Tuesday, September 22, 2015

ipad အသုံးတည့်ပုံ

 အခုတလော ipad  iphone တွေရွဲှ့န္တရာယ် တွေ ပဲ ဖတ်နေရလို့ ကောင်းကျိုးလေးတွေ လည်း ရှိတယ်ဆိုတဲ့ အကြောင်း ပြောပြချင်ပါသေးတယ်။ 

သမီးလေးနဲ့ အိုင်ပက် ပေါ့။ 
အရင် ဦးဆုံး အိုင်ပက် သုံးပီး သမီးလေး တိုးတက်မှုကို ပြောပြချင်ပါတယ်။ 

သမီးလေးကို 1 to 10 ကို တခါမှ သေချာ မသင်ပေးခဲ့ပါဘူး။ ဒါပေမဲ့ youtube ကနေ counting nos , 1,2,3,4,5 သီချင်းတွေနဲ့ သမီးလေးက အလွတ်ရ သွားသလို ကလေးတွေ အကြိုက် ဂဏန်းလေးကို ပုံလေးတွေနဲ့ပါတဲ့ အခါ သမီးလေး အလွတ်ရသွားသလို ၁ ကနေ ၅ အထိ သူမှန်အောင် ရွေးချယ်နိုင်ပါတယ်။  ဓာတ်လှေကား တက်တဲ့ အခါမှာ သူ့ကို သမီးလေး ဘယ်အထပ်ကို နှိပ်ပေးပါလို့ ပြောရင် သူ ရွေးချယ်ပေးပါတယ်။ လှေကား တက်တဲ့အခါ သူနဲ့အတူ လှေကားထစ်တွေ ရီပီး တက်ပေးပါတယ်။ ပြောချင်တာက youtube က သမီးလေး ကို စာသင်ပေးတယ်ဆိုတဲ့ အကြောင်းပါ။ 

ဒီလိုပါပဲ A, B, C သီချင်းကို သမီးလေး အလွတ်ရသလို အခုအရွယ်လေးနဲ့ A ကနေ z အတွင်း စာလုံးတွေ မြင်ရင် သူက ဒါကို မေမေ abc ဟိုမှာတဲ့..။ အဲဒါ သူ ၂ နှစ်မပြည့်ခင်ထဲက ပြောတာပါ.။
သမီးကို A, B, C ရွေးခိုင်းရင် သူ အေ ကနေ စီ အထိ မှန်အောင် ရွေးနိုင်ပါတယ်။ 

သမီးလေးဟာ YOUTUBE ကနေ အင်္ဂလိပ် စာလုံးတွေ နားလည်မှုတိုးလာသလို ဂျပန်စာလုံးလေးတွေ လည်း သူ နားရည်ဝနေ ပါတယ်။ မြန်မာလို ကဗျာလေးတွေလည်း YOUTUBE ကပဲ ရပါတယ်။ သမီးလေး ကြိုက်တဲ့ ကဗျာသီချင်းလေးတွေက ရောင်စုံဘောလုံး ၊ ပစ်တိုင်းထောင်၊ သူတို့ဘ၀နဲ့သူတို့တွေ၊ အဘိုးကြီးအို ခါးကုန်းကုန်း၊ ငြိမ်းချမ်းတဲ့ မိသားစုလေး တို့ပါပဲ။ အဲလို ကဗျာတွေကို မိခင်တွေ ကိုယ်တိုင် အင်္ဂလိပ် ဂျပန် မြန်မာ အကုန် ကလေးနဲ့ အတူ အမူအယာလေး တူတူလုပ်ပီး လိုက်ဆိုရင် သူတို့လေးတွေ သိပ်သဘောကျပါတယ်။  အင်္ဂလိပ်ကဗျာ တော်တော်များများ ရသလို ဂျပန်လို ကဗျာလေးတွေ လည်း သူရနေပါတယ်။ ဒါကတော့ youtube ကနေ ရတဲ့ အကျိုးပါ။

နောက်ပီး သမီးကို ဘာလုပ်စေချင်လဲ။ youtube မှာရှာပီး ကိုယ်တိုင်ဘယ်လို လုပ်တာ  ဒါမှမဟုတ် မိဘက ဘယ်လို လုပ်တာကိုပါ ပြပေးရပါတယ်။ ဒါဆို သူတို့က အဲဒါကို မြင်ပီး အတုမြင် အတတ်သင်ကြပါတယ်။ 
ဒီက ကလေးချန်နယ်မှာလည်း ကလေးတွေ အကျီင်္ ခေါက်သိမ်းတာ အ၀တ်ကိုယ်တိုင်ဝတ်တာ သွားတိုက်တာ အိမ်သာတက်တာ လေးတွေ ပြတာကို ကြည့်ပီး သမီးက ကိုယ့်ဘာသာ လုပ်ချင်တာ များပါတယ်။ ဥပမာ..အခုတလော သမီးလေးက ရှူးရှူးပေါက်တာ အိမ်သာမှာ မသွားလို့ youtube မှာရှာပီးပြရတာပေါ့. အခုတော့ သမီးလေးက အိမ်သာမှာ သွားပါတယ်။ သွှူအရုပ်တွေကို တောင် ရှူးရှုးတည် ပေးတမ်းဆော့ပါတယ်။ အခုတလော ကိုယ်က သွားတိုက်ပေးတိုင်း ငြင်းနေလို့ အဲဒါလေး ရှာပြပေးမှ မအေလုပ်တာ ခံပါတယ်။  သူ ကိုယ်တိုင် အ၀တ်ဝတ်နိုင်သလို ခြေအိတ် ဖိနပ်ဝတ်နိုင်ပါတယ်။ တခါတလေတော့လည်း ပြောင်းပြန်ဖြစ်တာတို့ မှားတာတို့တော့ ရှိတာပေါ့နော်။

သမီးကိုယ်ဝန်နဲ့ တည်းက ကိုယ်တိုင် ဂိမ်းဆော့တဲ့ အကျင့်ကို ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ သမီးလေးအတွက် educated game လေးတွေ ရှာထားပေးတော့ အခုချိန်မှာ သမီးလေး အတွက် အတော် လေး အသုံးဝင်ပါတယ်။  colour တွေ  shape တွေ တူတာလေးတွေ ဆက်တာ သမီးလေးလဲ ပျော်ရ တခါတည်း သင်ပေးပီးသား ဖြစ်သွားပါတယ်။ အခု သမီးကို shape တွေ သင်နေပါပီ။ 

သမီးက tango, viver, line, skype ကို ကောင်းကောင်းခွဲတတ်ပါတယ်။ ဘယ်သူက ဘယ်သူ ဆိုပီး tango, line, skye မှာ သူကိုယ်တိုင်ရှာပီး ခေါ်တတ်ပါတယ်။  သူကိုယ်တိုင် လျှောက်ရိုက်တဲ့ ပုံတွေကတော့ သမီးလေး ၁ နှစ်ခွဲလောက်တည်းက ကောင်းကောင်း ကိုင်တတ်နေပါတယ်။

