Credit:
http://www.facebook.com/notes/oakkar-nyo-htay/%E1%80%B1%E1%82%82%E1%80%80%E1%80%BC%E1%80%95%E1%80%AB%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9%E1%80%9C%E1%80%8A%E1%80%B9%E1%80%B8-%E1%80%B1%E1%80%99%E1%82%8A%E1%80%B8-/10151320120128209
သတိ - အရေးအသား အနည်းငယ်ကြမ်းပါသည်။
ကုမုဒြာကြာဆိုတာ ... ညအခါလရောင်သာပါမှ ... ပွင့်တယ် ...
ညမွှေးပန်းလေးတွေကတော့ ... ညနက်လေ ... မွှေးလာလေပါပဲ ...
ကျွန်မကတော့ ... ကုမုဒြာအိပ်မက် ... မမက်ရဲပေမယ့် ... ညမွှေးပန်းလေးလို့တော့ ... စိတ်ကူးယဉ်မိတယ် ...။
ကျွန်မတို့အတွက် ... စပ်ဆိုထားတဲ့ ညမွှေးပန်း သီချင်းလေးတောင် ...ရှိသေးတယ်မဟုတ်လား အကိုရယ် ...။
ကျွန်မဘဝ အကြောင်းလား ... စုံလို့ပါ အကိုရယ် ... အားလုံးကိုခြုံပြောရရင်တော့ ... ဘဝပေးမကောင်းဘူးပဲဆိုပါတော့လေ ...။
အဖေက ဆုံး ... အမေ ဘယ်မှာမှန်းမသိ ... အကိုကထောင်မင်းသား ...
ကျွန်မကတော့ ပြည့်တန်ဆာပေါ့ အကိုရယ် ...။
ကျွန်မ နာမည်လား ... ဟဟဟ ... ဒါလည်း အစုံပဲအကိုရေ ...
ရှိသမျှပန်းနာမည်တွေ ... မြစ်နာမည်တွေ ... အကုန်ကျွန်မပဲပေါ့ ...။
တစ်ခါတစ်ခါ ကိုရီးယား ဂျပန် နာမည်လေးတွေတောင် ပေးလိုက်သေးတယ် ...။
ဟဟ ... အလုပ်ထဲမှာဆိုတော့ ဒီလိုပဲ အကိုရဲ့ ...။
သြော် ... အကိုရယ် ... ကျွန်မက ပျော်ပျော်ရွှင်ရွှင်နေတတ်သူပါ ...။
အမြဲတန်းပြုံးနေရသလို ... တစ်ခါတစ်ခါလည်း ရယ်မောပစ်လိုက်ရတာပေါ့ ...။
ဟုတ်မဟုတ်တော့မသိဘူး ... ရယ်မောချင်းဆိုတာ အသက်ရှည်စေတယ်လေ ...။
ပြည့်တန်ဆာဖြစ်နေရတဲ့အထဲ နေ့တိုင်းငိုနေရရင် သွားပြီပေါ့ ...။
ဒါပေမယ့်လည်း ... တစ်နေ့တစ်နေ့ ... နာရီတိုင်း စက္ကန့်တိုင်းမှာ ...
နေ့ဆိုတာတွေက ပျောက်ဆုံး ပျက်သုဉ်း ... ညတွေညတွေပဲ ဘဝတွေဖြစ်ခဲ့ရ ...
သန်းခေါင်ယံတွေကိုပဲ အဟာရအဖြစ် စားသုံးခဲ့ရသူပါ အကိုရယ် ...။
ယောက်ျားဆိုတာ ကျားတဲ့လား အကိုရဲ့ ...။
အဲဒီကျားတွေပဲ ကျွန်မတို့ရဲ့ အထိ အတွေ့ အယုအယအောက်မှာ ဝပ်ဆင်းသွားကြတာပါပဲ ...။
တစ်ကယ်တော့ ကျားတွေက ချစ်စရာပါ ... ရမ်းကားတဲ့သူပဲ မုန်းဖို့ကောင်းတာပါ ...။
မိန်းမဆိုတာက နူးညံ့မှကြိုက်တာလေ ... နော် ... အကိုရဲ့ ...။
ကြမ်းကြမ်းတမ်းတမ်း ရမ်းရမ်းကားကားနဲ့ အစားကျူးတဲ့ ကျားဘီလူး တွေကိုတော့ ရှောင်တယ် ...။
မတတ်သာလွန်းမှ တစ်ကြိမ် တစ်ခါပါပဲ ...။
ကျွန်မ ဒီဘဝရောက်တာလား ...
အင်း ... မှတ်မှတ်ရရ ... တစ်ခုသော ဒီဇင်ဘာ ... (၁၆) နှစ် ပြည့်ကာစပေါ့ အကိုရယ် ...။
အဲဒီတုန်းက ပေါက်ဈေးကတော့ ဖလန်းဖလန်းပဲ အကိုရဲ့ ...
သိတယ်မလား ... ဒီအရွယ်နဲ့ အသစ်ဆိုတော့ ...။
ပါကင်ဆိုတော့ လိုချင်လွန်းလို့ ဝိုင်းတောင် အလုခံရတဲ့ အခြေအနေ ...
အဲသလို စင်ပေါ်မှာနေပြီး ဟိုးအောက်ဆုံးကိုရောက်အောင် လမ်းဖေါက်ခဲ့တာ ကျွန်မပေါ့ ...။
ဒါပေမယ့် ...
အခုမှ ကျွန်မအသက် (၁၉) နှစ် ... သန်တုန်း မာတုန်း ... လှတုန်း ပတုန်း ... တောင့်တုန်း ဖြောင့်တုန်း ပါပဲ ...။
(၃) နှစ်ဆိုတဲ့ကာလ ... သန်းခေါင်ယံညတွေမှာ ... ကျားမှန်သမျှ ယုန်ဘဝ ပြောင်းပေးခဲ့တာ ...
ကျွန်မပဲပေါ့ အကိုရယ် ...။
သစ္စာတွေ မေတ္တာတွေ ဟုတ်လား အကို ... အချစ် ... ဟဟဟ ... အချစ်တဲ့လား အကို ...။
လှပါတယ် ... တစ်ကယ်ပါ ... စကားလုံးတွေပါ ...။ လူတွေက ဒီစကားလုံးတွေနဲ့ပဲ ... ဟန်ဆောင် လှည့်ဖြားနေကြတာ ...။
ကျွန်မ မှားချင်ရင်မှားမယ်လေ ... ဒီဘဝထဲမှာ ဒီစကားတွေကတော့ ဟာသတွေပဲ အကိုရယ် ...။
လှောင်တာ မဟုတ်ပါဘူးနော် ... ဒီစကားတွေကြားရတာ ဘာမှန်းမသိ အလိုလို နာကြည်းလာလို့ ...။
ဒီခေတ်ကြီးလည်း အကိုကြည့်ပါဦး ... ပေတံတွေ အများကြီးရှိရက်နဲ့ ငွေပေတံကပဲ စံတစ်ခုလိုဖြစ်နေပြီ ...။
ငွေပေတံနဲ့ တိုင်းမှ မှန်တယ်ထင်ကြတဲ့ခေတ် ...။
ငွေကိုလိုချင်ကြတယ် ... ငွေကလိုလည်းလိုတယ် ... ဒီလိုနဲ့ပဲ ငွေရှာကြတယ် ...။
သူတောင်းစားလည်း ငွေလိုချင်တာပဲ ...။ သူဌေးလည်း ငွေလိုချင်တာပဲ ...။ ကျွန်မလည်း ငွေလိုချင်တာပဲ ...။
ဒီတော့လည်း ငွေဆိုတာ ရှာရတော့တာပေါ့ ...။ လူမှန်ရင် ဒီတစ်ချက်တော့ လာတူကြတာချည်းပါပဲ အကိုရယ် ...။
ဟင်း ... ... ... မတူတာက ဘယ်လိုရှာကြလည်းဆိုတာပဲ ထင်ပါတယ် ...။
ကျွန်မ စဉ်းစားတယ် အကိုရယ် ... ပြည့်တန်ဆာရတဲ့ငွေ သန့်မသန့်ပေါ့ ...။
အချိန်ရတိုင်း စဉ်းစားမိတယ် ... သေသေချာချာ သုံးသပ်တယ် ...။
ဒါပေမယ့် ကျွန်မ အာမခံရဲတယ် အကို ... ကျွန်မရဲ့ ငွေတွေက သန့်ရှင်းတယ် ...။
ဒီငွေတွေဟာလေ ... ဘယ်သူ့ဆီကမှလည်း မခိုးထားဘူး ... အဓမ္မသိမ်းပိုက်ထားတာလည်းမဟုတ်ဖူး ...
ကလိမ်ကကျစ်ကျပြီး ရထားတဲ့ငွေတွေလည်း မဟုတ်ဖူး ...
ကျွန်မတို့ရဲ့ ငွေတွေဟာ ရောင်းသူဝယ်သူ ကြည်ဖြူလို့ ရလာတဲ့ငွေတွေပါ အကို ...။
ကျွန်မလက်ထဲက ငွေတွေအားလုံးအတွက် ကျွန်မ လိပ်ပြာသန့်တယ် ...။
ဒါပေမယ့် ရင်နာရတယ် ... သိပ်ခံပြင်းတယ် ... တစ်ကယ်ပေါက်ကွဲရတယ် အကိုရယ် ...။
ကျွန်မတို့ကို ဖာ ဆိုတဲ့ဘွဲ့ကြီးတပ် ... ပြည့်တန်ဆာ ဆိုတဲ့ဘွဲ့ကြီးတပ် ... ဝိုင်းနှိမ်လိုက်ကြတာများ ...
လူကို လူလို မမြင်လိုက်ကြပုံများ ... စကားလုံးအလှလှ သုံးတတ်တဲ့သူတွေ ... လူသားပီသပါလေစွ ...။
အဲဒီလူတွေ တွေ့ရင်လေ ... မျက်လုံးချင်းဆိုင် ... စူးစူးရဲရဲကြည့်ပြီး မေးလိုက်ချင်တယ် ...
ကိုယ့်လိပ်ပြာကို ကိုယ်လုံပါရဲ့လားပေါ့ ...။
ဖြစ်နိုင်ရင် ရတဲ့ငွေချင်းယှဉ်ပြီး လျှော်ဖွတ်ပြလိုက်ချင်တယ် ...။
သေချာတယ် ... ကျွန်မရှာတဲ့ ငွေတွေထဲကတော့ ...
သွေးစက်တွေ မျက်ရည်တွေ နာကျဉ်းမှုတွေ မတရားမှုတွေ ထွက်လာမှမဟုတ်ဖူး အကို ...။
ထားပါ အကိုရယ် ... တော်ပါပြီ ... အမုန်းမပွားချင်ပါဘူး ...။
ကြားဖူးနားဝ စာတစ်ကြောင်းတောင်ရှိသေးတယ် ...
ဘာတဲ့ ... "The customer is always right." ဆိုလားပဲ ...။ ဟ ဟ .. ဟ ဟ ...။
ကျွန်မတို့ဟာ ရပ်တည်ဖို့ ငွေလိုချင်ကြပေမယ့် ငွေကို မမက်မောပါဘူး ...။
ဒီငွေတွေက စားဖို့ သောက်ဖို့ ... လှဖို့ ပဖို့ ... ပြီးတော့ ကျွန်မတို့ရဲ့ ကျန်းမာရေး ... ဒါတွေအတွက် ရှာဖွေရတာတွေပါ ...။
ဆယ်သက်သုံးမကုန် ဖြုန်းမကုန်အောင် ငမ်းငမ်းတက် ရှာနေတာလည်း မဟုတ်ပါဘူး အကို ...။
ရှာဖို့ အခွင့်အရေးကလည်း မရှိဘူးလေအကိုရယ် ... မြန်မာပြည်မှာ အခွင့်အရေးဆိုတာက ကျွန်မတို့လိုလူတန်းစားနဲ့ ဘာဆိုင်တာမှတ်လို့ ...။
အခွင့်အရေးဆိုတာက အိပ်မက် ... သုံးစားလို့မရဘူး ... ငွေနဲ့လဲယူလို့မရဘူး ... မေ့ပစ်လိုက်တယ် ...။
လိုတဲ့ငွေကို ရှာတယ် ... ဒီကိုယ်ခန္ဓာနဲ့ ရင်းပြီးရှာတယ် ... သမာအာဇီဝပဲ ... ဘယ်သူငြင်းချင်လဲ ... ဘယ်သူငြင်းရဲလဲ ...။
ရတဲ့ငွေနဲ့ ကျွန်မ ရပ်တည်တယ် ... ပြီးတော့ ကျွန်မ လှူလည်းလှူပါတယ် ...။
အဲဒီလိုအခါမျိုးလေ ... ရင်ထဲမှာ တစ်မျိုးကြီးပဲ အကိုရယ် ...
ပီတိဖြစ်တာလား ... ဝမ်းနည်းတာလား ... ဖေါ်မပြတတ်အောင်ပဲ ခံစားချက်က
ပြင်းလွန်းတယ် ...။
မျက်ရည်တွေ အဲဒီအခါ ထိန်းမရတော့ဘူး အကိုရယ် ...။ ဘာကြောင့်မှန်း မသိဘူး ...။
ဘတ်စ်ကားမှတ်တိုင်မှာ ... ဓါတ်တိုင်အောက်မှာ ...
ဖင်လေးလှုပ် ခါးလေးနွဲ့ မျက်စပစ်ပြီး မထီတရီ ချိုအီအီလုပ်နေလို့ ...
ကျွန်မတို့တွေ ပျော်နေတယ်လို့တော့ မထင်လိုက်ပါနဲ့ ...
ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုပြီးတော့လည်း ... မှတ်ချက် မပေးလိုက်ပါနဲ့ အကို ...။
တစ်ကယ်တော့ ပြည့်တန်ဆာဘဝဆိုတာ ... နေ့တစ်ဓူဝ ရုန်းကန်နေရတာပါ ...။
သမာအာဇီဝ ငွေလေး ... တစ်ပဲနှစ်ပြားရဖို့ကို ... စိုးတစ်ထင့်ထင့်နဲ့ ရှာဖွေရတဲ့ ဘဝတွေပါ အကို ...။
ဘဝပေးမကောင်းခဲ့လို့ ... မရှိလို့ ... ခန္ဓာကိုယ်အသွေးအသားကို ရင်းနှီးပြီး ... ရှာဖွေစားရတဲ့သူတွေကို ...
မထင်ရင် မထင်သလို ဥပဒေကြီးကိုင်ပြီး ထောင်ထဲထည့်တာတော့ လွန်တာပေါ့အကိုရယ် ...။
ရောင်းသူ ဝယ်သူ ကြည်ဖြူ အဆင်ပြေနေတဲ့ပွဲမှာ ... ပေါများလို့ ဝယ်တဲ့သူတွေကို ဘာမှမလုပ်ပဲ ...
မရှိလို့ ရောင်းတဲ့သူကိုမှ ထောင်ထဲထည့်ကြတာ တရားသလား အကိုရယ် ... ဒါ တရားသတဲ့လား ...။
ဟားဟား ... မြန်မာ့လူ့အဖွဲ့အစည်းကို ပျက်စီးစေတယ် ဟုတ်လားအကို ...။
ရာဇဝင်ထဲမှာလည်း ကျွန်မတို့ရှိပါတယ် ... သမိုင်းမှာလည်း ကျွန်မတို့ရှိပါတယ် ...
အော် ... ဝေးတာတွေပြောလို့ လည်ကုန်ဦးမယ် ...
အခု ကမ္ဘာ့နိုင်ငံတိုင်းမှာလည်း ရှိနေတာပဲ အကို ...။ အဲဒီနိုင်ငံတွေဟာ
ကျွန်မတို့လို ဖာတွေကြောင့် ပျက်စီးသွားကြပြီလား ... ဟင် ... ဖြေပါဦး ...။
မြန်မာပြည်မှာ ကျွန်မတို့လို ဖာတွေ မရှိအောင်ရှင်းချင်ရင်လည်း ...
လူတိုင်းလူတိုင်း ဖာတွေနဲ့ ကင်းအောင် ရှင်းအောင် နေလေ ...
အဲဒီ ဥပဒေဘက်တော်သားတွေကအစ ... ကင်းအောင် ရှင်းအောင် နေကြလေ ... မဟုတ်ဖူးလား အကို ...။
မလိုတစ်မျိုး လိုတစ်မျိုး ... အခုတစ်မျိုး တော်ကြာတစ်မျိုး စည်းကမ်းတွေ စီမံချက်တွေက ...
တစ်ကယ့် တစ်ကယ်တော့ ဘယ်သူ့ကိုမှအကျိုးမပြုပါဘူး ...။
လူကိုမုန်းတော့ မူကိုသုံးပြီး ကျွန်မတို့ကို ထောင်ထဲ ထည့်တယ် ...
လူကိုခင်တော့ မူကိုပြင်ပြီး ကျွန်မတို့ကို အိပ်ခန်းထဲ ထည့်တယ် ...
မျိုးစုံကို ထည့်တော့တာပဲ ကောင်းလေစွ ...။
ကျွန်မတို့ကတော့ တစ်ကယ့်ကို အခံဘက်ကချည်းပါ ...။
လုပ်တုန်းကလုပ်တော့လည်း ခံလိုက်ရတာပါပဲ ... လုပ်ချင်တာလုပ်တော့လည်း ခံလိုက်ရတာပါပဲ ...။
အော်ဟစ်ပြီး ရယ်ပစ်လိုက်ချင်တယ် ... အို အသင်လောက ... ပြည့်တန်ဆာဘဝ ဘယ်လောက်များလှလိုက်သလဲလို့ ...။
ကျွန်မက ကလိမ်စေ့ငြမ်းဆင်ပြီးပြောတာ မဟုတ်ပါဘူး ...
ဟိုး အရင့်အရင်ထည်းက ပြည့်တန်ဆာဆိုတာ ရှိပြီးသား ...။
ဒီဘက်ခေတ်ရောက်တော့ ကျွန်မတို့ကို ဖာ တွေလို့ခေါ်ကြပြန်တယ် ...။
ပြည့်တန်ဆာဆိုတာ ရှည်လို့များလား ...
ဒါမှမဟုတ် ကျွန်မတို့လူတန်းစားကို သက်သက်နှိမ်ချင်လို့လားတော့ ကျွန်မမသိဘူး ...။
ဒါပေမယ့် ... မြို့အင်္ဂါ ပြည့်အင်္ဂါထဲမှာ ကျွန်မတို့ပါတယ် ... ကျွန်မတို့မှာလည်း သမိုင်းနဲ့ ရာဇဝင်နဲ့ပါ အကို ...။
ပေထက်အက္ခရာတင်ထားတာ ... လေ့လာသူတိုင်း သိတယ် အကို ...။
အကိုက စာတွေဖတ်တော့ သိမှာပေါ့ ...
ကောင်မလေးတစ်ယောက် ... သူ့ရဲ့ ချစ်သူရည်းစား ရန်သူတွေနဲ့ တိုက်ရင်းနဲ့ သေသွားတဲ့အခါ ...
ကောင်မလေးက သူ့ချစ်သူအတွက် ကျူးကျော်သူတွေကို တော်လှန်ပစ်ချင်တယ်လေ ...
ရန်သူတွေကို ... သတ်ပစ်ချင်နေတာပေါ့ ...
ဒီလိုနဲ့ ရန်သူတွေကို ချည်းကပ်ရင်းနဲ့ အခွင့်အရေးရှာရင်းနဲ့ သူလည်း ပြည့်တန်ဆာဖြစ်သွားတယ် ...
နောက်တော့ ဆစ်ဖလစ်ရောဂါ ရလာရော ... သူက အဲဒီရောဂါကို မကုဘူး ... မွေးထားလိုက်တယ် ...
ပြီးတော့ ရန်သူတွေနဲ့ ဆက်တိုက်ဆိုသလို ဆက်ဆံတော့တာပဲ ... သူ့ရဲ့ လက်စားချေနည်းလေ ...
သူက ချောလည်းချော ဆွဲဆောင်မှုကလည်း အပြည့်ဆိုတော့ ...
အရာရှိတွေလည်း သူမှသူပဲ ဖြစ်နေတော့တာလေ ...
ဒီလိုနဲ့ သူ့ရဲ့ လူမသိသူမသိ လက်နက်နဲ့ ... ရန်သူတော်တော်များများကို ရောဂါကူးစက်စေပြီး ...
ရန်သူတွေအတွက် မရဏတံခါးကို သူကိုယ်တိုင် ကျယ်ကျယ်ဖွင့်ပေးခဲ့တယ် ...။
ဒါပေမယ့် သူ့ချစ်သူက မသေပဲ ပြန်တွေ့တဲ့အချိန်မှာတော့ ... သူက ဆေးရုံပေါ်မှာ ရောဂါကျွမ်းနေပြီ ...။
သူသတ်ခဲ့တဲ့ ရန်သူတွေ ဘယ်လောက်များလဲဆိုတာ သူ့ချစ်သူကို ပြောပြနေရှာတယ် ...။
သူဘယ်လောက်ပဲ ရန်သူတွေကို နှိမ်နင်းခဲ့ နှိမ်နင်းခဲ့ ... ... ...
ဒါပေမယ့် အကိုရယ် ... သူကလေ ... သူက ... သူ့ဘဝက ပြည့်တန်ဆာပဲ ...။
သူရဲကောင်းဖြစ်ခွင့် မရလိုက်ပါဘူး အကိုရယ် ... ချစ်သူရဲ့ စက်ဆုတ်ရွံရှာမှုတောင် ခံလိုက်ရသေးတယ် ...။
အသိအမှတ်ပြုခံရဖို့ဆိုတာတော့ ဝေလာဝေး အကိုရေ ...။
သြော်... ကျွန်မကြေကွဲရတယ် ... ပြည့်တန်ဆာဆိုတာ ဒီလိုတွေချည်းပါလားပေါ့ ...။
ဒီအကြောင်းလေးက အကိုတို့လို စာပေသမားတစ်ယောက်ပဲ ကျွန်မကိုပြောပြသွားတာ ...။
ကမ္ဘာကျော်တဲ့ ဝတ္ထုလေးတစ်ပုဒ်တဲ့ ...။
ကျွန်မဆီကို ဒီလိုလူတွေလည်း လာကြတယ်လေ အကိုရဲ့ ...။ လူတွေက အလွှာစုံပါတယ် ...။
စကားတွေ ကောင်းနေလိုက်တာနော် ...
ဒါပေမယ့် ပြောရဦးမယ် ... ကျွန်မကို ပြည့်တန်ဆာမှုနဲ့ ထောင်ချတယ် ... (၂) ခေါက်တော့ရှိပြီ ...။
စီမံချက်တွေ ဘာဘာညာညာတွေနဲ့ ... ခဏခဏ ဆွဲစိတာ မပါဘူးနော် ... ဒါ အကြီးစားကိုပြောတာ ...။
ဒီတစ်ခါတော့ ဒီကိုရောက်လာပြီ ... အဝင်မှာ ဖတ်လိုက်ရတယ် ...
အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန တဲ့ ...။
ထောင်ကျတာထက်တော့ ပိုကောင်းပါတယ် ... အစိုးရဌာန သုံးခုလောက်ပေါင်းပြီး ဖွင့်ထားတာလေ ...။
တစ်ကယ်တော့ အကိုမြင်တဲ့အတိုင်းပါပဲ ... ထောင်တစ်ခုလိုပါပဲ ...။
ပြည့်တန်ဆာမှု ... ဟိုအမှု ... သည်အမှု နဲ့ ထောင်ကျတဲ့သူတွေ ဆေးစစ်တယ် ...။
HIV Positive တွေ့ရင် ဒီကိုပို့တယ် ... ... ...။
ဒီမှာက ဇာပန်းထိုး ... စက်ချုပ် ... သစ်ပင်စိုက် ... ဘာသာရေးကအစ အကုန်သင်ပေးတယ် အကို ...။
ပြီးတော့ စာလည်း သင်ပေးသေးတယ် အကို ...။
ဒါပေမယ့် ဒီမှာက ကျွန်မတို့ကို (၁) နှစ်ထက် ပိုပြီး ထားခွင့်မရှိဘူး ...။
ဒီတော့လည်း (၁) နှစ်ပြည့်သွားရင် ကျွန်မတို့ ပြန်လွှတ်ရတယ် ... ... ...။
စောစောကပြောသလိုပေါ့ ... သင်ပေးတယ်ဆိုတော့ ပညာပေါ့ အကိုရယ် ...။
ဒါပေမယ့် ကျွန်မတို့က ပြည့်တန်ဆာတွေလေ ... ပညာတတ်ဘွဲ့ရတွေမှ မဟုတ်တာ ...။
ဒီနိုင်ငံမှာ ပညာတတ် ဘွဲ့ရတွေတောင် အလုပ်လေး တစ်ခုရဖို့ အနိုင်နိုင်ရယ် ...
ဖာသည် ထောင်ကထွက်တော့ ဘာဖြစ်ဦးမှာတုန်း ... ဖာသည်ပဲပေါ့ ...။
ကျန်တဲ့သူတွေလည်း ဒီလိုပဲလေ ... ဒီကိုလာ ... ဒီကထွက် ... ဒီဘဝပဲပြန်ရောက် ...။
တစ်ကယ်တော့ စနစ်တွေကိုက အများကြီးလိုတယ် အကိုရယ် ... အခုဟာက ပြီးပြီးရော နိုင်လွန်းတယ် ...။
အခုဆိုကြည့် ... ကျွန်မက HIV Positive နဲ့ ...
ဒါပေမယ့် ကျွန်မတော့ ဒါဖြစ်နေပါပြီလို့ လျှောက်ပြောမှာမဟုတ်ဖူး အကို...။
ဒီတော့ ကျွန်မ Condom လေးတွေ အမြဲဆောင်ထားတယ် ... ဒါ အခုမှမဟုတ်ဖူးနော် ...
ကျွန်မ ဒီဘဝထဲရောက်လို့ လုပ်သက်လေးရပြီး အတွေ့အကြုံရှိလာတဲ့အခါတည်းက စပြီး ဆောင်ထားတာ ...။
နောက်တော့ အဲဒီ Condom ကိစ္စ ပြောပြဦးမယ် ... ဘယ်လောက် ခံပြင်းဖို့ကောင်းလိုက်လဲဆိုတာ ...။
အခုတော့ ကျွန်မ ... ကျန်းမာရေးကို အရင်ထက် ပိုဂရုစိုက်တယ် ...။ ကိုယ် သောက်ရမယ့်ဆေးကို ညွှန်ကြားချက်အတိုင်း ဝယ်လို့ရရင်သောက်တယ် ...။
NGO တွေလား ... တစ်ခါတစ်ခါ လာတတ်ပါတယ် ... ဒါပေမယ့်အကိုရယ် ... ဆေးဝါး မလုံလောက်တာတွေ ...
ကျွန်မတို့ မသိရတဲ့ အခက်အခဲတွေ ... အို ... ပြဿနာတွေက စုံလို့ အကိုရယ်
... ဒီလိုတွေနဲ့ ဒီဘဝတွေထဲက ဘယ်လိုများ ရုန်းထွက်နိုင်ဦးမှာလဲ အကိုရယ် ...။
အမျိုးသားရေးအသွင် ... ဟုတ်လား ... စကားလုံးတွေကတော့ ခန့် .. ငြား .. ထယ် .. ဝါ .. ပါတယ် အကို ...။
ဒါပေမယ့် ထိရောက်မှုမှမရှိပဲ ... ကျွန်မတို့က အမြင်အတိုင်း ကျွန်မတို့ပဲလေ ... ပြောင်းလဲမှုမရှိ ...။
အသစ်လေးတွေတောင် ဈေးကွက်ပေါ်မှာ စီစီရီရီရယ် ...
