အဲဒါနဲ့ အိမ်က လူကြီးတွေနဲ့ သမီးကို ခေါ်ပီး မြေနီကုန်းက ဆရာကြီး ဆီ ပြေးကြတော့တာပေါ့။ ကိုယ်ကလည်း ရာသီဥတု အပြောင်းမှာ အိပ်ရေးပျက်တော့ အသံဝင် နှာစေးပေါ့။ သမီးအတွက် သွားတာ ကိုယ့်ကိုပါ ဆေးရောင်း လွှတ်လိုက်တယ်ကွယ်။ မြန်မာဆေးဆိုပီး မျေးကတော့ သေးမယ် မထင်နဲ့ သမီးအတွက် နဲ့ ကိုယ့်အတွက် အားလုံးပေါင်း ဆေးဖိုး ၄၀၀၀၀ ကျော် ရိတ်လိုက်သဗျာ။ ကိုယ်လား ... အဲ့ဆေးတွေ တခုမှ သောက်လည်းမသောက်ဘူး။ ကားပေါ်ရောက်မှ အိမ်က မမကို မမရာ သမီးက ပူထူနေတာ မမက တားတာ မဟုတ်ဘူးလို့..။ အဲ့တုန်းက အားပဲနာလို့လား ပူထူနေလို့လား မသိဘူး။ ကိုယ်မသောက်တဲ့ ဆေးကို ရောင်းတာ ဘလိုင်းကြီး ၀ယ်မိလိုက်တယ်။ အလကား ပိုက်ဆံကုန်တယ်။ သမီးအတွက် လိမ်းဆေးကတော့ အိုကေတာပေါ့။ သောက်ဆေးက ဘယ်လိုမှ အဆင်မပြေပေမဲ့..။ သမီးလေး ၂ ရက်နေတော့ သက်သာသွာတယ်။ အပူအရမ်းကြီးရင် ကလေးကို ခေါင်းမလျှော်ရဘူးတဲ့...။
သမီးလေးလဲ ပေါက်စနပဲ ကျန်တော့တယ်။
သမီးလေး နေပြန်ကောင်းပေမဲ့ ကိုယ်ကတော့ ချောင်းတွေတအားဆိုးတာ မသက်သာဘူး။ သမီးလေး ချောင်းဆိုးတာကို တွေးမိတိုင်း သနားလိုက်တာ..။ ကိုယ့်ကိုလည်း ပိုးသတ်ဆေးပဲ တိုက်ကြတော့... သြော်...မြန်မာပြည်မယ် ဘာဖြစ်ဖြစ် ပိုးသတ်ဆေးသာ သောက်ကြပါ လို့ ဆောင်ပုဒ် ထုတ်ရင် ကောင်းမလားလို့။ ဂျပန်က ပါတဲ့ ဆေး လူကြီးလည်း မတိုးပါဘူးလို့စ်။ သက်သာတာပဲ ရှိပါ၏။
ဒီလိုနဲ့ ဖေဖေါ်ဝါရီကိုဝင်လာပါပေါ့။ သမီးနဲ့ ကိုယ်လည်း နေမကောင်း သံသရာနဲ့ ဘယ်မှ မရောက်တော့ဘူး။ ဖေဖေ ကလည်း ဆရာဝန်က လက်လျှော့လိုက် ပေမဲ့ ဆရာဝန်ခန့်မှန်းတာထက် ပိုလာတော့ နေ့တိုင်း အိမ်လာကြည့်တဲ့ ဆရာဝန်ခမျာ ... သမီးနဲ့ မြေးကို တွေ့ရလို့ ဆိုတဲ့ အဖြေမှတပါးပေါ့..။ ဒါပေမဲ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့ မှာတော့ ညနေ ၆ နာရီလောက် အိမ်က ဖုန်းလာတယ်...။ အမြန်လာတော့တဲ့။ ကိုယ်လည်း လာမယ်။ သမီးကို ထမင်းကျွေးရင်း တန်းလန်းမို့. ပီးတာနဲ့ လာမယ်လို့..။ ဖေဖေ သွားတော့မယ်ဆိုတာ စိတ်ကို ဖြေထားခဲ့ပေမဲ့.... တကယ်သွားတော့မယ် ဆိုတဲ့အခါ..... မျက်ရည်တွေ နဲ့ပေါ့။ ၁၅ မိနစ်လောက်ပဲခြားတယ်... ဖေဖေ...ဆုံးပီတဲ့....။ ဖေဖေ.....................................................................