ဒါတွေကတော့  အကျိုးရှိပုံတွေပေါ့။
အကျိုးမရှိတာကတော့ မျက်စိပျက်စေမည်။ စွဲလန်းစေမည်ပေါ့။ 
 ဒီတော့..... အချိန်နဲ့ ပေးသုံးပါ။ ပါးစပ်မပိတ်တမ်း ပြောပေးပါ။ ငြိမ်ပီးရော တယောက်တည်း လွှတ်မထားပါနဲ့။

သမီးကို အမြဲ ပေးမသုံးပါဘူး။ သူနဲ့ တူတူသုံးတဲ့ အခါ ကဗျာတွေ တူတူလိုက်ဆိုပေးပါတယ်။ သူတယောက်တည်း ပေးသုံး ဖြစ်တဲ့အခါ တချိန်လုံး နောက်ဆုတ်ကြည့်ဖို့ပြော ရပါတယ်။ သမီးရေ နောက်ဆုတ် မျက်စိပျက်မယ် လို့ အာပေါက်မတတ် ပြောရပါတယ်။ ပြောလိုက်ရင်တော့ နောက်ဆုတ်တာပေါ့. ပီးတော့ ရှေ့ပြန်ရောက်။ 
သူ အိုင်ပက်သုံးပီး ကိုယ်အလုပ်လုပ်နေပေမဲ့ မျက်ခြေမပျက် ကြည့်နေပေးပါ။ သူဘာတွေ ကြည့်နေလဲ ဘာတွေ လုပ်နေလဲပေါ့။ တခါတလေ သူ့ဘာသာ ဖွင့်တဲ့ အထဲက ကိုယ်က ကောင်းတယ်ထင်တာလေး တွေ မှတ်ထားပီး သူ့ကို ပြန်ပြရတာပေါ့.။ မိနစ်၂၀ တခါတလေ နာရီဝက် ပီးရင် သမီးရေ... တော်တော့ နောက်နေ့မှ ကြည့်လို့ ပြောပါ။ သေချာပါတယ်။ မပေးချင်ပါဘူး။ အဲဒါဆို သမီးရေ..the last လို့ပြောပါ။ ပီးရင်တော့ ငိုလည်း သိမ်းလိုက်ပါ။ အခြားဟာကို အာရုံ ပြောင်းပေးလိုက်ပါ. သမီး မျက်စိ ပျက်မှာမို့လို့ ဆိုတာ ရှင်းပြပေးလိုက်ပါ။ 

ဒါကတော့ သမီးနဲ့ အိုင်ပက်အကြောင်း တစေ့တစောင်းပေါ့။

Monday, September 21, 2015

သမီးလေးနဲ့ အရာင်များ

ကလေးတွေကို ၁နှစ် အရွယ်ထဲက သေချာ နားလည်အောင် ပြောရင် ရပါတယ်။
သမီးလေးဟာ အခုဆိုရင် ၂ နှစ်နဲ့ ၁ လ ဖြစ်သွားပါပီ။

သမီးအကြောင်းတွေ မြန်မာဖွန့်အဆင်မပြေတာနဲ့ မရေးရတာလဲ အတော် လေးကြာသွားပါပီ။
သမီးလေးနဲ့ အတူ ကစားရင်း စာသင်ပုံလေး ပြောပြပေးမယ်နော်။

သမီးလေးကို သူ့မွေးနေ့မှာ ရောင်စုံ ဘောလုံးလေးတွေ နဲ့အတူ ဆော့ကစားရင်း သမီးကို ဘိုလိုပဲ ကာလာလေး သင်ပေးဖြစ်ပါတယ်။ သမီးက red ဘောဘော green ဘောဘော  yellow ဘောဘော pink ဘောဘော blue ဘောဘော orange ဘောဘော ဆိုပီး သင်ရင်းနဲ့ သားအမိနှစ်ယောက် ကစားကြပါတယ်။ ကစားနေရင်းနဲ့ သမီးလေးရေ... မေမေ့ကို pink ဘောဘော လေး ယူပေးပါဆိုပီး ကာလာတွေ နဲ့ မိတ်ဆက်ပေးပါတယ်။ ကလေးလဲ ပျော်ပါတယ်။ ဒီလိုနဲ့ သမီးလေးဟာ ကာလာလေးတွေကို ခွဲတတ်သွားပါတယ်။

နောက်နေ့တွေမှာတော့ သမီးလေးကို အခြား အရောင်တူတွေစုတဲ့ ကစားနည်းနဲ့ သမီးလေးမှတ်ဥာဏ်ကို ပံ့ပိုးပေးလိုက်ပါတယ်။ အဲဒါကတော့ သမီးလေးရေ... မေမေတို့ ကာလာတူတဲ့ ပစ္စည်းလေးတွေ စုရအောင် ပေါ့။ ဒီလိုနဲ့ သမီးနဲ့ ကိုယ်တို့ ၂ယောက်ဟာ အနီရောင် တူတာတွေ အစိမ်းရောင် လေးတွေ တူတာတွေစုပီး ကစားကြပြန်ပါတယ်။ အဲ့လို ကစားရာမှာ သမီးလေး ကိုယ်တိုင် ရွေးပီး ကာလာကို ပြောခိုင်းပါတယ်။

နောက်တနေ့မှာတော့ သမီးကို ရောင်စုံဘောကွင်းလေးပြပီး သမီးလေးကို ကာလာရွေးခိုင်းပါတယ်။ သမီးလေးက အဲ့လို ကစားနည်းကို ပျော်ပါတယ်။ သမီးလေး မှန်အောင်ရွေးနိုင်ပါတယ်။  သမီးလေး ရွေး တာမှန် သွားပီဆိုတော့ သမီးလေးကို မြန်မာလိုလေး နဲ့ မိတ်ဆက်ပေးပါတယ်။  အဲ့ဒီတော့ သမီးလေး နားမှာ အင်္ဂလိပ်လိုနဲ့ မြန်မာလို ၂မျိုး ရသွားပါတယ်။

အပြင်ကို ထွက်တဲ့ အခါ တခါတလေမှာ သမီးနဲ့ကာလာရှာတမ်းဆော့ ပါတယ်။ သမီးရေ white ရှာပေးပါဆို သူက လိုက်ရှာပီး လက်ညှိုးထိုးပါတယ်။ green ဆို သစ်ရွက်လေးတွေကို ပြပီး သင်ထားဖူးတော့ သူက သစ်ရွက်လေး တွေကို ပြပါတယ်။

ဒီလိုနဲ့ သမီးလေးနဲ့ အရောင်လေးတွေ မိတ်ဆက်ပီးသွားပါပီ။

ကလေးတွေဟာ သူတို့ကို သိပ်တော်တာပဲ။ အရမ်းတော်တာပဲ ပျော်ရင် သိပ်ကျေနပ်ကြပါတယ်။ သူတို့ လုပ်တာ အောင်မြင်သွားတိုင်း ချီးကျူးပေးဖို့တော့ လိုအပ်ပါတယ်။ 

ပြန်လာပါ ကလေးရယ်...

