Showing posts with label ကလေးလေးအတွက်. Show all posts
Showing posts with label ကလေးလေးအတွက်. Show all posts

Wednesday, April 30, 2014

ကလေးငယ်အား အစာကျွေးခြင်း

ဒီမှာကတော့ ကလေးငယ် ၃လပြည့်အပီး ၄လအတွင်းမှာ မြို့နယ်ကျန်းမာရေးဌာနှာ ကလေးအစာကျွေးခြင်း အစားအစာပြုလုပ်ပုံကို လက်တွေ့သင်ကြားပြသပေးပါတယ်။ အဲ့ဒီသင်တန်းက အခမဲ့ပါ.။

ကလေးအစာကျွေးနိုင်တဲ့ လကတော့ ၄လကနေစကျွေးလို့ ရပါတယ်။ ဒါပေမဲ့ ၆လမှ စပီးကျွေးတာ အလာဂျီဖြစ်နိုင်ခြေနဲပီး ကလေးရဲ့ အစာချက်နိုင်စွမ်းရည်အားကောင်းလို့ပါတဲ့။

ကလေးတွေကို ပထမဆုံးအကြိမ်အဖြစ် အစာ စကျွေးတော့မယ်ဆိုရင် ဒီမှာ သတ်မှတ်ထားတဲ့ ပထမဆုံးစည်းကမ်းလေးကတော့ ပထမလမှာ နေ့လည်စာ ၁ကြိမ်ပဲ ကျွေးရမှာပါ။ ဂျပန်တွေကတော့ အချိန်သတ်မှတ်ပေးထားပါတယ်။
မနက်၆နာရီမှာ နို့တိုက် ၁၁ နာရီမှာအစာကျွေး နို့တိုက် ၂နာရီမှာနို့တိုက် ၆နာရီမှာ နို့တိုက် ၁၀နာရီမှာတိုက် ဒါကတော့ အချိန်ဖြစ်ပီးတော့ အောက်ကဇယားကတော့ စကျွေးရတဲ့အစာဖြစ်ပါတယ်။ အစာနဲ့မိတ်ဆက်တဲ့အခါ နဲနဲစီစမ်းကျွေးပီး ၃ရက်မြောက်တဲ့နေ့မှ အခြားအစာကိုစကျွေးပါ။ ဇယားမှာလဲပြထားပါတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့ ကလေးမှာ အလာဂျီဖြစ်ခဲ့ရင် ဘယ်အစာကဖြစ်လဲဆိုတာ အလွယ်တကူသိနိုင်လို့ပါပဲ။
အောက်ကဇယားက ကလေးကျွေးတဲ့ဇွန်းကိုပြောတာပါ။ ကလေးဇွန်းဆိုတာ တီးစပွန်းလောက်ဆိုဒ်ပေါ့။ ကလေးဇွန်းကို ဆီလီကွန်တို့ မယ်လမင်းတို့ အဲလိုဟာတွေ သုံးပါ။ စတီးနဲ့သုံးရင် ကလေးကို ထိခိုက်မဆိုးလို့ပါ။

ကလေးကို ၁နှစ်အထိ သကြားနဲ့ ဆားမသုံးပါနဲ့လို့ပြောထားပါတယ်။ ထောပတ်တို့ မာဂျရင်းတို့တော့ အနဲငယ် သုံးလို့ရပါတယ်။ မရိုးနိစ်ကိုတော့ ၉လမှစတင်သုံးသင့်ပါတယ်။ ပုစွန် ခရု ဂဏန်းတို့ကိုတော့ ၉လကျော်မှ ကျွေးသင့်ပါတယ်။ ဘဲဥကြက်ဥဆိုလည်း အကာကိုဖယ်ပီးအနှစ်ကိုသာ ၉လအထိ ကျွေးသင့်ပါတယ်။ ဘဲဥ ကြက်ဥအလာဂျီဖြစ်တတ်လို့ပါ။ ချိစ်လဲကျွေးလို့ရပါတယ်။
ကြက်သားကိုတော့ အဆီမပါ အရိုးပါတဲ့ ဂျိုင်းအောက်က ရင်ပုံနားကအသားထင်ပါတယ် အဲ့ဒါကိုကျွေးလို့ရပါတယ်။ ကြက်အသဲလဲ ကျွေးလို့ရပါတယ်။
အသီးအနေနဲ့တော့ ပန်းသီး ငှက်ပျောသီးပေါ့။ လိမ္မော်သီးက ၀မ်းပျက်တတ်လို့ပါတဲ့။
ဒါကတော့ ပထမဆုံး ကလေးကို အစာနဲ့စတင်မိတ်ဆက်ပေးတဲ့ အခါ မဖြစ်မနေသုံးဖို့ တိုက်တွန်းထားတဲ့ ကိုယ်တို့မြို့နယ်က ဇယားပါ။

