Friday, December 6, 2013

သမီးလေးဖတ်ဖို့..၁

ဘလော့လေးကို သမီးလေးအကြောင်းရေးပီး....ဖုန်ခါလိုက်ပါဦးမယ်။


သမီးလေး...ရယ်။
မေမေ မလုပ်သင့်ဆုံး အလုပ်ကို လုပ်လိုက်မိတာကတော့ သမီးလေးမွေးမွေးခြင်း သူ့အဘွား သူ့ဖေဖေရဲ့အမေ ဒီကိုလာခြင်းကို လက်ခံလိုက်ခြင်းပါပဲ။ အဲ့ဒီနောက်ဆက်တွဲ က သူ့အဘွားပြန်ပီးတာတောင် သူ့အဖေနဲ့ခဏခဏ တကျက်ကျက် ပိုဖြစ်စေပါတယ်။ မှန်တဲ့အတိုင်း ပြောရရင်တော့... အိမ်ထောင်ရေးဆိုတာကို စိတ်ကုန် စိတ်ပျက်တဲ့အထိပါပဲ။သမီးလေးရေ.......အဲ့ဒီအတွက် မေမေစိတ်မကောင်းပါဘူး။ မေမေ ခဏခဏတွေးတာက သမီးလေးနဲ့တူတူ တနေရာရာကို ထွက်သွားဖို့ပါပဲ။ အဲလိုတွေးမိတိုင်း သမီးလေးကို သနားမိသလို သူ့အဖေကိုလည်း အချစ်ကမကုန်သေးပြန်ဘူး။ အဲဒီလိုနဲ့.... သမီးလေးမွေးပီးကတည်းက သမီးလေးကြောင့် ပျော်ရွှင်ရတာကလွဲလို့ ကျန်တဲ့နေရာတွေ မေမေ မပျော်ဘူး...သမီးရယ်။
သမီးဖေဖေစိတ်ထဲမှာ..ရှိနေတဲ့သူ့အမေနဲ့မေမေ မတည့်တာတွေက သူ့ရင်ထဲဖုနေတော့ စကားပြောရတာ ၁၀ခွန်းပြောရင် ၁၁ခွန်းအဆင်မပြေဘူး..သမီးလေးရေ... မေမေသိပ်စိတ်ညစ်တာပဲ။ ဒါပေမဲ့ သမီးလေးမျက်နှာတွေ့တော့လည်း မေမေ အဲ့ဒါတွေ မေ့သွားပြန်ရော...။

သမီးလေးရေ...
မေမေလေ..သမီးလေးကို မွေးပီး ဆေးရုံကဆင်းတာနဲ့ အိမ်ရောက်ကတည်းက ဒီနေ့အထိ တစက်မှမနားရဘူး..သမီးလေးရေ...။
 အဲဒီအတွက်  မေမေစိတ်ဆင်းရဲတယ်လို့ သမီးမထင်နဲ့နော်။ သမီးအဘွားပြန်သွားမှ မွန်းကျပ်နေတဲ့စိတ်တွေ ကင်းလွတ်သွားလို့ အဲ့ဒီအချိန်ကစလို့ပျော်ပါတယ်..သမီးလေး.. တခါတလေတော့လည်း ဖေဖေ့ကြောင့်စိတ်ညစ်ရတာကလွဲလို့ပေါ့...။

သမီးလေးရေ... သမီးအဘွားပြန်သွားပီး နောက်နေ့လည်းကျရော..မေမေ့နို့တွေ ထွက်ရော..သမီးလေးရေ..။ အံ့သြစရာနော်။ အဲ့ဒီမတိုင်ခင် မေမေဘယ်လိုစွတ်ပြုတ်တွေ အရည်တွေသောက်သောက် နို့မထွက်လာဘူး။ သမီးဖေဖေကတော့ ပြောပါတယ်။ အိပ်ရေးမ၀ အစားမစား  stress တွေများရင်လဲ မထွက်ဘူးတဲ့။ သိပ်မှန်တာပဲ..သမီးလေးရေ..။