သားသားပြန်လာပါ...

သားလေးရေ.... ဘာလေးမှန်းမသိခဲ့ပေမဲ့ သားအလိုရှိတော့ သားလေးပေါ့ကွယ်။
အခုချိန် ကံမစုံပေမဲ့... မျှော်လင့်နေပါတယ်...ကလေးရေ..။
ဒီနေ့ဆို သားသားမေမေ တို့ဆီကနေ ပြန်ထွက်သွားတာ ၃ ပတ် ပြည့်ပီနော်။ 

ပြန်လာခဲ့ပါနော်။

မေမေ ဖေဖေ နဲ့ မမ တို့က မျှော်နေပါတယ်... ကလေးရေ...။ 

Saturday, July 25, 2015

our new baby lay

သူ တကယ်က မယုံရဲသော အဖြေတစ်ခု။ ချစ် ဘယ်လိုပြောပြောကိုယ်မယုံဘူးကွာဆိုတော့ ကိုယ့်ကို သူမက စိတ်တွေဆိုးပီးရန်တွေထောင်ပေါ့။ ဒီလိုနဲ့ မယုံမရဲအဖြေတစ်ခုကို ကိုယ်တိုင်သေချာ စစ်ဆေးစမ်းသပ်ပီး သကာလ ယေးးးးးးးးး ယေးနဲ့ ထိန်းမရအောင် မျက်ရည်တွေ ကျလို့ ချစ်ကိုဖက်ပီးပျော်လိုက်ရတာ 2015. July. 20 memory.

thanks you for coming new member.
Warmly welcom baby lay.
Love you.

I want to write about my daughter but no myanmar type. 
My princess will become 2years soon. 





Saturday, October 11, 2014

မတတ်ပ လေး ၁

ရေးစရာဆို သမီးအကြောင်းကပဲ အများသား။

သမီးလေးကို ငယ်ငယ်ကတည်းက တောက်လျှောက် ကိုယ်ဘာလုပ်လုပ် သူ့ကိုပြောပေးတော့ သမီးလေးက ငယ်ငယ်လေးနဲ့ အားလုံးနားလည်နေပါတယ်။ မြန်မာလိုနဲ့ အင်္ဂလိပ်လို တခါတလေ ပြောပေးပီး ဂျပန်လိုကိုတော့ သမီးလေးကျောင်းတက်ရင် သူ့အလိုလို တတ်သွားမှာမို့ လိုအပ်တဲ့ နုတ်ဆက်တာလောက်ပဲ သင်ပေးပါတယ်။  အဲ့ဒါကြောင့် သမီးလေးရေ... ကွန်နိချိဝ ဆို ခေါင်းကလေးညိမ့်လို့ နုတ်ဆက်တတ်ပါတယ်။ သမီး ကျေးဇူးတင်ပါတယ်လို့ဆိုလည်း ခေါင်းလေး ညိမ့်တတ်ပါတယ်။ ကျေးဇူးဆိုတဲ့ စကားလုံးကိုတော့ ၃ဘာသာလုံး သင်ပေးပါတယ်။ ကိုယ်တိုင်လဲ သမီးလေး ကို ဘာလုပ်ခိုင်းခိုင်း ဘာပဲယူပေး ဘာပဲလုပ်လုပ် ကိုယ်တိုင်လဲပြောပေးသလို သမီးလေးကိုလည်း ပြောခိုင်းလို့ သမီးက အဲဒါ လုပ်တတ်ပါတယ်။
သမီးလေးက ဘိုင့်ဘိုင်ဆိုပီး လက်ပြတာကို ၁၁ လသမီးထဲက လုပ်တတ်ပီး အခုဆိုရင် လမ်းထွက်တိုင်း တွေ့သမျှ လူတွေကို ဘိုင့်ဘိုင်ပြပါတယ်။ အခုတော့ သမီးက တာတာ့ တဲ့။  အဲ့မှာ သမီးလေး နုတ်ဆက်လိုက်ပါဆို ခေါင်းကလေးညိမ့်ပြတော့တာပါပဲ။ တွေ့သမျှ အဘိုးအဘွားတွေ ဆိုတာ သူ့ကို ချစ်ကြပါတယ်။ အချို့ဆို သမီးလေးကို နစ်ခိုနစ်ခိုချန်တဲ့ ။ သမီးလေး မျက်လုံးက အဖေတူတော့ သိပ်လှပါတယ်။ အဲ့မျက်လုံးလေးက သမီးရဲ့ အလှကို ပိုပေါ်လွင်စေပါတယ်။ သမီးလေး ပြုံးလိုက်တဲ့ အခါမှာ လူတိုင်း ကြွေဆင်းသွားရအောင် သမီးလေးက ချစ်စရာ ကောင်းလှပါတယ်။ အဲ့အပြုံးကတော့ အမေတူပါ။ (ကြုံကြွားပါ) ဒီကြားထဲ သမီးလေးရဲ့ ဆံနွယ်တွေက (အဖေမတူမအေမတူစွာနဲ့) နောက်ဖက်မှာ ကောက်ကောက်လေးဖြစ်နေတဲ့အခါ သမီးလေးဟာ ဒီမှာတော့ စတားပါ။  အချို့ကတော့ သမီးလေးကို အိုရီခို့စံတဲ့.။ လိမ္မာလို့ပါတဲ့။

သမီးလေး က သိပ်ဆော့ပါတယ်။ ဆော့တယ်ဆိုတာထက် ကို ပိုဆော့ပါတယ်။ ၁၀ လထဲက လမ်းလျှောက်တဲ့ သမီးငယ်ဟာ အခုဆို မပြေးယုံတမယ် လျှောက်ပါတယ်။  လှေကားမြင်ရင် တက်မယ်ဆိုတာကြီးပါပဲ။ ၃ပေလောက်မြင့်တဲ့ လျှောကိုတောင် သေချာစီးတတ်နေပါပီ။

