို တပတ်တခါ ဖယ်ရီကားတွေ နဲ့ ဈေး လိုက်ပို့ ပေးရတယ်။ ဘာလို့ဆို.. သူတို့ခမျာ စီးစရာလဲ ကားမရှိ စက်ဘီးနဲ့ သွားရအောင်လဲ နေကပူ ဝေးကဝေးနဲ့ ဒီလိုမှ မပို့ပေးရင် ဝယ်ခြမ်းစရာတွေ ဘယ်လိုဝယ်ရမလဲတဲ့..။ ဆိုင်ကယ်ကယ်ရီကလဲ အမြဲ စီးရင် မွဲလိမ့်မယ်တဲ့။
ဒီလိုနဲ့ ၄နာရီခွဲမှာ ရုံးရှေ့သွားစောင့်နေလိုက်တာ... အမက ရုံးကနေအိမ်ပြန်ပီး အိမ်မှာစောင့်နေသတဲ့။ ဒီတော့ အိမ်ပြန်။ ကိုယ်ရေပြန်ချိုးပီး နောက်အမ တစ်ယောက်နဲ့ ထပ်ချိန်းထားတာ ဆိုတော့ ။ ကားက ၂စီးဖြစ်နေတယ်။ အပြန်ကို ဘယ်လိုလုပ်ကြမလဲ ဆိုပီး တစ်စီးထားခဲ့ပီး တစီးတည်းနဲ့ သွားကြတာ.. YKKO ဆိုင်။ အဲ့ဒီမှာလဲ လူအပြည့်ပဲ။ စားရင်းနဲ့ မတွေ့တာကြာတော့ အလုအယက် စကားတွေပြောကြတာ.. အပြန်ကျတော့ ရေပန်းဥယာဉ် ဝင်ကြတယ်။
အပြင်မှာသာ လူသိပ်မရှိပေမဲ့ ဥယာဉ်ထဲမှာတော့ လူအချို့ရှိသား။ ရေပန်းဖွင့်ပီး ဆလိုက် ထိုးထားတော့ ရေပန်းထဲက သီချင်းသံနဲ့ ရုပ်ပုံက ကိုယ့်ကို ကြိုနေတယ်။ မပီပြင်ပဲ အဲ့နားတဝိုက် တအားမှောင်နေတော့ ကိုယ်လဲ သိပ်စိတ်မပါဘူး။ သူတို့ ခေါ်တဲ့နောက် လိုက်သွားတော့ ကြိုးတံတားတဲ့ လှုပ်လှုပ်နောက်မှာ လျှောက်ခဲ့သေးတယ်။ ပန်းခြံက လမ်းတလျှောက်လုံး လင်းနေတာလဲ မဟုတ်ဘူး။ လင်းတဲ့နေရာ မှောင်တဲ့နေရာဆိုတော့ လမ်းလျှောက်လို့ သိပ်အဆင်မပြေဘူး။ အတွဲတွေ အတွက်တော့ အဆင်ပြေမယ် ထင်တာပဲ။ နောက် မှောင်ရီဝိုးတဝါး လမ်းကနေ ရေတံခွန်ဆီရောက်တယ်။ လည်မယ်ဆိုရင် ရသေးပေမဲ့ ကိုယ်စိတ်သိပ်မပါလို့ ပြန်ခဲ့တယ်။ အဲ့ဒီနောက် ညဖက် ကားပတ် မောင်းလိုက်သေးတယ်။ ပီးတော့မှ အိမ်ပြန်လာတယ်။

နောက်တနေ့ မနက်တော့ ရန်ကုန် ကို ပြန်လာတာပေါ့ကွယ်။ ဒီတခါတော့ ကားမပျက်ဘူး။း)
| နွေနေ့လည်မှာ အထီးကျန်နေသည့် ရေပန်းဥယာဉ် |
လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့ပီး စီးပွါးရေး အပါအဝင် အချက်အခြာ ကျသော နေရာ ကိုသာ မြို့တော်ဟု ခေါ်မည်ဆိုလျှင် နေပြည်တော် ပတ်ဝန်းကျင် ကို ရေလမ်းကြောင်း ဖွင့်ပေး ရမည် ဖြစ်သလို လေလမ်းကြောင်း ကိုလည်း အတင်းလုပ်ယူခြင်း မဟုတ်ပဲ အဆင်ပြေချောမွေ့ နေ မှသာလျှင် မြို့တော် ဖြစ်မည်မဟုတ်ပါလား။
နေပြည်တော်ကို ၂ခေါက်ရောက်ဖူးသည်။ ရောက်ခဲ့သမျှသည်လဲ မလုပ်မဖြစ် အလုပ်လုပ်ဖို့အတွက်ပေါ့။ ပထမတခေါက်က ၂၀၀၆ ။ အဲ့ဒီတုန်းကတော့ အရာအားလုံးက ဆောက်လုပ်ဆဲ။ များသောအားဖြင့် ဖုန်ထူထူ လွင်တီးခေါင်ပေါ့။ ကားမရှိပါက အဆင်မပြေနိုင်သောနေရာ။ အဲ့ဒီတုန်းက ကိုယ့်အမလဲ အဲ့မှာဆိုတော့ အစစအရာရာ ဘာမှမပူရ။ လိုတာအဆင်သင့်။ အဲ့ဒီအချိန်က ဘာမှလဲ သေချာမရှိသေး။ ဒီလိုနှင့် အဲ့ဒီနောက်မှာ တစတစ ဟော်တယ်တွေ မော်တယ်တွေနဲ့ စားသောက်ဆိုင်တွေ ပေါလာသည်။
ကိုယ်ပြန်ရောက်တော့ နေပြည်တော် သွားမလားမေးလျှင် ဟင့်အင်းပဲဖြေမည်။ မေမြို့သွားတုန်းကတော့ လူမရှိပဲ ညဥ့်သန်းခေါင်မှာ ကွက်ကွက်ကြီး ထိန်ထိန်ညီးနေသော လျှပ်စစ်မီးများကို ကြည့်ကာ မနာလို စွာ ဖြင့် ပြုံးမဲ့မဲ့ ဖြစ်ခဲ့သလို သူငယ်ချင်းအမ ကလေးများ မေးခဲ့သော စကားလုံး အချို့ကို ပြန် ကြားယောင် မိသည်။
ရန်ကုန်မြို့။ အချိန်ကား ည ၉ နာရီ အပြင်မှ အိမ်သို့အပြန် တလမ်းလုံး မှောင်နေရာမှ ထိန်ထိန် လင်းနေသော ဂေါက်ကွင်း ရှေ့က အဖြတ် တွင် ...
မေမေ.. သားတို့ဖြတ်လာတဲ့ အိမ်တွေ မီးမလင်းသလို သားတို့အိမ်ကျလဲ မီးမလာတဲ့ဟာ ဘာလို့များ လူမနေတဲ့ ပန်းခြံကြီးတွေမှာ မီးလင်းနေတာလဲဟင်.... တဲ့
ကိုယ့်အနေနဲ့ နေပြည်တော်ဆိုတာ ကိုယ်နှင့်မဆိုင်သော မြို့အဖြစ် သတ်မှတ်ခဲ့ပေမဲ့ မသွားမဖြစ်သွား ရသော အကြောင်း ပေါ်လာခဲ့သည်။ ကိုယ့်အမြင် ပြောရမည်ဆိုလျှင်... တကဲ့ကို ပိုက်ဆံ မကုန်ကုန်အောင် စေခိုင်းနေသလို အချိန်မကုန်ကုန်အောင် အရှုပ်ထုပ် လုပ်သည့်နေရာကို ပြပါဆိုလျှင် မနှေးမမြန် လက်ညိုးထိုးပြရမည့်နေရာသည် အဆိုပါ နေရာဖြစ်လေသည်။ ကိုယ်ကြားရသလောက်ဆို အရပ်ရပ်မှ အမှူထမ်း အရာထမ်း ဖြစ်ချင်သူများသည် နေပြည်တော်တွင် ရေးဖြေသွားဖြေရသည်။ တည်းစရာမရှိလျှင် တည်းခိုခန်း ဟော်တယ် တည်းပေရော့။ မအောင်ပြန်လျှင် ထိုင်ငိုပေတော့။ အနီးအနား နယ်က လူတွေအဖို့တော့ အဆင်ပြေမည် ဖြစ်သော်လည်း လူနည်းစုသာ။
ဟော်တယ်များ၏ ဈေးများကလည်း ကြောက်ခမန်းလိလိ။ ဒါတောင် တည်းခိုခန်းမရလို့ မတည်း ရသူတွေတောင် ရှိသတဲ့။ ဒါက တနှစ်မှာ ၂ခါ လုပ်သော ကျောက်မြတ်ပွဲကြောင့်။ ဒါကြောင့် လာဘ်မြင်သည့် မြန်မာဖွားတရုပ်လား မသေချာသည့် ကိုရွှေတရုပ်တို့က ခြံဝယ်ကာ တည်းခိုခန်း သဖွယ် ကျောက်မျက်ပြပွဲ ချိန်မှာ ငှားစားကြလေသတည်း။နေပြည်တော် မြေဈေးကွက်ကလဲ သာမန်ပြည်သူတွေ လက်လှမ်း မမှီနိုင်သည့် ဈေးကွက် အဖြစ်သို့ တရိပ်ရိပ်ပြောင်းနေသည်။ သည်တော့ ဝန်ထမ်း သမားတွေသာ လိမ်ဖယ်လိမ်ဖယ်နှင့် ရန်ကုန် မိသားစု နှင့် တာဝန်ကျရာမှာ နေရသည့် မိသားစု၂စုစာ ရုန်းကန်ကြရသော်လည်း ကောင်းစားသူတွေကတော့ လုပ်စားကိုင်စား ဖားစား မြှောက်စား သူတွေသာ။ တကယ်တမ်းတော့ ဘာမျှမလုပ်စား တတ်သော ဝန်ထမ်း များသည် သနား ဖို့ ကောင်းလှသည်။
အိမ်ခန်းပေးသည် ဆိုသော်လည်း ရောက်စ ပထမနှစ်တွင်သာ အလကားပေးပီး အခုတော့ လခပေးနေရသည်။ ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားသော အိမ်ယာများရှိ အပျက်အဆီးကိုလည်း တာဝန်ယူရသည်။ ပျက်ပါက ပြန်လျော်။ ကိုယ့်ဘာသာ ကိုယ်တပ်ထားလျှင်တော့ အိမ်ပေါ်က ဖယ်ခိုင်းလျှင် ပြန်ယူခွင့်မရှိ။ အိမ်ပေါ်က ဖယ်ခိုင်းသည် ဟု ပြောရာမှာ စည်ပင်ပိုင် အိမ် ဖြစ်သောကြောင့် ဌာနဆိုင်ရာများ အား ပေးထားသည် ဖြစ်ရာ စည်ပင်မှ ဖယ်ခိုင်းသည့် အခါ အထက်ပါ ဖြစ်ရပ်များ ဖြစ်ခဲ့ သည့် အတွက် သိရှိခဲ့ခြင်း ဖြစ်သည်။ ဒါတောင် အောက်ခြေဝန်ထမ်း အိမ်ရာ မဟုတ်။
| အဝေးက လှမ်းမြင်ရတဲ့ ဘုရား |
ထိုသို့ တိတ်ဆိတ် နေသော်လည်း ညအခါတွင် လမ်းတလျှောက် ထိန်ညီးနေသည့် မီးရောင်စုံများ ကို တွေ့မြင်ရပေမည်။ ကားလမ်းဘေး တလျှောက် အလှစိုက်သမျှ သေသည့် အပင်များကို အစားထိုးစိုက်ရင်း နေ့လည်နေ့ခင်း မကျန် ရေမပြတ်လောင်းနေသည့် အလုပ်သမများကို လည်း တွေ့မြင်နိုင် သည် မှာ အဆိုပါနေရာ။