 လရက်
1-3
4-6
7-9
10-12

13-15
16-18
19-21
22-24
25—
27
28-
30
31-
ဆန်ပြုတ်
၁ဇွန်း
၂ဇွန်း
၃ဇွန်း






၅-၆ ဇွန်း
၅-၆
ဇွန်း
အာလူး


၁ဇွန်း
ဇွန်း
၃ဇွန်း




၃-၄ ဇွန်း
၃-၎
ဇွန်း
မုန်လာဥနီ




၁ဇွန်း
ဇွန်း
ဇွန်း



ဇွန်း
ဟင်းနု နွယ်






ဇွန်း
ဇွန်း
ဇွန်း

၎ဇွန်း

အဖြု
ရောင်ငါး









၁ဇွန်း
၂ဇွန်း


သမီးလေးကို အစာစကျွေးတော့ စာအုပ်ကြီးအတိုင်း အချိန်ကန့်သတ်ပီး ကျွေးမိပါတယ်။ ဟားဟားလို့သာ အော်ရယ်လိုက်ပါ...လုံးဝ မရပါဘူး။ ဟိ...

ဒါနဲ့ စာအုပ်ကနေသွေဖယ်ပီး ကျွေးမှပဲ အဆင်ပြေပါတော့တယ်။ နာ့စ်မကပြောတာကတော့ ကလေးတယောက်နဲ့တယောက် မတူဘူး... အဆင်ပြေသလိုသာ လုပ်ပါတဲ့..။ အိပ်ယာက ထထချင်း ကျွေးလို့မရပါဘူး.. ၁၅ မိနစ်ကနေ နာရီဝက်အထိ ကစားပီးမှ ကျွေးတာ ပိုအဆင်ပြေပါတယ်။
သမီးကို ဒီမှာရှိတဲ့ သူ့အရွယ်အလိုက် စားလို့ရတဲ့ desert တို့ snack တို့လည်း ကျွေးပါတယ်။ juice လဲ တိုက်ပါတယ်။ သမီးသိပ်ကြိုက်ပါတယ်။ အများကြီးတော့ မကျွေးဘူးပေါ့...။ ဆရာမက ကြိုက်တယ်...ဘာကျွေးကျွေး...အကုန်စားပဲ။ သူက ကိုယ်တိုင်လက်ကကိုင်ပီးစား တာ ကြိုက်တော့ chese stick တို့ အခြား ငါးမုန့်အချောင်းလေးတွေ ကို ၀ယ်ကျွေးပါတယ်။ ဘီစကစ်ကတော့ အရုပ်ကလေးတွေပေါ့။ ဒီမှာကတော့ ၅ လ..၆လ ကနေစပီး ကျွေးလို့ရတဲ့ မုန့် ကို သူ့ လအလိုက် ရောင်းတော့ စိတ်ပူစရာ မလိုဘူးပေါ့...။


Friday, February 14, 2014

မွေးကင်းစ ကလေး ရေချိုးနည်း

သမီးလေး မမွေးခင် မေမေက ရေချိုးပုံရေချိုးနည်းသင်တန်းကို မြို့နယ်က အခမဲ့ လုပ်ပေးတဲ့နေရာမှာ တတ်ခဲ့သလို ဆေးရုံပေါ်မှာလည်း ကလေးရေချိုးပုံ ထပ်ပြပေးပါတယ်။

ကလေးတယောက် ရေချိုးပေးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ရေချိုးဇလုံတခု..ရေချိုးဆပ်ပြာရည် လက်ကိုင်တာဝါအသေးလေးရယ် ကလေးနားကြပ်တောင်လေးတွေပါပဲ။ ရေအပူချိန်တိုင်းမဲ့ ကိရိယာလေးလည်း ဆောင်ချင်ရင်ဆောင်ပေါ့နော်။ ကလေးသုတ်ဖို့ မျက်နှာသုတ်ပုဝါအကြီးတစ်ထည်ဆောင်ပါ။ လေးထောင့်စပ်စပ် ဖြစ်လျှင်ပိုကောင်းပါသည်။

ကလေးတယောက် ရေမချိုးခင် ကြိုတင်ပြင်ဆင်ရမှာက ရေချိုးဇလုံထဲကို ရေဖြည့်ပါ။ နွေမှာဆို ၃၇ ဒီဂရီစင်တီထားပီး ဆောင်းမှာဆို ၄၀ ဒီဂရီထားပေးပါ။

