ကလေးတွေကို ဘယ်အချိန်စာဖတ်ပြလို့ ရလဲဆိုတော့ အိမ်က သမီးကို ကိုယ်ကတော့ ၄လလောက်ထဲက ဖတ်ပြပါတယ်ဆို ယုံကြမလား။ ဘယ်လို စာအုပ်တွေဖတ်ပြလဲဆိုတော့.. အရုပ်လေးတွေ ပါတဲ့ စာအုပ်တွေပေါ့။ အဲ့ဒီအရွယ် ကလေးတွေ အတွက် စိတ်ဝင်စားစေဖို့က အရောင်တောက်တောက်လေးတွေ ပါတဲ့ စာအုပ်တွေက သူတို့နဲ့ အသင့်တော်ဆုံးပါပဲ။ စာမပါတဲ့ ပုံတွေရေးထားတဲ့ စာအုပ်လေးတွေကို ကိုယ်အဆင်ပြေသလို ပြောပြဖတ်ပြပေးပါတယ်။ ဥပမာ.. ကြောင်ရုပ်ပုံ ပါတယ်ဆိုပါတော့ ဒါလေးက ကြောင်ကလေး သစ်ပင်ပေါ်ကို တက်လို့ပြေး.. ညောင်ညောင်အော်လို့ မေမေရှာ သနားစရာ ကြောင်ကလေးပါ ဆိုပီး.. အကြံအဖန် ပါးစပ်ထဲတွေ့ကရာတွေ နဲ့ ဖတ်ပြပေးတာပါ။ နောက် စက်ဝိုင်းပုံအရစ်ရစ်လေးတွေဆို ရစ်တယ်ရစ်တယ် လှည့်တယ်လှည့်တယ်...နဲ့ သူတို့စိတ်ဝင်စားအောင်ဖတ်ပြပေးရပါတယ်။ အဲ့ဒီအခါ သူတို့က စာအုပ်တွေ ဖတ်ချင်လာတယ်။ စာအုပ်တွေကို လှန်တယ်။ မေမေပြောသလို ကြောင်ကလေးလို အော်တယ်။ အစရှိသဖြင့် စာဖတ်ချင်လာအောင် ဆွဲဆောင်ရပါတယ်။ စာအုပ်တွေကလည်း ဈေးကြီးတဲ့အခါ ကိုယ်ပိုင်စာအုပ်တွေ ၀ယ်သလို စာကြည့်တိုက်တွေက စာအုပ်ငှားပီး ဖတ်ပြပေးပါတယ်။
ဒီမှာက ဆရာမတွေ မြို့နယ်ရှိ မိုးလုံလေလုံ ကလေးကစားကွင်းတွေဆို တပတ်မှာ ၂ခါလောက် စာဖတ်ပြပေးပါတယ်။ အချို့နေရာဆို ညနေ အိမ်ပြန်ချိန်မှာ စာဖတ်တာတို့ သီချင်းဆိုတာတို့ လုပ်ပေးပါတယ်။
အိမ်က ဘေဘီကတော့ စာဖတ်တာကို ၀ါသနာပါလာပါတယ်။ ကလေးတွေကို စာဖတ်ပြခြင်းအားဖြင့် ကလေးတွေ ဗဟုသုတ ပိုကြွယ်ဝစေပါတယ်။ ကဗျာတွေ ရွတ်ဆိုရင်း ကလေးတွေဟာ စကားပိုသွက်တယ်လို့ ထင်ပါတယ်။ အိမ်က ဘေဘီကတော့ ၂နှစ်မပြည့်ခင်ထဲက တော်တော် စကားတတ်ပါတယ်။ ကိုယ်ထင်တာတော့ သမီးက ကဗျာတွေရွတ်လို့လို့ ထင်ပါတယ်။
စာဖတ်တဲ့အခါ အပြင်ကို ထွက်ရင် သမီးလေးက စာအုပ်ထဲက အကြောင်းအရာလေးတွေ ကို အပြင်မှာတွေ့ရင် သိပ်ပျော်ပါတယ်။ စာဖတ်ရင်းလဲ အမေးအဖြေလုပ်လို့ရပါတယ်။ တခါတလေ စာအုပ်ကိုင်ထားပီး သမီးလေးရေ.. ဧည့်ခန်းထဲမှာ ဘာတွေရှိလဲ သမီးစဉ်းစားပီး ပြောဆို ..သူသိသမျှပြောပါတယ်။ ဒီလိုနဲ့ စာအုပ်တွေထပ်ထပ်ဖတ်တယ်ပေါ့..။ သမီးက ခူကောင် caterpillar လေး ကြီးလာရင် လိပ်ပြာလေးဖြစ်မယ်ဆိုတာ သိသလို လိပ်ပြာလေးတွေကြောင့် အပင်တွေ ပန်းတွေပွင့် အသီးတွေသီးတယ်ဆိုတာ သိပါတယ်။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးပါ။