၂၀၁၂ အစောပိုင်းက ကိုယ် လက်ထပ်စာချုပ်အပါအဝင် ပုံစံ၁၀ကို endorsed လုပ်ဖို့ နေပြည်တော် သွားဖို့ အကြောင်း ပေါ်လာသည်။ ကိုယ်တိုင်သွားမလား လူကြုံပေးမလား?????? စဉ်းစားရပီ။ မူရင်းတွေပါ ပေးရမည်ဆိုတော့ စိတ်မချ။ ကိုယ်တိုင်သွားရင် ဘယ်လောက် ကျပီး ပိုက်ဆံပေးရင် ဘယ်လောက်တဲ့ ။ တခါတည်း ဈေးထွက်သည်။ သို့သော် ကိုယ့်ကို ဥပဒေအကြံပေးက ကိုယ်တိုင်သွားတာ အကောင်းဆုံးဟု အကြံပေးသည်။ ဒီလိုနှင့် သူ့ကို အကျိုးအကြောင်း လှမ်းပြောတော့ သူက စိတ်ပူစွာ မသွားရတဲ့။ ပြောရင်း ၂ယောက်သား ရန်ဖြစ်ကြပြန်သည်။ ကိုယ်က အကျိုးအကြောင်း ပြောတာ လက်မခံ။ သူက ကိုယ့်ကို ကဲချင်လို့ သွားသည်ဟု စွပ်စွဲလို့ ဖြစ်သည်။ သည်ဇာတ်လမ်းမှာ သူက ဟိုကနေ သူ့သူငယ်ချင်း ဆီ ဆက်သည်။ ပိုက်ဆံနဲ့ လုပ်ခိုင်းမည်တဲ့။ သူ့ သူငယ်ချင်းကလဲ ပြောသည်။ မူရင်းတွေပါတော့ ကိုယ်တိုင်သွားတာ အကောင်းဆုံးပေါ့။ ဒါနဲ့ ကိုယ်သွားဖြစ်သည်။ သို့သော် အဖော် ပါမှသွားတဲ့။ ကိုယ်သွားမယ်ဆိုတော့ အိမ်ကလဲ ဘယ်သူမှ မလိုက်နိုင်။ ကိုယ့်ညီမကလဲ ကလေးတွေ စာမေးပွဲ နီးနေတော့ ဘယ်လိုမှ မလိုက်နိုင်။ အိမ်မှာက လူခွဲ မရှိ။ အဒေါ်က လေဖြတ်ထားတော့ မမက လဲ လိုက်လို့ အဆင်မပြေ။ သူကလဲ အဖော်မပါရင် မသွားရနဲ့။ ဒီလိုနဲ့ သူ့အိမ်က ကောင်မလေးကို အဖော်ခေါ်သွားတဲ့။း))))))) သူ့အိမ်မှာ ၂ယောက်တောင် ဆိုတော့ ကိုယ်လဲ သိပ်မကြာတော့ အဆင်ပြေသည်ပေါ့။ ဒါပေမဲ့ ကိုယ်ကပြောသည် ချစ်ချစ်ကိုယ်တိုင် ပြောပေးလို့...။ ကိုယ်ကတော့ မပြောပါ။ သည်လိုဆိုတော့ သူက သူ့အိမ်ကိုပြောသည်။ ထွက်နေမည့် အဖြေကို ကိုယ်က သိပီးသားဆိုတော့ ခပ်အေးအေးပင်။ ကိုယ့်ဖက်က လုပ်စရာရှိတာတွေ လုပ်ထားသည်။ တည်းဖို့ ရယ်။ သွားဖို့ ကားရယ်။ ဟိုမှာ အဆင်ပြေဖို့ ကားရယ်ပေါ့။ နောက်ဆုံးတော့ ကိုယ်တစ်ယောက်တည်း သွားဖြစ်သည်။ ကားလက်မှတ် တော်တော် ဝယ်လိုက်ရသည်။
တယောက်တည်းဆိုတော့ သူက စိတ်တွေပူကာ ... တမနက်လုံး ဖုန်းတခေါ်ခေါ် ။ ဒီလိုနှင့် မနက် ၇နာရီမှာ ကားစထွက်သည်။ ၄၅ မိုင်မှာ ကားပျက်ပါသည်။ သို့သော် နောက်ကား တစ်စီး ၈နာရီခွဲ လောက်မှာ ရောက်လာသည်။ ပျက်သည့်နေရာက ဖုန်းလိုင်းမိတချက် မမိတချက်ဆိုတော့ ကိုယ်လဲ ဘာမှမတတ်နိုင်။ ထုံးစံအတိုင်း ၁၁၅ မိုင်မှာ ကားရပ်သည်။ သူနှင့် ထိုင်ခဲ့သည့် Feel ဘေးက ဆိုင်ကိုရောက်တော့ သူ့ကို သတိရစွာ ပြုံးဖြစ်လိုက်သေးသည်။ သူမပါသည့် ဒီခရီးသည် လွမ်းဆွတ်ဖွယ်အတိ။ ပီးတော့ တစ်ယောက်တည်းဆိုတော့ စိတ်လှုပ်ရှားစရာ ကောင်းသလိုလို။ ဒီတခေါက်တော့ Feel မှာပဲ ကားပေါ်မှာ သိခဲ့သော ဘေးက အန်တီတစ်ယောက်နှင့် အဖော်လုပ် စားခဲ့သည်။ ဒီလိုနှင့် သတ်မှတ်ထားသည့် အချိန်ထက် ၁နာရီလောက် နောက်ကျပီး မှ နေပြည်တော်ကို ရောက်သည်။ လမ်းမှာ သူ့ဖုန်း ၂ခါလာသည်။ ရောက်ခါနီးတော့ လာကြိုမည့် အမကို ဖုန်းဆက်လိုက်သည်။ ကိုယ်လဲ ကားဂိတ် အရောက် သူလဲ အရောက်။
| စားခဲ့တာ..ကျန်တာတွေ စားပီးမှ သတိရတော့ မရိုက်ဖြစ်တော့ပါ။ |
| ကားပေါ်က မြင်ရတဲ့ ရေကန်နှင့်အိမ်များ ညဖက်ကျလျှင် ရေကန်ကို မီးထိန်အောင်ထွန်းသည် |
သိပ်စောနေတော့ ကားတွေတောင် သိပ်မတွေ့။ စောလှသည် ဆိုသော်လည်း ၈နာရီလောက်ပါ။ ကိုယ်က သိပ်စောနေတော့ မသွားချင်။ ဒီလိုနှင့် ကားပတ်မောင်းခိုင်းလိုက်သည်။ ၈နာရီခွဲကျော် ၉နာရီလောက်မှ လူအပြည့်နှင့် ဖယ်ရီများ အရာရှိကားများ ကိုတွေ့ရတော့သည်။ ကိုယ်လဲ နိုင်ငံခြားရုံးကို ပြန်ဝင်တော့ ကိုယ့်ထက်စောသူတွေ ၇ ယောက်မက ရှိသည်။ ဘာတွေလိုလဲ ဆိုတော့ ကျသင့်ငွေ ငွေသွင်းချလန် တဲ့။ ဟမ်... မှတ်ပုံတင်ကလဲ ၂ယောက်စလုံး မှတ်ပုံတင်ပါရမတဲ့..ဟမ်.... သူ့ဟာ ပါမလာဘူးဆိုတော့ ဘယ်လိုလုပ်ရပါ့။ ပျားတုပ်ပီ။ ခရီးကလဲ နောက်ကြောင်းပြန်လို့ ရတဲ့ အရာမဟုတ်။ဦးနှောက် ကို အလုပ်ပေး ဆိုင်ရာတွေကို အပူကပ်ဖို့ လုပ်ပေမဲ့ အခြေအနေက ရတက်မအေးဖွယ်။း(
ငွေသွင်း ချလန်က သူတို့ လုပ်ပေးမယ်။ အဲဒါဆို ဘယ်လောက်ပေါ့။ ဟုတ်တာပေါ့။ ကိုယ့်ဟာကိုယ် သွားမယ်ဆိုရင် ဆိုင်ကယ်ကယ်ရီခ အပြင် အသွားအပြန် လမ်းလျှောက် မောကြော..။ ဒါပေမဲ့ ကိုယ်က ကားပါတော့ ကိုယ်တိုင်သိအောင် လိုက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။အဲဒီမှာ အမ မှတ်ပုံတင် ထပ်ထားအမ နောက် ၁၀နာရီခွဲ ၁၁ နာရီလောက်ဆို ရမယ်ဆိုလို့ အဲဒီကနေ ဘဏ်ကိုထွက်လာခဲ့တယ်။
လက်ရှိ ပြဿနာက မှတ်ပုံတင် ကိစ္စ။ ကားကို ဘဏ်ဖက် ဦးလှည့်ပီး ကားပေါ်မယ် ကိုယ်တစ်ယောက်တည်း ပျားတွေ တုပ်နေတာ....။ ရန်ကုန်က အပူကပ်လို့ ရမဲ့သူများဆီ ဆက်နဲ့ နောက်ဆုံး သူ့အမေဆီပဲ ပြန်ရောက်တယ်။ သူ့ မှတ်ပုံတင်မပါရင် မရဘူးတဲ့။ ဟူးး... ဒါနဲ့ သူ့အမေက စကန်ဖတ်ပီး မေးလ်နဲ့ လှမ်းပို့ပေးတယ်။ ဘဏ်ကလဲ မဖွင့်သေးတော့ အတော်စောင့်ရတယ်။
အမယ်..ဒီတခါ ဘဏ်က ဝန်ဆောင်မှူ နဲနဲကောင်းလာသလားလို့..။ ကိုယ့်ကို အကုန် လာ ကူညီပီး ပြောဖြည့်ပေးတယ်။း) အဲ့ဒီမှာ ပိုက်ဆံသွင်းပီး ချလန်ရတော့ အင်တာနက် ဆိုင် ရှာပုံတော် ဖွင့်ရတယ်။ ရုံးကို လိုက်သွားရင် အဆင်ပြေပေမဲ့ မသွားချင်တော့ နေပြည်တော်မှာ ဆိုင်ပတ်ရှာနေတာ ... လမ်းတွေက သိပ်များလွန်းတော့ ကိုယ်တောင် အလွတ်ရကုန်တယ်။း))
ဟိုဆိုင်မှာ နက်မကောင်း ဒီဆိုင်မှာ နတ်ကျနဲ့ နောက်ဆုံး ကားဂိတ်နားက ဆိုင်မှာ အဆင်ပြေတယ်။ ဆက်ဆံရေးကလဲ ကျဲတောက်လိုက်တာ ပုံမှန် အချိန်ဆို ဝင်ဖြစ်မယ်မထင်ပေမဲ့ ပြေးကြည့်လို့မှ ဆိုင်မရှိတော့လဲ အဲ့ဒီမှာပဲ သူ့ကဒ်ကို ထုတ်ခဲ့ရတယ်။ ၅၀၀ ကျပ်တောင် ပေးခဲ့ရတယ်။ ဘယ်တတ်နိုင်မလဲ..ပေးပေါ့..နော်..။အဲဒီလိုနဲ့ ၁၀နာရီခွဲပီး ၁၁နာရီတောင်ထိုးတော့မှာ ဆိုတော့ ကားနဲ့ အမြန်ပြန်လာတော့ ကိုယ့်နာမည် ခေါ်နေပီ။ သူတို့တောင်းတဲ့ဟာ တွေ ပြ. မေးတဲ့ မေးခွန်းလေး ၂ခု ဖြေပေးပီးတော့ အသင့်လုပ်ပီးသား စာကြောင်းနဲ့ တံဆိပ်တုံးလေး တခု ထုပေးတယ်။ သြော်... အဲဒါလေးရဖို့ ရန်ကုန်ဆိုတဲ့ ရွှေမြို့တော် ကနေ ဒီအထိ ကားအဆင့်ဆင့်စီးပီး လာရတယ်တဲ့ဗျာ။ စဉ်းစားသာ ကြည့်ပါ။ အချိန်ကုန် ငွေပိုကုန် လူပန်း ။ အဲ့ဒီနားမယ် ကိုယ်လိုလာလုပ်သူတွေ က အဲ့ဒီမှာပဲစားပီး ညကားနဲ့ ရန်ကုန်ပြန်ကြရမှာ။ ကိုယ်ချင်းစာတတ်ရင် သိပ်ကောင်းမယ်။ မလိုလားအပ်တဲ့ အလုပ်တခုကို လုပ်နေရသလို ခံစားရတယ်။ ပြည်သူတွေကို တကယ် အဆင်ပြေ ချောမွေ့ စေချင်ရင် ..... ဒီလို မဖြစ်သင့်ဘူးလို့ ထင်တာပဲဗျာ။
ကိစ္စပီးတော့ ..ဘာလုပ်မလဲ..ဘယ်သွားမလဲ...။ အမက သွားချင်ရာသွားတဲ့။ ဆာဖာရီ သွား မလား ဝေး
တော့ ဝေးတယ်.. မသွားချင်။ ဒီလောက် ပူလောင်နေ တဲ့ နေ့လည် မှာ သေရ ချည် ရဲ့။ ရေပန်း ဥယာဉ် သွားမလားတဲ့။ နေအပူနဲ့တင် ဘယ်မှ မသွားချင် ကားပတ်မောင်းတော့ရော။ ဘာမှမရှိ။ ကုန်နေပီ။ အရင်ဦးဆုံး မောရှမ်းမှာ နေ့လည်စာ သွားစားတယ်။ စားပီးတော့ ဘုရားသွားမလား...ဘယ်ဘုရားလဲဆိုတော့..........ဥပန္တိယစေတီတဲ့။ နိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး
| ပေါင်းလောင်းစီမံကိန်း ဘေးက ဝင်းရသော ရှေးဟောင်း ဘုရားရှိရာ တောင် |
| တောင်ထိပ်က ဘုရား |
| မောင်တထမ်း မယ်တရွက် |
| မောင်တထမ်း မယ်တရွက် ကျောက်စာ |
| ရွှေလှေငွေလှေ |
| ပေါင်းလောင်းမြစ် ကို လှမ်းမြင်ရသည့် တောင်ထိပ် |
| |
| လွှတ်တော်နားက ဘုရား |
ဒီလိုနဲ့ ၄နာရီခွဲမှာ ရုံးရှေ့သွားစောင့်နေလိုက်တာ... အမက ရုံးကနေအိမ်ပြန်ပီး အိမ်မှာစောင့်နေသတဲ့။ ဒီတော့ အိမ်ပြန်။ ကိုယ်ရေပြန်ချိုးပီး နောက်အမ တစ်ယောက်နဲ့ ထပ်ချိန်းထားတာ ဆိုတော့ ။ ကားက ၂စီးဖြစ်နေတယ်။ အပြန်ကို ဘယ်လိုလုပ်ကြမလဲ ဆိုပီး တစ်စီးထားခဲ့ပီး တစီးတည်းနဲ့ သွားကြတာ.. YKKO ဆိုင်။ အဲ့ဒီမှာလဲ လူအပြည့်ပဲ။ စားရင်းနဲ့ မတွေ့တာကြာတော့ အလုအယက် စကားတွေပြောကြတာ.. အပြန်ကျတော့ ရေပန်းဥယာဉ် ဝင်ကြတယ်။