သမီးက အကဆို တီးလုံးသံကြားတာနဲ့ ခြေလှုပ် လက်လှုပ်ဖြစ်နေပါပီ။ သမီးရေ ဒန့်စ်ဆိုတာနဲ့ ကမယ်ဆိုတာ ကြီးပါပဲ။ စကားလုံးတွေကလဲ ထွက်တဲ့အခါ ထွက်ပါတယ်။ ဥပမာ..သမီးရေ..လတ်စ်ဂိုးဆို လိုက်ပြောလိုပြောပါတယ်။ ထမင်းစားခါနီး သမီးရေ အိတတခိမတ်စ် ဆို သူက လက်ကလေး၂ဖက်ရိုက်ပီး မပီတပီနဲ့ လိုက်ပြောပါတယ်။ သမီးလေးရေ..မေမေ့ကို မွှေးပေးဆိုလည်း မွှေးပေးရတာအမော..။ ဖလိုင်းကစ်ဆိုလည်း လုပ်ပြရတာ အမော။ သမီးလေးရေ တူဆို သူက လက်ဝါးနာဖက်ကို သူ့မျက်နှာဖြန့်ပီး ၀ါးတဲ့... ၀ါးဆိုတာ မပီတော့ အား ဖြစ်နေတယ်။ သမီးလေး သမီးလေးနဲ့ တနေ့တနေ့ သူနဲ့ချည်း ၂ပါးသွားနေရတယ်။
အခုဆို သမီးက ကောင်ကောင်လေးတွေကို သိနေပီဆိုတော့ တီဗွီမှာ အကောင်လေးတွေလာရင် သမီးလေးရေ..ဟိုမှာ ကြည့်ကြည့်ဆို သူက လိုက်ကြည့်ပီး လက်ညှိုး တထိုးထိုးနဲ့။ ပျောက်သွားရင် အော်ရော။ ရီရတယ်။ စလဲစတတ်တယ် သူ့အရွယ်နဲ့။ မကြိုက်မှန်းသိရင် လုပ်ပြတယ်။ သူ မဟုတ်တာ လုပ်တော့မယ်ဆို အသာလေး ချောင်းကြည့်တာများ... ကိုယ့်မှာ ရီလိုက်ချင်တာ တအား။ သူမဟုတ်တာ လုပ်ပီးရင် သူ့ကို ဘာမှမပြောခင် အရင် ကိုယ့်ဆီ လာတက်တာ လူလည်မလေး။ လိုက်ကာကို ကွယ်ပီး ကိုယ့်ကို ချောင်းကြည့်တာကလဲ အသည်းယားစဖွယ်ပေါ့။
သူတက်မှာဆိုးလို့ နည်းနည်းမြင့်တာတွေဆို အပေါ်မှာ တခုခုတင်ထားရင် သူက အဲ့ဒါတွေဖယ်ပီး အပေါ်တက်သေးတာကလား။ တက်သွားပီးရင်လည်း သူတက်နိုင်တဲ့ဆိုတဲ့ အပြုံး။

ကုတင်ပေါ် အဆင်းအတက်လည်း ဆရာကြီးအဆင့်ဖြစ်နေပါပီ။ တခုပဲ အဆော့လွန်ပီး ကုတင်ပေါ်က မတ်တပ်ဆင်းသလို ဖြစ်သွားမှာပဲ စိုးရိမ်ရတာပါ။ သမီးလေးကို ကုတင်အဆင်းအတက် ကိုယ်သင်ပေးထားတာ သိပ်ကို စိတ်ချရပါတယ်။ ကျောပေးပီး ခြေထောက်အရင်ချ ဆိုပီး သင်ပေးထားသလို အတက်ကိုလည်း ဘယ်လိုတက်ဆိုတာ သင်ပေးထားတာပါ။ ပြောရမယ်ဆို သမီး ကုတင်ပေါ်က ကျတာ ၂ခါပါ။ ပထမတခါက နဲနဲငယ်သေးတယ်။ ကိုယ်ဟင်းချက်နေတုန်း သူ့ကိုယ်သူ သိပ်တတ်နေပီဆိုပီး ဆင်းလိုက်ပုံရပါတယ်။ အဲဒါတခါရယ်. နောက်တခါကတော့ ကုတင်ပေါ်ကနေ ဆော့ရင်းနဲ့ မတ်တပ်ဆင်းမိသွားတာပါ။ ကိုယ်လှမ်းဆွဲတာကို မမှီလိုက်တာပါ။ ၂ခါစလုံး ဘာမှတော့ မဖြစ်ပါဘူး။

အခုဆို ဘေဘီကားပေါ်တက်ဆိုတာနဲု့ သူ့ဘာသာတက်နေပါပီ။ ဘေဘီဝေါ့ကာပေါ်လည်း သူ့ဟာသုတက်ပါတယ်။ သူ့စက်ဘီး ပေါ်လည်းတက်ပါတယ်။ တခါတလေ မအေဖုန်းလာပီဆိုရင် သူက သွားကိုင်ပိးနှိပ်ပါတယ်။ အိုင်ပက်က ဆိုလဲ သူနှိပ်မရရင် ကိုယ်ရှိနေတဲ့ ဆီ မယူလာခိုင်းပဲ ယူလာပေးပါတယ်။ တခါတလေ လဲ ရှိသမျှ ဟန်းဖုန်း အိမ်ဖုန်းမကျန် ကိုင်ပီး ဖုန်းပြောပါသတဲ့။

စာအုပ်တွေလည်း တအုပ်ပီးတအုပ်ဖတ်ခိုင်းလို့ ကိုယ်တော်တော်မောနေပါပီ။ စာအုပ်ဖတ်၇င် အသံထွက်အပြင် အမူအယာပါလုပ်ပြရတော့ မောတာပါ။ ကစားစရာ တော်တော်များများလည်း တော်တော်ဆော့တတ်နေပါပီ။

သမီးလေး ဘယ်နှစ်နှစ်လဲဆိုလက်ညှိုးလေး၁ချောင်းထောင်ပီး ၁ လို့လဲ ဖြေတတ်နေပါပီ။ သမီးလေး အကြောင်းတွေ ရေးရမယ်ဆို မကုန်ပါဘူး။တကယ်ပါ။

သမီးလေးက အခု ကိုယ်တို့၂ယောက် သား လုံးထွေးနေရင် သူ့ကို မခေါ်ရင် စိတ်ကောက်ချင်ယောင်ဆောင်ပီးခိုးကြည့်ပါတယ်။ ကိုယ်တို့က သမီးလေးလာလို့ခေါ်ရင်တော့ ပြုံးပီး ရောက်လာပါတယ်။ သူ့အဖေရဲ့လက်က်ု ကိုယ်က ကိုင်ရင် ကိုယ့်လက်ကိုဖယ်ပီး သူ့လက်ကိုထည့်ပါတယ်။ သူ့အဖေက သူ့ကိုမမွှေးပဲ ကိုယ့်ကို မွှေးရင် သူကအော်ပါတယ်။ ကိုယ်တို့၂ယောက်မှာ သူ့ကို စစရာလေး ရနေပါတယ်။ အခြားဟာတွေ မစပေမဲ့ ဒါတော့စပါတယ်။ တခါတလေ ကိုယ်တို့၂ယောက် စကားပြောရင်း အခန့်မသင့်အော်မိရင် သူက အင်း အင်းနဲ့ဟန့်ပါတယ်။ ဘာမှမဟုတ်ရင်တော့ လျှော့လိုက်ကြတာပေါ့။ ဟုတ်ခဲ့ရင်လဲ သမီးကြောင့် မကျေနပ်လဲ ကိုယ်ပဲလျှော့လိုက်ပါတယ်။ ကမ္ဘာ့အရစ်ဆုံး ယောက်င်္ကျားနဲ့ တူတူနေဖူးသွားလို့ပါ။