သူတို့လေးတွေအတွက်လည်း တစ်ကယ်ပါ ... စိတ်မကောင်းဘူး ...။
ဒါပေမယ့်လည်း သင်ပေးရတာပေါ့လေ ...။
သြော် ... ဟဟ ... တစ်မျိုးမထင်ပါနဲ့ အကိုရယ် ...
ကျွန်မတို့လို မဖြစ်အောင်ပေါ့ ...
ဒီဘဝထဲရောက်နေပြီဆိုပေမယ့် ဒီထက်ဆိုးတဲ့ အခြေအနေမျိုး မဖြစ်အောင်ပေါ့ ...
ပြည့်တန်ဆာဘဝကို ပြည့်တန်ဆာပဲ ကိုယ်ချင်းစာနားလည်နိုင်တယ် အကို ...။
ဒီ့အပြင်လူ နားလည်ပါတယ် ကိုယ်ချင်းစာပါတယ်ဆိုတာ ...
ဒီဘဝထဲကလူလောက်တော့ မဖြစ်နိုင်ပါဘူး ... မစစ်နိုင်ပါဘူး ...။
ဟုတ်တယ် အကို ... နောက် တစ်ပတ် နှစ်ပတ်လောက်ဆို ကျွန်မကို ဒီကနေ လွှတ်ပေးတော့မယ် ...။
ဒီမှာလေ ... သိလား ... အသိုင်းအဝိုင်းကောင်းပြီး ရောက်လာတဲ့သူတွေလည်း ရှိတယ် ...။
ဟဟ ... ဝါသနာပါလို့လား ဆိုတာတော့ ... ကျွန်မလည်း နားမလည်ပါဘူး ...။
ကိုယ်ကတော့ လူငယ်ဆိုတော့ ငွေရတယ် ... ဝတ်မယ် ... စားမယ် ... ပျော်မယ်ပေါ့လေ ... ဒါနဲ့ပဲ ဒီဘဝထဲ ... ဟင်း ...။
ဟင် ... မဆင်းရဲရင် ... ပညာတတ်ရင် ဟုတ်လား အကို ...။ ဟိုမှာလေ ... သူတို့က တက္ကသိုလ်ကျောင်းသူလေးတွေ ...
ဒီ့အပြင် တစ်ခြားသူတွေလည်း ရှိသေးတယ် ... မပြောတော့ပါဘူး ...။
ဟုတ်တယ်နော် ... စဉ်းစားစရာပဲ ...။ ပြီးတော့ မိန်းကလေးတိုင်း ဖြစ်မှ
မဖြစ်ပဲ ...။
အဖြစ်နိုင်ဆုံးကတော့ ဆင်းရဲမွဲတေမှုကြောင့်လို့ ထင်တယ် အကို ...။
အဲ ... ရှိသေးတယ် ... မြန်မာပြည်မှာက ဈေးပေါတယ်တဲ့ ...။ အဲဒါ နိုင်ငံခြားသားတွေ ပြောပြတာ ...။
ဟုတ်တယ် အကိုရယ် ... အခုတော့ နေရာတော်တော်များများ ပွင့်လင်းလာတယ် ...။
မရှိဆင်းရဲ ပညာတတ် သမီးပျိုလေးတွေ အတွက်တော့ အရမ်းရင်လေးတယ် အကိုရယ် ...။
ပြည့်တန်ဆာဘဝ ပြည့်တန်ဆာခံစားချက်က သိပ်ပဟေဠိဆန်တယ် ...
ကိုယ့်အသိုင်းအဝိုင်း ကြီးထွားမလာစေချင်ဘူး ...
အသစ်အသစ်တွေ ရောက်မလာစေချင်ဘူး ...
ကိုယ့်လို သူများကို မဖြစ်စေချင်တဲ့စေတနာ ...။
ကျွန်မတို့ဘဝက တစ်ကယ်ကြမ်းတယ်လေ ... အခုဆို HIV Positive တောင်ပြနေပြီ ...။
Condom ကိစ္စပြောရတော့မယ် ... စောစောကပြောသလိုပဲ ... ဟိုတုန်းထဲက ကျွန်မသုံးတာပေါ့ ...။
ယောက်ျားသုံးရော မိန်းမသုံးရော နှစ်မျိုးစလုံးဆောင်ထားတယ် ...။ တစ်ချို့ကလည်း မကြိုက်ဖူးအကိုရယ် ... ဘယ်လိုပြောပြောမရဘူး ...။
ကျွန်မပြောခဲ့တဲ့ ကျားဘီလူးဆိုတာ အဲဒါမျိုးတွေလည်း ပါတာပေါ့ ...။
ပြီးတော့လေ ... သိပ်ရင်နာဖို့ကောင်းတဲ့အဖြစ် ...
ကျွန်မတို့က ကိုယ့်အလုပ်နဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ Condom ကိုဆောင်ထားတယ် ...။
အဲဒီမှာ စီမံချက်နဲ့ လိုက်ဖမ်းလို့ကတော့ အဲဒီ Condom က သက်သေပဲ ... အဲဒီမှာ သွားရောပဲ ...။
ဒီမိန်းမ ဒီမှာတွေ့လား ... Condom ဆောင်ထားတယ် ... မငြင်းနဲ့ ... ဝင်ပေတော့ပဲ ...။
ကဲ ... အကို ... စဉ်းစားသာကြည့်ပေတော့ ... အဲဒါ ကျွန်မတို့ရဲ့ ဘဝပဲ ...။
စနစ်မရှိ စည်းမရှိ ... လုပ်ချင်တိုင်းလုပ်နေတဲ့တိုင်းပြည်မှာ ဖာချင်းယှဉ်ရင်တောင် ကိုယ်က ဟိုး ... အောက် ...။
သိပ်ရင်နာဖို့ကောင်းတယ် ... ... တစ်ကယ် ... ...။
တစ်ခုတော့ သတိပေးရဦးမယ် အကို ... ဗဟုသုတပါ ...။
သာမန် မိန်းကလေးတစ်ယောက်ကို ... မသင်္ကာလို့ စစ်လားဆေးလားလုပ်ရင် Condom တွေ့လို့ကတော့ ...
ရိုးရိုးသားသား ဆောင်ထားတဲ့သူကိုတောင် ဖမ်းလို့ရတယ်နော် ...။
ရောဂါ ကာကွယ်ရေး ပစ္စည်းကို ကိုင်ဆောင်မှုနဲ့ ဖမ်းတာ ဒီတစ်နိုင်ငံပဲ ရှိမယ် ထင်ပါရဲ့ အကိုရယ် ...။
ယောက်ျားတွေကိုင်တာကျတော့ ဘာမှမဖြစ်ဖူး ...။
အဲဒါ သတိထားဖို့ပြောတာ ...။
မြန်မာပြည်မှာ မိန်းမနဲ့ ယောက်ျား တန်းတူအခွင့်အရေးရှိတယ်ဆိုတာ ...
ဟဟ ... ဘယ်လိုပြောရမလဲပေါ့နော် ... အဲဒါတွေသာကြည့်တော့လို့ ပြောရတော့မှာပဲ ...။
ပြောရရင် အများကြီးပါပဲ အကိုရယ် ...။ မရှိလို့ လုပ်စားပါတယ်ဆိုမှ ဟိုလူကြောက်ရ ဒီလူကြောက်ရနဲ့ ...။
အသိုင်းနဲ့ အဝိုင်းနဲ့ အကာအကွယ်နဲ့ လုပ်စားပြန်တော့လဲ ...
ကျွန်မတို့ရတာက နည်းနည်းရယ် ... ခေါင်း ဆိုတဲ့ဟာတွေကမှ ငွေရများသေးတယ် ...။
သူတို့ကလည်း သူတို့ဆင်ခြေနဲ့ သူတို့ ... လိုင်းကြေးတွေ ဘာတွေနဲ့ပေါ့ အကိုရယ် ... သိတယ်မဟုတ်လား ...။
ဟုတ် ... အကို ...။ ဒီက ပြန်ထွက်ရင် ဒါပြန်လုပ်ဦးမလားဆိုတော့ ... မလုပ်တော့ပါဘူးလို့ စဉ်းစားထားတယ် ...။
စုဆောင်းထားတာလေးတွေနဲ့ ရပ်တည်ကြည့်မယ် ...။
လုပ်ဖေါ်ကိုင်ဖက်တွေနဲ့လည်း တိုင်ပင်မှာပေါ့ ... သူတို့လည်း ဘယ်သူမှ ဒီဘဝကြီးကို တပ်မက်နေတာမှမဟုတ်ပဲလေ ...။
အကယ်၍များပေါ့ ... ဒီလောကထဲ ပြန်ရောက်သွားရင်လည်း ... အလုပ်လုပ်ရင် စည်းကမ်းပိုပြီးတော့ ထားရတော့မယ် ...။
Condom ကိုတော့ မဖြစ်မနေ သုံးမှရတော့မယ် ... ကျွန်မက ကိစ္စမရှိတော့ဘူးလေ ... ထမင်းရှင်တွေက အရေးကြီးတယ် ...။
စောစောက ပြောပြတဲ့အထဲကလို ... ရန်သူတွေနဲ့ ဆက်ဆံနေတာလည်း မဟုတ်ဖူး ...။ ကိုယ့်ကြောင့် သူများကို ဒုက္ခမရောက်စေချင်ဘူး ...။
ကျွန်မ ဒီထက် သတ္တိရှိလာရင်တော့ ပွင့်ပွင့်လင်းလင်း ကြေငြာလိုက်မယ် ...။ ဒါပါပဲ အကို ...။
ဟုတ် ... ဘာပြောချင်သေးလဲ ... ဟုတ်လား ...။
အကိုကတော့ တစ်ကယ် နားထောင်ပေးနိုင်တဲ့သူပဲ ...။ ကျေးဇူးတင်ပါတယ် အကိုရယ် ...။
ပြောဆိုလို့ ပြောမယ်နော် ... အခု နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာပြီ ...
တော်တော်များများ ပွင့်လင်းလွတ်လပ်တယ်ပေါ့လေ ...
ဒီတော့ ပြည့်တန်ဆာဥပဒေကို ပြန်စဉ်းစားသင့်ပြီထင်တယ် ...။
ခေတ်တိုင်း စနစ်တိုင်းမှာ ပြည့်တန်ဆာဆိုတာ ရှိနေမှာပဲ အကို ...။
လုံးဝ အမြစ်ပြတ်နှိမ်နင်းနိုင်ရင်တော့ ကျွန်မတို့လည်း ကြိုဆိုမှာပါ ...။
ဒီလိုမှ မလုပ်နိုင်သေးရင်တော့ ... ပြည့်တန်ဆာဥပဒေကို ပြင်သင့်တာတွေ ပြင် ...
စည်းကမ်းရှိရှိ ... စနစ်ကျကျ ... ဆေးစစ်တာတွေ ... မှတ်ပုံတင်တာတွေ လုပ်သင့်ပြီထင်တယ် အကို ...။
ပြည့်တန်ဆာတွေကို စောင့်ရှောက်နိုင်အောင် တရားဝင် မှတ်ပုံတင်ခိုင်းဖို့ လိုပါပြီ ...။
ဥပဒေဆိုတာ နိုင်ငံသားတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့လေ ...
ဒီအတိုင်းပဲ ဖြစ်ရမှာမဟုတ်လား အကို ...
အဲဒီလိုမဟုတ်ပဲ ဥပဒေဆိုတာ နိုင်ငံသားတွေကို ပါးပါးလှီး နားရင်းတီးပြီး ထောင်ချောက်ဆင်ဖို့ ဗျင်းဖို့ဆိုရင်တော့ ...
အကိုပြောပြောနေသလိုပဲ ... အဲဒါ ဥပဒေမဟုတ်တော့ဘူး ... တရားဥပဒေလို့ မခေါ်တွင်နိုင်တော့ဘူး ...
အဓမ္မဝါဒဖြစ်သွားပြီ ...။
ကျွန်မ မဏ္ဍပ်တိုင်တက်တာ မဟုတ်ဖူးနော် အကို ... ဒီကိစ္စကို ကျဉ်းကျဉ်းလေး မတွေးစေချင်ဘူး ...။
လူတွေကို အမြင်မကျဉ်းစေချင်ဘူး ...။
သေသေချာချာ စဉ်းစားကြည့်ပါ ... ကျွန်မတို့လည်း မြန်မာနိုင်ငံသားတွေပါ ...
တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိကိုရှိသင့်တယ် ...။ ဟုတ်တယ် မဟုတ်လား အကို ...။
ဒီလိုလုပ်တော့မှ နောက်ဆက်တွဲ ပြဿနာ တော်တော်များများကို ဖြစ်မလာအောင် တားဆီးနိုင်မှာ ...။
ဆေးစစ်တာတွေလည်း မှန်မှန်ကန်ကန်လုပ်ပြီး မှတ်တမ်းမှတ်ရာတွေ ပြုစုထားစေချင်ပြီ ...။
ရောဂါရှိမရှိဆိုတာ ဘယ်သူမှ အမြင်နဲ့ ဆုံးဖြတ်လို့ မရဘူးလေ ... ဟုတ်တယ်မလားအကို ...။
ကျွန်မတောင် ရောဂါရှိတဲ့အကြောင်းပြောလိုက်တော့ အကို အံသြသွားတယ်မလား ...။
အပြင်မှာတွေ့ရင်တောင် သူသူကိုယ်ကိုယ် ခွဲမရဘူးလေ ...
ကျွန်မတို့လို တစ်ကိုယ်ရေ သန့်ရှင်းရေးကအစ ခြေဆုံးခေါင်းဆုံး ဂရုစိုက်တဲ့သူတွေဆို ... အမြင်အတိုင်းပဲ လန်းနေတာပဲ မဟုတ်လား ...။
အဲဒါပဲ အကို ... ဒီကထွက်ပြီး ဒီဘဝထဲရောက်မယ့်သူ ဘယ်လောက်ရှိမလဲ ...