| ရောင်စုံမီးများနဲ့ ရေပန်း |
| ရေပန်း ဥယာဉ်အဝင်ဝ |
| ကြီုးတံတား |
နောက်တနေ့ မနက်တော့ ရန်ကုန် ကို ပြန်လာတာပေါ့ကွယ်။ ဒီတခါတော့ ကားမပျက်ဘူး။း)
Friday, October 26, 2012
သူငယ်ချင်း လုပ်ရအောင်
ဂျပန်ကို ရောက်စတုန်းက သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ ဂျပန်မှာ မကျွတ်လွတ်သူတွေ များသတဲ့။ သတိထားပေါ့။
ကိုယ်ဆိုတာကလဲ သရဲ တစေတွေ ဆို ယုံတာ မယုံတာထက် သူတို့အကြောင်းတွေ ဖတ်ရမယ် ကြည့်ရမယ်ဆို ထမင်းမေ့ဟင်းမေ့ပဲ။ စိတ်ဝင်စားတာလေ..။ မြန်မာပြည်မှာ နေတုန်းကတော့ အကြောင်းမဟုတ်ဘူးလေ။ မိသားစုနဲ့နေတာဆိုတော့ သရဲကား ကြည့်မိလို့ ကြောက်ရင် အိမ်က လူကြီးတွေနဲ့ ရောဝင်အိပ်လိုက်တာပေါ့။ တစေ သရဲ စုန်း ကဝေ စာအုပ်တွေဆို ရှာကြံဖတ်တာပဲ။ အိမ်မှာကလဲ စာအုပ်စုံတော့ ဟိုးးး အရင်က စုန်း တစေ စာအုပ်တွေဆိုတာ ရှိတယ်။ အမယ်..စာအုပ်တွေကလဲ အဆက်တွေနဲ့နော်။ မီးဟုန်းဟုန်းထတောက်တာတို့ ဘာတို့ ဖတ်လို့ တယ်ကောင်း။ အိမ်ကို အလည်လာတဲ့ လူကြီးတွေက စုန်းပြုစားတာ ဘယ်လို ဘာညာဆိုလဲ ကြောက်တာကနောက် နားထောင်တာ အရင်။ ပယောဂတွေကို ဘယ်လိုကုတာ ဆိုတဲ့ စာအုပ်တွေဆိုလဲ ရှာဖတ်ရတာ အမောပေါ့။ ဘလော့ပေါ်မှာ သရဲအကြောင်းရေးလဲ ပြေးဖတ်တာပဲ။ ဒါမဲ့ အခုက တစ်ယောက်တည်းဆိုတော့ နေ့လည်ပဲ ဖတ်ပါတယ်။ အဲ့လောက် သရဲတွေ တစေတွေ စုန်းတွေအကြောင်း ဖတ်ရ ကြည့်ရ နားထောင်ရတာ ကြိုက်ပေမဲ့ သရဲ ကို တကယ် တွေ့ချင်လားဆို ဟင့်အင်းပဲ ဖြေမှာ။
တစေ သရဲဆိုတာ မယုံလို့မရသလို တကယ်ရှိတယ်ဆိုတာ စာအုပ်တွေဖတ်ဖူးသလို ဘုန်းကြီးတွေ ဟောထားတာလဲ အတိအကျဆိုတော့ ကိုယ်ကတော့ ရှိတယ်လို့ ယုံပါတယ်။ သရဲ ဆိုတာ အမျှလိုချင်လို့လာတာ အမျှပေးလိုက်တဲ့ ဘုန်းကြီးတွေ ပြောဖူးတာ ကြားဖူးကြမယ်ထင်ပါတယ်။ သရဲ ကိုယ့်အနား ကပ်လာရင် ကြက်သီးထတတ်တယ်တဲ့ စာအုပ်ထဲဖတ်ရတာ ပြောပါတယ်။ သရဲကို ကံနိမ့်ရင်လဲ မြင်ရတယ်တဲ့။
ဒီကလူတွေက ဘာသာတရားကို အလေးအနက် မထားတော့ သရဲတွေ များတယ်ထင်တယ်။ အထူးသဖြင့် ကလေးတွေက သရဲတွေ မြင်ရတာ များတယ်တဲ့ ဂျပန်တွေနဲ့ တခါ စကားစပ်မိလို့ သူတို့ ပြောပြတာ။ ဒီက တီဗွီက လာတဲ့ သရဲကားဆိုလဲ ကိုယ်မလွတ်တမ်း ကြည့်ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ခန်းကျဉ်းပီး နေ့လည်ဖက်ပေါ့။ ညဖက်လာတဲ့ကား ကိုတော့ ဂျပန်အမေအိမ်မှာ ၃လ သွားနေတုန်းက အမြဲ ကြည့်ဖြစ်တယ်။
လွန်ခဲ့တဲ့ ၃နှစ်လောက်က Koya san မှာ ရှိတဲ့ နှစ်၁၀၀ သချိင်္ုင်းကို သွားတုန်းကလဲ ဘာကောင်မှန်းမသိတဲ့ အကောင်တစ်ကောင်ဟာ လူတွေအများကြီး ရှိတဲ့ကြားက ကိုယ့်အနားပဲ ဘယ်လိုမှ မောင်းမရဘူး။ ဓာတ်ပုံရိုက်တိုင်း သူရောက်လာတယ်။ ကြာတော့ ကြောက်တတ်သူတွေက ကိုယ့်အနားကနေ ခွါလျှောက်ကြတယ်။ ကိုယ်လဲ မေတ္တာပို့လိုက်ပါတယ်။ ဘာမှန်းတော့ သေချာမိသိပေမဲ့ အိမ်ပြန်ရောက်တော့ ဂျပန်အမေကို ပြောပြတော့ အဲဒါ အယင်ဘဝက ဆွေမျိုးတွေဖြစ်မယ်တဲ့။း)
ဂျပန်တွေက နှစ်စဉ် ၈လပိုင်းဆို သေပီးသူတွေကို ခေါ်တဲ့ (တရုပ်လို တစေကြီးပွဲ) ပွဲ လုပ်လေ့ရှိပါတယ်။ ပီးရင်တော့ ကိုယ့်နေရာကိုယ်ပြန်ဆိုပီး နုတ်ဆက်ကြပြန်တယ်။ ကျိုတိုမှာတော့ နှစ်စဉ် ၁၆ ရက်နေ့မှာ လုပ်လေ့ရှိတယ်။ အဲဒီလို အချိန်ဆို တီဗွီကလဲ သရဲ အစီအစဉ်တွေ လာတတ်ပါတယ်။ ဂျပန်တွေရဲ့ အယူအဆက လူ့ဘဝမှာ လုပ်ချင်တဲ့အရာတွေ စိတ်မချတဲ့အရာတွေ ကျန်နေတာကို သရဲဘဝနဲ့ လာပြန်လုပ်ပီးရင် ကောင်းကင်ကို ရောက်သွားသတဲ့ ။ သူတို့ ရုပ်ရှင်တွေက ပြောတယ်။
ဂျပန်မှာ နေခဲ့တဲ့ ၅နှစ်မှာ ကိုယ်အိမ် ၂ခါပြောင်းဖူးပါတယ်။ အဆောင်မှာ နေတုန်းကလဲ ဘာမှမဖြစ်ခဲ့ပါဘူး။ အဆောင်ကနေ ပြောင်းတဲ့ အိမ်လဲ ဘာမှ မဖြစ်ခဲ့ပါဘူး။ အဲ.. နောက်ဆုံး အိမ်ကို ပြောင်းချိန်မှာတော့...
ကိုယ့်စိတ်က တခုခုဆို သိတယ်။ အိမ်ထဲကို ဝင်တာနဲ့ စိတ်ခံစားမှူ တခုခုကို အမြဲခံစားလို့ရတယ်။ စိတ်ထဲ ထင့်ရင် ထင့်သလို တကယ်ကို တခုခု ဖြစ်တာများတယ်။ဒါပေမဲ့ အဲ့ဒီအိမ်ကို ပြောင်းတဲ့အချိန် ဘာခံစားမှူ မှလဲ ဖြစ်မနေဘူး။ ထူးဆန်းတယ်။ အိမ်လေးကလဲ နေချင့်စဖွယ်ပါပဲ။ အခန်းတွေနဲ့ ပစ္စည်းအစုံ ပါတယ်။ တကဲ့ ဂျပန်အိမ်စစ်စစ်လေးပေါ့။ ကိုယ်တစ်ယောက်တည်း အနေနဲ့ အတော်ကျယ်ပါတယ်။ တချို့သူငယ်ချင်းတွေဆို တစ်ယောက်တည်း မနေရဲဘူးတဲ့။
ကိုယ်ကတော့ ကျယ်တယ်။ဆိတ်ငြိမ်တယ်။ လှပတယ်။ ဈေးသက်သာတယ်။ ကူညီစောင့်ရှောက်သူတွေနဲ့ တခြံတည်းဆိုတော့ အိမ်ကလေးကို ကြိုက်တယ်။ တခါတည်းတွေ့တာနဲ့ တအားကြိုက်သွားတယ်။
ဒီလိုနဲ့ လူကြီးတွေနဲ့အတူ စာချုပ်ချုပ်ပီးတော့ သူတို့အစီအစဉ်နဲ့ ပြောင်းခဲ့တယ်။
ပထမတရက် ၂ရက်တော့ နေသားမကျဘူးပေါ့။ မကျဆို အိမ်ကလဲ တအားကျယ်တာရယ်.. ကိုယ့်ပစ္စည်းတွေ နေရာမကျသေးတာရယ် ကြောင့်ပေါ့။ ကိုယ်က ပုံမှန် ၁၂နာရီဆို အိပ်လေ့ရှိတယ်။ အိပ်ပီဆိုလဲ မနက်မိုးလင်းမှ တရေးနိုးတာ။ အိပ်နေချိန် ဘာဖြစ်ဖြစ် မသိတဲ့ အထဲပါလို့ တခါတုန်းကလဲ စိတ္တဇလို ဖြစ်သေးတယ်။ ဒုတိယအိမ်မှာပေါ့။ ကိုယ်တွေးမိတာ..တကယ်လို့ ငါအိပ်နေချိန် ငါနေတဲ့တိုက် မီးလောင်လို့ သတိပေးခေါင်းလောင်းသံ မြည်တာတောင် ငါ မနိုးရင်ဆိုတဲ့ ..ဒုက္ခနဲ့ပေါ့..။ ၂ ရက်လောက် အိပ်ပျက်ခဲ့ဖူးတယ်။ ကိုယ်ကလဲ ရာဇဝင်နဲ့လေ.. ဆင်အော်ရင်တောင် မနိုးဘူးတဲ့ အိမ်ကလူတွေနဲ့ ခရီးတူတူထွက်ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေက နာမည်ပေးထားတာ။ ဘယ် နာမည်ဖျက်မလဲ အခုချိန်ထိ ထိန်းသိမ်းထားတာပေါ့။ကိုယ် ပြောနေကျ စကားက သရဲက ကိုယ့်ကို လာခြောက်ရင် သရဲထိုင်ငိုသွားမှာလို့ သူဘယ်လောက်ခြောက်ခြောက် ကိုယ်မနိုးလို့လေ...။ အဲ..ဘယ်ရောက်သွားပီလဲ..။
သြော်.. များသောအားဖြင့် မိုးလင်းမှ တရေးနိုးတတ်တဲ့ ကိုယ်ဟာ အဲ့ဒီရက်ပိုင်းမှာ မနက် ၂နာရီ ၃နာရီဆို နိုးပီး အိမ်သာထသွားဖြစ်တယ်။ သွားတိုင်းလဲ နောက်ဖေးမီးက လင်းလင်းနေတတ်တယ်။ ပထမတော့ ဖာသိဖာသာပဲ။ သွားပိတ်တယ်။ ပီးတော့ ပြန်အိပ်တယ်။ ဒီလိုနဲ့ ၃ည ဆက်တိုက်လောက် ဖြစ်လာတော့ ကိုယ်လဲ မသင်္ကာတော့ဘူး။ ကိုယ်အိပ်ခါနီး မီးတွေ အကုန်ပိတ်ပီးမှ အိပ်တဲ့ဟာ ဘာဖြစ်လို့ မီးချောင်းပွင့်လဲ တွေးတယ်။ အတွေးတွေနဲ့ ကျောင်းသွားတယ်။ ကျောင်းသွားရင်း တွေးမိတာက စာအုပ်တွေထဲကလို ငါ့အိမ်ကိုလဲ ရှင်း ဟင်းတွေလဲ ချက်ပေးထားရင် သိပ်ကောင်းမှာပဲလို့..။ တစ်ယောက်တည်းတွေးပီး ပြုံးမိတယ်။
ကဲ..ဒီတနေ့တော့ သရဲလား ဘာလားစမ်းသပ်ကြည့် ဦးမဟဲ့ဆိုပီး မီးကို သေသေချာချာပိတ်တယ်။ အိပ်တယ်။ တရေးနိုးပြန်တယ်။ ထတယ်။ မီးပွင့်နေတယ်။ ပိတ်တယ်။ ပြန်အိပ်တယ်။
သေချာပီ... တခုခု။ ကျောင်းမှာ သရဲဆိုတာ ယုံလားဆိုတဲ့ ခေါင်းစဉ်နဲ့ စကားပြောဖြစ်တယ်။ ဘယ်သူမှ မယုံဘူး။
သြော်.. ပြောဖို့မေ့လို့ ကိုယ်က တရားတွေ ဘာတွေ အမြဲ ဖွင့်တယ်။