သမီးလေးက  ကလေးချန်နယ်ထဲမှာမှ သူကရွေးကြိုက်တာပါ။ အဲဒါလာရင် သူက အဲ့အတိုင်းလိုက်လုပ်တာပါ။
ဟင်းချက်လို့  ကိုယ်က မြည်းသလို သူကလဲ လိုက်မြည်းပါတယ်။ အဲ့အချိန်ဆို သူက ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ ကောင်းတယ်ပေါ့ ပုံစံနဲ့ ဆိုတော့ ကိုယ့်မှာ ပြုံးရတာ အမြဲပါ။
ဒိုင်ပါဆိုလည်း သူ့ဘာသာသူဝတ်တဲ့ပုံနဲ့ ပေါင်ကြားထဲညှပ်ထည့်လို ထည့်။
ဘောင်းဘီလဲ ကိုယ့်ဘာသာကိုယ်ဝတ်ချင်။ ဘာမဆို သူ့ဘာသာသူလုပ်ချင်တယ်။ သူ့အဖေခြေအိတ်တွေ့ရင် သူ့ခြေထောက်ကို စွတ်လိုစွတ်။ စကတ်တွေဆို သူ့ခေါင်းကနေစွတ်ပီး လည်ပင်းမှာ ဆွဲလို့ ရီလိုက်ရတာ။ ဆွဲကြိုးဆိုလည်းကြိုက်ပီး။ နာမည်ကဒ်ပြားတွေလည်းဆွဲ။ သူ့အဖေ ဦးထုပ်ဆောင်းတာ မြင်တော့ သူပါဆောင်းသေးတာ။ သူ့ဦးထုပ်ကို သူ့ဟာသူဆောင်းပီး မှန်ရှေ့မှာ ကြည့်တာ ဆရာမက။  ရီရတယ်။

အခုဆို ဘာမှန်းမသိတဲ့ စကားတွေ တတွတ်တွတ်ပဲ။ သိပ်သိပ်ပြောသမှ အိပ်နေရင်းနဲ့တောင် ယောင်ပီးစကားတွေပြောပါတယ်။ သမီးလေးရေ..ခြင်္သေ့ဘယ်လိုအော်ဆိုလဲ ပါးစပ်ကြီးဟပီး ဝေါင်းတဲ့..။ စာအုပ်ထဲမှာ ဒရမ်တို့ ပတ္တလားတို့ ပလွေတို့ပါတော့ ကိုယ်က ဖတ်ပြရင်း အသံထွက်ရင် သူက ခေါင်းလှုပ် လက်လှုပ်ကတယ်...။ စာအုပ်ထဲမှာ စားစရာပါရင် အမူအယာနဲ့ လာစားပြပီး သမီးကောင်းလားဆို ကောင်းသတဲ့..။

သမီးလေး စကားပြောသံလေးတွေ ကြားချင်လှပီ...။

သမီးလေးအတွက် အင်္ဂလိပ် စာအုပ်များ လက်ဆောင်ပေးတဲ့ အမတန်ခူး ကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ...။


Saturday, October 4, 2014

သမီးလေး ၁နှစ်ပြည့် အမှတ်တရလေး

သမီးလေးးးးးးး..... ၁နှစ်ပြည့်ပါပီ...။
၁နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘလော့လေးမှာ မှတ်တမ်းတင်ပါသည်။
၇လမှာ လေးဘက်ထောက်နေပီဖြစ်တဲ့သမီးလေးက ၈လမှာ လေးဘက်ထောက်ပီး ၆လက်မအမြင့်ကိုလှမ်းနေသလို တခုခုကိုကိုင်ပီး ၂လှမ်း၃လှမ်း မတ်တပ်စမ်းနေတဲ့ သမီးလေးဟာ ၉လမှာ ၅လှမ်းလောက်ထိ အလွတ်လမ်းလျှောက်နေပါပီ...။ သမီးလေး ၁၀လ တင်းတင်းမှာ လမ်းတကယ်လျှောက်သွားပါပီ။ အိမ်ထဲမှာနဲ့ သူသွားကစားတဲ့နေရာတွေမှာ လျှောက်နေတာပေါ့...အပြင်မှာ ပေးလျှောက်စေချင်ပေမဲ့ သမီးအတွက်ဝယ်သမျှ ဖိနပ်တွေ တရံမှ မတော်တာနဲ့ပဲ အပြင်မှာမလျှောက်ရပါဘူး။ သမီးက သီချင်းသံကြားရင် ဖင်လှုပ်ခြေလှုပ် ခေါင်းလက်လှုပ်ပီး ကပါတယ်။ ဘယ်နေရာမဆို သီချင်းသံကြားလို့ကတော့ ကပီးသားပါပဲ။
၁၀လခွဲမှာ သူ့ဘွားဘွားပို့ပေးလိုက်တဲ့ ဖိနပ်တွေထဲက အသေးဆုံးနဲ့ အဆင်ပြေပီး ဖိနပ်လေးကိုစီးလိုက် သွားကိုင်လိုက်နဲ့ပေါ့။ အဲ့ဖိနပ်စစီးတဲ့နေ့က အပြင်ထွက်တာ...သူ့ကို မနဲလိုက်ဖမ်းရတယ်။ ဒီလိုနဲ့ ၁၁ လပြည့်တော့ လှေကား အမြင့်ကြီးတွေကို တက်တော့တာပဲ။ ကိုယ်က ဘေးကနေလက်၂ဖက်ကိ ကိုင်ပေးပီး တက်တာပါ။ နို့မိုဆို ပြုတ်ကျမှာဆိုးလို့။
ကလေးတက်တဲ့ လျှောဆို လှေကား ၃ထစ် သူ့ဟာသူတက်နေပီး လျှောစီးရတာ ကြိုက်နေပါတယ်။ သူတို့ကစားခန်းထဲက ကစားစရာ မှန်သမျှ အကုန်လျှောက်ကစားပါတယ်.။ ကစားစရာ မီးဖိုချောင်က ပစ္စည်းဆိုလဲ မနေရပါဘူး.။ ကလေးစားပွဲဝိုင်းအသေးဆိုလည်းအပေါ်တက်လိုက်ရမှ။ သူ့နောက်ကနေ လိုက်ထိန်းရတာလဲ တကယ်တော့ မလွယ်လှပါဘူး။ ဖုန်းဆက်ရင်လဲ သူပါတယ်။ ဖုန်းကိုသူ့ဘာသာကိုင်ပိး ဘာတွေမှန်းမသိဘူး ပြောနေတာ ရီရပါသေးတယ်။
၁၀လမှာ ၂လီတာ ရေဗူး ၆ဗူးပါတဲ့ ကဒ်ထူဘူးကို ကိုင်လိုက်မြှောက်လိုက်အော်လိုက် လုပ်နေတာ..ကိုယ်သဘောကျပီး ဗီဒီယိုရိုက်တာ ရိုက်ခါမှ သမီးလေးက အဲ့ပုံးပေါ်ကိုတက်ပီး မတ်တပ်ရပ် အောင်မြင်သူ စစ်သူကြီးလိုအော်ပါတယ်။ပီးလဲပီးရော အောက်ကိုဆင်းဖို့လုပ်ချိန်မှာ အောက်ကို ဇောက်ထိုးကျသွားပါတယ်။ ကံကောင်းထောက်မစွာ ဘာမှမဖြစ်ပါဘူး။ ကိုယ်တော်တော်လန့်သွားးပါတယ်။
အခုတော့ အဲ့ဒီဘူးပေါ်အတက်အဆင်း ကျွမ်းကျင်အဆင့်ရောက်သွားပါပီ။
သူထမင်းစားတဲ့ခုံ ကိုယ်တွေစားပွဲခုံကိုလည်း သိမ်းထားရပါတယ်။ တက်လွန်းလို့ပါ။ ကုတင်ပေါ်တောင် သူက တက်ချင်နေပါပီ။ ဆင်းရင် ကိုယ်ကို နောက်ပစ်ပီး ခြေထောက်ကိုချပီးဆင်းပါတယ်။ သူ့ကိုယ်သူဆရာကြီးပေါ့။ အဲလိုအလုပ်ကောင်းလို့ ကုတင်ပေါ်က တခါ ပြုတ်ကျပါတယ်။ ကိုယ်က နောက်ဖေးမှာ သူအိပ်နေတုန်း ထမင်းသွားချက်နေတာ..သူ့ဘာသာသူထပီးဆင်းတယ်ထင်ပါရဲ့။ ခါတိုင်းဆို ကိုယ့်ကိုခေါ်နေကျဟာ မခေါ်တော့ ကိုယ်လဲ သူပြုတ်ကျပီးငိုမှ သိပါတော့တယ်။ သူငိုတော့ ကိုယ်လဲ တော်တော်ပျာသွားပါတယ်။ ဘာလုပ်ရမှန်းကိုမသိပါဘူး။ နဖူးမှာလဲ ဘုသီး အငိုလဲမရပ်။ အရေးပေါ်ပဲ ပြေးရမလို... ဟိုပဲပြေးရမလို ဒီပဲပြေးရမလိုပေါ့။ သူ့အဖေဆီဆက် ဒဏ်ရာကို ပုံရိုက်ပီးပို့။ အာငွေ့ပေးမပြတ်ပေါ့။ အခြားသူငယ်ချင်းတွေကိုမေးနဲ့... အာငွေ့မပြတ်ပေးပီးမှာ အရောင်တော်တော်ကျသွားသလို သူလဲ အိပ်ပျော်သွားပါတယ်။ မနက်ကျတော့ ဆေးခန်းသွားပီး ပြပါတယ်။ သေချာစစ်ပီး ဘာမှမဖြစ်ဖို့များပါတယ်။ ဒါပေမဲ့ ၁ပတ်အတွင်း မသင်္ကာရင် ထပ်ပြဖို့နဲ့ ကြားထဲမှာ အရေးပေါ်ဖြစ်ရင်သွားရမဲ့ ဆေးရုံနဲ့ဆက်သွယ်ရမဲ့လိပ်စာကို ပေးလိုက်ပါတယ်။ ကံကောင်းပြန်ပါတယ်။ သမီးဘာမှမဖြစ်ပါဘူး။
သမီးလေးက သူ့ရေဗူးကို သူ ၈လလောက်တည်းက ကိုင်ပီးသောက်တတ်ပါတယ်။ ၆လလယ်မှာထွက်လာတဲ့ အောက်သွားလေး၂ချောင်းရယ် ၇လလယ်မှာထွက်လာတဲ့ အပေါ်သွား၂ချောင်း ၁၀လမှာထပ်ထွက်လာတဲ့ အပေါ်သွား၂ချောင်း ပေါင်း သွား ၆ချောင်း ရှိပါပီ။