သူ့အဘိုးအဘွား ဦးလေးအန်တီတွေနဲ့ စကားပြောရင်လဲ သူတတ်သလို စာဖတ်ပြသေးတယ်။ အဲ့ဒါအပြင် သူ့ကို မဖတ်ပြဖူးတဲ့ စာအုပ်တွေကိုလည်း အရုပ်ကြည့်ပီး ဖတ်ပြတတ်သေးတယ်။ လူလည်မလေးပေါ့။ စာအုပ်ထဲက ရေသူမတို့ အကြောင်းဖတ်ရင် ရေသူမက ဘယ်မှာနေလဲ ပင်လယ်ထဲမှာနေတယ်။ ပင်လယ်ကို သူတွေ့ရင် မေမေ ရေသူမလေးတွေ ရှိတယ်နော် လို့သူပြောမယ်။စာအုပ်ဖတ်ရင်း ဘာကောင်းတယ် မကောင်းဘူးဆိုတာ ရှင်းပြရတယ်။ အဲ့သည်လိုနဲ့ ကလေးတွေကို စာအုပ်လေးတွေဖတ်ပြရင်း သူတို့လေးတွေကို စာဖတ်ဝါသနာပါအောင် ဆွဲဆောင်ကြပါစို့။
ကလေးတစ်ယောက်ကို စာဖတ်ပြရတာ အင်မတန်မောပါတယ်။ ဟန်ရယ် အသံရယ် အမျိုးစုံ လုပ်ရလို့ပါ။ ကိုယ်က အင်္ဂလိပ်လိုနဲ့ ဗမာလို တစ်ခါထဲ ပြောပြဖြစ်ပါတယ်။ ဥပမာ ဘုရင်ကြိး King နဲ့ ဘုရင်မကြီး Queen တို့ castle ရဲတိုက်တို့ princess မင်းသမီးလေး တို့ prince မင်းသားလေးတို့ အစရှိသဖြင့် အင်္ဂလိပ်လို စကားလုံးလည်း ကြွယ်ဝစေပါတယ်။ သမီးလေး အင်္ဂလိပ်လို စာလုံးတော်တော်များများကို မြန်မာလိုနဲ့ တွဲသိနေဖို့ ကိုယ့်ရဲ့ ကြိုးစားမှုပါ။ သူကလည်း သင်ယူနိုင်သူဆိုတော့ ပင်ပန်းပေမဲ့ ပျော်ရပါတယ်။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Tuesday, April 19, 2016
Saturday, December 29, 2012
အိမ်လမ်းရွာကြောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း
![]() |
| Photo from Facebook |
ရေသန့်ဗူး...ကြွပ်ကြွပ်အိတ် ...ဘီယာဗူး...တွေ။
အို..လွယ်လိုက်ကြတာ။ .သောက်လိုက်ကြ .ဟော... ပစ်လိုက်ကြ။
ပြောကြတယ်.. အမှိုက်ပုံ မတွေ့လို့ ။ အမှိုက်ပုံ မရှိလို့။
ဟုတ်ပါတယ်။ အမှိုက်ပုံလည်း မရှိ အမှိုက်ပုံလည်း မတွေ့တော့ လမ်းပေါ် သွားရင်း လာရင်းပဲ ပစ်လိုက်တယ်။
ကောင်းပါတယ်။ လတ်တလော ကိုယ့်အတွက်တော့ ရှင်းသွားတာပေါ့။ အဲ..ရှင်းမသွားတာက လမ်းပေါ်မှာ။ အဲသည်လမ်းဆိုတာကလဲ ကိုယ်လျှောက်နေတဲ့လမ်း။ ပြည်သူတွေ သုံးနေတဲ့လမ်း ...ဟော ကြည့်လိုက်စမ်း... လေအဝှေ့နဲ့ ရွေ့လာတဲ့ ကြွပ်ကြွပ်အိတ်တွေ .....မြန်မာပြည်ရဲ့ ဟိုမှာဒီမှာ မြင်တွေ့နေကျ..မရိုးနိုင်တဲ့ မြင်ကွင်းတွေပေါ့။
အခု..မြန်မာပြည်က အပြောင်းအလဲကို ဦးတည်လာပီ။ ဒီလို ဦးတည်လာချိန်မှာ အစိုးရ ကြီးပဲ ပြောင်းလဲ လို့မရပါဘူး။ လူတိုင်း လူတိုင်းမှာ တာဝန်သိစိတ်တွေ တာဝန်ယူမှူတွေ လိုလာပါပီ။ အခုပြောချင်တာက အမှိုက် ကိစ္စပါ။
ဟုတ်ပါတယ်...