နောက်တည ဒီတခါတော့ ကိုယ်ဘယ်ရမလဲ မီးချောင်းကို ခလုတ်ကနေ ပိတ်ပြစ်လိုက်တယ်။ ကိုယ့်မီးဖိုချောင် မီးက ကြိုးဆွဲရင် ပွင့်တယ်လေ။ အဲ့ဒါကြောင့် ခလုတ်ကနေပိတ်ပြစ်တယ်။ ဘယ်ရမလဲ။ အဲ့ဒီည အေးအေးဆေးဆေးပဲ။ ကိုယ်တရေးနိုးတယ်။ ထတယ်။ အိမ်သာသွားတယ်။ အမယ်..ဒီနေ့တော့ မီးပိတ်လျက်ပဲ။ ကျေနပ်သွားတယ်။ ငါ ..စိတ်ထင်တာပဲ ဆိုပီးပြန်အိပ်တယ်။
နောက်နေ့ကျတော့ ကျောင်းပိတ်တယ်။ အိမ်မှာ ရှင်းလင်းပီး တရားဖွင့်။ ပရိတ်နဲ့ မေတ္တာသုတ် အမြဲဖွင့်တော့ ဒီတခါတော့ ပဌာန်းဖွင့် မဟဲ့ဆိုပီးဖွင့်လိုက်တယ်။ဒီလိုနဲ့ ညရောက်တယ်။
အရမ်းအိပ်ချင်လာတာနဲ့ ၁၂နာရီသာသာမှာ အိပ်တယ်။
အဲ့ဒီအချိန်မှာ ကိုယ်အိပ်နေတဲ့ အိပ်ခန်းတခါးရဲ့ အောက်ခြေကို ဒုန်းဆိုပီး လာကန်သံကြားရတယ်။ ကိုယ်ပဲ အိပ်ချင်နေတာနဲ့ တခုခုပြုတ်ကျတာ နေမှာဆိုပီး ပေပီးဆက်အိပ်လိုက်တာ မိုးလင်းမှ တရေးနိုးတယ်။ ကိုယ့်အိပ်တဲ့ အခန်းမှာ ဘုရားဆင်းတုတော်ရှိတယ်။
မနက်လင်းတော့ အိပ်ယာကထ မျက်နှာသစ်ဖို့အသွားမှာ ကိုယ့်အခန်းတံခါးကြီးက အောက်ပြုတ်ကျနေတယ်။ အခန်းတံခါးက ဂျပန်စတိုင်လျှောတံခါးလေ။ ကျပီး အခန်းပေါက်မှာ ထောင်လျက်သားခပ်စောင်းစောင်းပေါ့။ ကိုယ်ဘာမှ စဉ်းစားမနေဘူး။ ပြန်တပ်လိုက်တယ်။ မျက်နှာသစ် သွားတိုက်နေရင်း..စဉ်းစားတာ.. အဲ..ဟုတ်သေးပါဘူး။ တံခါးကို ငါပိတ်တယ်။ အိပ်တယ်။ မအိပ်ခင် တံခါးကို တစ်ယောက်ယောက်က လာကန်သလို ကြားလိုက်တာ သေချာတယ်။ ငါထမကြည့်မိဘူး။
ဒါနဲ့ ပြန်စဉ်းစားတယ်။ တံခါး ဘာကြောင့်ကျရတာလဲ????? အိမ်ရှင်ကို မေးတော့ သူတို့ကလဲ မယုံဘူး။ လေတိုးလို့ ဖြစ်မှာပေါ့တဲ့။ ဒါနဲ့ ကိုယ်လေကြောင်းကို ရှာတော့ လေကို မျက်နှာချင်းဆိုင်ထိုင်တဲ့ တံခါးမဟုတ်ဘူး ။ မဖြစ်နိုင်ဘူးဆိုပီး ကိုယ့်ဟာကိုယ် ပယ်ချတယ်။ သူတို့ကိုတော့ ဘာမှ ပြန်မပြောဖြစ်ဘူး။
မီးပွင့်တာလဲ လေတိုက်လို့ ဖြစ်မှာပေါ့တဲ့ ကိုယ်တော့ မယုံဘူး။ သူတို့တွေက ကိုယ့်ကို သိပ္ပံသမားဖြစ်ရဲ့သားနဲ့ ဒါတွေယုံတယ်တဲ့။ ဗီဒီယိုရိုက်ထားပါလားတဲ့.....။ အဲလောက်တော့ သတ္တိမကောင်းဘူးကွယ်..။
ဒါပေမဲ့ စိတ်ကူးထဲမှာ အဖြေထုတ်နေတယ်.. ဒီအိမ်က အိမ်ရှင်တွေက အမြဲမနေဘူး။ တခါတလေမှ အပန်းလာဖြေတဲ့ အိမ်ဖြစ်နေတာတချက်။ နောက် ကိုယ်ဘေးခြံကို မသင်္ကာဘူး။ ဒါနဲ့ စက်ဘီးနဲ့ ဘေးကို ပတ်ကြည့်တော့ လူမနေတဲ့ ခြံ တောင်ကုန်းတကုန်းရှိတယ်။ ဒါနဲ့ အိမ်ရှင်ကို မေးကြည့်တော့ အဲ့ဒီတောင်ကုန်း ပေါ်မှာ လွန်ခဲ့တဲ့ နှစ်၁၀၀က အုတ်ဂူတစ်ခုရှိတယ်။ ဒီမြေက အခုထိ ပိုင်ရှင်တွေ လာမနေဘူး။ ဒါဆို ..ကိုယ်တွက်တယ်.. ဖြစ်နိုင်ချေရှိတယ်လို့ပေါ့။
ဟာ.....ဒါ......တကယ်......သရဲဟ ဆိုပီး ကြောက်မိသလို ဖြစ်သွားတယ်။
ဒါနဲ့ သူငယ်ချင်းကို ဖုန်းဆက်ပီး သူတို့ဆီ သွားအိပ်တယ်။ မသွားခင် သူငယ်ချင်းပြောသလို သောက်တော်ရေ တခွက်ထဲ ရေထည့်ပီး ဘုရားကန်တော့တယ်။ မေတ္တာသုတ် ရွတ်တယ်။ အဲ့ဒီသောက်တော်ရေ နဲ့ တအိမ်လုံး လိုက်ဖြန်းပီး အခုလို ရွတ်လိုက်တယ်... ဒီအိမ်မှာ နေထိုင်ကြတဲ့ မမြင်ရတဲ့ သူတွေ.. ငါ..ဒီအိမ်မှာ အမြဲနေတာ မဟုတ်ဘူး။ ခဏတာ လာနေတာ။ ငါနေသမျှ နင်တို့ကိုလဲ ရန်မလုပ်ဘူး။ ငါ့ကိုလဲ ရန်မလုပ်နဲ့။ အတူတူ သူငယ်ချင်းလိုနေကြရအောင် ။ ငါက ကြောက်တတ်လို့ ငါ့ကိုလဲ မနှောက်ယှက်နဲ့ နင်တို့ကိုလဲ မနှောက်ယှက်ဘူးဆိုပီး ငြိမ်းချမ်းရေးစာချုပ်ချုပ်လိုက်ပါတယ်။
နောက်၂ရက်လောက်နေတော့ အိမ်မှာ သူငယ်ချင်းတွေနဲ့ ပရိတ်ရွတ်ဖြစ်တယ်။ အဲ့ဒီအချိန်က စပီး ကိုယ်လဲ ပဌာန်းတရားတော်ကို မဖွင့်ဖြစ်တော့ဘူး။ ပဌာန်းဆိုတာ အရမ်းပြင်းတယ်လို့ စာအုပ်ထဲဖတ်ဖူးပါတယ်။ သူတို့တွေ တအားပူပီး မနေနိုင်လို့ဆိုပဲ။ မေတ္တာသုတ်ခံပီးရွတ်ပေမဲ့ တခါတည်း မှတ်သွားတယ်။ အဲ့ဒီကစလို မေတ္တာပို့ရင်လဲ အခုလို ပို့ပါတယ်...။ ဤအိမ်မှာ စောင့်ကြပ်ကြကုန်သော နတ်အပေါင်း ပုဂ္ဂိုလ်အပေါင်းတို့အစရှိသဖြင့် အိမ်ပီးတော့ လမ်း ပီးတော့ ရပ်ကွက် မြို့နယ် ခရိုင်ကနေ နိုင်ငံအထိ ပြုပြုသမျှ ကိုယ်သိုက်အစုစုကို အမျှပေးဝေပါသည်ဆိုပီး ဘုရားရှိခိုးတိုင်း ဆုတောင်း ဖြစ်သပေါ့....။
ဒီလိုနဲ့ သရဲလား ဘာလား ညာလား မသိပေမဲ့ ကိုယ်မပြန်ခင်အချိန်ထိ ဘာအနှောက်အယှက်မှမရှိပဲ နေခဲ့ရတယ်။
တခုတော့ ရှိတာပေါ့လေ... မီးဖိုချောင် ပြူတင်းပေါက်ကို ညနေစောင်းတာနဲ့ ပိတ်သလို အိမ်ရှေ့က တံခါးတွေလဲ ညနေမှောင်တာနဲ့ ပိတ်ပစ်တာပေါ့။ ဒီဘက်ခြမ်းပဲ ဖွင့်တော့တယ်။
ကိုယ် အပီးပြန်လာတော့ သရဲတွေကိုတောင် နုတ်မဆက်ခဲ့ရဘူး။ သူတို့ ကိုယ့်များ လွမ်းပဲကျန်နေမလား ဝမ်းပဲသာလေမလား....။

Saturday, October 20, 2012
ဂျပန်နိုင်ငံသို့ ရောက်ရှိခြင်း
မြန်မာနိုင်ငံက ဗီဇာနဲ့ ပက်သက်သမျှ စိတ်မောရပီး သကာလ ဒုတိယအကြိမ် မြောက် ဂျပန်နိုင်ငံကို ရောက်ရှိလာပုံကို ပြောပြချင်ပါသေးတယ်။
အခုပြောပြမှာကတော့ လူတိုင်းလဲ ဖြစ်ချင်မှ ဖြစ်မယ်။ မဖြစ်ချင်လဲ မဖြစ်ဘူး။ ဒါမှမဟုတ် ပြန်မပြောတာလဲ ဖြစ်ချင်ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် လူတိုင်း မဖြစ်နိုင်ဘူး လို့ တွေးထားနိုင်သလို အခုလို ဖြစ်တတ်ပါလားဆိုတဲ့ အသိနဲ့ ကြိုတင်ပြင်ဆင် ရင်ဆိုင်နိုင်အောင် ရည်ရွယ်ချက်နဲ့ ပြန် တွေးမိတိုင်း ဘယ်တော့မှ မေ့မရခဲ့သည့် မှတ်တမ်းတခုကို အမှန်အတိုင်း မှတ်တမ်းတင်လိုက်ပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည်ကလာရင် ဖြစ်တယ်ထင်တာပါပဲ။ အသက်အရွယ်နဲ့လဲ ဆိုင်မယ်ထင်ပါတယ်။ အလည်အပတ် ဗီဇာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဟိုးးအရင်နှစ်တွေက ယောင်းမ အင်္ဂလန်ကလာတော့ မဖြစ်ဘူးတဲ့။
(အမေရိကန်ကို ၂၀၀၇ ကသူငယ်ချင်းတစ်ယောက် ဂျပန်ကနေ ဆမီနာသွား တက်တုန်းကလဲ အဲလိုပဲ သီးခြားစစ်ခံရတယ်လို့ ပြောခဲ့ဖူးတယ်။)
အဲ့ဒါကြောင့် ဖြစ်မယ်ထင်တယ်။ ကိုယ့်ရှေ့နေက ပြောတယ်။ စာရွက်စာတမ်းတွေ လေဆိပ်မှာ ပြဖို့ ယူသွားတဲ့။ ဘယ်သူမေးမေး ငါ့ယောင်္ကျားနဲ့တွေ့ချင်လို့ လာတာလို့ပြောတဲ့။ ကိုယ်က ပြောတယ်။ အဲ့ဒီအချိန်က သူ့ကို ငါ့ယောင်္ကျားလို့ ပြောရတာ နှုတ်မရဲဘူးလို့ ငါ မပြော ပါရစေ နဲ့ ပြောတော့ ပြောသာပြောတဲ့။
အမှန်က ဒီကို ရှေ့နေနဲ့ အတူတူလာဖို့ပါပဲ။ မလာဖြစ်ရတဲ့ အကြောင်းက ၂ချက် ကိုယ်က TGနဲ့ မလာချင်ဘူး ပစ္စည်းပါတာနဲလို့ JAL က ကီလိုပိုရလို့ လာချင်တာက တချက်။ သူ့ကို ဖြစ်နိုင်ရင် တရက်စောရ စောရ မြန်မြန်တွေ့ချင်လို့။ဝေးနေတာ ၈ လကြီးများတောင်ရှိပီဆိုတော့ လေ။ ရှေ့နေ့နဲ့ ပြန်ရင် ၁ပတ်နောက်ကျမှ ရောက်မှာ ဆိုတော့ ကိုယ်တစ်ယောက်တည်း လာခဲ့တာ။