သမီးလေးအကြောင်းတွေက တနေ့တမျိုးမရိုးနိုင်ပါဘူး။ ကိုယ်က I am the queenဆိုပီးသူ့ကိုလက်ကလေး မြှောက်ပီးသင်တာ...သူကကိုယ်ပြောလိုက်တာနဲ့လက်ကလေးမြှောက်တော့
တာပဲ။

ဟိုနေ့ကသူ့ကို ထထ လို့သင်တာ ထထတဲ့။ သမီးပေးဆိုပေးတတ်။ယူဆိုယူတတ်နေပီ။လက်မြှောက်ဆိုလဲ လုပ်တတ်နေပီ။ဟိုက်ဖိုက်ဆိုလဲလက်ဝါးချင်းရိုက်တတ်တာ သူ ၈လလောက်တည်းကပေါ့။ ရေသွားသောက်ဆိုလည်း သူ့ရေဗူးဆီသွားပီး သောက်တတ်နေပီ။
သမီးလေး၁၀လလောက်တည်းက သမီးရေ ...တူဆို..ကိုယ့်ကိုတခန်းဝင် တခန်းထွက် မတွေ့တွေ့အောင်ရှာ တတ်နေပီပေါ့..။ ရေချိုးခန်းတွေလည်း လိုက်လိုက်ဝင်တတ်။မီးဖိုထဲဆိုလည်း ခြေဖျားထောက်ထောက်ပီးလက်လှမ်းလို့ ကိုယ်တော်တော် သတိထားနေရပီ။ စားမလားဆိုခေါင်းညိမ့်တတ်နေပီ။ကြိုက်လားကောင်းလားဆိုလဲခေါင်းတညိမ့်ညိမ့်ပေါ့။

တီဗွီကကြော်ငြာတို့ ကလေးအစီအစဉ်များသူကြိုက်လို့ကတော့ လက်ခုတ်လေးတီးပီးကတတ်သေးတာ..။ ရိုးရိုးကြည့်တာ အားမရလို့ထင်ပါရဲ့။ တီဗွီရှေ့ အနီးဆုံးထိ သွားပီး အပေါ်ကို မရရအောင် တက်ချင်သေးတာ..။ အပေါ်ဆိုလည်း ဘာတက်သလဲမမေးနဲ့။ ဘယ်လိုတက်ရမလဲဆိုတာကြီးပဲ။ ကိုယ်မကြည့်နိုင်ချိန် တက်မှာစိုးလို့  ခုံတွေ သိမ်းထားရတယ်။ တခါတလေလဲ သိပ်ရီရတယ်။လက်ကလေးနောက်ပစ်ပီး ဘာလုပ်မှန်းမသိဘူး။ ပြုံးပြုံးနဲ့။ခေါင်းလေးကိုလည်း စောင်းလိုက်သေးတာ။ခေါင်းလဲ တညိမ့်ညိမ့်နဲ့။