အမှိုက်ကောက်တာ စည်ပင် အလုပ်ပါ။ သို့သော်..... အမှိုက်ပုံး မရှိတိုင်း လမ်းပေါ်လွှင့်ပစ်ထားသမျှ စည်ပင်က ဘယ်လိုရှင်းလို့ နိုင်မှာလဲ စဉ်းစားကြည့်ကြပါ။ လူပေါင်း သောင်းခြောက်ထောင် လွှင့်ပစ်ထားသမျှ စည်ပင်က အချိန်မှီ ရှင်းနိုင်ပါ့မလား နဲနဲလေး ဖြစ်ဖြစ် တွေးကြည့်ကြပါ။
ဒီတော့..... ဘယ်လိုဖြေရှင်းမလဲ။
လွယ်ပါတယ်။
၁။ ဘီယာဗူးရောင်းသူတွေ ဘီယားဗူး ပစ်ဖို့ အမှိုက်ပုံးကို မိမိတို့ ဆိုင်ရှေ့ အများ ပြည်သူ ပစ်လို့ရအောင် လုပ်ပေး ထားလို့ရပါတယ်။
၂။ အချိုရည်ရောင်းသူတွေ ရေသန့်ရောင်းသူတွေ အနေနဲ့လည်း မိမိတို့ဆိုင်ရှေ့မှာ ပစ်လို့လွယ်အောင် အမှိုက်ပုံး ထားပေးလိုက်ပါ။
၃။ အခုဆို မြန်မာပြည်မှာ ဆူပါမားကတ်တွေ အများကြီးပေါ်လာပါပီ။ အဲ့ဒီလိုဆိုင်တွေရဲ့ ရှေ့တွေမှာ ဗူးသတ်သတ် ပုလင်းသတ်သတ် ပလတ်စတစ်သတ်သတ် နဲ့ အခြားအမှိုက်ပုံးတွေကို ထားပေးသင့်နေပါပီ။ဒါမှ ကိုယ့်အားပေးသူတွေ သုံးဆောင်ပီးတဲ့အခါ ဒါမှမဟုတ် အိမ်က ဈေးဝယ်ထွက်တဲ့အခါ အမှိုက်တွေ သယ်ပီး ပစ်လို့ ရနိုင်သလို လတ်တလော ဝယ်ယူအားပေး သုံးစွဲသူတွေနဲ့ လမ်းသွား လမ်းလာအချို့ အလွယ်တကူ အမှိုက်ပစ်လို့ ရသွားနိုင်ပါတယ်။
၎။ ဈေးတွေမှာ စည်ပင်အနေနဲ့ သီးသန့်အမှိုက်ပစ်ဖို့ နေရာ လုပ်ပေးထားလိုက်ပါ။
၅။ ရက်ကွက်အလိုက် မြို့နယ်အလိုက် သန့်ရှင်းမှုကို ပူးပေါင်း ဆောင်ရွက် သော အားဖြင့် အမှိုက်ပုံ သီးသန့်လေးတွေ ထားပေးခြင်းဖြင့်လည်း ပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်။
၆။ စားသောက်ကုန် ပစ္စည်းရောင်းသူတွေ ကလည်း အားပေးဝယ်ယူသူတွေ သုံးစွဲပီးတဲ့ အမှိုက်တွေကို တာဝန်ယူသိမ်းဆည်းပေးပီး အမှိုက်ပုံးထားစေချင်ပါတယ်။
၅။ လမ်းဘေး ဆိုင်တွေ အနေနဲ့လည်း မိမိဆိုင်က ထွက်သမျှ အမှိုက်တွေကို စနစ်တကျ ရှင်းလင်းပစ်ဖို့လိုပါတယ်။ အမှိုက်တွေကို စုပီး စည်ပင်က သတ်မှတ်ထားတဲ့နေရာမှာ သွားရောက် လွှင့်ပစ်လို့ရပါတယ်။ (စည်ပင်ကတော့ နေရာ သတ်မှတ်ပေးရပါမယ်)
၆။ ပွဲတော် လုပ်ပီဆို ပွဲတော်စီစဉ်သူက အမှိုက်ပစ်ဖို့က အစ စဉ်းစားဖို့လိုပါတယ်။ ဘယ်လို လုပ်မလဲ..။ လွယ်ပါတယ်။ အမှိုက်ပစ်ဖို့ နေရာသတ်သတ်ထားပါ။ အဲ့ဒီနေရာကတော့ အရမ်းမဝေးဖို့တော့ လိုပါတယ်။ သွားရေးလာရေး ခက်နေရင်လဲ မဖြစ်နိုင်လို့ပါ။ ဒီတော့ အစားအသောက်တွေ ရောင်းတဲ့ ဆိုင် အနီးအနားမှာ အမှိုက်ပစ်ဖို့ သတ်သတ်နေရာပေးစေချင်ပါတယ်။ ဒါမှ စားသောက်ပီး တိုင်း အမှိုက်ပစ်ဖို့ ရှာရတာ လွယ်ကူမှာပါ။
(အမှိုက်တွေကို လက်ရှိအခြေအနေအရ ခွဲခြားမပစ်နိုင်သေးရင်တောင်မှ အမှိုက်ပုံးများထားပေးခြင်းဖြင့် ကူညီပေးကြစေလိုပါတယ်။)
ဒါတွေက ဝန်ဆောင်မှူအပိုင်းပေါ့။ ဒါမှသာ စည်ပင် အမှိုက်ကားက အလွယ်တကူ လာရောက် သိမ်းယူလို့ရနိုင်ပါတယ်။
ပြည်သူတွေဖက်ကရော....
