Monday, February 10, 2014

သမီးလေး..ဖတ်ဖို့ ၂

ဖေဖေါ်ဝါရီ ၁၀ ရက် ..သမီးလေး လက်ခုတ်စတီးတတ်သော နေ့။

သားသမီးတွေဟာ မိဘတွေကို ရွေးချယ်ပိုင်ခွင့်မရှိသလို မိဘတွေဟာလည်း သားသမီးတွေကို ရွေးချယ်ပိုင်ခွင့်မရှိဘူးတဲ့... ။ ဒီစကားရဲ့ ဦးတည်ရာဟာ.. တကယ်တော့ မကောင်းတဲ့မိဘတွေရရှိထားတဲ့ သူတွေအတွက် နဲ့ မကောင်းတဲ့သားသမီးတွေ ရထားတဲ့ မိဘတွေအတွက်လို့ ထင်ပါတယ်။

မိဘတိုင်းကောင်းတာကြီးပဲ မဟုတ်သလို သားသမီးတိုင်းလည်း ကောင်းကြတာ မဟုတ်ဘူး...အမြဲ အကောင်းအဆိုး ဒွန်တွဲ ရှိနေဦးမှာပဲ ။

ကိုယ်တိုင်မိဘ ဖြစ်လာမဲ့သူတွေ ..မိဘဖြစ်နေသူတွေဟာ... ကိုယ်တိုင်ခံစားခဲ့ဘူးတဲ့ ခါးသည်းတဲ့ အတွေ့အကြုံတွေထဲက ကိုယ့်သားသမီးတွေကို အကောင်းဆုံးပေးပါ။ တတ်နိုင်သမျှ ကာကွယ်ပါ။ နည်းမှန်လမ်းမှန် ချစ်တတ် ကာကွယ်တတ်ကြမယ်ဆိုရင်.. သားသမီးတွေရဲ့ ဘ၀ဟာ အေးချမ်းနိုင်မှာပါ။ သားသမီးတွေကို မျက်ကန်းချစ် ချစ်ပီး နည်းမှားနဲ့ ကာကွယ်ပေးနေတဲ့ မိဘတွေ အားလုံး သတိလေးနဲ့ ဆိုဆုံးမပေးနိုင်ရင် ကောင်းမယ်လို့ထင်ပါတယ်။

သမီးလေးအတွက် ကိုယ်ဟာ အကောင်းဆုံးဖြစ်စေချင်တယ်။ သမီးလေး ပြုံးနေတာပဲ မြင်ချင်တယ်။ သမီးလေး ကို ကြေက်ရွံစေခြင်း ထိတ်လန့်တတ်စေခြင်း ၀မ်းနဲငိုရှိုက်တတ်စေခြင်းတို့ကို ကိုယ့်ဘဝ တသက် လုံးဝမပေးဖို့ ကြိုးစားနေမှာပါ။ အသိနဲ့ သတိနဲ့ကပ်ပီး သမီးလေး အတွက် အမြဲကြိုးစားသွားမယ်။အဲ့ဒီအတိုင်းလဲ လုပ်ဆောင် နေတယ်။ သမီးလေးရဲ့ အတွေးမှာ... မေမေ့အတွက်ကြောင့် ငါ့ မိဘရ ကံမကောင်းလေခြင်းဆိုတဲ့ အတွေး ဘယ်တော့မှ ၀င်မလာစေရဘူး... သမီး။
သမီးလေးအတွက် ငယ်ငယ်တုန်းက ကိုယ်တွေမိဘတွေဆီက ရလာတဲ့ ကောင်းခြင်းတွေ မှန်သမျှ အကုန်ဖြည့်ဆည်းပေးပီး.. ကိုယ်မကြိုက်တဲ့အချက်တွေကို ရှောင်ရှားပီး တတ်နိုင်သမျှ ကောင်းမယ်ထင်တာတွေကို သမီးအတွက် ညွှန်ပြပေးမယ် ။  သမီးအတွက်ပဲ မေမေ အကောင်းဆုံး လုပ်ပေးမယ်။ သမီးလေး စိတ်အနာရမှာတွေ စိတ်ဒဏ်ရာ ရစေမှာတွေကို မေမေ လုံးဝ မလုပ်ဘူး။ ဒါ..သမီးလေးအတွက် မေမေ့ဆုံးဖြတ်ချက်ပဲ။  သမီးလေးအတွက် တသက်တာ လက်ဆောင်ဆိုလဲ မမှားဘူး။ ဘာကိုပဲ လုပ်လုပ် သမီးအတွက် ဆုံးဖြတ်ပီး လုပ်မယ်။ သမီးကို မနာကျင် မထိခိုက်စေချင်ဘူး။ ကိုယ်လိုချင်လို့ ယူထားတဲ့ ကိုယ့်သမီးအတွက် အရာရာကို ရင်ဆိုင်ဖို့ မေမေ အမြဲ အဆင်သင့်ပဲ...

3 comments:

  1. သမီးလေး လက်ခုတ်စတီးတတ်သော နေ့ အမှတ်တရ ဆောင်းပါးလေး တကယ်ရင်ထဲထိတယ်။

    ReplyDelete
  2. အမေတူသမီးလေး ဖြစ်လာမလား အဖေတူသမီးလေး ဖြစ်လာမလား နှစ်ယောက်လုံးတူ သမီးလေး ဖြစ်လာမလား နှစ်ယောက်လုံး မတူသမီးလေး ဖြစ်လာမလား။ ဘယ်လို သမီးလေး ဖြစ်ဖြစ် လှပပြီးထက်မြက်မှာတော့ သေချာပါတယ်။

    ReplyDelete
  3. ဒီဘလော့လေးမှာ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အတိုင်းသား မြင်လိုက်ရတယ်။ သမီးလေးကလည်း သိပ်ပြီးချစ်ဖို့ ကောင်းတာပဲ။ ချောမောလှပပြီး ထက်မြက်တဲ့၊ မိဘဂုဏ် လူမျိုးဂုဏ်ကို ဆောင်နိုင်တဲ့ အမျိုးကောင်းသမီးလေးတစ်ဦး ဖြစ်လာမှာ အသေအချာပါရှင်။

    ReplyDelete