ကျတဲ့မျက်ရည်ကို သုတ်။ သမီးကို ထားခဲ့ပီး ဖေဖေတို့ အိမ် အပြေးပြန်ရတဲ့ ခရီးဟာ... တကယ်တမ်း စဉ်းစားကြည့်ရင် ကြေကွဲစရာပေါ့။ သူကလည်း အဝေးကနေ စိတ်မကောင်းဖြစ်လို့ပေါ့။ အဆိုးထဲက အကောင်းတစ်ခုက ဖေဖေဟာ သူသိပ်ချစ်တဲ့ သမီးနဲ့ သူ့ရဲ့ တစ်ဦးတည်းသော မြေးကို တွေ့သွားရသလို ကိုယ်ဟာလည်း ဖေဖေ အသက်ရှင်စဉ် အနားမှာ ရှိနေနိုင်ခဲ့တာတခုက ဖြေသာစရာပါပဲ။
အဲသည်လိုနဲ့ပဲ ဖေဖေနဲ့ ဘယ်တော့မှ ပြန်မတွေ့ရတဲ့ လမ်းမှာ ဖေဖေ့ကိုထားခဲ့ ရပီပေါ့။ မောင်နှမတွေ တည့်အောင်နေပါလို့ ဖေဖေ မှာထားခဲ့တဲ့ အတိုင်း အိမ်နဲ့ပက်သက်တဲ့ မိသားစုနဲ့ ပက်သက်တဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ရင်မှာမြိုသိပ်လိုက်ပီး ဖေဖေ့စကား နားထောင် ဖြစ်ပါတယ်။ လောကမှာ တကယ်တော့ မောင်နှမဆိုတာ မရှိမဖြစ်ပဲလေ။
ဖေဖေ့ကိစ္စတွေ ပီးတော့ ပြန်ဖို့ရက်ကလည်း သိပ်မကျန်တော့တာနဲ့ သမီးကိစ္စ လှည့်ရပြန်တယ်။ သမီးကိစ္စ ပြောရရင် လ၀က ကိစ္စပါလာပီဆိုတော့ အများပြောတဲ့ အတိုင်း မြန်မာနိုင်ငံသား အစစ်တွေရဲ့ ကြုံနေကြ ပြသာနာ ပေါ့...။ သမီးကို သန်းခေါင်းစာရင်းသွင်းဒုက္ခများ ဆိုရင်လည်း မမှားပါဘူး။
ဂျပန်ကနေ ဂျပန်မှာမွေးကြောင်း ထောက်ခံစာကို ဂျပန်က မြန်မာသံရုံးမှာ ပိုက်ဆံပေးပီး ယူခဲ့ရပါတယ်။ မြန်မာ ပြန်ရောက်တော့တခါ အဲ့ဒီထောက်ခံစာရယ် ဂျပန်မှာမွေးတဲ့ ဆေးရုံက ရတဲ့မွေးစားရင်းကို ဘာသာပြန်ရတယ်။ နိုကြီလုပ်ဆိုလို့ လုပ်ရတယ်။ အဲ့လိုဆိုလည်း ဒီက သံရုံးထောက်ခံစာ က ဘာသဘောလဲ လုပ်စားလား ရိုက်စားလား။ ဒါမှမဟုတ် ဒီသံရုံးက တာဝန်ခံတွေကို မယုံလို့နေမယ်ထင်ပါရဲ့နော်။
နောက်ဘာတွေ လိုလဲ သိလားဟင်.... အဟက်။ ဖအေ မအေ လက်ထပ်ထပ်စာချုပ်တဲ့ တော်ရေ...။
ပီးတော့ သိလား သမီးရဲ့ နိုင်ငံကူးလက်မှတ် ကော်ပီကို ပုံမှန်ဆို နိုင်ငံအ၀င်အထွက် ကူးပေးရင် ပီးပိပေါ့။ မဟုတ်ဘူး...တော်ရေ...။ ဘာမှမပါတဲ့ စာရွက်တွေပါ ကူးပေးတဲ့ တော်။ ဖအေ မအေ နိုင်ငံကူးလက်မှတ်လဲ ဒီအတိုင်းကူးပေးတဲ့။ ပီးတော့ ဘာဝန်ခံချက်တွေမှန်းမသိ ... ဖအေက မအေနဲ့ ဘယ်မှာစတွေ့ပီး ဘယ်နေ့လပ်ထပ် ဘယ်ရက်မှာ ဘယ်နေရာမှာ ကလေးမွေး ခဲ့တယ်ဆိုတာ ရေးပီး ခံဝန်ချက် ထိုး။ မအေကလည်း အဲသည်လို ရေးပီးခံဝန်ချက်ထိုးရမတဲ့ တော်တို့ရေ...။