အကယ်၍ ပစ်စရာ အမှိုက်ပုံး မတွေ့ဘူးဆိုပါစို့။ အလေးခံပီး သယ်ပါ။ အမှိုက်ပုံးတွေ့မှ ပစ်ပါ။ ဒီလို အသိစိတ်လေးတွေ ကိုယ်စီ ရှိပါ။ တနေရာမဟုတ် တနေရာမှာ အမှိုက်ပုံးရှိမှာပါ။ အကယ်၍ မတွေ့ခဲ့ရင် တော့ အိမ်အထိ သယ်ဆောင်သွားပါ။
တွေ့ကရာ ပစ်မယ်ဟဲ့ဆို ကိုယ်လိုလူတွေအများကြီးမို့ မိမိနေထိုင်ရာ မြို့တော်အလှ လမ်းအလှဟာ မိမိကြောင့် ပျက်ဆီးစေပါတယ်။
ဒါကြောင့် ပြည်သူတွေကလည်း မိမိတို့ အသိစိတ်ဓာတ်ထားရှိမယ်ဆို... သင့်မြို့တော် သင့်နိုင်ငံဟာ သန့်ရှင်းလှပလာပါလိမ့်မယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြောပြချင်သေးတာက အိမ်က အကြောင်းပါ။
မြန်မာပြည်က အိမ်နောက်ဖေး လမ်းကြားတိုင်း ညစ်ပတ်လေ့ရှိပါတယ်။ အိမ်က လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ကစပီး အိမ်နောက်ဖေးလမ်းကြားကို သန့်ရှင်းရေး လုပ်ပါတယ်။ မြောင်းတွေ ဖော်ပါတယ်။ ပထမပိုင်း လအနည်းငယ်တော့ အတော် အဆင်မပြေပါဘူး။ သို့သော်... တယောက်က ဒီလိုလုပ်ပါများတဲ့အခါ အခြား အိမ်တွေကပါ အမှိုက်မပစ်တော့တဲ့ ရလာဒ် ထွက်လာပါတယ်။ အိမ်ရှေ့မြောင်း အမြဲဖော်ပါတယ်။ မဖော်တဲ့ အိမ်ရှေ့တောင် သွားပီး ဖော်လိုက်ပါသေးတယ်။ ဒီလိုနဲ့ ကြာလာတော့ လူတိုင်း လူတိုင်း သူတို့ အိမ်ရှေ့လေးတွေက မြောင်းတွေ ဖော်ကြပါတယ်။ (လမ်းထဲမှာ ပြောတာပါ) အစက အမှိုက်ပစ်ဖို့ လူခေါ်ပီး ခပ်ဝေးဝေးသတ်မှတ်ထားတဲ့ နေရာမှာ ပစ်ခဲ့ရပါတယ်။ မနှစ်က စပီးတော့ အမှိုက်သိမ်းတဲ့ စနစ် စလုပ်ပါတယ်။ တလတခါ ပိုက်ဆံပေးရပေမဲ့ ပေးပျော်ပါတယ်။
ဒီအချိန်မှာ ပြောချင်တဲ့စကားကတော့ စည်ပင်အကြောင်းပါပဲ။ ကိုယ်နေတဲ့ ရပ်ကွက်လေးက အိမ်က လမ်းထောင့်နဲ့နီးပါတယ်။ ကိုယ်တို့ဖက်က ဘာမှမဖြစ်ပေမဲ့ ကိုယ်တို့လမ်းကို ဖြတ်စီးဝင်တဲ့ မြောင်းတစ်ခုရှိပါတယ်။ အဲ့ဒီမြောင်းပိတ်နေကြောင်းကို အဲဒီအိမ်ကလား လမ်းကလူတွေကလားမသိ စည်ပင်ကို သွားပြောတဲ့အခါ စည်ပင်က လာလုပ်ပေးပါတယ်။ ဘယ်လိုလုပ်လိုက်တယ်လို့ ထင်ပါသလဲ...။ မြောင်းကို အပီး မြေဖို့လိုက်ပါတယ်။ အဲသည်လို လုံးဝ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ ဒါက အိမ်က ပြန်ပြောပြတာပါ။ စည်ပင်အနေနဲ့ ဒီလို မဖြေရှင်းသင့်ဘူးလို့ထင်ပါတယ်။