ရေဖြည့်ထားပီးချိန်မှာ အရင်ဦးဆုံး စားပွဲ သို့ ကုတင်ပေါ်မှာ ကလေးအနှီးဒိုင်ဗာကို ဖြန့်ပါ။ အပေါ်က ကလေးဝတ်ဖို့ အကျီ အတွင်းခံနဲ့ အပေါ်အကျီကို ကလေးချပီးဝတ်လို့ရအောင် တခါတည်းပြင်ပေးပါ။  အဲဒီအပေါ်ကမှ ကလေး မျက်နှာသုတ်ပုဝါကို တင်ပါ။

ကလေးကို အရင်နို့တိုက်ပီးမှရေချိုးတာ ပို၍ကောင်းပါသည်။ဘာလို့ဆို ရေချိုးပီး မကြာခင် ကလေး ချက်ချင်းအိပ်တတ်လို့ဖြစ်ပါသည်။ ဗိုက်ဝတော့ ပို၍ အိပ်သည်ကိုး။ အပူချိန်တိုင်းပါ။ ကဲ ရေချိုးဖို့ အဆင်သင့်ဖြစ်ပါပီ။ သင်တန်းတုန်းကတော့ ၃ကီလို ဂရမ် ရှိတဲ့ အရုပ်နဲ့ လက်တွေ့ လုပ်ခဲ့ရပါတယ်။ အရုပ်က မလှုပ်ဘူး ကလေးကတော့ လှုပ်တာပေါ့နော်။ သတိထားပါ။ အထူးသဖြင့် ကလေးဇက်မလည်ဖို့ပါ။ ကလေးရေချိုးနေချိန်မှာ ဧည့်သည်တို့ ဖုန်းတို့ ဘာပဲလာလာ ကလေးကို ထားပီး
ဘာမှ မလုပ်ပါနှင့်။ ကလေးက အရေးအကြီးဆုံးပါ။

ကလေးကို အထက်ကပြထားတဲ့ အ၀တ်ပုံပေါ်မှာ ထားပီး ကလေးအ၀တ်များကို စတင်ချွတ်ပါမည်။ ပီးလျှင် မျက်နှာသစ်သုတ်ပုဝါ အသေးစားကို ရေလေးဆွတ်ပီး မျက်နှာသစ်ပါမည်။ နဖူး ပါး၂ဖက်နှင့် နှာခေါင်းတ၀ိုက်ကို ပွတ်ပေးပါ။ ပီးလျှင် နား၂ဖက်။ ပီးလျှင် လက်ညှိုးထဲ မျက်နှာသုတ်ဝတ်ကို ထည့်ကာ မျက်စိ ၂ဖက်ကို ခပ်ဖွဖွ ပွတ်ပေးပါ။ အထက်ပါ အဆင့်ပီးလျှင် မျက်နှာသုတ်ပုဝါကို ရေပြန်ဆွတ်ပီး ညှစ်ပီးလျှင် ကလေးရင်ဖတ်ပေါ် တင်ပေးပါ။ သို့မှသာ ကလေးကို ရေထဲချလျှင် ရေမလန့်မှာ ဖြစ်ပါသည်။ ဒါဆိုလျှင် ရေထဲ ထည့်ပါတော့မည်။
ရေထဲ ထည့်လျှင် ခြေထောက်လေးကနေမှာ ရေထဲကို တဖြည်းဖြည်း ညင်ညင်သာသာ ချပေးပါ။
ချသည့်အခါ ဇက်အောက်ကနေ မိမိလက်တဖက်ကို ပင့်ထိန်းပီးကိုင်ပေးပါ။ ကျန်သော လက်တဖက်က ကလေးရဲ့ တံတောင်ဆစ်ကြား ဂျိုင်းကြား ဖင်ကြား ဒူးခေါင်းကြားများကို ရှင်းလင်းပေးပါ။ လည်ပင်းအောက်ကို လက်ညှိုးလေးဖြင့် ဂျီးရှင်းပေးပါ။ ဆပ်ပြာကိုင်လျှင် ကိုင်ပီး အထက်ပါနေရာများကို လုပ်ပေးပါ။ (ကိုယ်ကတော့ ခေါင်းပါလျော်လို့ရသည့် ကလေးဆပ်ပြာရည်ကို သုံးပါသည်။ ကိုယ်သုံးသည့် ဆပ်ပြာရည်က တခါတည်းရေချိုးဇလုံထဲထည့်ရပါသည်။)
ပီးလျှင် ခေါင်းလျှော်ပါသည်။ ယောင်္ကျားလေးများ ရေချိုးပေးလျှင် ရွှေပန်းကိုသေချာ ဆေးပေးရသလို မိန်းကလေးများကို ဖင်သေချာဆေးပေးပါ။ ဒီမှာကတော့ ၀မ်းသွားထားလျှင် ကလေးအဆီလေးဖြင့် ရေချိုးချိန်မှာ ဆေးပေးလျှင် ပိုကောင်းပါသည်တဲ့။ (နောက်တချက် မိန်းကလေးများ ၀မ်းသွားပီး သုတ်သင်သည့်အခါ စအိုအောက်မှ အထက်မသုတ်မိရန်သတိထားပါ။ အပေါ်မှအောက်သာ သုတ်ပေးပါ။ မိန်းမကိုယ်ထဲ ပိုးမ၀င်စေရန်ဖြစ်ပါသည်။) ရေချိုးသည့် အပေါ်ပိုင်းကိစ္စ ပီးလျှင် ကျောဖက်ကို လှန်ပါမည်။ လှန်သည့်အခါ ကလေးဇက်ကို သတိထားပါ။ သို့အတွက်ကြောင့် ကလေးကို လှန်ရာမှ လက်၂ဖက်ဖြင့် ထိန်းပီး  မှောက်ပါမည်။ အမှန်က လက်တဖက်က ခေါင်းကို ထိန်းပီး ကျန်တဖက်ရဲ့ လက်မကို ပေါင်ကြား အရှေ့ ဖက်မှာထားပီး ကျန်၎ချောင်းကို ကျောဖက်မှာ ဆုပ်ကိုင်ပီးမှောက်ပါလေ။ ကလေးလည်မထွက်ပါ။ ကျောကို ရေပွတ် လည်ပင်း ပေါင်ကြားရေပွတ်ပီးလျှင် ရေချိုးခြင်း ပီးပါပီ။
ရေချိုးနေချိန်မှာ ကလေးကို စကားပြောပေးပါ။ ဥပမာ သမီးလေးရေ.. ရေချိုးတော့မယ်.. ရေချိုးရတာ ကောင်းတယ်နော်..ပျော်လားသမီးရေ..နဲနဲလေး ကြီးလာရင် ရေဆော့တတ်လာပီ ဆိုရင်..ဟယ်..သိပ်တော်တဲ့ သမီးလေး... ရေဆော့တတ်နေပီ..အစရှိသဖြင့် ကလေးတွေကို စကားပြောပီး ရေချိုးပေးပါ။ ဥာဏ်ရည်ဖွံ့ဖြိုးစေပါသည်။