ကျွန်မလည်း မခန့်မှန်းနိုင်ဘူး ... အကိုလည်း မခန့်မှန်းနိုင်ဘူး ... သိပ်ကြောက်စရာကောင်းတယ် ...။
စည်းနဲ့ စနစ်နဲ့ သေသေချာချာ လုပ်ပေးပါလို့ပဲ ကျွန်မ တောင်းဆိုချင်တယ် အကိုရယ် ...။
ဟဟဟ ... အကိုရယ် ... ကျွန်မရုပ်ရည်နဲ့ ယောက်ျားကောင်းတစ်ယောက် ရနိုင်တယ်တဲ့လား ...။
တစ်ထောင်မှာ တစ်ယောက် ကောင်းကောင်းဆွဲထုတ်ပြီး တည်တည်တံ့တံ့ ပေါင်းသင်းနိုင်သတဲ့လား ...။
အကိုကလေ ... စိတ်ကူးသိပ်ယဉ်တတ်တာပဲ ... ကျွန်မက ပြည့်တန်ဆာပေမယ့် မိန်းကလေးပါအကိုရယ် ...။
ပိုပြီး စိတ်ကူးယဉ်တတ်တာပေါ့ ...။
ဒါပေမယ့် ... ဒီအချိန်မှာ ဒါမျိုးပြောရတာ ရယ်စရာကြီးပါနော် ...။
ကျွန်မ ယောက်ျားတွေ အများကြီး ရခဲ့ပြီးပြီပဲ အကိုရယ် ... ... ...။
စိတ်ကူးယဉ်ဖို့ထက် လက်တွေ့ဘဝကိုရင်ဆိုင်ဖို့ ကျွန်မသတ္တိမွေးရတော့မယ် ...။
ဘာပဲဖြစ်ဖြစ် အခုလိုတွေ့ရတာ ပြောခွင့်ရတာ အတိုင်းမသိဝမ်းသာပါတယ် ...။
ကျေးဇူးတင်ပါတယ် အကိုရယ်...။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြန်မာပြည်မှာ ပြည့်တန်ဆာဥပဒေ တကယ်ရှိပီး အဆိုပါကောင်မလေးတွေ အဆင်ပြေကြပါစေ။
Showing posts with label share. Show all posts
Showing posts with label share. Show all posts
Friday, December 28, 2012
Friday, November 2, 2012
အမျိုးသားပညာဝန် ဦးဖိုးကျား၏ မယ်မြ
` မြန်မာမိန်းခလေးတိုင်းဖတ်ပေးပါ ´´ ===
လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလ
ို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။
လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း
ို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။
ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။
၎င်းသင်္ဘောမှာ စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။
ရခိုင်များ အနည်းငယ်စီးကြ၏။ကျွန်ုပ် သွားသောအခေါက်၌
ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တော် တစ်ယောက်သာပါ၏။ အခြားတို့က
ကုလားများဖြစ်ကြ၏။ ရန်ကုန်က ထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော
ပင်လယ်ကြီးသို့ ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။
သဘောင်္စီးသူတို့သည် ကုန်းပတ်သို့ ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညို့ဓာတ်ကို
မပြတ်မစဲ စွဲမြဲကြည့် ရှု၍ ငေးမော နေသူနေ၊ တွေးတော နေသူနေ ရှိကြကုန်၏။
ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယား နှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထို ကုလားမသည် ဖြူစင် သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ၄င်း၏ ယောင်္ကျားကုလားက...
“ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်ေ လ”
ဟု မြန်မာရေ လည်ပတ်စွာနှင့် နှုက်ဆက်လေရာ။
“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော် ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကား တတ်ရဲ့လား”
ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍
“တတ်လား၊ မတတ်လား ခင်ဗျားဘဲ မေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက် ကွဲ့၊ စကားများ ပြောပါအုံး”
ဟု ဖော်ရွေစွာပြော၏။ မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့် ဆိုသည်ကား--
“ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ”
“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွားမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲ ရှိပါသေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”
“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ”
ဆို၍ မျက်နှာကို စိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂ ယောက်သား စိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-
“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ..။ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ ငါ-မောင်ကျားရယ်လေ”
“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်ကရုပ် တစက်ကမှ မရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာ အဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”
“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်း စကားပြောကြအုံး” ဟုဆို၍ထသွား၏။ ဇာတ်ရင်းကို လှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြားတွင် လောကဓာတ်ဘုန်းကြီးကျောင်း ရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ်က နေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့ တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆို သလိုနေကြ၏။ ၄င်းကျောင်း ၆-တန်းတွင် အတူနေကြ၏။
ကျွန်ုပ်တို့ လူစုတွင် မယ်မြနှင့် ဖိုးအေးကြီးတို့အကြောင်းကို
အထူးပြောရဦးမည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့
သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သလောက်-ပါးသလောက်၊
ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန် သဘောကောင်းရှာ၏။
မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား၏။ သူ့လက်အောက် ငယ်သားကဲ့သို့
ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။
အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြက စားစရာရှိလျှင်
မိမိက နဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။
မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။
ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက်
ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့်
ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း
အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက်
ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ
ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ
အတန်ထူးဆန်း အံ့သြဖွယ်ကောင်း၏။
“မယ်မြရယ်၊ နင် ဘယ်အဖြစ် ရောက်လာတာလဲ၊ နင်ဟာ တော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”
“မင့်လူ ဖိုးအေးကြီးလား၊ မင်းက လူဟုတ်ကြီး ထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့ သာနုံသေးတယ်၊ သူ့ကို မချစ်လို့တော့ မဟုတ်ပါ ဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”
“နင့် ကုလားကကော၊ ဘယ်လောက်များ လူစ ကောင်းလို့လဲဟဲ့။” (မခံချင်၍ ဒေါသနှင့်မေးသည်။)
“ဟာ မင်းမသိဘူး။ ငါ့ ကုလားကလေ၊ ခိုဒါ စူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူ အရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာဘူး မောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္ဗာန်ဘက်က နွားသတ်ရုံကို သူလေလံဆွဲ နိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ် မမှတ်နဲ့”
“ဟင်- နို့ နင်ကိုယ်တိုင်လဲ နွားသတ်သလား”
“ဟာ-နင်ရူးသလားဟဲ့၊ ငါကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေ ပြောချင်လို့ လား။ ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်း သင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ - သေတဲ့ အသားစားရင် ရောဂါ ဖြစ်တတ်တယ်။ လတ်လတ်ဆတ်ဆတ်ကို သတ်စားမှ သန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေ မင်းတို့ အင်္ဂလိပ် စာတွေ သင်ရတာ မပါဘူးလား”
“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”
ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍
“ဟေ့- မင်းကငါ့ကို တရားဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကို ဟောမှာ၊ အဘိဓမ္မာ တွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့ မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကို လာပြီး လက်တို့ တတ်သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာ လဲကွယ့် ပြောစမ်းပါဦး။ ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရားနဲ့ ပြည့်စုံရင်၊ ၀တ္တရား မလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခု ငါ့ယောက်ျား အဒူလမြစ်ဟာ ရွှေနဲ့ ငွေနဲ့ အခန့်စား မောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန် ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူ ကတောင် လာပို့တယ်၊ ဘယ်လောက် တော်သလဲ”
“ဟဲ့- အဲဒါက ဒါနပြုတာ မဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊ အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီး နင့်ကိုယူတာ မဟုတ်လား”
“ဒါက နောက်မှ ဖြစ်တာ၊ ငါ့ကို မရခင်ကလည်း ပေးတယ်၊ ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ ရတော့ တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုး ၀ိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ် လာကြရတယ်၊ မင်းတို့ မြန်မာများ ဘယ်လောက် ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ ငွေနဲ့ဆိုတော့ ငါ့ကို အရပ်က အခု မမမြတဲ့၊ တချို့က ဘီဘီမြ တဲ့၊ အဲဒါသာ ကြည့်တော့၊ ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာ အခု ကုလားခေတ် ထနေတယ်၊ ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူ နေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ ရတယ်။ အခုသူတို့က မြန်မာလင် တွေ ကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ် မောင်ရေ့ ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။ မကျသေး ရင် ကုလားလို ၀တ်လာခဲ့၊ မင့်ကို အရင်က စခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ် မဟုတ်လား၊ အခု ရစေ့မယ် လာခဲ့။ ငါ အာမခံမယ်”
မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့ မြန်မာတွေရဲ့ အကျိုးယုတ်ရတယ်။ ဒီမှာကြည့်၊ ငါပြောမယ်”
“ဟေ့၊ တော်၊ မင်းတို့က ကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးက လာပြီး ငွေအား ကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ ရှိလို့ မင်းတို့ လယ်လုပ်ဖို့ အရင်း ရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ ဆိုလို့ အရင်းအနှီး ရတယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူးလား”
“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား၊ နို့ - နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခု ဘယ်သူ့လက်ထဲ ရောက်ကုန်ပြီလဲ”
“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင် နည်းသေးတယ်၊ မင်းက ကုလားကို အပြစ်တင် ချင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကို တော်လိမ့်မလား အောက်မေ့ မိတယ်၊ မင်းလည်း ခပ်ချာချာ ပါကလား၊ ဟေ့- မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အလုပ် မလုပ်လို့၊ ကောက်ချင် လိမ်ချင်လို့၊ အမြော်အမြင် မရှိလို့၊ ချွေတာခြင်း မရှိလို့၊ ကိုယ့် ရှိတာထက် ကြွားချင်လို့ သိရဲ့လား၊ လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။
ကိုယ့်အပြစ်နဲ့ ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ်မှာ မတရား ချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါ သိပါတယ်ကွယ်၊ အခု တို့နယ်က လယ်တွေ မြေတွေ ကုလားလက်ထဲ ကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့် - မင့် မြန်မာတွေ၊ ရှေ့ကို သာပြီး ကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှား လုပ်စေတယ်။ အဲ့ဒါကို ကျေးဇူးမတင်ဘူး။ လယ်ငှားခ ပေးခါနီးကျရင် စပါးကို ကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလားက စိတ်နဲ့ မာန်နဲ့ တောင်းရင် မင့် မြန်မာတွေက ဆဲတယ်။ ရိုက်ရိုက် လွှတ်တယ်။ အဲ့ဒါ ကောင်း သလား။ ဒီလို မရိုးဖြောင့်တဲ့ သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခု မြန်မာတွေ ဒီလို ညစ်လို့ ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆို လယ်ငှားမှာ မဟုတ်ဘူး။ အခု ငါမလာခင်ကတင်ပဲ ကုလားတွေကို ရွေးပြီး ငှားနေတယ်သိရဲ့လား။
ရှေ့ကို ကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလား အများအပြား ခေါ်ပြီး ရွာတည်ပေး လိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့။ အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေ ရနိုင်သမျှ မြန်မာပြည်မှာ ခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်း မယားခန်း မြောက်အောင် ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေးတွေကို ကုလားဇာတ်သွင်း၊ နောက် အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည် ဘာဖြစ်မလဲ။ မင်း တွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခု ကုလားဇာတ် သွင်းပြီးပြီ။ အခု စစ်တကောင်းမှာ အတော်ကြာ နေပြီးရင် ဟို အနောက် မကာမြို့ကို အရောက်သွားမယ်။ ပြန်လာတော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”
“မယ်မြ နင့်ဟာ လွန်ကုန်ပြီ၊ ငါ- နင့်အဖြစ် မြင်ရတာ အင်မတန် သနားတယ်။ ငါ ပြောပါရစေဦးဟဲ့”
“ဘာ-မင်းက ငါ့ကို သနားတယ် ဟုတ်တယ် ဟုတ်လှသေး။ ငါက မင်းကို သနားတာ။ မင်းအခု ပညာဝန် လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ် ပျက်မှာပဲ။ မင်းတို့ မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာ လာဖြစ်တာ တွေးမိတိုင်း ရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင် အမယ်လေးဟယ်။ ငါ ကလီဇာတုန်လှတယ်၊ မပြောချင်ပါဘူး။”
“ကိုင်း-မယ်မြ၊ ငါလည်း ဘာမှ မပြောရဘူး။ နင်ချည်း ပြောတာပဲ။ ခု ငါပြောလို့လည်း ရမယ် မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလို ဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာ လွဲမှာနိုင်မှာ မဟုတ်ဘူး ဆိုတာ ငါယုံကြည်တယ်။ တစ်နေ့နေ့တော့ နင်သိမယ်။ ကိုင်း- ဒါပဲ၊ ငါသွားမယ်။ နောက်မှ လာဦးမယ်”
ဟု ဆို၍ ကျွန်ုပ် ထခဲ့၏။ ထိုနေ့ညနေ ကျွန်ုပ် ထမင်း မစားနိုင်တော့ပါ။ ကော်ဖီ တစ်ခွက်သာ သောက်၍ အိပ်ရာသို့ ၀င်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား
“ သြော်- ဒီလို ဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ ဖြစ်ရတာ။ သူတို့ကို အပြစ် တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့ အပြစ် မဟုတ်ဘူး။ သူတို့ ဒီလို စည်းမရှိ ကမ်းမရှိ လာချင်တိုင်း လာနေတာဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ်တင်ဖို့မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုး ဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ့်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင် သင့်တာပဲ။ နေဦး၊ တို့လူတွေ ခမျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။
အားကိုးစရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်း မရှိရှာကြ ဘူး။ ဒီတော့ ပိုမို သိကျွမ်းတဲ့ မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန် သိမြင်တဲ့ လူတွေ ၀တ္တရား ပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်း ပါဝင်သင့်တယ် ထင်တယ်။ မိမိ သိကျွမ်း သိမြင်သမျှကို တတ်နိုင်သမျှ လူများ နားလည်အောင် ပြုလုပ်ဖို့ရှိတယ်။ ငါ ပြုသင့်သလောက် မပြုရသေးဘူး။ ဒါဖြင့် တရားခံ လက်သည်အစစ်က ငါ ဖြစ်နေပါကော လား။ ကိုင်း-ဒါဖြင့် ဇာတ်ကြော မရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေကို အပြစ်ဆိုမယ့်အစား ကိုယ့်ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသ တစ်ခုလည်း လုပ်ကြစို့။
“ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။ ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ်အကင်းဆုံးဖြစ်၏။”
ဤဥပဒေသကိုရမှ အိပ်ပျော်သွားလေသတည်း။
နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြတို့ ကုလားလင်မယား မောင်နှံအား ဆလံများများ ပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ ဆင်းခါနီး၌
“မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကို ၀င်ထွက်သွား၊ ရော့လိပ်စာယူထား”
ဆို၍ ပေးခဲ့၏။ စစ်တွေတွင် ၇-ရက် တစ်ပတ်မျှ နေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော် ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။
တစ်နေ့တွင် မိန်းမ စုတ်ချာချာ တစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့
ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။ သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်း
ဝဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။
မျက်တွင်းကျလေပြီ၊ ဆံပင်များ ခြောက်သွေ့၍ မသပ်မရပ် ဖြစ်ကုန်လေပြီ။
ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက
တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေတကား။
“မောင်ကျားရယ်၊ ငါ့အဖြစ် မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့် ပြောသည်) ငါတော့ ခွေးဖြစ်တာပဲ၊ စစ်တကောင်းကို ရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့ မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့ လက်ထပ်စေတယ်။ ငါ့ကို ကျွန်လို ထားတယ်။ ငါ့ကို မော်မကြည့်ဝံ့တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကို ခြေနဲ့တောင် ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေး သတ်မယ်လို့ ကြံတယ်။ နောက် ကိုယ့်စိတ်ကိုယ် ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကို ဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့်မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက် သမားကို ငွေပေးပြီး သင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာတာပဲ”
“အေး- နင့်လို မိန်းမမျိုး ကြာကြာ လွဲမှား မနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ်မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရတာပေါ့၊ အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”
မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လ ကိုးသီတင်း နေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင် နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှ ကျန်သေးသဖြင့် တောအရပ်တွင် ကောင်းစွာ ရင်းနှီး စားနေနိုင်ကြောင်း ပြောသည်နှင့် ကျွန်ုပ် ပို့လိုက်ပါ၏။ လွန်ခဲ့သော ၂- နှစ်ခန့်က နေ့စဉ် သတင်းစာကြီး တစ်စောင်၏ ခေါင်းကြီးပိုင်းတွင် ပါလာသည်ကား-
“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများ ရောက်ရှိ --- နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံ များထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှာလပတ်ရည်၊ ကွမ်းဆေး၊ လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင် စကား ပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိ မစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း၊ ၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့ သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြောနေကြကြောင်း။
ထို့ပြင် မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထ ပြု၍ အရပ်နှင့်စုပြီးလျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံ အမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။
“အင်း- တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည်လျက် သဘောကျဝမ်းမြောက်ကျေးဇူး တင်ကာ ပြုံးလိုက် မိလေ၏။ နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍ အိမ်ထောင်မပြုဘဲ ဇွဲနှင့် နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြက ငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲ ခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ကြလေပြီ ဟူသတည်း။
အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ ခု (ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ် တင်ပြပါသည်။
=
ရေးသူအား credit ပေးပါသည် ။
ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယား နှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထို ကုလားမသည် ဖြူစင် သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ၄င်း၏ ယောင်္ကျားကုလားက...
“ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်ေ
ဟု မြန်မာရေ လည်ပတ်စွာနှင့် နှုက်ဆက်လေရာ။
“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော် ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကား တတ်ရဲ့လား”
ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍
“တတ်လား၊ မတတ်လား ခင်ဗျားဘဲ မေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက် ကွဲ့၊ စကားများ ပြောပါအုံး”
ဟု ဖော်ရွေစွာပြော၏။ မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့် ဆိုသည်ကား--
“ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ”
“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွားမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲ ရှိပါသေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”
“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ”
ဆို၍ မျက်နှာကို စိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂ ယောက်သား စိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-
“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ..။ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ ငါ-မောင်ကျားရယ်လေ”
“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်ကရုပ် တစက်ကမှ မရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာ အဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”
“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်း စကားပြောကြအုံး” ဟုဆို၍ထသွား၏။ ဇာတ်ရင်းကို လှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြားတွင် လောကဓာတ်ဘုန်းကြီးကျောင်း ရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ်က နေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့ တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆို သလိုနေကြ၏။ ၄င်းကျောင်း ၆-တန်းတွင် အတူနေကြ၏။
ကျွန်ုပ်တို့ လူစုတွင် မယ်မြနှင့် ဖိုးအေးကြီးတို့အကြောင်းကို
ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက
“မယ်မြရယ်၊ နင် ဘယ်အဖြစ် ရောက်လာတာလဲ၊ နင်ဟာ တော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”
“မင့်လူ ဖိုးအေးကြီးလား၊ မင်းက လူဟုတ်ကြီး ထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့ သာနုံသေးတယ်၊ သူ့ကို မချစ်လို့တော့ မဟုတ်ပါ ဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”
“နင့် ကုလားကကော၊ ဘယ်လောက်များ လူစ ကောင်းလို့လဲဟဲ့။” (မခံချင်၍ ဒေါသနှင့်မေးသည်။)
“ဟာ မင်းမသိဘူး။ ငါ့ ကုလားကလေ၊ ခိုဒါ စူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူ အရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာဘူး မောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္ဗာန်ဘက်က နွားသတ်ရုံကို သူလေလံဆွဲ နိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ် မမှတ်နဲ့”
“ဟင်- နို့ နင်ကိုယ်တိုင်လဲ နွားသတ်သလား”
“ဟာ-နင်ရူးသလားဟဲ့၊ ငါကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေ ပြောချင်လို့ လား။ ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်း သင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ - သေတဲ့ အသားစားရင် ရောဂါ ဖြစ်တတ်တယ်။ လတ်လတ်ဆတ်ဆတ်ကို သတ်စားမှ သန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေ မင်းတို့ အင်္ဂလိပ် စာတွေ သင်ရတာ မပါဘူးလား”
“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”
ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍
“ဟေ့- မင်းကငါ့ကို တရားဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကို ဟောမှာ၊ အဘိဓမ္မာ တွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့ မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကို လာပြီး လက်တို့ တတ်သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာ လဲကွယ့် ပြောစမ်းပါဦး။ ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရားနဲ့ ပြည့်စုံရင်၊ ၀တ္တရား မလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခု ငါ့ယောက်ျား အဒူလမြစ်ဟာ ရွှေနဲ့ ငွေနဲ့ အခန့်စား မောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန် ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူ ကတောင် လာပို့တယ်၊ ဘယ်လောက် တော်သလဲ”
“ဟဲ့- အဲဒါက ဒါနပြုတာ မဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊ အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီး နင့်ကိုယူတာ မဟုတ်လား”
“ဒါက နောက်မှ ဖြစ်တာ၊ ငါ့ကို မရခင်ကလည်း ပေးတယ်၊ ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ ရတော့ တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုး ၀ိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ် လာကြရတယ်၊ မင်းတို့ မြန်မာများ ဘယ်လောက် ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ ငွေနဲ့ဆိုတော့ ငါ့ကို အရပ်က အခု မမမြတဲ့၊ တချို့က ဘီဘီမြ တဲ့၊ အဲဒါသာ ကြည့်တော့၊ ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာ အခု ကုလားခေတ် ထနေတယ်၊ ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူ နေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ ရတယ်။ အခုသူတို့က မြန်မာလင် တွေ ကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ် မောင်ရေ့ ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။ မကျသေး ရင် ကုလားလို ၀တ်လာခဲ့၊ မင့်ကို အရင်က စခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ် မဟုတ်လား၊ အခု ရစေ့မယ် လာခဲ့။ ငါ အာမခံမယ်”
မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့ မြန်မာတွေရဲ့ အကျိုးယုတ်ရတယ်။ ဒီမှာကြည့်၊ ငါပြောမယ်”
“ဟေ့၊ တော်၊ မင်းတို့က ကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးက လာပြီး ငွေအား ကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ ရှိလို့ မင်းတို့ လယ်လုပ်ဖို့ အရင်း ရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ ဆိုလို့ အရင်းအနှီး ရတယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူးလား”
“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား၊ နို့ - နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခု ဘယ်သူ့လက်ထဲ ရောက်ကုန်ပြီလဲ”
“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင် နည်းသေးတယ်၊ မင်းက ကုလားကို အပြစ်တင် ချင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကို တော်လိမ့်မလား အောက်မေ့ မိတယ်၊ မင်းလည်း ခပ်ချာချာ ပါကလား၊ ဟေ့- မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အလုပ် မလုပ်လို့၊ ကောက်ချင် လိမ်ချင်လို့၊ အမြော်အမြင် မရှိလို့၊ ချွေတာခြင်း မရှိလို့၊ ကိုယ့် ရှိတာထက် ကြွားချင်လို့ သိရဲ့လား၊ လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။
ကိုယ့်အပြစ်နဲ့ ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ်မှာ မတရား ချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါ သိပါတယ်ကွယ်၊ အခု တို့နယ်က လယ်တွေ မြေတွေ ကုလားလက်ထဲ ကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့် - မင့် မြန်မာတွေ၊ ရှေ့ကို သာပြီး ကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှား လုပ်စေတယ်။ အဲ့ဒါကို ကျေးဇူးမတင်ဘူး။ လယ်ငှားခ ပေးခါနီးကျရင် စပါးကို ကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလားက စိတ်နဲ့ မာန်နဲ့ တောင်းရင် မင့် မြန်မာတွေက ဆဲတယ်။ ရိုက်ရိုက် လွှတ်တယ်။ အဲ့ဒါ ကောင်း သလား။ ဒီလို မရိုးဖြောင့်တဲ့ သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခု မြန်မာတွေ ဒီလို ညစ်လို့ ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆို လယ်ငှားမှာ မဟုတ်ဘူး။ အခု ငါမလာခင်ကတင်ပဲ ကုလားတွေကို ရွေးပြီး ငှားနေတယ်သိရဲ့လား။
ရှေ့ကို ကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလား အများအပြား ခေါ်ပြီး ရွာတည်ပေး လိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့။ အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေ ရနိုင်သမျှ မြန်မာပြည်မှာ ခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်း မယားခန်း မြောက်အောင် ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေးတွေကို ကုလားဇာတ်သွင်း၊ နောက် အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည် ဘာဖြစ်မလဲ။ မင်း တွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခု ကုလားဇာတ် သွင်းပြီးပြီ။ အခု စစ်တကောင်းမှာ အတော်ကြာ နေပြီးရင် ဟို အနောက် မကာမြို့ကို အရောက်သွားမယ်။ ပြန်လာတော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”
“မယ်မြ နင့်ဟာ လွန်ကုန်ပြီ၊ ငါ- နင့်အဖြစ် မြင်ရတာ အင်မတန် သနားတယ်။ ငါ ပြောပါရစေဦးဟဲ့”
“ဘာ-မင်းက ငါ့ကို သနားတယ် ဟုတ်တယ် ဟုတ်လှသေး။ ငါက မင်းကို သနားတာ။ မင်းအခု ပညာဝန် လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ် ပျက်မှာပဲ။ မင်းတို့ မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာ လာဖြစ်တာ တွေးမိတိုင်း ရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင် အမယ်လေးဟယ်။ ငါ ကလီဇာတုန်လှတယ်၊ မပြောချင်ပါဘူး။”
“ကိုင်း-မယ်မြ၊ ငါလည်း ဘာမှ မပြောရဘူး။ နင်ချည်း ပြောတာပဲ။ ခု ငါပြောလို့လည်း ရမယ် မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလို ဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာ လွဲမှာနိုင်မှာ မဟုတ်ဘူး ဆိုတာ ငါယုံကြည်တယ်။ တစ်နေ့နေ့တော့ နင်သိမယ်။ ကိုင်း- ဒါပဲ၊ ငါသွားမယ်။ နောက်မှ လာဦးမယ်”
ဟု ဆို၍ ကျွန်ုပ် ထခဲ့၏။ ထိုနေ့ညနေ ကျွန်ုပ် ထမင်း မစားနိုင်တော့ပါ။ ကော်ဖီ တစ်ခွက်သာ သောက်၍ အိပ်ရာသို့ ၀င်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား
“ သြော်- ဒီလို ဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ ဖြစ်ရတာ။ သူတို့ကို အပြစ် တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့ အပြစ် မဟုတ်ဘူး။ သူတို့ ဒီလို စည်းမရှိ ကမ်းမရှိ လာချင်တိုင်း လာနေတာဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ်တင်ဖို့မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုး ဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ့်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင် သင့်တာပဲ။ နေဦး၊ တို့လူတွေ ခမျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။
အားကိုးစရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်း မရှိရှာကြ ဘူး။ ဒီတော့ ပိုမို သိကျွမ်းတဲ့ မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန် သိမြင်တဲ့ လူတွေ ၀တ္တရား ပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်း ပါဝင်သင့်တယ် ထင်တယ်။ မိမိ သိကျွမ်း သိမြင်သမျှကို တတ်နိုင်သမျှ လူများ နားလည်အောင် ပြုလုပ်ဖို့ရှိတယ်။ ငါ ပြုသင့်သလောက် မပြုရသေးဘူး။ ဒါဖြင့် တရားခံ လက်သည်အစစ်က ငါ ဖြစ်နေပါကော လား။ ကိုင်း-ဒါဖြင့် ဇာတ်ကြော မရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေကို အပြစ်ဆိုမယ့်အစား ကိုယ့်ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသ တစ်ခုလည်း လုပ်ကြစို့။
“ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။ ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ်အကင်းဆုံးဖြစ်၏။”
ဤဥပဒေသကိုရမှ အိပ်ပျော်သွားလေသတည်း။
နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြတို့ ကုလားလင်မယား မောင်နှံအား ဆလံများများ ပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ ဆင်းခါနီး၌
“မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကို ၀င်ထွက်သွား၊ ရော့လိပ်စာယူထား”
ဆို၍ ပေးခဲ့၏။ စစ်တွေတွင် ၇-ရက် တစ်ပတ်မျှ နေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော် ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။
တစ်နေ့တွင် မိန်းမ စုတ်ချာချာ တစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သု
“မောင်ကျားရယ်၊ ငါ့အဖြစ် မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့် ပြောသည်) ငါတော့ ခွေးဖြစ်တာပဲ၊ စစ်တကောင်းကို ရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့ မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့ လက်ထပ်စေတယ်။ ငါ့ကို ကျွန်လို ထားတယ်။ ငါ့ကို မော်မကြည့်ဝံ့တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကို ခြေနဲ့တောင် ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေး သတ်မယ်လို့ ကြံတယ်။ နောက် ကိုယ့်စိတ်ကိုယ် ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကို ဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့်မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက် သမားကို ငွေပေးပြီး သင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာတာပဲ”
“အေး- နင့်လို မိန်းမမျိုး ကြာကြာ လွဲမှား မနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ်မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရတာပေါ့၊ အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”
မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လ ကိုးသီတင်း နေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင် နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှ ကျန်သေးသဖြင့် တောအရပ်တွင် ကောင်းစွာ ရင်းနှီး စားနေနိုင်ကြောင်း ပြောသည်နှင့် ကျွန်ုပ် ပို့လိုက်ပါ၏။ လွန်ခဲ့သော ၂- နှစ်ခန့်က နေ့စဉ် သတင်းစာကြီး တစ်စောင်၏ ခေါင်းကြီးပိုင်းတွင် ပါလာသည်ကား-
“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများ ရောက်ရှိ --- နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံ များထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှာလပတ်ရည်၊ ကွမ်းဆေး၊ လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင် စကား ပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိ မစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း၊ ၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့ သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြောနေကြကြောင်း။
ထို့ပြင် မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထ ပြု၍ အရပ်နှင့်စုပြီးလျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံ အမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။
“အင်း- တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည်လျက် သဘောကျဝမ်းမြောက်ကျေးဇူး တင်ကာ ပြုံးလိုက် မိလေ၏။ နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍ အိမ်ထောင်မပြုဘဲ ဇွဲနှင့် နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြက ငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲ ခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ကြလေပြီ ဟူသတည်း။
အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ ခု (ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ် တင်ပြပါသည်။
=
ရေးသူအား credit ပေးပါသည် ။
Wednesday, October 24, 2012
ဦးဘုန်း(ဓါတု) ခြင်မလေးရဲ့ လက်ခုပ်သံ
အင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲတစ်ခုတွင် ဖြစ်သည်။
အင်္ဂလိပ်စကားပြော သင်တန်း တက်ကြတယ်ဆိုတော့ တက္ကသိုလ်ဝင်တန်း
အောင်မြင်ပြီးသူတွေ၊ လက်ရှိ တက္ကသိုလ်အသီးသီးမှာ တက်နေသူတွေ များပါသည်။ အသက်အရွယ်က
၁၆-၁၇-၁၈။ တကယ့်ကို လှတပတ နုနုနယ်နယ်လေးတွေပါ။
အဲဒီ သင်တန်းဆင်းပွဲမှာ သင်တန်းအုပ်ချုပ်သူ ဆရာက ကလေးတွေ အတွက်
ကျန်းမာရေး ပညာပေးဖို့ ဆရာဝန်တစ်ယောက်ကို ဖိတ်ထားသည်။ ပြီးတော့ ကျွန်တော့ကို လည်း
စကားပြောစေချင်သတဲ့။
နားထောင်တဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၀၀)နီးပါးလောက်ရှိမည်။
ထိုင်နေကြတာကလည်းကြည့်ဦး။ ယောက်ျားလေး သတ်သတ်၊ မိန်းကလေးသတ်သတ်မဟုတ်။
ထိုင်ချင်သလိုထိုင်ခွင့်ရှိသည်။
အများအားဖြင့်တော့ ကိုယ့်စုံတွဲံနှင့် ကိုယ်ထိုင်နေကြတဲ့ပုံပဲ။ စကားပြောခန်းမကလည်း
အဲယားကွန်းဖွင့်ထားပေးသည်။ ထင်သလောက်ကြီး မအေးပါ။
ဦးစွာပထမ သင်တန်းအုပ်ချုပ်သူ စကားပြောသည်။ ပြီးနောက် ဆရာဝန်က
HIV,AIDS အကြောင်း၊ အသည်းရောင်အသားဝါ (B)ပိုး၊
(C)ပိုးအကြောင်းပြောလေတော့သည်။
“ခုဆိုရင် ကူးစက်ရောဂါဆိုတာ ကိုယ်ဆင်ခြင်တတ်ရင် ကြောက်စရာမလိုဘူး။
မင်းတို့ ပညာတတ်တွေပဲ၊ နားလည်မှာပါ”
ဆရာဝန်က HIV ရောဂါအကြောင်းကို အကျယ်တ၀င့် ရှင်းပြလေတော့ သည်။
ဆေးထိုးအပ်က ကူးတယ်။ သွေးက ကူးတယ်။ သုတ်ပိုး ကူးတယ် ကွန်ဒုံး
အစရှိသဖြင့်ပေါ့ဗျာ။
နားထောင်နေကြတဲ့ ကလေးတွေက စိတ်မ၀င်စားဘူးဗျ။ ဆရာဝန်က
အပြောမကောင်းလို့ မဟုတ်ဘူးနော်။ ဆရာဝန်က တော်တော်အပြောကောင်းသည်။ ဒါပေမယ့် သူတို့က
သိပြီးသားပါ၊ ဒါလေးများဆိုတဲ့  အမူအရာနဲ့ နားထောင်နေကြသည်။
ကောင်မလေးတစ်ယောက်ကဆိုရင် နေကြာစေ့ကို အခွံနွှာပြီး သူ့ကောင်လေး ကို ခွံကျွေးနေသည်။
ကောင်လေးတစ်ယောက်ကဆိုရင် သူ့ကောင်မလေးအတွက် ပီကေကို အခွံနွှာပေးနေသည်။
ကောင်မလေးတစ်ယောက်က ဆိုရင် သူရဲ့ လက်သည်း လှလှလေးတွေပေါ် က ဒီဇိုင်းလှလှလေးတွေက်ု
သူ့ကောင်လေးအားပြနေသည်။ နောက်ထပ်ကောင်လေးတစ်ယောက်က လိမ္မော်သီးကို အခွဲနွှာ သည်။
အပေါ်ရှိ အမျင်အဖြူလေးများကို ဖယ်သည်။ ပြီးနောက် လိမ္မော်သီး ကို နွှာသည် ။ အစေ့
ထုတ်သည်။ ပြီးမှ သူ့ကောင်မလေးကို ကျွေးသည်။ ကျွန်တော့ မျက်စိထဲတွင် အမြင်မတော်။
စိတ်ထဲမှာလည်း တော်တော်ခံစားနေရသည်။
ညာဖက်ထောင့်ရှိ ကျောင်းသူတစ်စုက Mp3ကို နားကြပ်တပ်ပြီး
သီးချင်း နားထောင်နေကြသည်။ ကောင်လေးတစ်ချို့ ကွမ်းစားနေရင်း ထထပြီး
ကွမ်းထွေးလေသည်။ တစ်ချို့ကောင်လေးတွေက ပါလာသည့် စာအုပ်ကို ထုတ်ပြီးဖတ်နေကြသည်။
ထို့သို့ စိတ်ထဲတွင် ခံစားနေရသည့်အထဲ ခြင်တစ်ကောင်က ကျွန်တော်၏ ခြေဖမိုးကို
လာ၍ကိုက်သည်။ အဲယားကွန်းအခန်းဖြစ်ပြီး ခြင်၇ှိရတယ်လို့ဗျာ။ ခြင်ကိုက်တယ်ဆိုတော့
ခြေဖမိုးက ယားတော့တာပေါ့။ ကုန်းကုန်းကွကွ ဖြင့် လူရှေ့သူရှေ့တွင် ကျွန်တော်က
ကုတ်လိုက်သည်။
ကျွန်တော့မျက်လုံးက ရှေ့ဆုံးခုံတန်းသို့ ရောက်သွားပြန်သည်။
ရှေ့ဆုံးခုံတွင် ထိုင်နေသော စုံတွဲက အဆိုးဆုံးဖြစ်သည်။ သူ့ကောင်မလေးရဲ့ ဆံပင်ကို
ကောင်လေးက လက်ဖြင့် သပ်ပေးနေသည်။ ကောင်မလေးကလည်း ကောင်လေးရဲ့ ပခုံးကို မှီထားသည်။
မျက်လုံးကို မှိတ်ထားသည်။
စကားပြောနေသော ဆရာဝန်က တက်တက်ကြွကြွပြောသည်။ ဆေးပညာရှု့ထောင့်မှ
ပြောသည်။
“ဆရာ ပြောဦးမယ်။ ဒါကတော့ မှတ်တမ်းအရပြောတာနော်၊ ဘယ်သူဘယ်ဝါရယ်လို့
မဆိုလိုဘူး။ ဆရာ့ဆီကို သွေးလာစစ်တဲ့ လူတွေထဲက ကျောင်းသားလူငယ်တွေရဲ့ သွေးကို
ဆရာစစ်ကြည့်တယ်။ သူတို့က သွေးအမျိုးအစားကို လာပြီး စစ်ဆေးတာ။ ဆရာက HIVပိုးရှိ၊မရှိ
သိချင်လို့ ကိုယ့်ကုန်ကျစရိတ်နဲ့ ကိုယ် စစ်ကြည့်တာ။ ကျောင်းသား၊ ကျောင်းသူ
အယောက် ၅၀ မှာ ၁ ယောက်လောက် HIV positive ဖြစ်နေတာ တွေ့ရတယ်။ဒါဟာ စိုးရိမ်စရာ
အခြေအနေပဲ။ အပေါ်ယံကြည့်ရုံနဲ့ ပိုးရှိမရှိ မသိနိုင်ဘူး။ ”
ဟောနေပြောနေသူက တာဝန်ကျေသည်။ နားထောင်နေသူတွေက ဂရုမစိုက်ကြ။
ဆရာဝန်ကတော့ သူပြောစရာရှိတာကို တာဝန်ကျေကျေ ပြောပြီးသွားပြီ။
ကျွန်တော့
အလှည့်။
နာရီကို ငုံ့ကြည့်လိုက်တော့ ၁၁နာရီထိုးပြီ။ နားထောင်နေသူများက
ပြန်ချင်သည့် မျက်လုံးများဖြင့် ကျွန်တော့ကို ကြည့်ကြသည်။ ကျွန်တော်က ၁၅ မိနစ်သာ
ပြောမည်ဟု ဆုံးဖြတ်လိုက်သည်။
“ဆရာကတော့ ထူးထူးခြားခြား မပြောလိုဘူး။ လိုရင်းပဲ ပြောမယ်။ ဒီနေ့
ခေတ်ကို IT ခေတ်လို့ ဆိုကြတယ်။ Information Technology ပေါ့။ မင်းတို့ သိပါတယ်
အင်တာနက်တို့ ဖေ့ဘုတ်တို့ ဆိုတာ မင်းတို့ ကျွမ်းကျင်ပြီးသားပါ။ chatting ဆိုတဲ့
အာလာပသလ္လာပအလုပ်မျိုးတော့ မင်းတို့ နေ့စဉ် လုပ်နေတာပါ။ မင်းတို့အရွယ.်က လှတယ်၊
ချစ်စရာကောင်းတယ်။ ပျော်စရာလည်းကောင်းတယ်။ ”
စကားပြောရင်း အကဲခတ်လိုက်သည်။ မည်သူမျှ ကျွန်တော့ကို
စိတ်မ၀င်စားကြပါ။ ထိုအချိန်တွင် ကျွန်တော့လက်ကိုလာပြီးကိုက်လို က်သော
ခြင်ကောင်ကို သတိရပြီး ခြင်ကောင်ပေါ် အခြေခံသည့် ပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးတစ်ပုဒ်
ချက်ချင်းဖန်တီး လိုက်သည်။
“ပုံပြင်တော့ မဟုတ်ဘူးကွ၊ ပုံပြင်ဆန်ဆန်
ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြမယ်”
ပုံပြင်ဆိုလို့ အားလုံးခေါင်းထောင်လာကြသည်။
“တစ်ခါတုန်းကပိုးလောက်လမ်းလေး တစ်ကောင် ရှိတယ်။
အရွယ်ရောက်လာတော့ ခြင်ကောင်လေးဖြစ် သွားတာပေါ့။ ခြင်ကောင်တောင် ခြင်ကောင်မလေးဗျ။ ခြင်ကောင်ဖြစ်ကာစဆိုတော့
အတောင်တ၀ီဝီဖြန့်ပြီး ပျော်တယ် ပျံတယ်။ တစ်နေ့တော့ အဲဒီ ခြင်မလေးက အချိန်တန်တဲ့
အထိ အိမ်ပြန်မလာဘူးတဲ့။ ခြင် မေမေကြီးခမျာ သူ့သမီးလေး ပြန်မလာတော့
နတ်အုန်းတိုင်ကို ယပ်ခတ်သတဲ့ ”
အားလုံးက “၀ါးခနဲ” ရယ်လိုက်ကြသည်။ ဒီလောက်ဆိုရင် ဒီကျောင်းသား၊ ကျောင်းသူတွေ
ငါ့လက် နည်းနည်း ပါလာပြီဟု ကျွန်တော်သိလိုက်သည်။
“မရယ်ကြနဲ့ကွ၊ ခြင်မှာလည်း နတ်အုန်းတိုင် ရှိနိုင်တာပေါ့။
ခြင်မေမေကြီးက ပါးစပ်ကနေပြီး ပွတ်တွတ် ပွတ်တွတ် ရွတ်တယ်၊ ဖတ်တယ်၊ ငါထင်တယ်။
ငါ့သမီးလေး အန္တရာယ် ကင်းပါစေ ၊ ဘေးရှင်းပါစေလို့ ပြောနေတာပဲဖြစ်မယ်”
ထိုအချိန်တွင် ရှေ့ဆုံးခုံမှ အကဲဆုံးစုံတွဲ၏ ခပ်ချောချော
ကောင်မလေးက ကျွန်တော့ကို မျက်စောင်းထိုးလေတော့သည်။
“အေးကွ၊ တော်တော်လေး အချိန်လွန်မှ သူ့သမီး “ခြင်မလေး” ပြန်လာတယ်။
ပြန်လာလာချင်း သူ့အမေကို “ခြင်မလေး”က ဒီလို ပြောတယ်။ မေမေရေ မေမေရေ၊ လူတွေကလေ
သမီးကို မြင်ရင် လက်ခုပ်တွေတီးတီးပြီး ကြိုကြတယ်၊ တဖြောင်းဖြောင်းနဲ့ သိလားမေမေ။
သမီး သိပ်ပျော် တာပဲ။ နောက်နေ့လည်း လူတွေရှိတဲ့ ဆီ သမီးသွားဦးမယ်။ သူ့စကားကိုလည်း
ကြားရော သူ့အမေက စိုးရိမ်သွားတယ်။ မျက်လုံးပြူးသွားတယ်။ ပြီးတော့
ဒီလိုပြောတယ်။
“ဟဲ့ သမီးရဲ့ ၊ အဲဒါ နင့်ကို လက်ခုပ်တီးပြီး ကြိုတာမဟုတ်ဘူး
နင့်ကို လက်ဝါးနဲ့ ရိုက်နေတာဟဲ့၊ အမိုက်မရဲ့”
ထိုအချိန်တွင် နားထောင်နေသော ကျောင်းသား၊ ကျောင်းသူတချို့
လက်ခုပ်ကြလေသည်။
“အေး .... ကိုယ့်ကိုယ်ကိုယ် “ခြင်မလေး” ဖြစ်နေတယ်ဆိုတာ သမီး တချို့
သိထားသင့်တယ်။ ဆရာရှေ့က ဆရာဝန်ကြီးကတော့ ဆေးပညာရှုထောင့်ကနေပြီးတော့
ပြောသင့်တာတွေကို ပြောပြီးသွားပြီ။ ဆရာကတော့ စာပေရှုထောင့်ကနေပြောတယ်။
သြော်...လက်တွေ့ စမ်းသပ်ချက်တစ်ခု ဆရာလုပ်ဖို့ စိတ်ကူးထားတယ်”
လက်တွေ့စမ်းသပ်ချက်လို့ ပြောလိုက်လို့ အားလုံးက စိုးရွံသွားကြတော့သည်။
“ဘာလဲ ကြောက်သွားကြတာလား ဒီလိုကွ...”