ဒီဖြစ်ရပ်တွေကို ကြည့်ပီး လမ်းတိုင်း လမ်းတိုင်း ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း တလတခါ ပုံမှန် စုပေါင်း မြောင်းရှင်းယုံသာမက မိမိတို့ အိမ်ရှေ့ အိမ်နောက်များကို မြောင်းဖော်ပေးခြင်း ရှင်းလင်းပေးခြင်းဖြင့် ခြင်အန္တရာယ်ကာကွယ်ပီးသားလည်း ဖြစ်သလို အိမ်ပတ်ဝန်းကျင် သာယာလှပလာမှာဖြစ်ပါတယ်။
နောက်တချက် စည်ပင်အကြောင်းပါ။ မြို့တော် စည်ပင်ကလည်း အမှိုက်များကို သတ်မှတ်ထားတဲ့အချိန် သတ်မှတ်ထားတဲ့နေရာ အရောက် စနစ်တကျ သွားရောက် ပစ်စေချင်ပါတယ်။ ဘာလို့လဲဆို..... ဒါကတော့ အမျိုးအိမ်နားမှာပါ။ အဲ့ဒီနေရာကတော့ ခြံတွေပေါ့။ ခြံတွေရဲ့ ဟိုးးးးခပ်လှမ်းလှမ်းမှာတော့ ချောင်းလားမသိ ရှိပါတယ်။ အဲ့ဒီနေရာမှာ စည်ပင်ကား က သယ်လာသမျှ အမှိုက်တွေ လာသွန်သွန်ပစ်နေတာ တွေ့ရပါတယ်။ မလုပ်သင့်ပါဘူး။ ပတ်ဝန်ကျင် ထိန်းသိမ်းရေးကို ပျက်ဆီးစေပါတယ်။
ဟိုတလောကလည်း အမှိုက်များကို ချောင်းထဲသို့ ရောက်အောင်ပစ်ဆိုတဲ့ အလွန်ဝမ်းနဲဖွယ်ရာ သတင်းတပုဒ် ဖေ့စ်ဘုတ်မှာ ဖတ်လိုက် ရပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းမှူ ကို ဘယ်လောက် မျက်ခြေပျက် အားနည်းနေလည်းဆိုတာ မျက်မြင် လက်တွေ့ပါ။ သတင်းလင့်က ဒီနေရာမှာပါ။ http://www.facebook.com/photo.php?fbid=529602557069331&set=a.234895509873372.73403.143923268970597&type=1&theater
ကိုယ့်မြို့ ကိုယ့်ရွာ စည်ပင်သာယာရေး အတွက် အထူးပြု စဉ်းစားတော့မယ်ဆို တစ်ယောက်ကို တစ်ယောက် လက်ညိုးထိုးနေကြခြင်းထက် စည်ပင် ဝန်ထမ်းတွေ အပါအဝင် ပြည်သူ အားလုံးစုပေါင်းပီး စည်းကမ်းတကျ အမှိုက်ပစ်ကြစေဖို့ ဒီနေရာကနေ တိုက်တွန်းပါရစေ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ဒါကတော့ ဂျပန်နိုင်ငံက အတွေ့အကြုံလေးပါ။
ဂျပန်နိုင်ငံမှာလည်း အနဲနဲ့ အများ စည်းကမ်းမရှိသူတွေ ရှိကြပေမဲ့ ...အများစုကတော့ စည်းကမ်းရှိကြပါတယ်။ သူတို့တွေ အိမ်ပြင်ပရောက်တဲ့အခါ လမ်းမှာ စားသောက်ပီးတဲ့အခါ အမှိုက်တွေကို ဘယ်လိုစွန့်ပစ်ကြလဲ ....ကိုယ်တွေ့လေးရေးပြချင်ပါတယ်။