ကလေးကို ရေထဲက စစ်ပီးထုတ်လာလျှင် အထက်ကကြိုတင်ပြင်ဆင်ထားသည့် မျက်နှာသုတ်ပုဝါ ပေါ်မှာတင်ပီး တခါတည်းမျက်နှာပဲဖော်ကာ ပတ်ပီး ခေါင်းကို အရင်သုတ်ပါ။ ပီးတာနဲ့ကိုယ်ကိုသုတ်ပါ။ ကလေးရေခြောက်ပီဆိုတာနဲ့ ကလေးအနှီးဝတ်ပတ်ပါ။ (ကိုယ်ကတော့ ပေါင်ကြားကို ပေါင်ဒါအနဲငယ်သုံးပါသည်။ ဆရာဝန်တွေ မသုံးခိုင်းပါ။) ပီးလျှင် ရာသီဥတုကြောင့် ကိုယ်တို့ကတော့ ကလေး အသားမပတ်စေရန် လိုရှင်းလူးပေးပါသည်။ အားလုံးကို လုပ်ပေးနေရင်း စကားတွေလည်းပြောပေးပါသည်။ ပီးလျှင် အသင့်ပြင်ထားသော ကလေးအကျီကို ၀တ်ပါသည်။ ကလေးနားများလည်း သန့်ရှင်းရေးလုပ်နိုင်ပါသည်။ မွေးကင်းစဖြစ်သည့်အတွက် ချက်ကိုလည်း အရက်ပြန်လေးဖြင့် ပွတ်ပေးပါ။ ကလေးသည် မကြာမီ မျက်စိစင်းပီး အိပ်ချင်လာပါမည်။ အချိန်မှန်ရေချိုးပေးခြင်းသည်ကောင်းပါသည်။