ကျွန်တော် ပြောပြောဆိုဆို ပရိသတ်ထဲကို ဆင်းလိုက်သည် ။
ရှေ့ဆုံးခုံတွင် ထိုင်နေသော ကျောင်းသား၊ ကျောင်းသူများထံမှ ဘောပင်တစ်ချောင်းစီကို
ကျွန်တော် တောင်းလိုက်သည်။ အားလုံးက အလိုက်တသိ ပေးကြသည်။ ကျွန်တော့ လက်ထဲတွင် ဘောပင်
၁၀ချောင်း ၁၅ချောင်းခန့်ပါလာသည်။
“ဆရာ့လက်ထဲမှာ ဘောပင်တွေ တွေ့လား။ တစ်ချောင်းကို တစ်ရာ၊
တစ်ရာ့ငါးဆယ်၊ နှစ်ရာလောက်ပဲ တန်မယ်ထင်တယ်။ သိပ်လည်း ဈေးမကြီးဘူးနော်။
ပြောရဦးမယ်၊ ဒီဘောပင်တွေက တစ်ခါသုံးကွ၊ မင်ကုန်ရင် လည်း မင်ပြန်မထည့်ဘူး။
ပျောက်သွားရင်လည်း ဘယ်သူမှ မနှမြောဘူး။ ဘောပင်ပျောက်လို့ ငိုတဲ့သူ ငါဖြင့်
မတွေ့ဘူးပေါင်”
ကျောင်းသားကျောင်းသူအားလုံး ကျွန်တော့ကို စိတ်ဝင်စားနေကြသည်။
ကျွန်တော် ဘာလုပ်မလဲပေါ့။
“ဟောဒီမယ် .... တွေ့လား၊ ဘောပင်တစ်ချောင်း”
ဘောပင်တစ်ချောင်းကို ထောင်ပြလိုက်သည်။
”ဒီတစ်ခါသုံး ဘောပင်ကို လွင့်ပစ်တယ်ကွာ”
ကျွန်တော်နှင့် အနီးဆုံးတွင်ရှိသော ပြတင်းပေါက်မှနေပြီး
ဘောပင်များကို တစ်ချောင်းပြီး တစ်ချောင်း ကျွန်တော် လွင့်ပစ်လိုက်သည်။
လွင့်ပစ်ရင်း ကျွန်တော့် ပါးစပ်က ပြောသည်။
“တန်ဖိုးမရှိတဲ့ တစ်ခါသုံးဘောပင်တွေ၊ သွားကွာ...သွားကွာ...။
တစ်ရာ...နှစ်ရာလောက်တန်တဲ့ တစ်ခါသုံးဘောပင်တွေ သွားကွာ...သွားကွာ။
ကျွန်တော်၏် အမူအရာကို ကြည့်ပြီး အားလုံးက ရယ်သည်။
“အေး...ငါပြောချင်တာ အဲဒါပဲ။ ဒီမယ် ကလေးတို့ မှတ်ထားကြ။
မင်းတို့ရဲ့ ခန္ဓာကိုယ်ဟာ တစ်ခါသုံး ဘောပင်မဟုတ်ဘူးကွ။ တန်ဖိုးရှိတယ်။
အကြိမ်ကြီမ်သုံးရမယ့် ပစ္စည်းဆိုရင် တန်ဖိုးထားရတယ်။ ကိုယ့်ကိုကိုယ် ငုံ့ကြည့်စမ်း။
အဲဒါဟာ တစ်ခါသုံးပစ္စည်းတွေလား။ ရိုင်းတယ်လို့တော့ မထင်နဲ့ ဟေ့၊ အကြိမ်ကြိမ်အခါခါ
သုံးရမယ့် ပစ္စည်းကို တစ်ခါသုံးဘောပင်လောက်ပဲ တန်ဖိုးထားကြတော့မလို့လား။
ဒီမယ်မှတ်ထား၊ မင်းတို့ဟာ တန်ဖိုးရှိတယ်။ မင်းအတွက်လည်း တန်ဖိုးရှိတယ်။ မင်းမိသားစု
အတွက်လည်း တန်ဖိုးရှိတယ်။ အနာဂတ်တိုင်းပြည်အတွက်လည်း တန်ဖိုးရှိတယ်။ တန်ဖိုးရှိတဲ့
ကိုယ်ရဲ့ ခန္ဓာကိုယ်၊ ကိုယ့်ရဲ့ပစ္စည်း ကို တစ်ခါသုံးဘောပင်လောက်တောင်
တန်ဖိုးထားမိကြရဲ့လား.။ ဘယ်နှကြိမ်သုံးရမယ့် ပစ္စည်းလဲဆိုတာ ကိုယ့်ဘာသာကိုယ်
တွေးကြည့်။ လူကြီးတွေကို မေးကြည့်။ တန်ဖိုးရှိအောင်နေတတ်မှ တန်ဖိုးဆိုတာရှိတယ်။
ငါပြောတာမယုံရင်နေကြ။ ဒီမယ်ကွ၊“ကိုယ်ဖြစ်ကိုယ်ခံ...ကြာနီကန်” ပဲဟေ့။ “ကိုယ့်စားရိတ်
ကိုယ်စား...ရေဝေးသွား” ပဲဟေ့။ “ဗြောင်ကမြင်း...တောင်အင်း” က
ကြိုနေတယ်။“လျှောက်ကမြင်း ...မြောက်အင်းနဲ့ တွေ့မယ်” ။ အခုတော့ကွာ
ကိုယ့်ခန္ဓာကိုယ်ကို တစ်ခါသုံးများ မှတ်နေကြလား၊ အံ့သြပါ့ကွာ။
အားလုံးက “ကြာနီကန်၊ရေဝေး၊တောင်အင်း၊မြော က်အင်း” ဟူသော
သင်္ချိုင်းကုန်းများကို ကာရန်နဘေဖြင့် ပြောလိုက်သောကြောင့် ကြောက်လန့်တကြားဖြင့်
နားထောင်နေကြတော့သည်။ တချို့ကတော့ ပြုံးစိစိ။
“ငါကတော့ IT ခေတ်ကို ကြိုဆိုတယ်။ ဒါပေမယ့် LT ခေတ်ကို ရှုတ်ချတယ်။
IT ဆိုတာ information technology. မင်းတို့သိတယ်။ LT ဆိုတာလည်း မင်းတို့
လူငယ်တချို့ လုပ်နေကျ အလုပ်ပဲ။ စိတ်တော့ မဆိုးနဲ့ကွာ၊ ပွင့်ပွင့်လင်းလင်း
ရင်းရင်းနှီးနှီး ပြောတယ်လို့ အောက်မေ့ပါ။ LT ဆိုတာ living together ကို ပြောတာ။ ”
နားထောင်နေသူ ကျောင်းသားကျောင်းသူ တော်တော်များများ
မျက်နှာပျက်သွားကြသည်။
“ကဲ...လက်ခုပ်တဖြောင်းဖြောင်းတီးပြီး ကြိုဆိုခံနေရတယ်လို့
ထင်နေတဲ့ “ခြင်မလေး” တွေ မဖြစ်ဖို့ သတိပေးတယ်။ လက်ခုပ်တီးပြီး
ကြိုဆိုနေတာမဟုတ်ဘူးနော်။ အားပေးနေတာ မဟုတ်ဘူးနော်။ အဲဒါခြင်ကို ရိုက်နေတာ။
ခြင်ကို သတ်နေတာ။ မှတ်ထား၊ ဒါပဲ”
နားထောင်သူ လူငယ်လေးများ တစ်ယောက်ကို တစ်ယောက် ပြုံးစိစိ ဖြင့်
အပြန်အလှန်ကြည့်ပြီး လက်ခုပ်တီးလိုက်ကြလေသည်။
တချို့ကတော့ အဲယားကွန်း မအေးလို့နဲ့ တူပါရဲ့ ။
ဇောချွေးတွေနဲ့။
တချို့ ကတော့ မျက်စိမျက်နှာ ပျက်နေကြလေရဲ့။
တချို့ ကတော့ မျက်စောင်းတခဲခဲနဲ့ပေါ့......