သမီးလေးကို မေမေနို့ဗူးတိုက်တိုင်း..မေမေ့နို့ကိုပုတ်ပီး..ဒါသမီးလေးပိုင်တယ်..
သမီးနို့နို့ကြီးလို့ပြောပေးတဲ့ အကျိုးတွေလည်းပါမယ်ထင်တယ်..သမီးရေ..။ နောက်ပီး..မေမေ့မှာ.. အခန်းထဲမှာတိတ်တိတ်လေး မေမေ့နို့ကို ထွက်သလောက်ညှစ်..ပီးသမီးလေးကိုတိုက်။တိုက်တိုင်းလဲ သမီးလေးကို..မေမေ့ချိုချိုလေးက အရသာရှိတယ်နော်...လို့ပြောပီးတိုက်။ သမီးသောက်လိုက်လို့ရှိရင်လဲ..သမီးလေးကို..အရသာရှိတယ်နော်သမီးလေး..လိမ္မာလိုက်တာဆိုပီးပြောတာ
တွေကြောင့်ထင်တယ်နော်...သမီးလေး။

သမီးလေးကိုချေးပါ သေးပေါက် အဝတ်လျှော် သမီးဝေရာဝစ္စတွေ အားလုံး မေမေပဲအကုန်လုပ်သွားတာ မေမေဆေးရုံကဆင်းကတည်းက ပဲ သမီးလေးရေ..
ဖေဖေက သူအားတဲ့အချိန်မှ သမီးလေးကို  ချီ..ဆော့ ရေချိုး..ချေးပေအ၀တ်လဲပေးနိုင်တယ်..သမီးလေး.. ဖေဖေ့ကို အပြစ်မမြင်နဲ့နော်..ဖေဖေက သမီးလေးစားဖို့အတွက် ပိုက်ဆံတွေသွားရှာရတယ်လေ..သမီးလေးရဲ့။ ဖေဖေလဲ စိတ်ရော လူရော ပင်ပန်းရှာတယ်..သမီးလေးရေ.။
တခါတလေတော့..သမီးအဘွားရှိတုန်းကတော့ မေမေဈေးသွားချိန်ဆို သမီးလေးအတွက် နို့ဗူးအဆင်သင့်ဖျော်..သမီးလိုတာတွေအားလုံးလုပ်ပေးပီးမှ မေမေဈေးထွက်ဝယ်ရတယ်..
သမီးလေးရေ..။ သမီးကို သမီးအဘွားက ကြည့်ပေးတယ်လေ..။ အခုတော့ မေမေနဲ့ သမီးကိုယ်တိုင်ထွက်တာပေါ့နော်။
သမီးကို အဘွားက လက်ကမချချင်ဘူး ချီချင်တယ်..သမီးရေ။ သမီးနဲ့သမီးဖေဖေကိုတော့ သမီးအဘွားက ချစ်ပါတယ်..သမီးလေးရေ. ဖေဖေအားရက်ဆို သူကိုယ်တိုင် သမီးအဖေ စားချင်တာ ချက်ပေးတယ်..သမီးလေးရေ..။

သမီးလေးရေ...
သမီးလေးကြီးလာရင်လေ... ဟန်ဆောင်မှူကင်းတဲ့ စကားလုံးတွေသာ ပြောတတ်အောင်မေမေသင်ပေးမယ်နော်။ ဒါပေမဲ့ မေမေ့လို ထိပ်တိုက်မတိုးအောင် တခါတလေ နုတ်ပိတ်ပီးနေလိုက်ပါ သမီးရေဆိုပီး.. သမီးလေးကို မေမေပြောချင်တယ်..သမီးလေး..။
သမီးလေးရေ... စိတ်ထားကောင်းကောင်းထားပါလို့ မေမေ ပြောချင်ပါသေးတယ်။ သူများအထင်ကြီးအောင် တော့ အပေါ်ယံ စိတ်ထားကောင်းခြင်းတွေ ရှောင်ပါ..သမီးလေးရေ..။



2 comments:

  1. ကိုယ်ချင်းစာမှုအပြည့်နဲ့ ဖတ်သွားပါတယ်။ သီးခံရတာ မိန်းမ အများစု အလုပ်ပါ။ အစ်မ သို့ ညီမ အဖြစ်က တော်ပါသေးတယ် မစိုးသေးပါဘူး။

    ReplyDelete
  2. အတူတူပါပဲ ညီမရေ၊ ညီမနဲ့အစ်မအဖြစ်က တော်တော်ကိုတူတယ်၊ ညီမအမျိုးသားကမှ ညီမကို ကိုယ်ချင်းစာ လုပ်ပေးသေးတယ်၊ အစ်မအမျိုးသားကတော့ မိန်းမက မီးနေသည်ပါလားဆိုပြီး စာနာရ ကောင်းမှန်းလဲ မသိဘူး။ သူဖြစ်ချင် တာကိုတောင် ကိုက လိုက်လုပ်ပေးရသေးတာ၊

    ReplyDelete