ကိုယ်တို့ကေ့စ်က ကိုင်တဲ့သူကသတ်သတ်။ အဲ့ဒါကို ကိုယ့်ချစ်ချစ် အမေက အခြားတစ်ယောက်နဲ့ မိတ်ဆက်တော့ သူနဲ့လုပ်ဖြစ်တယ်။ အဲ့ဒါ ကိုယ်တိုတို့ပေးထားတယ်ထင်လို့ တကယ်ကိုင်တဲ့ သူက စပါယ်ရျယ် ရစ်တယ်။ ကိုယ် ပြေပြေလည်လည် ပြောတယ်။ ရစ်တယ်။ ပီးတော့ ပြောသေးတယ်။ ဒီကိစ္စ သိပ်ကြာတယ်။ အသွားအပြန်အတွက် ငွေလိုမယ်တဲ့။ ပေါ်တင်ပြောတာနော်။ ကိုယ်ပဲ... သိပ်အရစ်မခံနိုင်ဘူး။ တရက်ထဲ သွားရတာ မဟုတ်ဘူး။ ၁ပတ်ကျော်နေပီ။ ကားနဲ့ ဟိုပြေးဒီပြေးလုပ်နေရတာ။ ဟိုဟာ ဒီဟာ လုပ်နေတာ သိပ်စိတ်မရှည်ဘူး။ ဒဲ့ မေးလိုက်တယ်။ ခင်ဗျား ဘယ်လောက်ယူမလဲ ပေးမယ်။ ပြော... အဲ တိုးတိုးတော့ မပြောနိုင်တော့ဘူး။ သိပ်အမြင်ကပ်နေလို့...ဒီတော့ သူ မတောင်းရဲဘူး။ ထားခဲ့တဲ့။ အိုခေ ထားခဲ့မယ်။ ဘယ်တော့ ပြန်လာယူရမလဲ ခင်ဗျားဖုန်းပြော ကျနော့်ဖုန်းယူထားဆိုတော့...ဒါမျိုးကျ လန့်ရော...။ ကဲ ... ခင်ဗျားဟာ ပြန်ယူသွား...မလုပ်ပေးနိုင်ဘူး..။ အိုခေ။
လာထား မြို့နယ်မှူးဆီ ကိုယ်တိုင်ဝင်လိုက်တယ်။ ဒီက အဲလိုတွေ မလုပ်ချင်လို့ အေးအေးဆေးဆေးလေး အောက်က၀င်နေတာ။ အဲ့အချိန်မှာ မြို့နယ်မှူးး ဆီ လဲ အထက်က ဖုန်းဆက်လာတယ်။ ဒီကေ့စ်ကို လုပ်ပေးလိုက်ပါတဲ့..။ အမှန်က ကိုယ်နဲ့ မြို့နယ်မှူးက ရင်းနှီးပီးသား ပုံမှန် သမားရိုးကျလေးများ လုပ်လို့ရမလား ဆိုပီး လုပ်ကြည့်တာ။
သူ့ကို ခေါ်တယ်။ အဲ့တာတောင် ဆက်ရစ်တယ်။ ရစ်လေ.. ကြိုက်သလောက် ။ အန်ကယ်လ်... သမီးထားခဲ့လိုက်တော့မယ်။ သမီးမှာလုပ်စရာတွေရှိသေးတယ်။ သိပ်မကြာခင် ပြန်တော့မှာ ။ ဒီကေ့စ် ထားခဲ့ပီ. ။ ရရင် အကြောင်းကြားလိုက်ပါနော်။ ဘိုင့်ဘိုင်...။ သမီးမှာ ၁ပတ်လောက်ရှိပီ ဒီကို လာနေတာ။ အန်ကယ်အလုပ်များနေလို့ ၀င်မပြောတာ။ ကျေးဇူးပါ အန်ကယ်။ နို့တိုက် ကလေးလေးတစ်ယောက်တည်း ထားပီး လာရတာ။ ခွင့်ပြုပါနော်။
အဲ့ကိစ္စ ၅ လလောက်တော့ ကြာတယ်ထင်တယ်။ အခုတော့ သမီးလဲ သန်းခေါင်စာရင်းဝင်သွားပါပီ။
ပြန်ခါနီး ရက်ကလည်း တအားကပ်နေတော့ ၀ယ်ခြမ်းရေး အမျိုးအဆွေနုတ်ဆက်ရေးလုပ်ပီးသကာလ ပြန်ဖို့ ၂ရက်အလို တခုသော ညနေ ၂နာရီခွဲ မှာပေါ့........။ ပိုက်ဆံအိတ်အပါအ၀င် ချစ်ချစ်အမေ ဖုန်းကလေးက ကိုယ့်ကို လှမ်းနောက်တယ်။ ထီပေါက်သွားတယ်။ အိုးရှင်းမှာ ဈေးဝယ်နေတုန်း ကိုယ်...သတိရလိုက်တာ... ပိုက်ဆံပါ....ပါ....ပါ။
အို...အို....ဂျပန်ငွေ မြန်မာငွေ ဖုန်းအသစ် ကားလိုင်စင်၂ခုရယ် အခြားကဒ်တွေရယ်ပေါ့ကွယ်။ အဲ့ဒါထက် အရေးကြီးတာ... ဂျပန်ကို ပြန်ဝင်မဲ့ ကဒ်..ကိုယ့်ကဒ် သမီးကဒ် ကျန်းမာရေး အာမခံကဒ်တွေ ...ပါသွားတာ။