မြန်မာပြည်ကနေ ယိုးဒယား - ယိုးဒယားမှာ လေယာဉ် ၅ နာရီလောက် စောင့်ရတယ်။ ယိုးဒယားက စပါယ်ရှယ်စစ်တယ်။ ကိုယ်တို့နိုင်ငံလဲ သူတို့လို စစ်ရင် သိပ်ကောင်းမှာပဲ။ အဲဒီကနေ မနက်၁ နာရီလေယာဉ် စီးတော့ ဒီကို မနက် ၆ နာရီလောက်ရောက်တယ်။ လေဆိပ်ကနေ လူအုပ်နဲ့အတူ ထွက်ပီး ကားစီးတော့ လူတွေများလို့ တခါစောင့် ဒုတိယအသုတ်မှ ရောက်တယ်။ တခါ တန်းစီတော့ လူတန်းကြီးက နဲတာ မဟုတ်ဘူး။ နာရီဝက်ကျော် အဲ့ဒီမှာ ကြာတယ်။ ကိုယ် တစ်ယောက်တည်းမှန်းသိတော့ ကိုယ်နဲ့အတူဆင်းလာတဲ့ ယိုးဒယား တစ်အုပ်က ကိုယ့်ကို ကူညီပီး ဖောင်ဖြည့်တာ မမှားအောင် ပြောပေးကြတယ်။ ဒီလိုနဲ့ ကိုယ့်ရှေ့က ယိုးဒယား အပါအဝင် အခြားနိုင်ငံခြားသားတွေ လက်ကလေးသွင်းလိုက် ရှောကနဲ ဝင်သွားလိုက်နဲ့ပေါ့။ ကိုယ်လဲ သူနဲ့ တွေ့ရတော့မယ်ဆိုတဲ့ ရင်ခုန်ခြင်းများနဲ့ ကိုယ့်အလှည့်ကို စောင့်နေတုန်း အလှည့်ကျပီ....။
ကိုယ့်ကိုလဲ သူများနည်းတူ လက်ညှိုးထည့် ပါ့စ်ပို့စာအုပ်တောင်းတော့ ကိုယ်လဲ ပီးပီ ထင်မိပေမဲ့ ကောင်တာ လဝက က လူက ဖုန်းဆက်တယ်။ အရှေ့ကို တစ်ယောက်ထွက်လာပေးပါ။ မြန်မာတစ်ယောက်ပါတယ် ဆိုပီးပေါ့။ ကိုယ်လဲ အဲ့အချိန် ထိ မသိသေးဘူး။ အဲ့ဒီအချိန်မှာ လဝက တစ်ယောက် အထဲက ထွက်ပီး သူနဲ့ အတူ လိုက်ခဲ့ပါတဲ့။ ကိုယ့်မျက်နှာဆိုတာရဲခနဲပဲ။ ဒါပေမဲ့ လူတွေရှေ့မှာ ကိုယ်လဲ ဘာကြောင့် ခေါ်တာလဲ ဆိုတာ မမေးသလို ဘယ်သူ့ကိုမှ မမြင်နိုင်အောင် ရှက်သွားပါတယ်။
ဒီလိုနဲ့ သူတို့ရုံးခန်းရဲ့ ဧည့်ခန်းလို နေရာမှာ ခဏထိုင်ခိုင်းထားပီး မေးမြန်းခြင်း စပါတော့တယ်။ ဘာလာလုပ်တာလဲတဲ့။ င့ါယောင်္ကျားဆီ လာလည်တာ။ ဒါဆို လက်ထပ်စာချုပ်ပြတဲ့ အဆင်သင့် ဂျပန်လို ပြန်တာထား ထုတ်ပြလိုက်တယ်။ ဘယ်မှာ လက်ထပ်တာလဲ။ ဘယ်တုန်းက လက်ထပ်တာလဲမေးတယ်။ ကိုယ်လဲ အောင့်သက်သက်နဲ့ ပြန်ဖြေတယ်။ စာရွက်ထဲမှာလဲ ပါတယ်လေ။ ဘာအကြောင်းကြောင့် တွေ့ချင်တာလဲတဲ့။ အဲ့ဒီမေးခွန်းက စိတ်တိုစေတယ်။ မိန်းမဖြစ်သူက လင်ဖြစ်သူကို တွေ့ချင်တာ အကြောင်းပြချက်လိုလားလို့။ ငါတို့ ဝေးနေတာ ၈ လကျော်ပီဆိုတော့ ဒီကြားထဲမှာ တခါမှ မတွေ့ဖူးလားတဲ့။ မတွေ့ဖူး။ ဘယ်လိုတွေ့မှာလဲလို့။ ဒါဆို သူ့ကို လာတွေ့ခိုင်းပေါ့တဲ့။ ဟ .. ငါ့ယောင်္ကျားက အလုပ် လုပ်နေတဲ့ဟာ ခွင့်က အမြဲမှမရတာ။ အလုပ်မရှိတဲ့ ငါက လာတွေ့တာပေါ့လို့။( အမှန်က ဒါတွေ က ရှေ့နေ သင်ပေးထားတာ မြန်မာပြည် မှာ ဗီဇာဝင်ရင် အင်တာဗျူးခံရရင် ဖြေဖို့) နင်တို့ ဘယ်မှာ တွေ့တာလဲတဲ့။ အဲ့ဒီမှာ စာလဲပါတယ် ဖတ်ကြည့်။ ငါကျောင်းတက်ရင်း တွေ့တာ။ ငလျင်ဖြစ်လို့ ပြန်တာ။ မြန်မာပြည်မှာ လက်ထပ်တာ။ အခု ငါပြန်လာတာ သူ့ကိုတွေ့ဖို့ရယ်။ ဆွေးနွေးဖို့ အတွက်ရယ်ကြောင့် ဆိုပီး ကိုယ်လဲ ဘွဲ့ လက်မှတ်တွေ ထုတ်ပြလိုက်တယ်။ ဘွဲ့ လက်မှတ်မြင်ပီး သူတို့နဲနဲဖျားသွားတယ်။ (ရှေ့နေကပြောပီးသား ကိုယ့်လက်မှတ်က ဒီက ဒုတိယအမြင့်ဆုံးကျောင်း ဆိုတော့ ဖျားကိုဖျားမှာတဲ့) အဲလိုမေးလိုက် ကိုယ့်စာရွက်တွေယူပီး အထဲ ဝင်သွားလိုက် သွားပြောလိုက်နဲ့။ ဟိုက တုံးထုပီးသွားတာတောင် ကိုယ့်ကို မြန်မာပြည် အကြောင်း ပြန်လာမေးနေတယ်။ မြန်မာပြည် ကောင်းလာနိုင်တယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ပေါ့။ အလပသလပ လာပြောနေတယ်။ ကိုယ်က နာရီကိုကြည့်ပီး အပြင်မှာ ငါ့ယောင်္ကျား စောင့်နေလောက်ပီဆိုတော့ လာကြိုတဲ့သူ ရှိလားတဲ့။ ရှိတာပေါ့။ ငါ့ယောင်္ကျားလာ ကြိုနေတယ်လို့။ အဲ့ဒီတော့မှ တုံးထုပေးထားတဲ့ စာရွက်ကို ပေးပီး သွားလို့ရပီတဲ့။
(နောက်မှ ရှေ့နေက ပြောပြတယ် တချို့ ဂျပန်လို မတတ်လို အဲ့ဒီမှာ ညနေ၄နာရီ ထိ ကြာသွားတဲ့သူတွေ တောင် ရှိသတဲ့။ )
အဲ့ဒီအချိန်မှာ အပြင်မှာ ရှိနေတဲ့ ချစ်ချစ်ကလဲ လူတွေကုန်ပီ။ သူ့မိန်းမ အပြင်ရောက် မလာတော့ စိတ်တွေပူပီး ပြာနေပီ။ သူစိတ်ပူတာက ယိုးဒယားမှာ ကျန်ခဲ့ ပီထင်ပီး လေယာဉ်ရုံး ကို သွားပြဿနာ ရှာနေပါတယ်။ ဒါကြောင့် ကိုယ် ထွက်လာတော့ သူ့ကို မတွေ့ဘူး။ ဒါနဲ့ အဆင်သင့်တွေ့ရတဲ့ ဘေးက ဂျပန်မကြီး တစ်ယောက်ဆီက ဖုန်းခဏ ငှားပီး သူ့ကို ခေါ်မှ ဂိတ်ပေါက်ကို ရောက်လာပါတယ်။ဒီလိုနဲ့ ဂျပန်ကိုရောက်ပါတယ်။
အမတစ်ယောက်က ဂျပန်ဗီဇာ ၁လပဲဆိုလို့ အံ့သြနေပါတယ်။ ဟုတ်ပါတယ်။ ဂျပန်က အလည်ဗီဇာကို ၁လကနေ ၃လအထိပဲ ပေးပါတယ်။ တင်တဲ့ အချိန်မှာ ရက်စွဲနဲ့တကွ ဘယ်မှာနေပီး ဘာလုပ်မယ်ဆိုတာကိုပါတင်ရပါတယ်။ ကိုယ်က ၁လပဲ တင်တာပါ။ အင်္ဂလန်တို့ ဥရောပတို့ဆိုဆို ၆လ ပေးတယ်တဲ့။
ဂျပန်မှာက ပုံမှန်ဆို ဗီဇာပြောင်းလို့ မရပါဘူး။ ဒါပေမဲ့ ဥပဒေကို နိုင်တဲ့ ရှေ့နေတွေ ရှိတဲ့ အတွက်ကြောင့် အလည်ဗီဇာကနေ မှီခိုဗီဇာ ပြောင်းလို့ အဆင်ပြေသွားပါတယ်။ ဂျပန် ဥပဒေမှာ အကယ်၍ ဆိုတာ ရှိတယ်လေ... အဲ့ဒီလိုနဲ့ ကိုယ်လဲ ဒီမှာ မှီခိုဗီဇာ ကို ၁လအတွင်း ပြန်ပြောင်းနိုင်ခဲ့ပါတယ်။
မှီခိုဗီဇာဆိုလို့ ပြောပြရရင် ဂျပန်မှာ မှီခိုဗီဇာ ၃မျိုးရှိပါတယ်။ တစ်ခုက ကျောင်းသား/ အလုပ်နဲ့ မှီခိုပါ။ အဲ့ဒီဗီဇာက အလုပ်ချိန်သတ်မှတ်ချက် ရှိပါတယ်။ တပတ်မှာ ၂၈နာရီထက် ပို မလုပ်ရဘူး။ ဒါပေမဲ့ ဂျပန်နိုင်ငံသားကို လက်ထပ်ထားတဲ့ မှီခိုနဲ့ ဒီနိုင်ငံမှာ နေထိုင်ခွင့်ရပီးသားသူရဲ့ မှီခိုဆိုရင် တော့ တစ်နေ့ ၂၄ နာရီလုံး လုပ်လို့ရပါတယ်။ ကိုယ်က ၂၄ နာရီလုပ်လို့ရတဲ့ ဗီဇာပါ။ ကိုယ်လဲ အလုပ်လုပ်ပါတယ်။ အိမ်ရှင်မ အလုပ်။း)
အိမ်ရှင်မ အလုပ်ဆိုလို့ လွယ်တယ်ထင်ရင် မှားမှာပေါ့။ ချွဲရတယ်။ ပြောရတယ်။ ရန်ဖြစ်ရတယ်။ သည်းခံရတယ်။ ချက်ရတယ်။ ရှင်းရတယ်။ ငိုရတယ်။ ရီရတယ်။ ချော့ရတယ်.. အမလေး.. ရေးရင် ကုန်မှာတောင် မဟုတ်။

Tuesday, October 16, 2012
မြန်မာပြည်မှာ…ကြုံခဲ့သမျှ
ကျနော့်မှာ
မှတ်ပုံတင်တစ်ခုရှိခဲ့ဘူးသည်။ ရန်ကုန်မြို့တွင်း တနေရာကို ကိုယ်စားပြုထားသည်။ ပြုလုပ်စဉ်ကတော့
၁၂ မှတ်ပုံတင်ဖြစ်မည်ထင်သည်။
သေချာမမှတ်မိ။
ဒီလိုနှင့် မှတ်ပုံတင်တွေ လဲတော့ အသက်
၁၈နှစ်ဖြစ်မည်ထင်သည်။ ဒါလဲ သေချာမမှတ်မိ။ မှတ်မိတာကတော့ ဖေဖေမှတ်ခိုင်းထားသော မှတ်ပုံတင်နံပါတ်
နှင့် အရေးကြီးသောပစ္စည်းတခု အဖြစ် သိမ်းထားရမည်ဖြစ်ကြောင်းသာ။ ဒီလိုနှင့် မှတ်ပုံတင်ကို
သေချာမကြည့်ဖြစ် မှတ်ပုံတင်နံပါတ်ကိုသာ အလွတ်ကျက်ပီး နိုင်ပြောင်းထားသည့် မှတ်ပုံတင်ကိုတော့
အရွဲ့တိုက်စိတ်နှင့် ခုချိန်ထိ သေချာ မှတ်မထားဖြစ်။
ဒီလိုနှင့်
ကိုယ့်အသက်လဲ တဖြည်းဖြည်းကြီးလာသလို မှတ်ပုံတင်လေးလဲ ခရီးသွားတိုင်း ကိုင်တွယ်ရတော့
သူလဲ အသက်လေးရလာသည်ထင့်။ ဒီတော့ သူများတွေလို အသစ်လဲချင်လို့ သွားမေးတော့ လဲစရာမလိုတဲ့။
ရိုးလိုက်မိတဲ့ ကိုယ်ကလဲ ဒီအတိုင်းလှည့်ကာ ပြန်ပီး ကိုယ်တိုင်လဲ ခရီးသွားချိန်မှလွဲ၍
မသုံးဘူးဆိုတော့ စိတ်လျှော့လိုက်သည်။ မှတ်ပုံတင်ထဲမှ ပုံက ဆယ်ကျော်သက် ယခု ကိုယ့်အသက်က
ဘယ်လိုမှ ဒီပုံကို မပံ့ပီုးနိုင်တော့ဘူး (ဒါမဲ့ ကိုယ့်အသက်က အမြဲ ၂၅ နော်)။ ပုံကိုကြည့်ပီး
ဒါ ကိုယ့်ကလေး မှတ်ပုံတင်လား ဟု အပြောခံရသည့် အခါ လဲရှိသည်။ သို့သော်..သူတို့မှ လဲမပေးတော့
ကိုယ်ကလဲ အနေသားကြီး မဟုတ်လား။ မှတ်ပုံတင်ပါအကြောင်းအရာ သည် ကိုယ်နဲ့မဆိုင်ဘူးဟုပင်ထင်ထားမိတော့
နံပါတ်ကလွဲပီး ကျန်တာ ဘာမှမစစ်ဆေးမိ။