ဤတွင် ကလေးရေချိုးခြင်းပီးပါပီ။

မှတ်ချက်။  ကလေးရေမချိုးခင် ကိုယ်အပူချိန်တိုင်းသင့်ပါသည်။ 

Friday, April 5, 2013

ကလေးလေးသို့

 ကလေးးးလေးရေ....
မေမေတို့မှာ ကလေးလေး ရှိနေတယ်ဆိုတာ သိပီးတဲ့နောက် ဘယ်မှာမွေးမလဲ ဆိုတဲ့ ပြဿနာ ပေါ်လာပါလေရော။ မြန်မာပြည် ပြန်မွေးမလား ဂျပန်မှာ မွေးမလား။ မေမေက ဖေဖေ့အနားမှာပဲ နေချင်လို့ ဂျပန်မှာပဲ မွေးချင်တယ်။ ဖေဖေကတော့ ဂျပန်မှာဆို ဆွေမရှိ မျိုးမရှိနဲ့ မေမေ့တစ်ယောက်တည်း အားငယ်နေမှာဆိုပီး မြန်မာပြန်မွေးစေချင်တယ်။ မြန်မာပြည်မှာဆို... သိုင်းသိုင်းဝန်းဝန်းနဲ့ကို...။
တခါတလေ..မေမေလဲ ကြောက်တာပေါ့။ ဒီနိုင်ငံမှာ မေမေ့ဘေးမှာ ဖေဖေက လွဲပီး ဘယ်သူမှမရှိတာကို တွေးပီး ကြောက်တာ ။ မေမေ့မှာ သူများတွေလို ခေါ်စရာ မေမေလဲမရှိ ။ ရှိတဲ့မမ ကလေးလေးရဲ့ ကြီးကြီးကျတော့ ခေါ်လို့မလွယ်။ အိမ်မှာ သူမရှိလို့ မဖြစ်ဘူးကိုး။ လေဖြတ်နေတဲ့ မေမေ့ ကြီးဒေါ်ရယ် ကလေးလေး ဘိုးဘိုး ရယ်နဲ့ အိမ်အလုပ်တွေနဲ့ ပတ်ချာလည်နေတယ်။
ဖေဖေကတော့ ကလေးအန်တီလေးကို ခေါ်စေချင်နေတယ်။ ဒါပေမဲ့ မေမေ့ အိမ်မှာက သူမရှိလို့လဲ မဖြစ်ပြန်ဘူးဆိုတော့... မေမေ့မိသားစုကလဲ အဝေးကနေပဲ စိုးရိမ်ပူပန်လို့ရတယ်။ ဘာမှ လုပ်မပေးနိုင်ဘူး။ မေမေ မြန်မာပြည် ပြန်မွေးရင်လဲ သူတို့တွေက စိုးရိမ်ကြတယ်။ ပထမတကြိမ်တုန်းကတောင် မေမေ ပြန်တုန်းမှာ အသက်ရှု ရပ်သွားတာ ၂ခါတောင်ဆိုတော့ သူတို့လဲ စိတ်သိပ်မချကြဘူး။ ပီးတော့ ဆရာဝန်တွေကိုလဲ မေမေတို့က ကြောက်သေးတယ်။ အသက်ကြီးမှ ကလေးမွေးရတော့ သူတို့စိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပေါ့။ ဒီမှာကတော့ မေမေတို့အသက်လောက်က စာမဖွဲ့ဘူး။ မေမေ့ထက် အများကြီး အသက်ကြီးသူတွေလဲ မွေးနေကြတာပဲလို့ ဆရာဝန်က စိတ်မပူဖို့ပြောတယ်။ ကလေးလေး..လူ့လောကထဲ ရောက်မယ်တောင် မကြံသေးဘူး..ကလေးလေးအတွက် အမျိုးစုံ တွက်ချက်နေကြပီ။ မေမေတို့ဖက်က အခုမှ သားဦးဆိုတော့ ကလေးလေးကို မျှော်နေကြပီ။ ဖေဖေတို့ဖက်ကလဲ ကလေးက ဒုတိယမြောက် ပေါ့။ သူတို့တွေလဲ မျှော်နေကြတာပေါ့။ ကလေးလေးရေ............

ကလေးရေ... မေမေတို့တွေ ကလေးအတွက် အစပထမပိုင်းမှာ ဆေးရုံမရလို့ မေမေတို့ ပြာလိုက်ကြသေးတယ်။ မေမေပြနေတဲ့ အိမ်နားက ဆေးရုံးက ဈေးကြီးတဲ့အပြင် မေမေက အဲ့က ဆရာဝန်ကို သိပ်မကြိုက်ဘူး ရုပ်လဲမချောဘူးလေ..။ ပီးတော့ သူက မေမေ့ကို အခါးတွေပဲ စားခိုင်းလို့ မေမေက အဲ့ဆေးရုံမှာ မပြချင်ဘူး။ပီးတော့လဲ အဲ့ဆေးရုံက မေမေ အရင်နေတဲ့ မြို့မှာပြနေတဲ့ဆေးရုံတွေလောက် မကျယ်မကြီးဘူးလေ။ ဒါနဲ့ အခြားဆေးရုံကို ပြန်ရှာရတာပေါ့။