နာရီဝက်လောက် ခြားပေမဲ့ တက္ကဆီနံပါတ်မသိ ။ အားလုံးအရေးကြီးတာ...ထက် နိုင်ငံကူးလက်မှတ် ပါမသွားလို့ ကျေးဇူးတင်ရတယ်။ အဲဒီလိုနဲ့ ဂျပန်ကို အဆက်အသွယ်ချက်ချင်းလုပ်... အဖြစ်အပျက်ပြောပြ။ဟိုဖက်က လ၀က ကိုချိတ်တော့ ရဲစခန်းထောက်ခံချက်ယူတဲ့။ မြန်မာပြည်က ဂျပန်သံရုံးကိုသွားတော့ နိုင်ငံကူးလက်မှတ်ကြည့်ပီး ပြသနာတော့ မရှိလောက်ပါဘူးတဲ့။ သူတို့တော့ ဘာမှ လုပ်မပေးပါဘူး။ ညကျတော့ ရဲစခန်းထောက်ခံစာ သွားတောင်း။ မနက်ကျတော့ သမီးထား ပီး အဲ့ဒီစာရွက်ကိုယူပီး ဂျပန်ဘာသာပြန်ပီး နိုတြီလုပ်။ အိမ်က လူတွေက shwe FM သွားပိုက်ဆံပေးကြေငြာခဲ့ပါတယ်။ ဒီလိုနဲ့ ပြန်သာလာရ ။ ရေထဲကျတာမှ ပလုံ မြည်မယ်။ ဘာသံမှမကြားရတာ စိတ်တောင်နာတယ်။ မည်သို့ပင် ဆိုစေ... မြန်မာပြည်ကနေ နောက်တနေ့မှာ ထွက်လာခဲ့ပါတယ်။ မပြန်ခင် ညက သမီးနဲ့ ကိုယ်တို့ ရွှေတိဂုံ ဘုရား ဗိုလ်တထောင်ဘုရားကို ကားနဲ့ပတ်ပီး လိုက်ပို့ပေးတဲ့အပြင် ရွှေဘဲမှာပါ ထမင်းလိုက်ကျွေးတဲ့ သူငယ်ချင်းကို ကျေးဇူး တင်ပါတယ်။
ထွက်ချိန်တုန်းက မြန်မာဖက်က ဂျပန်က ကဒ်ကို တောင်းပေမဲ့ အကျိုးအကြောင်း ပြောပြတော့ သူတို့က တာဝန်တော့မယူဘူး။ ဟိုဖက်မှာ ကိုယ့်ဘာသာကိုယ် လုပ်တဲ့။ သမီးနဲ့ ၂ယောက်တည်းမို့ ကိုယ်တို့က လက်မှတ်စ၀ယ်ထဲက လူတစ်ယောက်တောင်းထားပါတယ်။ သမီးလေးက အဲ့အချိန်က ၁နှစ် ၆လပါ။ သမီးက သေချာမပြောတတ်ပေမဲ့ သူ့ အဘိုးအဘွားတွေနဲ့ ခွဲရတော့မယ်ဆိုတာ သိနေတယ် ထင်ပါရဲ့။ ပထမတော့ လေဆိပ်ထဲက ဆိုင်မှာ စားတော့ သူပျော်နေပါသေးတယ်။ ကိုယ်တို့ အထဲဝင်တော့ သူ့အဘိုးအဘွားတွေက ဟိုးအထဲက မြင်နေရတဲ့ နေရာမှာ ထိုင်နေတော့ သူ့အဘိုးအဘွားကို တချိန်လုံး လက်ပြလိုက် ခေါ်လိုက်ပါပဲ။ သမီးကို သိပ်ပေမဲ့ ဘယ်လိုမှ မအိပ်ပါဘူး။ လေယာဉ်ပေါ်တက်ဖို့တန်းစီတော့ ကိုယ်တို့က တန်းစီစရာ မလိုပါဘူး။ အရင်တက်ရပါတယ်။ အဲ့ဒီတော့မှ သမီးလေး အိပ်ပါတယ်။ အိပ်လိုက် နိုးလိုက်နဲ့ သမီးလေးနဲ့ ဂျပန်မြေကို ရောက်လာပါတယ်။ လေယာဉ်မယ်က ခနစောင့်ပါဆိုလို့ လေယာဉ်ပေါ်မှာပဲ သူတို့ လာခေါ်ပေးတဲ့ အထိစောင့်နေပါတယ်။ ပီးတဲံအခါ အစစအရာရာ အဆင်ပြေစွာပဲ ပစ္စည်းတွေပါ ထုတ်ပေးပီး အပြင်မှာ စောင့်နေတဲ့ ယောင်္ကျားဆီ အရောက်ပို့ပေးပါတယ်။ ဟိုဖက်မှာ နိုင်ငံကူးလက်မှတ်ပဲ ကြည့်ပါတယ်။ အဆင်ပြေပါတယ်။ သမီးကို သူ့အဖေကို တွေ့တော့ ပျော်လိုက်တာဆိုတာ စာဖွဲ့လို့တောင် မရပါဘူး။ ဒီလိုနဲ့ ၃ယောက်သား လေဆိပ်ကနေ ဘတ်စ်ကားစီးပီး အိမ်ကို ပြန်ကြပါတယ်။ ကားပေါ်မှာ ၃ယောက်ထိုင်ပီး သမီးလေးလည်း အလယ်ကနေ အိပ်လိုက်လာပါတယ်။ ကားဂိတ်ရောက်တော့ အိမ်နဲ့ သိပ်မဝေးပေမဲ့ ပစ္စည်းတွေ ပါတော့ တက်စ်ဆီနဲ့ ပြန်ကြပါတယ်။ သမီးက အံ့သြစရာ ကောင်းလှစွာ အိမ်ကို မှတ်မိသလို အိမ်ခန်းကိုပါ မှတ်မိပါတယ်။ ဒီလိုနဲ့ သမီးလေး ရဲ့ ခရီးစဉ် ပီးသွားပါပီ။
၂၀၁၅ အစမှာ ဖေဖေ ဆုံးခဲ့သလို ငွေပျောက် စိတ်ရှုပ်ခဲ့တာတွေ အပြင် ဒီဖက်မှာ အိမ်ပြောင်း တော့ အလုပ်ရှူပ် ရုံးကိစ္စတွေရှုပ်နဲ့ ဒုတိယမြောက် ကလေးလေးကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အတွက် ၂၀၁၅ ဟာ အဆိုးများတဲ့ နှစ်၁နှစ်ပါပဲ။
၂၀၁၆ မှာ ကိုယ်အပါအ၀င် အားလုံးသောသူတွေ အတွက် ကံကောင်းခြင်း ကျန်းမာခြင်း ပျော်ရွှင်ခြင်းတွေပဲ လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Thursday, January 14, 2016
Sunday, January 6, 2013
Gotokoen Momiji Festival သို့တစ်ခေါက်
အေးချမ်းသည့် ဆောင်းရာသီကို မကူးပြောင်းသေးခင် သွားခဲ့သည့် နေရာလေးများအကြောင်း မှတ်တမ်းတင်ချင်သည်။ (အမှန်က ရေးထားတာ ကြာပီ... အခုဆို အေးနေတာ ဒီမှာ ၃ လောက်ပဲရှိတယ်။ ပုံတွေ တင်မရလို့ မတင်ဖြစ်တာ)
http://www.togo-koen.jp/guide/index.html
ပထမဦးစွာ Gotokoen သို့သွားဖြစ်ပုံလေး ပြောပြပေးဦးမည်။
ခရီးသွားရမည် ဆိုလျှင် မိဆိုးသည် အင်မတန်ပျော်လေသည်။ အပျိုဘဝကများဆိုးလျှင် မိဆိုးတစ်ယောက် အလွန်ခြေများသည်။ သွားချင်သည့်နေရာဆိုလျှင် အဖော်မလို ။ တစ်ယောက်တည်း ကျဲလေသည်။ အခုတော့ မိဆိုး ခြေချုပ်မိလေပီ။ သွားချင်သည့် အခါတိုင်း မသွားနိုင်။ ဦးစိတ်မရှည်ကတော့ သွားလေသွားပေါ့ ဆိုပီး ခွင့်ပြုသော်ငြား ပြောသည့် စကားသံကိုလည်း နားထောင်ကြည့်ကြပါကုန်။ အပျိုမဟုတ်ပဲ တစ်ယောက်တည်း သွားချင်ရာသွား ကိုယ်ကတော့ မပြောပေမဲ့ ပတ်ဝန်းကျင် ပြောတာ ခံနိုင်ရင်သွားတဲ့။ ဟွန်း...။ မိဆိုးက အမှန်တော့ ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်တတ်သူတော့ မဟုတ်။ သို့သော် သူ မပါပဲ တစ်ယောက်တည်း ထွက်ချိန်များတွင် နောက်ဆံတင်းလေ့ရှိသည်။ စိတ်မဖြောင့်။ သူသည်လည်း အပေါင်းအဖော်များနှင့် သောက်စားဖို့သွားလျှင် မိဆိုးနည်းတူ စိတ်မဖြောင့်။ သည်တော့ မိဆိုး သွားချင်လှပေမဲ့ တစ်ယောက်တည်း သွားခဲလှလေသည်။ ဤကား အိမ်ထောင်ကျခြင်းအကျိုး။