ဒီလိုနှင့်
ကိုယ့်အလုပ်ကနေ နိုင်ငံရပ်ခြားထွက်တော့လဲ ဒီပြဿနာမရှိသေး။ မရှိဆို ကိုယ်က ယခင်က အစိုးရအရာထမ်းတယောက်ဖြစ်ခဲ့ဘူးသည်လေ။
ဒီတော့ မှတ်ပုံတင်က နံပါတ်ရှိရင် အလုပ်
ဖြစ်သည်။
ပြဿနာအစ က လာပါပီ။ ကိုယ်အလုပ်ထွက်ပီး
နိုင်ငံခြားပြန်ထွက်မည်ဆိုတော့မှ မှတ်ပုံတင် ပြဿနာတက်ပါတော့သည်။ ဒါလဲလေ… ဖြေရှင်းနည်းမျိုးစုံ
ရှိသည့် သကာလ ဘာပြဿနာမှ မဖြစ်။ အေးအေးဆေးဆေးပဲ အားလုံးမှန်မှန်ကန်ကန် ဒေတာများနှင့်
ကိုယ့် နိုင်ငံသားစာအုပ်ကို ကိုင်နိုင်ခဲ့သည်။ မှန်မှန်ကန်ကန် လုပ်ဖို့တော့ နိုင်ငံတော်က
သတ်မှတ်ထားသည့် အခွန်ကိုတော့ ထမ်းဆောင်ခဲ့ရသည်ပေါ့။ သိန်းထားသော ၅၀ကိုတော့ လျော်ကြေးအဖြစ်
ပေးခဲ့ရသည်။ထိုပမာဏသည် ပညာရေး ရန်ပုံငွေထဲဝင်သွားသည်လို့သိရတော့ ၀မ်းသာမိပါသည်။ မှတ်ပုံတင်ကိစ္စက
ဒီတွင်ပီးသွားပီဟုထင်ခဲ့သည်။ ကိုယ့်အတွက် ဒါလဲ အရေးမကြီးသေးဘူးလေ..။ (ဇာတ်ကြောင်း ပြန်ဆက်တော့မယ်။ ဘယ်ရောက်သွားပါလိမ့်)
သြော်..ပြန်ဆက်ရရင်
ကိုယ်နိုင်ငံခြား ရောက်မှပဲ မှတ်ပုံတင်မိတ္တူကို အကြောင်း တစ် ခုကြောင့် ပြန်ကြည့်မိတယ်။
ဟာ..ငါ့ မှတ်ပုံတင်က ဘာကိစ္စ မွေးနေ့မှားနေတာလဲ????မှားတာကလဲ ဘာမှ သိပ်မကွာဘူး။ မှတ်ပုံတင်မှာ
၂ ရက်စောနေတယ်။ အိုး..ဒါနဲ့ ကမန်းကတန်း အိမ်ကို ဖုန်းကောက်ဆက် သမီး မှတ်ပုံတင်ကြီး
မှားနေတယ်လို့ပြောလိုက်တော့ အိမ်ကလူတွေလဲ အဲဒီတော့မှ ကိုယ့်မှတ်ပုံတင် မှားနေမှန်းသိတယ်။
ဇာတ်လမ်းအစက အဲ့မှာစတာ။
မြန်မာပြည်ပြန်တော့လဲ
ဟိုအိမ်ဒီအိမ်ကူး နေပေမဲ့ မှတ်ပုံတင်ဆိုတာကို
ပြင်ဖို့ စိတ်တောင်မကူးမိဘူး။ ကိုယ့်လက်ထဲ နိုင်ငံကူးခွင့်စာအုပ်ပိုင်နေပီပဲ ဘာလုပ်မလဲ
။ အချိန်ကုန်တယ်ပေါ့။ ကိုယ်ပေါ့ပေါ့လေး တွေးလိုက်မိတယ်။ မှတ်ပုံတင်နဲ့ ပက်သက်ပီး ဘဝမှာ
တခါမှ အခက်အခဲ မဖြစ်ဖူးသေးဘူးကိုး။ ဒီလိုနဲ့ အချိန်တန်တော့ ဆံထုံးနောက် ယောင်မလိုက်နိုင်သေးတော့
ယောင်နောက်ဆံထုံးပါလေတော့ ဒီနိုင်ငံ ဗီဇာလျှောက်ရတော့တာပေါ့။
တွေ့ပါပီ ပြဿနာ။ အခုမှ
ဇာတ်လမ်းစတာ။ အင်မတန် ရစ်တတ်တဲ့ ဂျပန်သံရုံးနဲ့ တွေ့ကြတာပေါ့။
အဲ့ဒီအကြောင်း
မရေးခင် ကိုယ် ဂျပန်ဝင်ဖို့ ဂျပန်ဘက်ကနေ ဗီဇာ လျှောက်တဲ့ အကြောင်း ဖြတ်ပြောမှ ဖြစ်မယ်။
အမှန်က ကိုယ်က ဒီနိုင်ငံမှာ မနေချင်ဘူး။ ကိုယ်တို့ရည်ရွယ်ချက်က တခြားတိုင်းပြည်ကို
သွားဖို့ရည်ရွယ်ထားကြတာဆိုတော့ ကိုယ်တို့၂ယောက်မှာ ဂျပန်နိုင်ငံလာဖို့ ဘာအစီအစဉ် မှ
မရှိဘူး။ ဒီတော့ သူလဲ လက်ထပ်ပီး အချိန်တန်လို့ ပြန်သာသွားတယ် ကိုယ်နဲ့ပက်သက်တဲ့ ဘာစာရွက်စာတမ်းမှ
သယ်မသွားသလို ကိုယ်လဲ သူ့နဲ့ပက်သက်တာ ဘာမှမယူထားတဲ့ ၂ယောက်ဆိုတော့ ပြဿနာ တွေ့တာတောင်နဲသေးလို့
ပြောမှာ။း)
သူလဲသွားရော
ကိန္နရာချောင်းခြားဇာတ်လမ်း စပါလေရော။ မနက်တစ်ခါ ၊ နေ့လည်တစ်ခါ၊ ညတစ်ခါ အိမ်ကလူတွေ အမြင်ကပ်
လောက်အောင် ဖုန်းဆက်။ တခါတလေ အင်တာနက်မှာတွေ့တာတောင် အားကို မရပါဘူး။ နှစ်ဖက်သော မိဘများကလဲ
တူတူရှိနေတုန်းက ဘာမှမပြောကြပေမဲ့ အဝေးရောက်သွားတော့မှ လင်နဲ့မယားဆိုတာက အစချည်လို့…
တူတူနေတာကောင်းတယ်ဆိုပီး နားချကြတာပေါ့။ နားချတယ်ဆိုလို့ သိပ်အထင်မကြီးပါနဲ့ဦး သူတို့ပြောတဲ့
စကားတောင် မဆုံးသေးဘူး။ လိုက်သွားမယ်လို့ ပြောဖြစ်တယ်။ သူ့ကိုလဲ လိုက်လာတော့မယ်ဆိုတော့
၂ယောက်သား လုပ်ကြရပီပေါ့။ ဒါနဲ့ သူက အဲ့ဖက်က လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းတော့
ကိုယ်လဲ ခပ်တည်တည်ပဲ register တွေလုပ်ပီး မန္တလာချမ်းကနေ ပို့လိုက်တာပေါ့။ သူကလဲ ရောက်လာတဲ့
စာရွက် တွေကို သေချာမစစ်ဆေး(ကိုယ့်ကိုယုံလိုက်တာနေမှာ..နောက်မှ ကိုယ်ဆိုတာ အတော်ရှမ်းမှန်း
သူ့ခမျာ သိသွားတာ)ပဲ ခပ်မြန်မြန်ပဲ တင်လိုက်ပါလေရော..။
အဲဒီမှာ ဗီဇာ
လျှောက် ရင် ကွာခြားတာတွေ ထပ်သိလာရပြန်ရော။ အလုပ်ဗီဇာနဲ့သူ၊ ကျောင်းသား ဗီဇာနဲ့သူတွေဆိုရင်
၁လကနေ ၃လပဲ ဗီဇာလျှောက်ရင် ကြာတယ်တဲ့။ သူ့ဗီဇာကျတော့ အနဲဆုံး ၃လကနေ ၄လ အထိကြာတယ်ဆိုပဲ။
ဒီလိုနဲ့ ကိုယ်တို့လဲ အေးဆေးပေါ့။ တင်ထားတယ်။ ကျရင်သွားမယ်ဆိုတဲ့ ပုံစံနဲ့နေလာလိုက်တာ။
ဗီဇာကျမဲ့ရက်နီးလာတော့ သူလဲမရိုးမရွ ကိုယ်လဲမရိုးမရွတွေဖြစ်လို့ပေါ့။ သူက ပိုဆိုးတာပေါ့။
လဝကရုံးလဲ ဖုန်းတွေဆက်တော့ ဟိုကလဲ ပြောလို့မရသေးပါဘူးဆိုတဲ့ အဖြေကလွဲလို့…ဘာမှမသိရ။
သူ့ခမျာ အလုပ်က အပြန်ဆို စာရောက်နေပလား ကြည့်ရတာ အမော။ ဒီလိုနဲ့ ၃လခွဲအကြာမှာတော့ စာရောက်လာပါတော့တယ်။
ရင်ခုန်စွာနဲ့ ဖွင့်ဖတ်လိုက်ချိန်မှာတော့… မျှော်လင့်မထားတဲ့ အဖြေဖြစ်တဲ့ reject ပါတဲ့။
ဖြစ်ပုံက ကိုယ် notary လုပ်ပေးလိုက်တဲ့ သူ့နာမည် စာလုံးပေါင်းက အမှားကြီးပါတဲ့။ ဒါ့ကြောင့်
စာလုံးပေါင်း အမှားဟာ တသက်စာ အမှားဖြစ်တဲ့အတွက် လိမ်တယ်လို့ ယူဆပါသတဲ့။ ဒါကြောင့် လုံးဝအဆိုတင်သွင်းတာကိုလဲ
လက်မခံတော့ပါဘူးတဲ့။ လက်ခံရင်လဲ သူတို့ rule အတိုင်းလုပ်ရင် နောက်ထပ် ၆လကနေ ၁နှစ်အထိ
ကြာမှာပါတဲ့။
ဒီလိုနဲ့
ကိုယ်တို့တွေ ရှေ့နေငှားဖြစ်ပါတယ်။ ရှေ့နေက မြန်မာပြည်လာမယ်။ သူပြန်လာရင် အလည်အပတ်ဗီဇာနဲ့
ရအောင်ခေါ်ခဲ့ပေးမယ်။ ဒီရောက်တာနဲ့ ဗီဇာပြောင်းလို့ရအောင် လုပ်ပေးမယ်။ ဘာမှ လိမ်ထားတာ
မဟုတ်တဲ့ အတွက် အမှန်အကန်တွေပဲ ဖြစ်အောင် လုပ်ပေးမယ်ပေါ့။ ဒီလိုနဲ့ ရှေ့နေမလာခင် လိုအပ်တဲ့
စာရွက်စာတမ်းတွေပြင်ပေါ့။ ဒီအခါ ရှေ့နေပါလာတော့ နည်းစနစ်တွေ ဘာတွေတော့ ကျလာတာပေါ့လေ။
အဲ့ဒီတော့ ကိုယ် လက်ထပ်စာချုပ်ရယ် ပုံစံ၁၀ ကို endorsed လုပ်ဖို့ နေပြည်တော် ဆိုတဲ့
လူမရှိပဲ မီးတွေလင်းနေတဲ့ မြို့ ကိုရောက်ခဲ့တယ်။ (နောက်မှ နေပြည်တော်သွား တောလားကိုရေးတာပေါ့)
ဒီလိုနဲ့
ရှေ့နေမလာခင်မှာပဲ စာရွက်စာတမ်းတွေ တော်တော်စုံနေခဲ့ပီ။ သူလာတော့ သွားတွေ့။ ရှေ့နေအိမ်ကို
သွားတွေ့ရတော့ သူကလဲ စိတ်မချ။ ဒါနဲ့ သူက ရှေ့နေကို ရစ် တော့ ရှေ့နေလဲ ကိုယ့်တို့နဲ့
နီးတဲ့ဆီပဲ လာတွေ့ရတယ်။ အဲ့ဒီမှာ ရှေ့နေကို မှတ်ပုံတင် ကိစ္စပြောတော့ အဲ့ဒီဟာ ပြဿနာ
တက်နိုင်တယ်ဆိုတော့ ဒါဆို မွေးစားရင်းနဲ့ ကျန်တဲ့ စာရွက်စာတမ်းတွေ ကို notary လုပ်ပီး
ပြင်ဆင်တာပေါ့။ ရှေ့နေက နဲနဲစိတ်ပူတာ အဲ့ဒီကိစ္စပဲ။ စာရွက်တွေ စုံတော့ ဘယ်နေ့တင်မလဲ
ရက်ရွေးပီး တင်မဲ့နေ့မှာ ဖြည့်ရမဲ့ ဖောင်ကို ကိုယ့်ဘာသာကိုယ်ဒေါင်းလုပ်လုပ်ပီးဖြည့်ဆိုလို့
သူက ရှေ့နေကို ဒေါသတွေထွက်ပီး ပြဿနာရှာတော့ ရှေ့နေလဲ ည ၁၂နာရီလောက်ဖုန်းဆက်ပီး တင်မဲ့နေမနက်
western park မှာတွေ့မယ်ဆိုပီးချိန်း။ စာရွက်စာတမ်းမှာ ဖြည့်တဲ့ဟာကို သူက စစ်ပေးပေါ့။
အမှန်ဆို ရှေ့နေပါ သံရုံးထဲဝင်လိုက်ပေးရမှာ။ ဆရာသမားက သံရုံးကလူကို ပြဿနာရှာထားတော့
သူလိုက်လို့မရတာ။ ချစ်ချစ်က နောက်မှသိတော့ ရှေ့နေကို ထပ်ရစ်။ ပတ်လည်ကတော့ ရိုက်နေတာပေါ့။
ဘာပဲဖြစ်ဖြစ် ဗေဒင်အချိန်အခါ အရ တင်ဖြစ်ပါတယ်။
တင်လဲတင်ရော….