အဲ့ဒီမှာလဲ မေမေက ဖေဖေ့ကို ပြောတယ်။ ဆေးရုံတွေမှာ အပြည့်မို့လို့ လက်မခံဘူး။ စောစောစီးစီး ဆေးရုံရွေးရအောင်ဆိုတာကို ဖေဖေက ဂျပန်မှာ ဘယ်သူမှ လမ်းဘေး မမွေးခိုင်းဘူးဆိုပီး ပြောတော့ မေမေလဲ ပထမတော့ နှုတ်ဆိတ်နေလိုက်တာပေါ့...။ ဒီလိုနဲ့ ကလေးလေး ကို အိမ်နားကဆေးရုံမျှာဇန္နဝါရီလ ၃၁ ရက်က ဒုတိယအကြိမ် ပြန်ပြအပီး မေမေတို့ ဆေးရုံအရှာမှာ တော့..ကလေးလေးရေ..ဖေဖေနဲ့မေမေ ရန်ဖြစ်လိုက်ရတာ။ ဖေဖေလဲ အတော် မောသွားရှာတယ်။ ဟိုဆေးရုံက လက်မခံ ဒီဆေးရုံက လက်မခံနဲ့ဆိုတော့။ ဆေးရုံတိုင်းက ကလေးလေးမွေးမဲ့ သြဂုတ်လ အကုန်အထိ အပြည့်ဖြစ်နေလို့ဆိုပဲ။ ဒီလိုနဲ့ ဖေဖေနဲ့မေမေက နောက်ဆုံးတော့ အိမ်နားက ဆေးရုံမှာပဲ မွေးဖို့ အကြောင်းဖန်လာတော့တာပေါ့။ ဒါပေမဲံ့ ဖေဖေက မေမေ့စိတ်တိုင်းကျ နောက်ထပ်ဆေးရုံတခုနဲ့ ထပ်ဆက်သွယ်ကြည့်တဲ့ အခါ မေမေတို့ ကံကောင်းစွာပဲ ဆေးရုံ အသစ်ရခဲ့ပါတယ်။ အဲ့ဒီဆေးရုံက ကျယ်တယ် ကြီးတယ်။ မေမေကြိုက်တယ်။ ဈေးကလဲ ပုံမှန်ပဲ။

ကလေးရေ...ဂျပန်မှာ ကလေးမွေးတာ ကျန်းမာရေး ချို့ယွင်းတာ မဟုတ်လို့တဲ့။ ကလေးအတွက် မေမေ့ကျန်းမာရေး အာမခံကဒ် သုံးလို့မရဘူး။ ဒါကြောင့် မေမေတို့က မြို့နယ်ရုံးကို သွားပီး မေမေဗိုက်ပြတိုင်း အကုန်အကျများတဲ့အတွက် မြို့နယ်ရုံးက ပြေစာတအုပ်ထုတ်ပေးတယ်။ အဲ့ဒီစာအုပ်ကို ပြပီး ဆေးရုံတခါ သွားတိုင်း တရွက်တရွက် ယူသုံးတာတောင် တခါသွားတိုင်း ဂျပန်ငွေ ၁သောင်းနီးပါးကျတယ် ။ ဒါတောင် သွေးစစ် ဘာစစ်ဆို တစ်သောင်းကျော်ကျတယ်..ကလေးရေ။ မြန်မာငွေနဲ့ဆို အကျမ်းဖျဉ်း ၁သိန်းကျတာပေါ့။ မြို့နယ်ရုံးကနေပဲ ဖေဖေက ကလေးပုံလေးနဲ့မိခင်ပုံလေးပါတဲ့ ကဒ်ကလေးကို မေမေသွားလေရာဆောင်ဖို့ယူလာပေးတယ်။  အခု မေမေ ရွေးလိုက်တဲ့ဆေးရုံက ကလေးမွေးတဲ့အချိန်ကျရင် .ယန်း ၄၅ သောင်း ကနေ သောင်း၅၀ အထိ ကုန်ကျမယ်တဲ့။ မေမေတို့ကို မြို့နယ်ရုံးက ပြန်ပေးမှာက ၄၂ သောင်း။ တော်သေးတာပေါ့..ကလေးရယ်။ မေမေတို့သိပ်မစိုက်ရဘူးပေါ့။ ဒါပေမဲ့ လတိုင်း ပြတဲ့ ပိုက်ဆံတွေကတော့ ပြန်မရဘူးပေါ့ကလေးလေးရေ..။