အခုဆိုသမီးက ကိုယ်ဘာစားသလဲ။စားသမျှအကုန်ပါတယ်။ မုန့်ဖတ်ကိုကိုယ်က အရှည်ကြီးဆိုတော့ ရှူးရှူးဆိုပီးဆွဲစားရင် သူကလည်း ကိုယ် စားသလိုစားတယ်။ ကိုယ့်မှာ့  ရီလိုက်ရတာ။ မက်မန်းသီး သံပုရာသီး အချဉ်အကုန်စားတယ်။ ကြက်ဟင်းခါးသီးပါစားလို့ ကိုယ်တို့မှာအံ့သြရတယ်။ ကိုယ့်ဆီက ပြောင်းဖူးဆိုလဲ လုစားတတ်နေပီ။ရေခဲမုန့် ချောကလက်ဆိုလဲ ကြိုက်။မအေက အဲလိုတွေစားတော့ သမီးလဲစားတာနေမှာ။ ဒိန်ချဉ်ဆိုလည်းကြိုက်။ တို့ဖူးအပါအ၀င် ဂျပန်စာတွေလည်း သမီးက သိပ်ကြိုက်တယ်။

သီချင်းလည်းအရမ်းကြိုက်တယ်။သူ့ အင်္ဂလိပ်ကလေးသီချင်းကို နားထောင်ချင်ရင် ကိုယ့်ဆီ အိုင်ပက်ကြီးမလာပေးတယ်။ပီး ပါးစပ်ကလည်း ဂျာ၈ျာနဲ့ ဖွင့်ခိုင်းတယ်။ တခါတလေ ကိုယ်က သမီးလေး သီချင်းနားထောင်မလား ဆိုတာနဲ့။ ကိုယ့်ဆီရောက်လာရော။ အိုပါဂါနာစတိုင်ဆိုလည်း သိပ်ကြိုက်။ အဲဒါဖွင့်ရင်ကတော့တာပဲ။ သမီးစက်ဘီးလေးက ဒစ်စနေစက်ဘီး လေးမှာ တီးလုံးလေးတွေပါတော့ သူ့ဟာသူနှိပ်ပီး လှုပ်လှုပ်နဲ့ကတာ..။သိပ်ချစ်ဖို့ကောင်းတာပဲ။

ဟိုးတလောကသမီးလေးက သူ့ဖေဖေကို ကိုယ်ပြောသလို ခိအိုဆကဲတဲ ဆိုပီး လိုက်ပြောတယ်။ ကိုယ်တို့မှာ အံ့သြ၀မ်းသာလိုက်ရတာ။  နောက် ဘိုင့်ဘိုင်ဆိုပီးပြောသေးတယ်။ တခါပဲ..ပြောခိုင်းတော့မပြောတော့ဘူး။ သမီးလေး မသိစိတ်ကနေ လိုက်ပြောတတ်နေပီ ထင်ပါရဲ့။ သမီးရေ...ပါပီလေးကိုခေါ်ဆိုသူ့ခွေးရုပ်လေးကို မနိုင်မနင်းမလာလေရဲ့ မွှေး၂ပေးဆိုပေးတယ်။ပူစီလေးဆိုလည်းခွဲတတ်နေပီ။  သူ့မွေးနေ့မှာ လက်ဆောင်ရတဲ့ တက်ဒီလေးကိုလည်း ခဏခဏ မွှေးလိုက်ရတာ။ အဲဒီအရုပ်တွေနဲ့ အသံစုံ ထွက်ပီး သမီးက ဆော့လေရဲ့။ မေမေ့လာမွှေး ဖေဖေ့လာမွှေးဆိုလည်း မွှေးတတ်နေပီ။ ဘိုင်ဘိုင်ဆိုပီး လက်ကလေးယမ်းတာ သမီးလေး  ၁၁ လသမီးထဲကပေါ့။ ဖလိုင်းကစ်တောင် ပေးတတ်နေပီ။

ဟိုးနေ့က သူ့မွေးနေ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တော့ ကိုယ်က ဆွမ်းအတွက်ပျားတုပ်အလုပ်ရှုပ်နေတာ..သူနဲ့သူ့အဖေ ဆူညံ့နေတာပဲ။ သမီးကမနေဘူး။ သူ့အဖေက မချော့တတ်တာရယ် ကလေးက ယောင်္ကျားလေးဆို ကြောက်တတ်တာရယ်နဲ့။ဘုန်းကြီးရယ်သူ့အဖေ သူငယ်ချင်းတွေ ကြား ကလေးက အငိုမတိတ်တော့ဘူး။ ကိုယ်လည်း ဘာမှ မလုပ်ပေးနိုင်တော့ သူတို့သားအဖကို ဘုရားခန်းသွားနေကြလို့ ပြောလိုက်ရတယ်။ ဆွမ်းကပ်ချိန်ကျမှ သမီးကိုခေါ်၇တယ်။ သမီးလေးလည်း မုန့်ကျွေးရင်းနဲ့ တဖြည်းဖြည်းချော့မှ သမီးက အဆင်ပြေသွားတယ်။ ရီနိုင်ပြုံးနိုင်လာတယ်။ ဘုန်းဘုန်း ဦးတော် ဆိုသမီးက လုပ်တယ်။ တရားလဲ နာရော..သမီးလေးလည်း ငိုရတာရယ်။ဆော့ရတာရယ်နဲ့ မောပီး အိပ်ပျော်သွားရော။ တရားနာပီးမှ သမီးလေးနိုးတယ်။ သမီးလေး ဘုရားဘုရား ဦးတော်လုပ်ရအောင် ဆိုတော့ သမီးလေးက မအေရှိခိုးသလို ရှိခိုးတယ်။ သိပ်လိမ္မာတဲ့  သမီးကလေး။

သမီးလေးက ရေဆော့ရတာ ကြိုက်တယ်။ မေမေကလဲ အိမ်မှာ ဒါမှမဟုတ် ကျောင်းတွေမှာ ရေပေးဆော့ချိန် သမီးလေးကို ပို့ပေးတယ်။ အခုဆိုသမီးက အဆင့်တက်လာပြန်ပီ။ လျှောစီးရင် လှေကားက မတက်ဘူး။ လျှောဖက်ကတက်တယ်။ သမီးအကြောင်းရေးမယ်ဆို ရေးမကုန်။
ဒါလေးက သမီးလေး ၁နှစ်ပြည့်တုန်းက တင်ဖို့ ရေးထားတာပါ။ လက်စမသတ်ပဲ တင်လိုက်ပါတယ်။ အခုတော့ သမိးလေးတောင် ၁နှစ်နဲ့ ၁လ ရှိသွားပါပီ။