ဦးဘုန်း(ဓါတု)
Thursday, October 11, 2012
အသံကြောင့်ဖားသေ
အသံကြောင့်ဖားသေ
by Wewe Peace on Tuesday, October 9, 2012 at 8:04pm ·
ကိုယ့်မြန်မာကို
အားပေးတာ အားပေးတာပေါ့။ သူများမျက်စိ
ပမွှေးစူးလောက်အောင်တော့မလုပ်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ အထူးသဖြင့် Miss
international Facebook Public page မှာ သူများတွေက Virus လို့
ထင်ရလောက်အောင်" မြန်မာ မြန်မာ မြန်မာ" ဆိုတာကို အခါ ၁၀၀ ရေးတာမျိုး။
(အခု ဖယ်ရှား ခြင်းခံရလို့မရှိတော့ပါဘူး) ပြီးတော့ မြန်မာမပါတဲ့ ဓာတ်ပုံမှာ
" မြန်မာ မြန်မာ မြန်မာ" လို့အော်ချင်ရာ အော်တာမျိုးတွေကြောင့်
မြန်မာတွေ မျက်စိမပါဘူးလား။ စာမတတ်ဘူးလား လို့ထင်သွားပါလိမ့်မယ်။
ကျွန်မတို့တွေ ကပ္ပလီတွေကို ရိုင်းတယ် သွေးဆိုးတယ်ဆိုပြီး ကြည့်မရ အထင်သေး
သလိုပေါ့။ ဘယ်သူမပြု မိမိမှုပါ။ မြန်မာတယောက်လာ ဒီအချိုး နှစ်ယောက်လာ
ဒီအချိုးဆို ကြာရင် နိုင်ငံတကာက မြန်မာဆိုတာ ဒီလို
ပေါကြောင်ကြောင်လူမျိုးတွေပါလားလို့ မှတ်ယူသွားပါလိမ့်မယ်။
ကိုယ့်လူမျိုးကို အဲ့ဒီလိုအထင်မခံစေချင်ပါဘူး။ Miss international Facebook
Public page ဆိုတာ တစ်ကမ္ဘာလုံးက လူတွေလာကြည့်ကြတဲ့နေရာပါ။
ပြီးတော့ ဟိုမှာ နန်းခင်ဇေယျာ ကို တခြားလူမျိုးတွေက အမြင်ကတ်ပြီး ဝိုင်းပြီးကျင်ထားကြမှာ ကျွန်မစိုးရိမ်းပါတယ်။ သူကမျှာလဲရှက်ရှာမှာပေါ့။ နင့်လူမျိုးတွေက ဒီလိုလားဟဲ့ ဆိုပြီး။ အဝေးရောက်နေတဲ့ ကိုယ့်ညီမလေးကို ကိုယ့်ရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့် သူများတွေက အမြင်ကတ်ပြီး ဝိုင်းအနိုင်ကျင့်ကြတာ သင်အဖြစ်ခံနိုင်သလား။
ပြီးတော့ မယ်တိုင်းက ကိုယ့် ဓာတ်ပုံတက်လာရင် ကိုယ့်ကို ကိုယ့်လူမျိုးတွေက ဘယ်လောက်ဝိုင်းပြီး အားပေးကြတယ်ဆိုတာ သိချင်ကြတာချည်းပါပဲ။ အားပေးတဲ့စာတွေကို ဖတ်လိုက်ရင် မဆီမဆိုင် " မြန်မာ မြန်မာ မြန်မာ" ဆိုပြီး ပေါက်တက်ကရတွေတက်တက်အော်နေတော့ ဓာတ်ပုံထဲမှာ မြန်မာလဲ မပါပဲနဲ့ဆိုပြီး လှောင်ချင်စရာ ၊ ဟားချင်စရာ ဖြစ်ပါတယ်။ ပြီးတော့ သူများလူမျိုးကို မကြိုက်ရင်မကြည့်ပါနဲ့။ သူများဓာတ်ပုံအောက်မှာ မလှဘူး ဘာညာကွိကွဆိုပြီး ရေးတာမကောင်းပါဘူး။ ကိုယ့်ဓာတ်ပုံအောက်မှာဒီလိုလာရေးရင် ကိုယ်ကော သဘောကျလား၊ လက်ခံနိုင်သလား။
ကျွန်မက သူငယ်ချင်းကို ဒီ link မှာ လူမျိုးခြားနှစ်ယောက်က မြန်မာတွေကိုဝေဖန်ပုံ ကို ကြည့်ခိုင်းလိုက်တော့ သူက ဓာတ်ပုံတိုင်းကိုကြည့်ဖို့ ပြန်ပြောပါတယ်။ ကျွန်မလဲ ဓာတ်ပုံတိုင်းကိုကြည့်ကြည့်တော့ ပုံတိုင်း မြန်မာလို့ ထအော်ထားတာတွေ့ရပါတယ်။
ကျွန်မသူငယ်ချင်းက ညည်းပါတယ်။ "စိတ်ညစ်ပါတယ် သူငယ်ချင်းရာ မြန်မာမယ်က တော့ Miss International Beauty Pageant website မှာ ပေါ်ပြူလာမဖြစ်ပဲ မဆင်မခြင်လူတစုကြောင့် ဒုက္ခရောက်ပါပြီ။"
အခုဆိုရင် မြန်မာမယ် ဓာတ်ပုံကို တခြားသူတွေလောက် ဖော်ပြခြင်းမရှိတော့ပါဘူး။ လူတွေအားလုံးသတိထားမိကြမှာပါ။
တော်တော်စိတ်မကောင်းစရာပါပဲ။ ကြာရင် vote တွေလဲအသိအမှတ်ပြုချင်မှပြုပါတော့မယ်။
ကိုယ့် မြန်မာတွေကို စည်းကမ်းရှိစေချင်ပါတယ်ရှင်။ အေးဆေးထိုင်ပြီး အားပေးလို့ရပါတယ်ရှင်။ အသံကြောင့်ဖားသေတဲ့။ စကားပုံလေးလဲကြားဘူးကြမှာပေါ့။ အားလုံးကို ကောင်းစေချင်တဲ့ စေတနာနဲ့ရေးလိုက်တာပါ။ ကျွန်မကို ဘယ်နှစ်ယောက်လောက်က ဝိုင်းဆဲကြအုံးမလဲမသိပါဘူး။ ကိုယ့်လူမျိုးအကြောင်းကိုယ်ပဲသိတယ်။
ဒါကြောင့် တတ်နိုင်ရင် မြန်မာမယ် မပါတဲ့ ဓာတ်ပုံ အောက်မှာ ကွန်မန့် တွေဘလပွနဲ့ "မြန်မာ မြန်မာ" လို့မအော်ပါနဲ့လို့ အနူးအညွန့် မေတ္တာရပ်ခံပါတယ်ရှင်။
ကျွန်မက မြန်မာလူမျိုးဖြစ်လို့ ကိုယ့်မြန်မာတွေရဲ့စိတ်ကို ကောင်းကောင်းသိပါတယ်။ မြန်မာတွေက ပွင့်လင်းတယ်။ ရိုးသားတယ်။ စိတ်ထဲရှိရင် ရှိတဲ့အတိုင်းပြောတတ်တယ်။ ဟန်မဆောင်တတ်ဘူး။ တခုဖြစ်နိုင်တာက ကိုယ့်သူငယ်ချင်း တယောက်က "မြန်မာ မြန်မာ" အော်လိုက်လို့ ကိုယ်က အပေါ်က ဓာတ်ပုံ တွေ ဝေဖန်မှူတွေကိုသေချာမကြည့်မိပဲ အလျှင်စလို ဝင်ပြီး ကွန်မန့် ပေးမိတာမျိုး၊ အားပေးမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အလျှင်စလို ကွန်မန့် မပေးကြပါနဲ့လို့။ မေတ္တာရပ်ခံပါတယ်ရှင်။
ကျေးဇူးပြုပြီး ဝေမျှပေးပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။

Miss International Beauty Pageant Page မှ comments တချို့
လူမျိုးခြားတယောက်က "ဒီဓာတ်ပုံမှာ မြန်မာမယ် ပါလို့လား။ ဒီဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးလေးတွေကလဲ အားပေးခြင်းခံသင့်ပါတယ်။ ဒီလို မြန်မာမယ် ဆိုပြီး ခဏခဏကြားနေရတာ စိတ်ပျက်ငြီးငွေ့စရာပါပဲ။ အကယ်၍များ ဒီဓာတ်ပုံထဲမှာ မြန်မာမယ် ပါလို့ရှိရင်၊ ငါတို့အားလုံး ဝိုင်းပြီးအားပေးလို့ရပါတယ်။ ဒါပေမယ့် သူမပါတဲ့ အခါမျိုးမှာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ မြန်မာပြည်ကလူတယောက်မှ သူတို့ကိုသူတို့ ငြီးငွေ့စရာအလွန်ကောင်းတယ်ဆိုတာသတိမထားမိကြဘူးလားမသိဘူး။
အဲ့ဒီမှာ နောက်တယောက်က "ဟုတ်တယ် ဒေါက်တာရေ ။ မြန်မာလူမျိုးတွေက ဓာတ်ပုံတွေမှာ မြန်မာမယ်ပါပါ မပါပါ နေရာတကာ စုပြီးဝိုင်းရေးနေကြတယ်။ အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ။ သူတို့က လူဂရုစိုက်ခံချင်လို့ တမင်သက်သက် လုပ်နေသလား ၊ ဒါမှမဟုတ် သူတို့ရဲ့ မယ်က အချောဆုံး အလှဆုံး ဆိုတာကို လူတကာကို ပြော ချင်လို့လား ကျွန်မတော့မသိတော့ဘူး ။ တကယ်တော့ တခြားမယ်တွေက မြန်မာမယ်ထက်အများကြီးသာပါတယ်။
ကျွန်မသူငယ်ချင်းက ညည်းပါတယ်။ "စိတ်ညစ်ပါတယ် သူငယ်ချင်းရာ မြန်မာမယ်က တော့ Miss International Beauty Pageant website မှာ ပေါ်ပြူလာမဖြစ်ပဲ မဆင်မခြင်လူတစုကြောင့် ဒုက္ခရောက်ပါပြီ။"
အခုဆိုရင် မြန်မာမယ် ဓာတ်ပုံကို တခြားသူတွေလောက် ဖော်ပြခြင်းမရှိတော့ပါဘူး။ လူတွေအားလုံးသတိထားမိကြမှာပါ။
တော်တော်စိတ်မကောင်းစရာပါပဲ။ ကြာရင် vote တွေလဲအသိအမှတ်ပြုချင်မှပြုပါတော့မယ်။
ကိုယ့် မြန်မာတွေကို စည်းကမ်းရှိစေချင်ပါတယ်ရှင်။ အေးဆေးထိုင်ပြီး အားပေးလို့ရပါတယ်ရှင်။ အသံကြောင့်ဖားသေတဲ့။ စကားပုံလေးလဲကြားဘူးကြမှာပေါ့။ အားလုံးကို ကောင်းစေချင်တဲ့ စေတနာနဲ့ရေးလိုက်တာပါ။ ကျွန်မကို ဘယ်နှစ်ယောက်လောက်က ဝိုင်းဆဲကြအုံးမလဲမသိပါဘူး။ ကိုယ့်လူမျိုးအကြောင်းကိုယ်ပဲသိတယ်။
ဒါကြောင့် တတ်နိုင်ရင် မြန်မာမယ် မပါတဲ့ ဓာတ်ပုံ အောက်မှာ ကွန်မန့် တွေဘလပွနဲ့ "မြန်မာ မြန်မာ" လို့မအော်ပါနဲ့လို့ အနူးအညွန့် မေတ္တာရပ်ခံပါတယ်ရှင်။
ကျွန်မက မြန်မာလူမျိုးဖြစ်လို့ ကိုယ့်မြန်မာတွေရဲ့စိတ်ကို ကောင်းကောင်းသိပါတယ်။ မြန်မာတွေက ပွင့်လင်းတယ်။ ရိုးသားတယ်။ စိတ်ထဲရှိရင် ရှိတဲ့အတိုင်းပြောတတ်တယ်။ ဟန်မဆောင်တတ်ဘူး။ တခုဖြစ်နိုင်တာက ကိုယ့်သူငယ်ချင်း တယောက်က "မြန်မာ မြန်မာ" အော်လိုက်လို့ ကိုယ်က အပေါ်က ဓာတ်ပုံ တွေ ဝေဖန်မှူတွေကိုသေချာမကြည့်မိပဲ အလျှင်စလို ဝင်ပြီး ကွန်မန့် ပေးမိတာမျိုး၊ အားပေးမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အလျှင်စလို ကွန်မန့် မပေးကြပါနဲ့လို့။ မေတ္တာရပ်ခံပါတယ်ရှင်။
ကျေးဇူးပြုပြီး ဝေမျှပေးပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။
ဟုတ်ပြီ မြန်မာပုံ မပါရင် ကွန်မန့် မပေးရဘူးဆို ၊ ဘယ်မှာသွားအားပေးရမှာတုံးလို့ မေးစရာဖြစ်လာပါတယ်။ ဟုတ်ကဲ့ အဖြေကရှိပါတယ်။
အချိန်မရလို့ မြန်မာမယ်ပါတဲ့ ဓာတ်ပုံတွေတစ်ခုခြင်း မရှာနိုင်တဲ့ ကိုကို ၊ မမ ၊ မောင်လေး ၊ ညီမလေးများ အတွက် မြန်မာမယ်ပါတဲ့ ဓာတ်ပုံ Links တွေကို အားလုံးအဆင်ပြေအောင်လို့ တနေရာထဲ စုစည်းတင်ပြလိုက်ပါတယ်။ အဲ့ဒီ့မှာ သွားပြီး စိတ်ကြိုက်အားပေးလို့ရပါတယ်ရှင်။ ဓာတ်ပုံအသစ်တင်ရင်လဲ ထပ်ထည့်ပေးပါအုံးမယ်။
- http://www.facebook.com/photo.php?fbid=461399937244263
- http://www.facebook.com/photo.php?fbid=461399353910988
- http://www.facebook.com/photo.php?fbid=461398300577760
- http://www.facebook.com/photo.php?fbid=461341370583453
- http://www.facebook.com/photo.php?fbid=461329007251356
- http://www.facebook.com/photo.php?fbid=460996470617943 ( အလယ်က ခဲရောင်ဝတ်ထားတဲ့ ဖွားဖွားရဲ့ ညာဘက်/ဓာတ်ပုံဘယ်ဘက် နှစ်ယောက်မြောက် ဒုတိယတန်း အလယ်မှာညပ်နေ)
- http://www.facebook.com/photo.php?fbid=460994127284844
- http://www.facebook.com/photo.php?fbid=460695717314685
- http://www.facebook.com/photo.php?fbid=460663900651200
- http://www.facebook.com/photo.php?fbid=460663450651245(Sweden နောက်)
- http://www.facebook.com/photo.php?fbid=460662937317963
- http://www.facebook.com/photo.php?fbid=460662623984661
- http://www.facebook.com/photo.php?fbid=460662057318051
- http://www.facebook.com/photo.php?fbid=460148427369414
- http://www.facebook.com/photo.php?fbid=459704490747141
- http://www.facebook.com/photo.php?fbid=459704147413842 (အလယ်မှာ အမည်းရောင်ဝမ်းစက်လေး အဖြူလေးဘေးက)
- http://www.facebook.com/photo.php?fbid=459703980747192
- http://www.facebook.com/photo.php?fbid=459703787413878
- http://www.facebook.com/photo.php?fbid=459701824080741
- http://www.facebook.com/photo.php?fbid=459697457414511
- http://www.facebook.com/photo.php?fbid=459415614109362
- http://www.facebook.com/photo.php?fbid=459413820776208
- http://www.facebook.com/photo.php?fbid=459412554109668
- http://www.facebook.com/photo.php?fbid=458884354162488
- http://www.facebook.com/photo.php?fbid=458879327496324
- http://www.facebook.com/photo.php?fbid=458873450830245
- http://www.facebook.com/photo.php?fbid=458494784201445
- http://www.facebook.com/photo.php?fbid=458492290868361
- http://www.facebook.com/photo.php?fbid=449936635057260

Subscribe to:
Posts (Atom)