ကလေးလေး ရေ.. ဂျပန်မှာ ကလေး မွေးပေးတဲ့ ဆရာဝန်တွေ နဲသွားလို့ ဆေးရုံတွေမှာ နေရာမရတာတဲ့ ကလေးရေ...။ မေမေတို့ကို တချို့ကလဲ ပြောကြတယ်။ စပြထဲက ဘာဖြစ်လို့မသိဘူးဆိုပီးပြရင် ဆေးရုံက ကလေးမွေးဖို့ လက်မခံဘူး ပြောလို့မရတော့ဘူးတဲ့။ ဒါပေမဲ့ ကလေးရေ... တိုကျိုက ဆေးရုံကြီးတွေ့လဲ အခြားဆေးခန်း ဆေးရုံက မိတ်ဆက်စာမပါရင် လက်မခံဘူးတဲ့။ အထူးအဆန်းပဲ။ မပါရင် ပိုက်ဆံ ထပ်ပေးရတာလဲ မေမေ့အတွက် အံ့သြစရာပေါ့လေ..။ မေမေကတော့ ဟိုဖက်ဆေးရုံက မိတ်ဆက်စာပါတော့ ပြဿနာ မရှိပေမဲ့ ဖေဖေက ပါ မေမေနဲ့အတူ ပြတဲ့အခါ  မိတ်ဆက်စာမပါလို့ ပိုက်ဆံထပ်ပေးလိုက်ရပါရောလား။

ကလေးလေးရေ.. မေမေဆေးရုံ သစ်လဲ ရောက်ရော မေမေ့ကို ဆီးတွေ သွေးတွေ စစ်တယ်။ ပထမဆုံး မေမေ့သွေးကို ဆေးထိုးပြွန် ၃ခုထဲကို ဖောက်ထည့်တယ် ကလေးရေ။ ပီးတော့ ဆီးစစ်ပေါ့။ နာ့စ်မက ဆေးထိုးအပ်ကို ပြန်အထုတ်မှာ မေမေ့လက်နာလိုက်တာ ကလေးရယ်။ အဲ့ဒီနေ့က ဖေဖေါ်ဝါရီလ ၆ ရက်နေ့ပေါ့။ ကလေးရေ... နှင်းတွေကျပီး လေတွေထန် တဲ့နေ့ပေါ့။ မေမေ့မှာ ချော်မလဲ အောင်မနဲ အားတင်းပီး ဆေးရုံရောက်အောင် လျှောက်ရတယ်။ ဆရာဝန်က ပြောတယ် ကလေးက ကျန်းမာပုံရတယ်တဲ့။ ဟုတ်တယ် ကလေးရေ.. ဖန်သားပြင်ပေါ်မှာ ကလေးလေးက လှုပ်တုပ်လှုပ်တုပ်နဲ့....တချိန်လုံးလှုပ်နေတယ်။ ဖေဖေနဲ့မေမေမှာ အဲဒါလေးကို ကြည့်ပီး  ကြည်နူးလိုက်ရတာ။ Feb-6

ကလေးရေ... ဒုတိယအကြိမ်သွားတော့ လေမိုးလွတ်ပါရဲ့။ ဒါပေမဲ့ မေမေ့ သွေးစစ်တဲ့ အထဲမှာ ပိုးတမျိုးတွေ့တယ်တဲ့။ အဲ့ဒီသွေးကြောင့် ကလေးလေးကို ထိခိုက်နိုင်တယ်ပြောလို့ မေမေ့မှာ စိုးရိမ်လိုက်ရတာ ကလေးရေ..။ ဒါပေမဲ့ အဲဒီသွေးဟာ မေမေငယ်ငယ်တည်းက ရှိနေတဲ့ ပိုးလား ဂျပန်ရောက်မှ ကူးတဲ့ပိုးလားဆိုပီး ထပ်စစ်ဖို့ လုပ်ကျပြန်တယ်။ အဲ့ဒီနေ့က ကလေးလေးဆီမှာ အရိုးတွေထွက်လာတာ မေမေတို့တွေ့ကျရပီ..ကြည့်နေရင်းနဲ့ပဲ လှုပ်နေတဲ့ ကလေးကို တွေ့ပီး ပီတိဖြစ်ရပြန်တယ်။ ဒါပေမဲ့ ဆရာဝန်က အထက်က စကားဆိုတော့ မေမေ့မှာ စိုးရိမ်လိုက်ရတာ။ ဒါနဲ့မေမေက ကလေးကို ဘယ်လိုထိခိုက်နိုင်လဲမေးတော့ ကလေးက အနီကွက်တွေထွက်တာတို့ အဖျားကြီးတာတို့အပြင် အခန့်မသင့်ရင် ဦးနှောက်ကိုပါ ထိခိုက်နိုင်တယ်ဆိုတော့ မေမေ့မှာ ရူးမတတ်ပေါ့။ ဆရာဝန်နဲ့ ကလေးဖေဖေကတော့ ပြောပါတယ်။ ဘာမှမသိရသေးပဲနဲ့ စိတ်မဆင်းရဲပါနဲ့တဲ့။ သိတဲ့အခါကျရင် ကာကွယ်ဆေးထိုးတာတို့ဘာတို့ လုပ်မရဘူးလားလို့ မေမေက မေးတော့ ..ဘာမှန်းမသိသေးပဲနဲ့ စိတ်ပူနေတာ စိတ်ပင်ပန်းတယ်တဲ့..။ ဒီလိုနဲ့ မေမေ့မှာ သတိရတိုင်း ဘုရားစာရွတ်ဖြစ်နေတယ်။ ၂ဖက်မိဘတွေကိုလဲ မေးနဲ့ စိတ်တွေပူရတာပေါ့။ အဲ့ဒီနေ့က မတ်လ ၆ ရက်နေ့ပေါ့။ ဆရာဝန်ဆီကပြန်တော့ မေမေ့ကို သွေးထပ်စစ်ခိုင်းတယ်..ကလေးရေ..။ မေမေ့လက်ထပ်နာပြန်တာပေါ့..။