Sunday, September 21, 2014

သမီးလေး အတွက် ချော့သိပ်တေး

သမီးလေး...အကြောင်း ရေးထားတာ တန်းလန်းလေးတွေ အများသားရယ်။ စာရေးရတာထက် ဖတ်ရတာကို ပိုအားသန်ပီး ပျင်းနေတာရယ် မအားတာရယ်ပေါင်းပီး ဒီဘလော့လေးကို ဖုန်တက်တက်ဆိုပီး ပစ်ထားဖြစ်တယ်။
ဒါပေမဲ့ အမ ခင်ဦးမေ ဘလော့ကို အမြဲဖွင့်ဖတ်တယ်။ ဖတ်လို့ ကောင်းသကိုး။ အန်တီတင့် ရဲ့ ဘ၀ ဇာတ်ကြောင်းတွေကို လည်း စောင့်ဖတ်။ မဒမ်ကိုး ရဲ့ တင်သိန်းအေး အပါအ၀င် ဇာတ်လမ်းလေး တွေဖတ်။ အိမ့်ချမ်းမြေ့ ရဲ့ မိတော ကိုလည်း ကြိုက်လွန်းလို့ ဖတ်ပေါ့။ သူဂျီး ရေးတဲ့ စာတွေလဲ မလွတ်တမ်း။ အမ မေဓာဝီ ရေးတာတွေ ဖဘ က ကဗျာတွေဆိုလည်း ကြိုက်လိုက်တာ။ ဦးဟန်ကြည် တင်တဲ့ ပို့စ်ဆိုလည်း အလွတ်ပေးလို့ရပါ့မလား...။ အို... အမ မရွှေစုရဲ့ ပုံပြင်ကိုလည်း မကြာခဏ သွားနားထောင်...အဲ ဖတ်ရတာ အရသာရှိလွန်းလို့...။ အဲ့အမကို အနားခေါ်ထားချင်တာ။ အမ တန်ခူးရဲ့ ဆုံးမစာတွေ ရသစာတွေ ကလည်း ကောင်းလွန်းလို့...။
အခုတလော ဘလော့စည်းရုံးရေးမှူးကြီး သူဂျီးကြောင့် ဘလော့တွေ နဲနဲ ပြန်လှုပ်ရှားလာတယ်။ ဘလော့ဒေးက နေစပီး ခေါင်းတွဲကြီး အန်တီတင့်ရဲ့ အိမ်တံခါးတွေ လိုက်ခေါက်နေလို့လဲ ပါမယ် ထင်ပါရဲ့။

 အယ်... သမီး ချော့တေးက နေ ဘယ်တွေ ရောက်နေပါလိမ့်...။ ဘွာတေး ဘွာတေး...။
စာရေးတာ ပျင်းတာ သိပ်မကြာပါဘူး။ သမီးလေး မနှင်းဆီလေးတောင် ၁နှစ်ပြည့်ပီး လစွန်းနေပီ။ ဟီးးးး..
 ကိုယ့် သမီးချော့တေး ကို ကြိုက် လွန်းလို့ ကော်ပီ မလုပ် ကြနဲ့နော်...ဟင်း..။
ယောက် က ပြောတယ်..။ သမီးကို ချော့တဲ့ သီချင်း မဆိုတာ ကြာပီနော်တဲ့...။ ဟုတ်တယ်... ကိုယ်တိုင်စပ်ထားတဲ့ ပေါက်ကရ သီချင်းဆိုတော့ ကြာရင် မေ့မှာစိုးလို့ ဒီဘလော့မှာ မှတ်တမ်းတင်ပါရစေ...။ ဖတ်ပီး မရီကြနဲ့နော်...။

သမီးလေး....သမီးလေး... အိပ်ပါတော့ကွယ့်လေး....။
သမီးကလေး အိပ်တော့ကွယ်.. မေမေ.. ချော့သိပ်မယ်...။ အိပ်တော့မယ် ...အိပ်တော့မယ်.. မျက်စိကလေး မှိတ်လို့ကွယ်..။သမီးလေး...အိပ်တော့မယ်။

သမီးလေးရယ်... အိပ်တော့ကွယ်။ မေမေကြီးလဲ အိပ်ချင်တယ်..။ အိပ်ပါတော့ကွယ်...အိပ်တော့ကွယ်။
ဖေဖေကြီးလဲ အိပ်ချင်ပီ...။ အိပ်ပါတော့ကွယ်...အိပ်တော့ကွယ်...။

သမီးလေး...လည်း အိပ်တော့မယ်..။ ပူစီလေးလည်း အိပ်တော့မယ်... ညောင်....ညောင်...ညောင်.။ ပါပီလေးလည်း အိပ်တော့ မယ်... ၀ုတ်..၀ုတ်...၀ုတ်...။ ငှက်ကလေးတွေလည်း အိပ်တော့မယ်...ကျလိ..ကျလိ..ကျလိ။ နွားကြီးတွေလည်း အိပ်တော့မယ်...၀မ်း...ဘဲ....အဲ..။
ဆိတ်ကလေးတွေလည်း အိပ်တော့မယ်...ပဲ...ပဲ....အဲ...။
သမီးလေးလည်း အိပ်တော့မယ်...အားလုံးတိတ်ကြကွယ်...။ ပူစီလေးလည်း အိပ်တော့မယ်...ညောင်...အိုယဆုမိ။ ပါပီလေးလည်း အိပ်တော့မယ်... ၀ုတ်..၀ုတ်...အိုယဆုမိ။ ငှက်လေးတွေလည်း အိပ်တော့မယ်... ကျလိ ...ကျလိ... အိုယဆုမိ။

ချမ်းမြေ့..ချမ်းမြေ့ပါစေ...။ ဖေဖေ လည်း ချမ်းမြေ့ပါစေ.. မေမေလည်း ချမ်းမြေ့ပါစေ...သမီးလေးလည်း ချမ်းမြေ့ပါစေ..။ အားလုံးပဲ ချမ်းမြေ့ပါစေ..။

ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကို ချစ်တယ်..။ မေမေကြီး ..မေမေကြီးကို ချစ်တယ်။ ပါပီ့ကိုလည်း ချစ်ပါတယ်။ပူစီ့ကိုလည်း ချစ်ပါတယ်။ ငှက်လေးကိုလည်း ချစ်ပါတယ်။

အထက်ပါ သီချင်းတွေကို သမီးလသားအရွယ်ကနေ ၇လ အထိ ဆိုပီးသိပ်တာပါ။ သမီးလေးက အဲ့ပေါက်ကရ သီချင်းတွေနဲ့ နားဆင်ပီး မအိပ်တာလား.. အဲ ..အိပ်တာလား မသိပါဘူး။ တခါတလေ...ယောက်ကတော့ အဲ့သိချင်းဆို ဦးလေတဲ့...။ သူတခါမှ မကြားဘူးတဲ့ ပေါက်တက်ကရ သီချင်းတွေ ကို နားဆင်ချင်လိုတဲ့...ဟီးးးဟီး...။ စာဖတ်သူတွေလည်း လိုက်မဆိုကြနဲ့နော်... ဒါ နောင်ဂျိန်တို့ မူပိုင်...ဟွင်းဟွင်း...။

သမီးနာမည်လေးက မြန်မာလို အသ့ထွက်က ဂျပန်လို အသံထွက်ရင် မြန်မာနာမည် မနှင်းဆီလို့ အဓိပါယ် ရလို့ ဒီပို့စ်ကနေ မနှင်းဆီလေးလို့ ခေါ်မယ်နော်။