မြန်မာပြည်မှာ ဆိုရင်တော့ ပုစွန်တောင်ဈေး ကြည့်မြင်တိုင်ညဈေး နဲ့ တရုပ်တန်းမှာ စားဖြစ်လေ့ရှိပါတယ်။
အရမ်းလည်းကြိုက်ပါတယ်။ ကဲ..လေကြောရှည်နေပီ။
ပထမဆုံး ကြက်ကို အသား အရိုး ကို ကြိုက်သလောက် သာပြင်ဆင်ပါ။ အသည်းအမြစ်ကြိုက် လျှင်ထည့်ပါ။ ထုံးစံ အတိုင်း ဆား၊ ဆနွင်းများများ ထည့်ပီး နယ်ထားပါ။ နယ်ထားပီး ၁၅မိနစ်လောက်တော့ ကြာပါစေ။
ကြက်သားတည်ထားတုန်း ပဲအစိမ်းမှုန့် အနည်းငယ် ကို ရေထည့်ပီး ကြေအောင် မွှေထားပါ။ပဲမှုန့်များလျှင် မကောင်းပါ။ ပဲအရည်ကျဲလေး ဖြစ်အောင် ဂရုစိုက်ပါ။ မွှေထားပီးသား အမှုန့်ကို ခုန ကြက်အိုးတည်ထားသော အိုးအတွင်းကို ထည့်ပီး မီးနဲနဲ ဖြင့်တည်ပါ။ ပဲမကပ်သွားအောင် ဆူသည်အထိ မွှေပေးပါ။ ဆူလာပီဆိုလျှင် အရသာမြည်းပီး လိုသလို ပြင်ပါ။ကျက်ပီဆိုလျှင် ..သုတ်ဖို့ပြင်ပါတော့မည်။
ကြက်သားတည်ထားတုန်း လုပ်ဆောင်ရမည်များမှာ
ငရုတ်သီးစိမ်း ပါးပါးလှီးပါ။
သံပုရာသီး လှီးပါ။
ငန်ပြာရည်
ငရုတ်သီးအကျက်အမှုန့် ပြင်ဆင်ပါ။
ပူစီနံရွက် လိုပါသည်။ ကိုယ်ကတော့ အိမ်က အပင်မှ ခူးလိုက်ပါသည်။
ကြက်သားများကို အနေတော် တုံးလိုက်ပါ။ အရိုးများကို လဲ အဆင်ပြေသလို တုံးပါလေ..။
ပီးလျှင်သုတ်လို့ ရပါပီ။ တုံးထားသော ကြက်သား ကြက်ရိုး များအပေါ်သို့ ဂေါ်ဖီ ငရုတ်သီးစိမ်း ငန်ပြာရည် ထည့်ကာ ပဲရည်လောင်းပါ။ ပီးလျှင် ငရုတ်သီးအမှုန့်ထပ်ထည့်ကာ သံပုရာသီးညှစ်ပီး သုတ်လို့ရပါသည်။ ပီးမှ ပါးပါးလှီးထားသော ပူစီနံရွက်လေးအုပ်လိုက်ပါ။
ဒါဆိုလျှင် အနံ့ အရသာပြည့်စုံသော ကြက်သားသုတ်လေး စားလို့ရပါပီ။
ကြိုက်၏ စားချင်၏
ReplyDeleteချစ်အမကြီး
ရွှေစင်ဦး
အမကို သိပ်ကျွေးချင်တာပေါ့..
ReplyDeleteနောက်တခေါက် မြန်မာပြည်ပြန်တဲ့အခါ တွေ့ဖြစ်အောင် တွေ့မယ်နော်..အမ
ညီမ