မိဆိုးတို့နှစ်ယောက်သည် အစားမက်တာ ခြင်းတူသော်လည်း ထစ်ကနဲရှိ အပြင်ထွက်ချင်လှသော မိဆိုးနှင့် အိပ်ယာပေါ်မှာ အမြဲအိပ်ချင်အိပ် ဒါမှမဟုတ် အိမ်တွင်းပုန်း တီဗွီမင်းသား ဦးစိတ်မရှည်တို့သည် ပြဒါးတလမ်း သံတလမ်း။ သည်တော့လည်း တွေ့ကြပီပေါ့။ ဖိုက်ကြသည်ပေါ့။ သို့သော်လည်း သူက ဆောင်းဦးကာလ အရွက်တွေမြေမခခင် အလှတွေကြွေနေချိန်မှာ မိဆိုးအတွက် ခွင့်ယူလေတော့သည်။ မိဆိုးကလည်း အခွင့်ကောင်းယူကာ ဟိုလည်ဒီလည်ဖို့ အင်တာနက်မှာ ဟိုရှာဒီရှာပေါ့။ သူက ကျိုတိုကို လည်ချင်သည်။ မိဆိုးက လက်မခံ။လက်မခံရခြင်းက အနားယူတယ်ဆိုတာ အိပ်လိုက်စားလိုက် အချိန်ကုန်ချင်သည့် သူနှင့် ခြေမငြိမ်သည့် ဆူးဆလတ် ကိုယ် ဘယ်လိုဖြစ်မည်နည်း။ သူ့အလိုသာဆို သူ့အလိုလိုက်ကာနေပါက ၁၀ ရက်လောက်နေမှ အဆင်ပြေမည်လေ...။ ဒီလိုနှင့် ဟိုသွားရနိုး ဒီသွားရနိုးနှင့် အင်တာနက်မှာ ခြေရာရှာလေသည်။ သွားချင်တာက နိကိုး ဒါမှမဟုတ် ဟခိုနဲ ဒါမဲ့ အဲ့ဒီအချိန်ဆို အရွက်တွေကြွေ ကုန်ပီဆိုတာနဲ့ တကာအိုစံကို သွားဖြစ်ဖို့ စီစဉ်သည်။ မသွားခင် အခြားရက်မှာ တနေရာရာကို သွားဖို့ပြင်သည်။ ချိဘ သွားမလား တနေရာရာသွားမလို့ စီစဉ်ပီး အိပ်တော့ သူက အိပ်ယာမှ ၁၀နာရီကျော်မှ ထလေသည်။ မိဆိုး စိတ်ကောက်ပီ။ မိဆိုးက သွားရတော့မည် ဆိုတော့ မနက်စောစောထဲက နိုးနေသည်။ သူက မထ။ မိဆိုးက မနိုးချင် ။ သွားမယ်ဆိုလျှင် ကိုယ့်အသိစိတ်နဲ့ ကိုယ်ထပေါ့။ ဒီတော့ မစိတ်ကောက် စိတ်ကောက်တာမဆန်း။
![]() |
| သူ့အကြိုက် |
| မိဆိုးအကြိုက် |
| မိဆိုးတို့ရဲ့ နေ့လည်စာ ကြာဆံပြုတ် ခေါက်ဆွဲပြုတ် ဖက်ထုပ်ကင် ထမင်းကြော် |
ရထားပေါ်မှာလည်း တစောင်းချေးနဲ့မျက်ချေး။ သို့သော်... ရထားပြင်ပက ရှူခင်းတွေက မိဆိုးကို ဖမ်းစားလေပီ။ ယခုသွားနေသော နေရာသည် လှပလိမ့်မည်လို့ မိဆိုးသိလိုက်ပီ။မိဆိုး မျက်နှာဆီမှာ အပြုံးစတွေပေါ်လာလေပီ။ မြို့ပြ ရှူခင်းများမှ ခွဲထွက်လာသော တောတောင်အလှတွေက မိဆိုးကို စိတ်ကောက်ခြင်းတွေ ဖယ်ရှားလေပီ။ သူ့ကို ကြည့်တော့လဲ သိပ်စိတ်မပြေတပြေ။ မိဆိုးကတော့ ဂရုမစိုက်တော့။ ချစ်..သိလား...