ကိုယ် ..တနေ့တော့ ၅နှစ်အရွယ် ကလေးလေး ၃. ၄ ယောက်နဲ့အတူ မုန်လာဥတူးခင်းက ပြန်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်လက်ထဲမှာ သကြားလုံးလေးတွေ ရှိတာနဲ့ သူတို့ကို ကျွေးလိုက်ပါတယ်။ အားလုံးသော ကလေူငယ်တွေဟာ သကြားလုံးခွံလေးတွေကို သူတို့ရဲ့ အကျီံအိတ်လေးတွေထဲ ထည့်လိုက်ပါတယ်။ ကိုယ်မေးတော့ အမှိုက်ပုံး တွေ့မှ ပစ်မယ်တဲ့။ ဒါ..သူတို့လေးတွေကို ကျောင်းက သင်ထားပေးတာပါတဲ့..။ ဒါက ကလေး။
ကိုယ်... အယင်က အမြဲလိုလို နိုင်ငံတကာ ကျောင်းသားပွဲတော် အပါအ၀င် နိုင်ငံတကာ အစားအသောက် ဈေးရောင်းပွဲတော်တွေ ဒါမှမဟုတ် တက္ကသိုလ်က ကျင်းပတဲ့ ကျောင်းသားပေါင်းစုံဈေးရောင်းပွဲတော်တွေရောက်ခဲ့ဖူးပါတယ်။ ရောက်ခဲ့တဲ့အခါတိုင်း ကျေနပ် ကြည်နူး အတုယူစရာ ကောင်းတဲ့ ဖြစ်ရပ်ကို အမြဲတွေ့ရပါတယ်။ အဲဒါကတော့.... ဒီပွဲတော်ကို လုပ်မယ်လို့ တာဝန်ယူထားတဲ့ သူတွေရဲ့ အမှိုက်သိမ်းနည်း စနစ်ပါပဲ။ အစားအသောက်တန်းတွေရဲ့ အဆုံးမှာ အမှိုက်သိမ်း စခန်းလေး ဖွင့်ထားတာပါပဲ။ အမှိုက်တွေကိုလည်း ခွဲထည့်ဖို့ စနစ်တကျ လုပ်ထားပါတယ်။ အစားအသောက်စားတဲ့ တခါသုံး ခွက်တွေ ဗူးတွေကို စားသောက်သူတွေ အတွက် အ၀တ်စလေးတွေ ပေးထားတယ်။ အဝတ်စလေးတွေနဲ့ သုတ်ပီး သတ်မှတ်ထားတဲ့နေရာမှာ ထည့်ဖို့ ညွှန်ပြတယ်။ စားကြွင်းစားကျန်တွေကို သတ်မှတ်ထားတဲ့နေရာမှာ ထည့်ဖို့ညွှန်ပြပေးတယ်။ တူတွေကိုလည်း သတ်သတ်ထည့်ဖို့ ညွှန်ပြတယ်။ ဂျပန်တွေ အပါအ၀င် နိုင်ငံခြားသားတိုင်း လိုက်နာကြတယ်။ အဲ့ဒါ တကယ်ကောင်းတဲ့ စီမံခန့်ခွဲမှူပါ။ စားသောက်ဆိုင်တွေကလည်း မိမိတို့ ဆိုင်က ထွက်တဲ့ အမှိုက်တွေအားလုံး ကို သတ်မှတ်ထားတဲ့နေရာမှာ စနစ်တကျ ပစ်တယ်။ ဆိုင်သိမ်းပီဆိုတာနဲ့ အမှိုက်တစ မကျန်အောင် ဂရုစိုက်ရပါတယ်။ အဲ့ဒီအတွက် ရလာဒ်က ... ပွဲတော် ပီးသွားတဲ့အခါ အရင်အတိုင်း လှပသန့်ရှင်းနေတာပါပဲ။ ပွဲပီးလို့ ညနေကျ သွားကြည့် ပွဲမနက်က လုပ်ခဲ့ပါတယ်ဆိုတာတောင် မသိရလောက်အောင် ရှင်းလင်းနေပါတယ်။ ကဲ..ဒါမျိုးတွေ အတုယူစရာ မကောင်းပေဘူးလား.....။
လူဆိုတာ ဘယ်နေရာမှာနေနေ ကောင်းတဲ့အတုတွေ ယူတတ်ဖို့ပဲ လိုပါတယ်။
ဒါကြောင့် နောက်ဆုံးအနေနဲ့ တောင်းဆိုချင်တာကတော့ လူတိုင်း လူတိုင်း ကိုယ့်အသိစိတ်ဓာတ်လေးတွေနဲ့ အမှိုက်ပစ်တတ်ကြစေဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။
ငယ်ငယ်က သင်ခဲ့ရတဲ့ သူငယ်တန်းဖတ်စာထဲက အတိုင်းပဲ။
အိမ်လမ်း ရွာကြောင်း သန့်ရှင်းကြောင်း စုပေါင်း အမှိုက်သိမ်း ကြပါစို့
Wednesday, December 12, 2012