တွေ့ပါပီ။ ကမ္ဘာ့အရစ်ဆုံး မြန်မာပြည်က ဂျပန်သံရုံး။ မသွားခင်ထဲက ရှေ့နေက သင်ထားတယ်။
ဗီဇာတင်တဲ့နေရာမှာ တင်ခွင့်ရခြင်း ပယ်ချခံခြင်းက အထဲက ဂျပန်ကောင်ဆယ်လာ မလုပ်ခင် အပြင်က
မြန်မာမတွေ လုပ်တာဆိုတာတွေ။ တအားရစ်တာတွေ။ မျက်ရည်ပေါက်ပေါက် ကျအောင် ဘေးကျပ်နံကြပ်ဖြစ်အောင်
လုပ်တာတွေ။ ပါဝါပြတာတွေ အစရှိတာတွေကို စုံနေအောင် ပြောပြထားခဲ့တယ်။ ဒါ့ကြောင့် သူ စိတ်တိုလွန်းအားကြီးလို့
မှန်ကို ရိုက်ခွဲပစ်ဖူးလို့ သူ့ကို ဝင်ခွင့်ပိတ်ထားတာတဲ့။ လူလဲ ပင်ပန်းလိုက်တာဆိုတာ..စိတ်ပန်းလူပန်း
အိမ်ကလူတွေလဲပင်ပန်း၊ ချစ်ချစ်မားသားကြီးလဲ ဆုတွေတောင်း ဗေဒင်မေး ယတြာ လုပ်ရတာ ပင်ပန်း။ ကာယကံရှင် ဆိုတာ
ပြောတောင်မပြောပါနဲ့။ ချစ်ချစ်ကလဲ ဂျပန်ကနေ စိတ်တွေပူပေါ့။
ဒီလိုနဲ့ တန်းစီစောင့်နေရင်း
ကိုယ့်အလှည့် ရောက်လာရော။ ကိုယ်ကအဲ့မိန်းမ (နာမည်ကြီးပေါ့ စူပါ့စူပါ့ ရစ် .. ဗမာ အချင်းချင်းညစ်တဲ့နေရာမှာ)
နဲ့ မတွေ့ချင်လို့ ပတ်ရှောင်ပေမဲ့ မရပါဘူး။ သူနဲ့ပဲထိပ်တိုက်။ ဘယ်ရမလဲ ကိုယ့်မှာလဲ
ဘုရားစာကိုပဲ တတွတ်တွတ်ရွတ်ထားတဲ့ အရှိန်ရှိတယ်။ နောက်မှာ ၂အိမ်တောင် ဆုတောင်းပေးနေမဲ့သူတွေ
ရှိတယ်။း)သူကို ကိုယ်ကြည့်နေတာ ရှေ့ကလူတိုင်း ဘယ်လောက် အသက်ကြီးကြီး သူက ဟောက်နေတော့တာပဲ။
ကိုယ်တွေက လိုတဲ့ စာရွက်တွေ စီပေးထားပေမဲ့ သူပြောတဲ့ အချိန်မှာ သူတောင်းတဲ့ စာရွက်
၁ရွက်ချင်းထုတ်ပေး Original တောင်းရင် ပေး နဲ့ပေါ့။ သူ့ရှေ့ရောက်မှ စီထားတဲ့ဟာတွေကနေ
သူတောင်းသလို လုပ်ရတော့ အနဲနဲ့အများတော့ ကြာမှာပေါ့။ စာရွက်တွေအားလုံးက အရေးကြီးတာတွေကြီးပဲဟာကို။
အဲဒါကို ရှင်တို့က
အစထဲက လုပ်လာတာမဟုတ်ဘူး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ စဉ်းစားကြည့်လေ..လိုတာတွေကို အစီစဉ်တကျစီထားတာကို
လက်မခံပဲ သူလိုတဲ့ဟာ ဟိုဖောက် ဒီဖောက်တောင်းတော့ ပေးရတဲ့သူက တစ်ယောက်တည်း တင်ရတဲ့နေရက
ကျဉ်းကျဉ်းကို။
ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်လာတာပေါ့။ ကိုယ့်ကိုလဲ ဟိုတောင်း ဒီတောင်း။
ကိုယ်ကတော့ ရှေ့နေက စီထားပေးပေမဲ့ သူတောင်းသလို ပေးရတော့ သိပ်တော့ အဆင်မပြေဘူးပေါ့။
အဲ့ဒီမှာ မှတ်ပုံတင် ပြဿနာတက်ပါလေရော။ ကိုယ်ကပြောတယ်။ မွေးစားရင်းမှာ ကြည့်ပါ။ အခြား အောင်လက်မှတ် တွေမှာ
ကြည့်ပါ။ ဖြစ်ချင်တော့ ကိုယ့်မှာ ဒီနိုင်ငံက အောင်လက်မှတ်တိုင်းမှာလဲ မွေးနေ့က အဲဒါပဲ။
ဒါကို ဆရာမ က လုံးဝ လက်မခံဘူး။ ပြန်ယူသွားပီး မှတ်ပုံတင် အသစ်ပြန်လုပ် ပီးမှ ပြန်လာခဲ့တဲ့။
ကိုယ်ကလဲ ရှေ့နေက ကိုယ့်ကို သင်လွှတ်လိုက်တယ်။ ဘယ်လိုအကြောင်းကြောင့်နဲ့မှ ပြန်မလှည့်နဲ့
မယူနဲ့တဲ့။ ဒီတော့ ကိုယ်ကလဲ အတိုက်အခံပြောတယ်။ ကိုယ်ဒီမှတ်ပုံတင်နဲ့ပဲ ဟိုနိုင်ငံမှာနေ
ဘွဲ့တွေရခဲ့တာပဲ။ မွေးစားရင်မှာလဲ အသေအချာပဲ မှတ်ပုံတင် သူ့ဟာသူ့မှားတာ လက်ခံသင့်တယ်။
ကျမကတော့ ပြန်မယူသွားနိုင်ဘူး. တခုခု ဖြစ်အောင်လုပ်ပေးပါဆိုပီး နေရာက မခွါတမ်းပေါ့။
မှတ်ပုံတင် အသစ်ပြန်လုပ်လို့ မရလို့ ဒီလို မွေးစားရင်း တွေဘာတွေ ပြင်ဆင်လာတာဆိုပီးပြောရတာပေါ့။
တကယ်လဲ မှတ်ပုံတင်ရုံး သွားပီးသွားပီ။ သူတို့က လုံးဝ မပြင်ပေးနိုင်ဘူး ဆိုတဲ့အဖြေကလွဲလို့
ဘာမှမပေးဘူး။ ဒီမှာ ဒါဆိုရင်လဲ လဝက က မှတ်ပုံတင်အသစ်
မလုပ်ပေးနိုင်ကြောင်း ထောက်ခံစာ ကို နောက်နေ့လာပေးတဲ့။ (ဟာ…စိတ်ထဲက သိလိုက်တယ်။ ဘယ်လိုမှ
မဖြစ်နိုင်တဲ့ ကိစ္စ) ဒါပေမဲ့..ဟုတ်ကဲ့ လာပေးပါ့မယ်ဆိုပီး ပြောတော့မှာ ၁၂ ရက်နေ့ တင်တာ
၁၆ ရက်နေ့လာခဲ့ဖို့ စာထုတ်ပေးတယ်။ ဗီဇာတင်ပီးတော့ ရင်ထဲက အလုံး ၁လုံးကျသွားတယ်။ သံရုံးအထွက်မှာ
အိမ်ကိုချက်ချင်းပြေး မှတ်ပုံတင်ရုံးသွားဖို့ ပြင်ရတယ်။ ဖြစ်ချင်တော့ ကိုယ်က အိမ်ကနေ
သူ့အိမ်လိပ်စာပြောင်းထားတော့ အလုပ်ကို ပိုရှုပ်တာပေါ့။
ဒီတော့ အရင်ဆုံး
ပုံစံ၁၀မူရင်းလိပ်စာကိုသွား အကျိုးအကြောင်းပြောပြတော့ သူတို့က လိပ်စာသစ်ကို ပြန်သွားပေါ့။
သွားရပါတယ်။ သြော် အဲလို မသွားခင် ပြောရပါဦးမယ်။ အဲ့ဒီဌါနက တပွင့်နဲ့သူက ကိုယ့်ဘာသာ
အမှားဖြည့်တာ ကျမတို့ရုံးက မမှားဘူးတဲ့။ ဒါကို အစထဲက မသိဘူးလားတဲ့ အပြစ်ပြောတာ ခံခဲ့ရပါတယ်။
ကိုယ်တို့ကလဲ အဲ့အချိန်က အရမ်းငယ်တော့ အရေးကြီးမှန်းလဲ မသိတော့ နံပါတ်ကလွဲလို့ မဖတ်မိဘူးလို့ပြောမိတယ်။
အဲ့ဒီကနေ လိပ်စာသစ်ဌာနကို ရောက်တော့ ခပ်ဝဝ နဲ့တပွင့်က ဘာပြောလဲဆိုတော့ လုံးဝ မဖြစ်နိုင်ဘူး။
အသစ်လဲ လဲမပေးနိုင်ဘူး။ လဲမပေးကြောင်းထောက်ခံစာလဲ မပေးနိုင်ဘူးဆိုပီး မျက်နှာထားတင်းတင်းနဲ့
ပြောလေရဲ့။ ကိုယ့်ဘာသာ ကိုယ်မှားဖြည့်တာ ဒီရုံးလာ အမှုပတ်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့။
အဲဒီလူကို ရန်ဖြစ်ချင်လိုက်တာ တအား။ မမက လက်ကုတ်ပီး အတင်းဆွဲလို့သာ။
ဒီလိုနဲ့
တခြားတပွင့်နဲ့ လူက ညီမတို့.. မြို့နယ်မှူးနဲ့ဝင်တွေ့လိုက် အဆင်ပြေအောင် လုပ်ပေးလိမ့်မယ် ဆိုတော့
မြို့နယ်မှူးကို တွေ့ဖို့စောင့်ရင်း မမက ဘာရယ်မဟုတ် ရုံးခန်းထဲက ဆိုင်းဘုတ်မှာ
မှတ်ပုံတင်ပြင်ဆင်ခွင့်နှင့် ပက်သက်ပီး
လိုအပ်သည့် စာရွက်စာတမ်းဆိုတာကို စာအုပ်မှာ ကူးလိုက်တယ်။ ကိုယ်ကလဲဖတ်မိတယ်ဆိုတော့ မှတ်ပုံတင်ဆိုတာ
ပြင်လို့တော့ ရတာပဲဆိုတဲ့ အသိရှိသွားတယ်။ ။ အကျိုးအကြောင်းကို မြို့နယ်မှူးနဲ့ပြောပြတော့။
သူကသဘောကောင်းပါတယ်။ အမျိုးစုံ ရှင်းပြတယ်။ ဘယ်လိုမှ မကူညီနိုင်ဘူးတဲ့။ အမိန့်ထုတ်ထားတယ်တဲ့။ဒါဆို
ထောက်ခံချက်လေး လုပ်ပေးပါ ဆိုတာတောင် မရဘူး။ လူလဲ မျက်နှာငယ်လေးနဲ့ပေါ့။ ဘယ်လိုမှ မကူညီနိုင်တော့ဘူး
ဆိုရင်လဲ အတတ်နိုင်ဆုံး ဘာမှလုပ်ပေးနိုင်မလဲ စဉ်းစားပေးပါဆိုပီး ဘဝမှာ ပထမဆုံး အသနားခံခဲ့ရသည်ပေါ့။
သူလဲ ညစ်နေတဲ့ပုံပေါ့။
အဲ့ဒီမှာ
ခေါင်းထဲ အလင်းတန်းတစ်ခုဝင်လာတယ်။ ဦးရယ်..ဒါဆိုရင် နိုင်ငံသားတွေအတွက် မှတ်ပုံတင်အသစ်ပြင်ရင်
လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကို အပြင်မှာ ဘာလို့ကပ်ထားတာလဲလို့ မေးတော့တာပေါ့။ ဒီမှာ
သူက ဘာလဲ..ဘယ်မှာလဲဆိုတော့ ဦးရုံးအပြင်မှာ ရေးထားတာလေ ဆိုတော့ သူအပြင်ထွက်ကြည့်တယ်။
ဒါက ဘယ်လို လူမျိုးတွေ အတွက်လဲလို့ ကိုယ်လဲမေးမိတယ်။ ဒီမှာ သူလဲ ကိုယ့်ကို နဲနဲဖြုံသွားတယ်ထင်တယ်။
ချက်ချင်း သူ့ထက် ကြီးတဲ့သူ ဆီ ဖုန်းကောက်ဆက်တော့ ဟိုက လဲပြောတယ်။ သူသိပ်မသိဘူး ဒါပေမဲ့
အဲ့ဒါ ဝန်ထမ်းနဲ့ ကျောင်းသားအတွက်ပဲတဲ့။ ဒီတော့ ကိုယ် အကွက်ပိုတွေ့သွားတယ်။ ဟင်..ဒါဆို
ဝန်ထမ်း မဟုတ်သူ နဲ့ ကျောင်းသား မဟုတ်တော့တဲ့သူက နိုင်ငံသားတွေ မဟုတ်တော့ဘူးလား။ ဒါဆို
သမီးလိုမျိုး နိုင်ငံသားတွေက ဘဝမှာ တသက်လုံး မှတ်ပုံတင် အမှားကို ကိုင်နေရတော့မှာလား လို့
ပြန်မေးလိုက်တယ်။ ဒါဆို သမီးတို့နိုင်ငံက သမီးတို့ကို မတရားဘူးထင်တယ်လို့ပါ ဆက်ပြောလိုက်တော့
သူလဲ ဘာပြန်ပြောရမှန်း သိပုံ မရဘူး။ ဒါနဲ့ပဲ သူက ခုနက အထက်လူကြီးနဲ့ ဖုန်း ထပ်ဆက်တော့
နောက်လူတစ်ယောက်ကိုမေးကြည့်ဆိုတော့ နောက်လူတစ်ယောက်နဲ့တွေ့တော့မှ နိုင်ငံသား
အစစ်အမှန်ဆိုရင်
နိုင်ငံသားခံစားခွင့်အတိုင်း မှတ်ပုံတင် ပြင်ခွင့်ရှိတယ်တဲ့။ ဒီလိုနဲ့..မှတ်ပုံတင်