။ လှမှာလို့ ပြောတော့ သူက အဲမလုပ် အင်းမလုပ်။ ဒီလိုနှင့် မိဆိုးတို့ Agano ဘူတာဆီရောက်ပီ။ တကဲ့ကို တောမြို့ကလေးဖြစ်သည်။ ဘူတာရုံမှာ ထွက်ပေါက်ကလည်း တပေါက်တည်း။ ဘူတာက ထွက်ထွက်ချင်း ပွဲတော်ရက်မို့ ဒေသခံများက မီနီဘတ်စ်ကလေးတွေနှင့် လာကြိုပေးနေသည်။ မိဆိုးပျော်ပါသည်။ ကားကလေးနှင့်အတူ လမ်းတလျှောက် ဟိုဖက် ဒီဖက်မြင်ကွင်းများကို ကြည့်ရင်း ကျေနပ်လာလေသည်။ ၁၀ မိနစ်လောက် ကားစီးပီးတော့ Gotoen ကို ရောက်ပါပီ။ တကယ်လဲ ရှူခင်းက လှပါသည်။ သို့သော် မကြာခင် အမှောင်ပျိုးတော့မည်။ သူနှင့်ကိုယ်နှင့် ဓာတ်ပုံရိုက်ကြသည်။ ကိုယ်လဲစိတ်ပြေပီ။ မမှောင်လျှင် နေရာစုံ ပိုလည်ဖြစ်မည်ထင်သည်။ အခုတော့ .... အလင်းရောင်ရှိသည့် နေရာလေးတွေမှာပဲ ဓာတ်ပုံရိုက်ဖြစ်လေသည်။
ပွဲတော်ဆိုလို့ ကြီးကြီးမားမား မထင်ပါလေနှင့် ဒေသခံတွေ ရဲ့ ရိုးရာပွဲတော်လေးဖြစ်မည်ထင်သည်။ တောင်အလယ်မှာ စင်ထိုးကာ ထင်းမီးဖိုနှင့် မီးစက်များအားကိုးကာ ကျင်းပခြင်းဖြစ်လေသည်။ မုန့်ဆိုင်တန်း အနဲငယ်ရှိသည်။ မိဆိုး ဂျီကျလေပီ။ ရေငတ်တယ်..ရေငတ်တယ်..။ သူက လည်း စိတ်ကောက်ရှိန်မပြေသေး။ မိဆိုးကို ဓာတ်ပုံတွေသာ ရိုက်သည်။ တူတူမရိုက်ချင်ဘူး တွင်တွင်ငြင်းလေသည်။ သူဟ ဟိုဖက်မှာ ရိုက်နေတုန်း မိဆိုး တခါ စိတ်ပြန်ကောက်ပီး ဒီဘက်က ထွက်လာသည်။ သူများပါမလားလို့ နောက်ပြန်လှည့်တော့ သူကမပါ။ ဒီတော့ မိဆိုး သူ့ကို ပြန်ရှာရသည်။ စိတ်ထဲကလဲ သူ..ငါ့ကို ပစ်သွားပီထင်တယ်ဆိုပီး... တွေးနေမိသည်။ ဟိုရှာဒီရှာနှင့် မိဆိုးနားသို့ သူအအေးဗူးတဗူးကိုင်ကာ ရောက်လာလေသည်။ မိဆိုးရေဆာလို့ ရေသွားဝယ်တာတဲ့...။ စိတ်ထဲမှာ အတိုင်းမသိ ကြည်နူးသွားသည်။ ကိုယ့်ကိုကိုယ်လဲ ပြန်ဆုံးမသည်။ နောက်ကို မဆိုးတော့ဟု။ မိဆိုးက အအေးသောက်ပီး သူ့ကိုကြည့်တော့ သူက ကိုယ့်ကို မကြည့် ခပ်လှမ်းလှမ်းက ခုံလေးမှာ သွားထိုင်သည်။ ကိုယ်လဲ မအီမလည်နဲ့ ပြန်လှည့်ထွက်တော့ သူက သူ့ဘေးဆီကို လာထိုင်ခိုင်းသည်။ ပီးတော့ သူက အခုလို မိဆီုးကို ရှင်းပြလေသည်။ မိဆိုးက ခရီးသွားလျှင် ကုန်ကျငွေနှင့်တန်အောင် လျှောက်လည်ချင်သော စိတ်ကို သူနားလည်သည်။ သို့သော် ..သူကပြောသည်။ ၂ယောက်တည်းရှိသည့် အတွက် အချိန်ဘယ်လောက်တိုတို တူတူနေခွင့် လည်ခွင့်ရခြင်းသည်လည်း အနားယူခြင်းတမျိုးတဲ့ဟု ဆိုကာ မိဆိုးကို နားချလေသည်။ အခုဆို... လှပတဲ့နေရာမှာ မိဆိုးနှင့် ၂ယောက်တည်း..ဒီအချိန်လေးကို တန်ဖိုးထားပါတဲ့...သူ့စကားနဲ့အတူ ကိုယ်ကျေနပ်သွားသည်။ ဟုတ်ပေသည်။ ၂ယောက်တည်းရှိသော အချိန်လေးကို တန်ဖိုးထားရမည်တဲ့။ မိဆိုးတို့၂ယောက် သား ပြေလည်သွားကြလေပီ။