အလကားသင်ပေးသော ဘုန်းတော်ကြီးသင် ပညာရေးစနစ် ကျယ်ပြန့်လာခြင်း
အလကား သင်ပေးသော
ပညာရေး မြန်မာပြည်မှာ ရှိသည် ဆိုလျှင် ထိုအရာသည် ဘုန်းတော်ကြီးများဦးစီးပီး ရဟန်းရှင်လူအပေါင်း
၏ ကူညီပံ့ပိုးထောက်ပံ့ခြင်းဖြင့် ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင်ပညာရေး စနစ်ပင် ဖြစ်ပေသည်။
အဆိုပါ ကျောင်းများတွင် မိဘမဲ့များက ပိုများလေသည်။
ထမင်းလည်းကျွေး
ပညာပေး
ဘုန်းတော်ကြီး
သင်ပညာရေး
ဆိုလျှင်
မမှားပေ။ အဘယ်ကြောင့် မိဘမဲ့များ ပိုရသနည်းဟူ၍ ဆန်းစစ်ကြည့်လျှင် မိဘရှိသူများကား မိဘကို
သူတို့၏ တနိုင်လုပ်အားဖြင့် တဖက်တလမ်းမှ ဝင်ငွေကူရှာပေးရသောကြောင့် ဖြစ်လေသည်။ အလကား သင်ပေးတာတောင် စာသင်ခန်းဝင်ဖို့အနိုင်နိုင်။ စားဝတ်နေရေးအတွက် ရုန်းကန်ရရှာသည့်အခါ အဘယ်မှာလျှင် အလကားသင်ပေးသည့်တိုင်အောင် ပညာရေး အလှမ်းဝေးလှရှာလေသည်။
ဘာကြောင့် ဘုန်းတော်ကြီးသင်ပညာရေးစနစ် ပေါ်ထွန်းလာခဲ့ရသနည်း ဟူ၍ ဆန်းစစ်ကြည့်လျှင်…….
မြန်မာနိုင်ငံတွင် အထူးသဖြင့် ရန်ကုန်မြို့တွင် အစိုးရကျောင်း များမြို့နယ်အလိုက် ရှိသည်။ အဆိုပါ ကျောင်းများကြား တွင်မှ နာမည်ကြီး ကျောင်းများ သည် ယခုခေတ်အခါတွင် ကျောင်းဝင်ခွင့် ရရှိရေးအတွက် ပေးအပ်ရသော ငွေမှာ ကြောက်ခမန်းလိလိဖြစ်သည်။ ပိုက်ဆံရှိသော မိဘများမှာ မိမိတို့သားသမီးများ ကျောင်းကောင်းမှာ ၀င်ခွင့်ရဖို့အတွက် ပိုက်ဆံသိန်းနှင့်ချီ အကုန်အကျခံကာ သက်ဆိုင်ရာများကို သွားရောက် ဂါရဝပြုရသည်။ ဂါရဝပြုတိုင်းလည်း ရသည်ကားမဟုတ်။ သူ့ကိုယ်တာနှင့်သူကိုယ်ဆိုတော့ အဆက်အသွယ်မှန်ဖို့လိုသည်။ ထို့ကြောင့် ကျောင်းသားတစ်ဦး ကျောင်းကောင်းကောင်းမှာ ဝင်ခွင့်ရရှိရေးသည် မိဘများ၏ ငွေပေါများမှူပေါ်မှာ မူတည်လေသည်။ ဒါက ကျောင်းဝင်ခွင့်ရရှိရေး တစ်ခုလေးပင်။
ကျောင်းကောင်းကောင်းမှာ
ဆိုတော့ ကုန်မှာပေါ့လို့ တွေးနေပီဆိုပါကလဲ ဆင်ခြေဖုံးရပ်ကွက် များ၏ ကျောင်းဝင်ခွင့်ရရှိရေးသည်လည်း
သူ့အထွာနှင်သူ ပိုက်ဆံကုန်လေသည်။ ဒါက ကလေးတစ်ယောက် ကျောင်းဝင်ခွင့်ရရှိရေးပင်။ ကျောင်းဝင်ဝင်ခြင်းပေးရသည်များမှာ ခေါင်းစဉ်အမျိုးမျိုးနှင့်
များပြားလှသည်။
များပြားလှသည်။
စာအုပ်ဖိုး ၀တ်စုံဖိုး မိဘဆရာ ရန်ပုံငွေ ကျောင်းရန်ပုံငွေ ကျောင်းသားပျော်ပွဲရွှင်ပွဲ