ပြင်ဖို့ အဆင်ပြေသွားတယ်။ ဒါဆိုရင် သမီး ဒီမှာ မှတ်ပုံတင် အသစ် လျှောက်ထားဆဲ ဖြစ်ကြောင်း
ထောက်ခံချက်လေးရေးပေးမှာလားဆိုတော့..ဘာထောက်ခံချက်မှ မရေးပေးဘူး။ ဒါမဲ့ ဒီရုံးကနေ ရုံးစာနဲ့ထွက်အောင်
ချက်ချင်းတော့လုပ်ပေးမယ်။ ဒါကိုပဲပြပေါ့ဆိုတော့.. အဲ့ဒီစာကို ယူပီး ကိုယ့်ရဲ့ မှတ်ပုံတင်စ
လုပ်တဲ့ ရုံးကိုလာ..လူမရှိတော့အဲ့ဒီနေ့က အဆင်မပြေဘူး။
ကိုယ်ကတော့
မနက်အတွက် စီမံကိန်းဆွဲရတယ်။ ရဲစခန်းထောက်ခံချက်လဲ လိုတယ်ဆိုတော့ ညဖက် ယောက်ခမအိမ်
သွားအိပ်ရမယ်။ ဒီတော့ မနက်ကို မမက သမီးက ယောက်ခမ
အိမ်ကနေ ဟိုရုံးသွားပီးရင် မြို့ထဲသွားပီး notary လုပ်မယ် ပီးရင် သံရုံးသွားမယ်ပေါ့။
မမက အိမ်ကလာ ဒီရုံးမှာတွေ့မယ်။ လူကြီးကို ကန့်တော့မယ် စီစဉ်ထားတာ။ ဒီလိုနဲ့ ည ၇ နာရီမှာ
ယောက်ခမအိမ်သွား မနက်ကျတော့ ချစ်ချစ်အဖေက ရုံးမသွားခင် ရဲစခန်းလိုက်ပို့ ပီးတော့ ရုံးအသွားမှာ
ဝင်ချပေးထားတယ်။ တော်သေးတယ် စောသွားတော့ မြို့နယ်မှူးက ကွင်းဆင်းတော့မှာ ..ဒါနဲ့ လိုအပ်တာ
ထပ်လုပ်ပေး ရိုက်စရာရှိတာ ဖြည့်စရာရှိတာတွေ လုပ်ပေးရင်း သွားတော့မှာ ဆိုတော့ မမကိုဖုန်းဆက်ခေါ်တော့
ချက်ချင်းရောက်လာတယ်။ လူကြီး မသွားခင် ကျေးဇူးတင်ကြောင်း အခါခါပြောပီး ကန့်တော့လိုက်တယ်။
(ဘဝမှာ ဒီတခါ ကန့်တော့ရတာ အတန်ဆုံးပဲ)စိတ်ပါ လက်ပါကို ကန့်တော့မိတာ။ လက်နှိပ်စက်ရိုက်တဲ့
ဦးလေးကြီးတွေ ကူညီသူမှန်သမျှ မလပ်စေရပါဘူး။ လုပ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းထောက်ခံစာနဲ့
စာရွက်စာတမ်းတွေစုံတော့မှ ပထမဆုံး သူ့ရုံးကနေ
ရုံးဖိုင်တွဲနဲ့ သက်ဆိုင်ရာ မြို့နယ်ရုံးကို သွား။ အဲ့မှာ တခါစောင့် ရတော့ ဒီဖက်ရုံး
ပြန်လာ။ တော်သေးတယ်.. မြို့နယ်မှူးက အပြင်ထွက်ခါနီးဆိုတော့ လိုတာတွေ ဖောင်ဖြည့်ဖို့ပြော
ပီး သူက လက်မှတ် အရင်ထိုးပေးထားပေလို့ ကိုယ်ရောက်တော့ သူမရှိဘူး။ အဲ့ဒီက စာရွက်ရမှ
မမက ဟိုဖက်ရုံးပြေး ကိုယ်က စီစဉ်ထားတဲ့အတိုင်းလုပ်နဲ့ နောက်ဆုံး သံရုံး ပိတ်ကာ နီးလေး
ရောက်ပီး တောင်းထားတဲ့ စာရွက် လာပေးတာပြောပီး….ဟူးးးးးးကနဲ သက်ပြင်းချဖြစ်တယ်။ ကိုယ့်ဖက်က
တာဝန်ပီးပီ။
၁၆ ရက်နေ့ကို
ရင်ခုန်စွာနဲ့ စောင့်ပေါ့။ မတ်လ ၁၄ ရက်နေ့… ကိုယ့်မှာ မှတ်ပုံတင်ကိစ္စနဲ့ အလုပ်တွေ ရှုပ်ပီးတော့
ဂျပန်မှာ တင်ထားခဲ့တဲ့ မှားနေတဲ့ notary ကို မှားသွားပါတယ်ဆိုတဲ့ အကြောင်း ထောက်ခံချက်အတွက်
အလုပ်ထပ်ရှုပ်တယ်ဆိုပါတော့။ ဒီအချိန်မှာ ဖုံးဝင်လာတယ်။ သံရုံးက ချစ်ချစ်နဲ့ ပက်သက်တဲ့
စာရွက် ထပ်တောင်းတယ်။ ဟာ….ကိုယ်လဲ ပျာသွားတယ်။ ရှေ့နေကို ဖုန်းထပ်ဆက်တယ်။ ရှေ့နေက ဒါတော့
သူလဲ မတတ်နိုင်ဘူးတဲ့။ ဒါ သတ်သတ်ရစ်တာတဲ့။ ပေးထားတဲ့ စာရွက်တွေက ဥပဒေအရ ဟာကွက်မရှိဟာကို
ဒီလိုရစ်တာ တခါမှ သူမကြုံဖူးသေးဘူးတဲ့။ သြော် ဗမာတွေ…ရစ်ပုံ။ ဒီလိုနဲ့ သူ့ဆီ ဖုန်းဆက်ပီး
ပြောတော့။ ဒါဆို fax နဲ့ပို့ပေးမယ်ပြောတယ်။ ဒါနဲ့ ကိုယ်လဲ သံရုံးကိုဖုန်းဆက်ပီး ဖက်စ်နံပါတ်မေးတော့
သူတို့က လက်မခံဘူး။ ကိုယ်လဲ နဲနဲစိတ်တိုလာတော့ ပြန်ရစ်နေပီ။ ဟုတ်တယ်လေ။ တော်ရုံပဲ ကောင်းတယ်။ဘေးက
သူငယ်ချင်းအမကြီးက ဟဲ့ဟဲ့.. ခုချိန်မှာ ကိုယ်က အောက်ကလေ..သွားမတင်းနဲ့ဆိုပီး ဘေးကနေ
အော်နေတယ်။ ဖက်စ်နဲ့မဟုတ်ရင် ကျမ ဘယ်လိုပို့ပေးရမလဲဆိုတော့ ပို့ချင်တာနဲ့ပို့တဲ့ ရောက်လာမှ
ဆက်လုပ်မယ်ဆိုတော့ တင်းပီပေါ့။ ဒါနဲ့ပဲ သူ့ဆီပြောတော့ သူလဲ ဒေါတွေကန်တာပေါ့။ သူလဲ အလုပ်ဖျက်ပီး
လိုတဲ့စာရွက် သွားယူပီး သံရုံးကို fax နံပါတ်ရှာပီးပို့ပေးလိုက်တယ်။ အေးရော။ ကိုယ့်ဆီကိုတော့
အင်တာနက် ကနေ မေးလ်နဲ့ ပို့ပေးတယ်။ ကိုယ် အဲ့ဒါလဲရရော သံရုံးတန်းပြေးတော့ ပိတ်ခါနီးပဲ ရောက်သွားတယ်။
အဲ့ဒီနေ့က ချစ်သူ့မွေးနေ့ မတ်လ၁၄ ရက် သူနဲ့ကိုယ် မကြည်နူးအားဘူး။ စိတ်တွေ ရှုပ်ရတဲ့
နေ့ပဲ။ အဲဒီနေ့က
အိမ်ကလဲ တော်တော်နဲ့ ပြန်မလာတော့ အားလုံးက စိတ်တွေပူ။ အားလုံးပီးမှ ကိုယ်သံရုံးက ထွက်မှ
တင်းထားသမျှ ငိုသံနဲ့ဖုန်းဆက်ဖြစ်တယ်။ ခုမှ သံရုံးက ပြန်ရတယ်လို့။ အိမ်ပြန်ရောက်တော့
အိမ်သားတွေကို အားလုံးပြောပြရတယ်။ တအိမ်လုံးဆိုတာ ကိုယ်ဗီဇာလျှောက်တာ အစားအသောက်ပျက်
အလုပ်ပျက်နဲ့ ကိုယ့်ကိုကြည့်ပီး ရင်မော စိတ်မော။ ကိုယ်တိုင်ကရော ပြောမနေနဲ့ ချစ်ချစ်ဆိုလဲ
ပူလိုက်ရတာ။ ယောက်ခမတွေဆိုတာလဲ စိုးရိမ်လိုက်ရတာ။ နောက်ဆုံး အိမ်ကသူတွေက ပြောတယ် ဂျပန်ကို
အလည်တောင် ဘယ်တော့မှ မလာတော့ဘူးတဲ့…။
အဲဒီနေ့ နဲနဲ အေးဆေးသွားမှ မမကပြောတယ် ..စိတ်မဆိုးနဲ့ဦးတဲ့
နောက်ဆုံးကျတော့ မှတ်ပုံတင်မှာ ဖြည့်တဲ့data အားလုံးအမှန် ကိုယ့်ကိုထုတ်ပေးတဲ့ အရာရှိရဲ့
အမှား။ ကိုယ်ဆိုတာ ဒေါသတွေများ အလိပ်လိုက်ထွက်တာ။ မမက လျှော့လိုက်တော့ဆိုလို့သာ။ ဟင်းးးးး
ဒီလိုနဲ့
၁၆ ရက်နေ့ ။
ညက အိပ်လို့တောင်မရ။
တအိမ်သားလုံးလဲ အိပ်မပျော်ကြ။ ချစ်ချစ်လဲ အိပ်မပျော်တော့ ဖုန်းထိုင်ဆက်နဲ့ ပေါ့..။ဒီလိုနဲ့
နာရီသံ တွေ တချက်ချက်ကနေ အချိန်တွေကုန်လာလိုက်တာ နဲ့အမျှ ရင်ခုန်သံတွေ မြန်လာလိုက်တာ။
တကယ်ပါ။ ချစ်သူနဲ့စတွေ့တုန်းကတောင် အဲလောက်ရင်မခုန်ခဲ့ဘူးဘူး။ သံရုံးကို တစ်ယောက်တည်းတောင်
မသွားရဲတော့အောင် သတ္တိတွေပျောက်ဆုံး ကုန်လေရဲ့။
နေ့လည် ၂နာရီလောက်မှ
သွားပီ…ဗီဇာသွားယူတယ်။ အံ့သြစရာ ကောင်းတာက ဘဝမှာ တခါမှ အဲ့သည်လောက် မပျော်ခဲ့ဘူးဘူး။
ကိုယ် ဗီဇာရတယ်။ ၁လတဲ့။ အိုး…. ကိုယ့်အပျော်မှာ မျက်ရည်စတွေနဲ့… ကိုယ့်ညီမက ကိုယ့်ကိုပြုံးလို့..ချက်ချင်းပဲ
ကိုယ်သံရုံးကအထွက် ချစ်ချစ်ဆီက ဖုန်းအလာ ဝမ်းသာစရာ သတင်းပြောပီး အိမ်ကိုချက်ချင်းဆက်
ပီးတာနဲ့ ယောက်ခမ ပီးတော့ .. သူငယ်ချင်း များစွာ … ပီးတော့ ရှေ့နေဆီ.. အားလုံးလဲ ကိုယ်နဲ့အတူ
အပျော်တွေဝေ..လို့ပေါ့…။ ကိုယ်..နောင်ဆို ဘယ်တော့မှ မြန်မာပြည်က ဂျပန်သံရုံးကို ခြေဦးမလှည့်တော့ဘူးလို့
ဆုံးဖြတ်လိုက်တယ်။ ကိုယ့်မှာ ဘယ်လောက်ခြောက်လှန့်လဲဆို သံရုံးရှေ့က ကားဖြတ်သွားမိရင်တောင်
အဲ့ဒီဖက်ကို လုံးဝမလှည့်ဘူး။ ဇတ်ကနဲဆို လှည့်ဖြစ်တယ်။ ညီမကလဲ ပြိုင်တူလှည့်မိတော့ အကြည့်ချင်းဆုံသွားတဲ့အခါ
ကိုယ်တင်မဟုတ် ကိုယ့်ညီမပါ စိတ်နာသွားတယ်ဆိုတာ သိလိုက်တယ်။ ဘယ်တော့မှ အဲဒီဖက် ခြေဦးမလှည့်လို…။
ဒီလိုနဲ့
မှတ်ပုံတင်ကိစ္စလဲ အဆင်ပြေသွားတယ်။ ဒါတောင် ကိုယ် မြို့နယ်ရုံးကို သွားတော့ ခပ်ဝဝနဲ့
တပွင့်ကို ကလိခဲ့သေးတယ်။ ဒါဆို ကျမဖက်က data အမှန်ဆိုတော့ တရားစွဲလို့ ရပီနော်လို့ပေါ့။
သူလဲ လန့်သွားတယ်။ ဒါနဲ့ ကိုယ့်ကေ့စ်ကို လိုက်မေးတော့ ကိုယ် သူ့ကို ခပ်ဝင့်ဝင့်ပြောခဲ့တယ်။
ကျမ မှတ်ပုံတင် အသစ်ရပီလို့.။ ဘာပဲဖြစ်ဖြစ် ရန်စကားတော့ မပြောဖြစ်တော့ဘူး။ ဘာလို့ဆို
မနက်ဖြန် ချစ်ချစ်ဆီသွားတော့မယ်လေ…။ အဲ့ဒီနေ့က
မှတ်ပုံတင် အသစ်လေးကိုင်လို့ ပျော်ရွှင်စွာ ပြန်ခဲ့တယ်။
သြော် ..ပြောဖို့ မေ့နေတယ်။
မြို့နယ်မှူးက ကိုယ့်ကို နောက်ဆုံး ပြောလိုက်တဲ့စကား .. နောက်ဆုံးတော့ ပြည်သူနဲ့ဝန်ထမ်း
လက်တွဲညီတော့လဲ အဆင်ပြေတာပေါ့တဲ့…။ အဟက် ..ကိုယ်ပြုံးပဲပြမိတယ်.. စိတ်ထဲကတော့ သူတို့အမှား
ကိုယ့်အမှားလုပ်လို့….ဟွန်း…
Subscribe to:
Posts (Atom)