အပြန်ကျတော့ ရထားပေါ်မှာ သူက ရန်ဖြစ်ခြင်းကြောင့် နားလည်မှူရသွားသည့်အတွက် ကျေနပ်သည်တဲ့။ ဟုတ်သည်။ မိဆိုးတို့၂ယောက် အမြဲ ရန်ဖြစ်ကြသည်။ ရန်ဖြစ်ပီးသွားတိုင်း မိဆိုးတစ်ယောက် အမြဲ သင်ခန်းစာရသည်။သူလည်း မိဆိုးလိုပင်။ များသောအားဖြင့်တော့ မိဆိုးပဲ လွန်သည်ထင်သည်။ အဲ့က အပြန်ပွဲဈေးတန်းက Turkey ရေခဲမုန့်ဝင်စားသည်။ မကြိုက်ပါ။ မာမာနဲ့ စေးထန်းထန်းကြီးဖြစ်သည်။ ဘူတာရုံမှာ အမှတ်တရ ဓာတ်ပုံရိုက်သည်။ အပြန်လိုက်ပို့ပေး သော ဒေသခံများက နောက်နှစ်လဲ လာပါဦးတဲ့ ဖိတ်ခေါ်ကြလေသည်။
ထိုကအပြန် အချိန်စောနေသေးတော့ ၂ယောက်သား အိခဲဘုခုရော့ မှာ ညစားစားရင်း ဈေးဝယ်ကြသည်။ ဖိနပ်ဆင်တူဝယ်ကြသည်။ မနက်ဖြန်တူတူစီးမည်။ ညစာကို သူက ထုံးစံအတိုင်း အသားကင်စားမယ်ဆိုတော့ အသားကင်ပေါ့။မိဆိုးက အမဲသားမစားသလို ဘီယာလဲ မသောက်..။
ပုံတွေကို slide show နဲ့တင်ပေးတာ..ဘယ်လိုမှ တင်မရလို့ လင့်ပဲ ပေးလိုက်ပါတယ်...။ ပုံတွေလိုက်ကြည့်ရင်း သဘာဝအလှအပများ ခံစားနိုင်ကြပါစေ..။
<div style="width:288px;font-family:arial,sans-serif;font-size:13px;"><div><embed type="application/x-shockwave-flash" src="https://picasaweb.google.com/s/c/bin/slideshow.swf" width="150" height="100" flashvars="host=picasaweb.google.com&hl=en_US&feat=flashalbum&RGB=0x000000&feed=https%3A%2F%2Fpicasaweb.google.com%2Fdata%2Ffeed%2Fapi%2Fuser%2F118059058728548983631%2Falbumid%2F5826958001457632721%3Falt%3Drss%26kind%3Dphoto%26hl%3Den_US" pluginspage="http://www.macromedia.com/go/getflashplayer"></embed></div><span style="float:left;"><a href="https://picasaweb.google.com/118059058728548983631/MisoeGotokoen?authuser=0&feat=flashalbum" style="color:#3964c2">View all</a></span><div style="text-align:right;"><a href="http://picasaweb.google.com/lh/getEmbed?feat=flashalbum" style="color:#3964c2">Get your own</a></div></div>
Takao တောင်သွားခြင်းကိုတော့ နောက်အပတ်မှဆက်ပေရှည်မည်။
Subscribe to:
Posts (Atom)