 March-6




ကလေးလေးရေ..ဒီလိုနဲ့ ဧပြီလ ၃ရက် မှာ ကလေးလေးကို လာပြရပြန်ရော။ တော်သေးတယ်..ကလေးရေ... မေမေ့သွေးထဲမှာ အဲ့ပိုး မရှိတော့ပြန်ဘူးတဲ့။ ဘာမှ မဖြစ်တော့ဘူးဆိုလို့ မေမေနဲ့ဖေဖေ ဟင်းချနိုင်တော့တယ်။ အဲ့ဒီနေ့က ရင်တမမနဲ့ ဖေဖေ့ကို ဖွင့်မပြောပေမဲ့ မေမေရင်ပူနေခဲ့တာ။ ဖြစ်ချင်တော့ ကလေးရေ အဲ့ဒီနေ့က လေရော မိုးရော တအားပြင်းတယ် ကလေးးရေ...။ မေမေ့နဲ့ဖေဖေ မနဲလမ်းလျှောက်ရတယ် ။ လေက လွှင့်မတတ်ပဲ။ ကလေးလေးရေ........... ဧပြီလ ၂ရက်နေ့က ကလေးလေး မေမေ့ဗိုက်ထဲမှာ စလှုပ်တာကို ခံစားသိရလို့ ဖေဖေကတော့ အတော် ပျော်နေလေရဲ့။ ကလေးလေး... ကျန်းမာဖို့ မေမေ အမြဲဆုတောင်းနေတယ်နော်...။ ကလေးလေးရေ.... ကလေးလေးကို ဘာလေးမှန်းမသိရသေးဘူး။ ဖေဖေကတော့ သားသားလေး လိုချင်တာတဲ့။ ဒါပေမဲ့ ဖေဖေ့ကို ဘုန်းဘုန်းတရားဟောပီးကတည်းက ဖေဖေက သားသားလေးမှ သားသားလေးဆိုတဲ့ စကားကို မပြောတော့ဘူး။ တကယ်တော့ ဖေဖေနဲ့မေမေက ဘာလေးပဲ ဖြစ်ဖြစ် ကလေးကို ချစ်မှာပါ။ ဖေဖေကတော့ သမီးမိန်းကလေး ဆိုရင် သူ စိတ်ပူလွန်းလို့ ဆိုပီး စိုးရိမ်နေတာ ကလေးလေးရဲ့...။
April 3
ဖေဖေ့ဖက်က ဆိုလဲ ကလေးဘွားဘွားက မိန်းကလေး .

ဘိုးဘိုးက ယောင်္ကျားလေးလိုချင်တာတဲ့။ မေမေ့ဖက်ကတော့ မိန်းကလေးပဲ လိုချင်ကြပေမဲ့ ကလေးရဲ့ ကိုကိုကြီး တစ်ယောက်ပဲ  (မေမေရဲ့ အချစ်ဆုံး တူပဲ ) ယောင်္ကျားလေးလိုချင်တယ်။ ဘာလေးပဲ ဖြစ်ဖြစ်ပါ။ အချိန်တန်ရင်တော့ မေမေ့ဖက်က မြေးဦး သားဦးဖြစ်လာမဲ့ ကလေးလေးကို အားလုံးက နွေးထွေးစွာ ကြိုနေကြတယ် ကလေးလေးရေ.......။
ဖေဖေ့ဖက်ကလဲ ကလေးလေးကို ကြီုဆိုနေတယ်..ကလေးလေးရေ...