အစရှိသည့် ဘာဖိုး ညာဖိုး စုံလင်စွာ ကြောင့် ဆင်းရဲသား အပါအဝင် ရိုးရိုးသာမန်တောင်မဟုတ်
အမှူထမ်း အရာထမ်း ခပ်ငယ်ငယ်လခစားတို့ပင် မျက်ခုံးလှုပ်သော လကို ပြောပြပါဆိုလျှင် ကလေးများ
ကျောင်းဖွင့်စ လပင်ဖြစ်သည်။ ဒါတောင် ကျောင်းဝင်ခွင်ံ့အတွက် ပေးရသည်မဟုတ်။ လက်ရှိတက်နေသော
ကျောင်းသား စရိတ် ကိုပင် မျက်ကလဲဆန်ပျာဖြစ်နေသောအခါ…… ရိုးရိုးသာမန်လခစားဝန်ထမ်းကတော့
ပညာတွေတတ်နေလို့ မရှိရှိတာ ရှာကြံကာ သားသမီးပညာရေး ပံ့ပိုးပေးနိုင်ပေမဲ့ တနေ့လုပ်မှ
တနေ့စားရသော ဆင်းရဲသား လျှင်သော်၎င်း ပညာမတတ်သည့် လူတန်းစားတို့၏ သားသမီးများကား မိဘတတ်နိုင်မှ
ကျောင်းပို့ပေးနိုင်သောခေတ် တွင် ကလေးငယ်များမှာ လမ်းဘေးသို့ ရောက်ကုန်လေသည်။ ထိုကလေးငယ်များတွင်
ပညာဆက်သင်ချင်သော ကလေးငယ်များလည်းရှိသည်။ ထိုအခါ ကျောင်းဝတ်စုံဝတ်ထားသော ကလေးငယ်များကို
ငေးယုံမှတပါး အခြားမရှိ။ မိဘကလဲ ကျောင်းထားနိုင်သည့် အင်အားမရှိ။
သည်လိုနှင့်
လမ်းဘေးရောက်နေသည့် ကလေးငယ်များကို ဘုန်းကြီးများမှ စုစည်းကာ အလှူရှင်များဖြင့် တတ်နိုင်သမျှ
ပညာပံ့ပိုးထောက်ပံ့ပေးရာမှ ဘုန်းတော်ကြီးသင်ပညာရေး စနစ် မြန်မာပြည်မှာ ပေါ်ထွန်းလာလေသည်။
လွန်ခဲ့သည်၂နှစ်ကစပီး
(သိပ်မသေချာ မနှစ်ကလားမသိ) ကျောင်းဗလာစာအုပ်ကို အစိုးရက အခမဲ့ပေးသည် ဆိုသော်ငြား အဆိုပါ
စာရွက်များမှာ အထိမခံသလို စာလုံးမပီပြင်လှပါ။ မယုံလျှင် ရန်ကုန်မြို့ရှိ စကော့ဈေးရှေ့တွင်
ကလေးကျောင်းသုံး ဖတ်စာအုပ်များကို ဈေးမေးကြည့်ပီး လှန်လှောကြည့်နိုင်လေသည်။ ဈေးကွာလျှင်
စာရွက်အသားကွာသလို စာလုံးမှိန် စာလုံးထင်းလေသည်။ (၂၀၁၁ ကိုယ်တွေ့)
ရန်ကုန်မြို့မှာပင်
ပညာဆက်လက် မသင်ကြားနိုင်သော ကလေးအမြောက်အများ ကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ
ဟိုမှာဒီမှာ အလျှိုအလျှိုပေါ်လာလေသည်။ ဤကား အလကားသင်ပေးသော ပညာရေးစနစ် ပေါ်ပေါက်လာခြင်းအစပင်။
ဘုန်းတော်ကြီးကျောင်းများတွင်
မူလတန်းမှ စကာ အခြေခံပညာ အထက်တန်းအောင်သည်အထိ သင်ကြားပေးလေသည်။ ထူးချွန်ထက်မြက်သော
ကျောင်းသားများကို အလှူရှင်များနှင့် ချိတ်ဆက်ကာ သက်မွေး တက္ကသိုလ် တက်ရောက်ရန်လဲ ကူညီလမ်းညွှန်ဆက်သွယ်ပေးလေသည်။
Subscribe to:
Posts (Atom)
