Friday, October 5, 2012

အချစ်ကဗျာ

အချစ်ဆိုတာ ..
ချို ချဉ် ဖန် ခါး
ရသာများ (နှင့်)
ပြည့်စုံသည့်တွက်
မချစ်နိုင်ပဲ
လင်မယူနှင့်
ငါးပါးမှောက်မည်မှတ်။

ချစ်ပင်ချစ်ငြား
လျှာနှင့်သွားမှာ
မထိကလိ
ထိကလိနှင့်
အမြဲတွေ့မည်မှတ်။

အချစ်မပါ
ဦးနှောက်သာ
လက်ထပ်ထားရင်သာ
မြန်စွာမနှေးလက်ပြသေး
တခုလပ်ဖြစ်မည်မှတ်။

အချစ်ရှိရင်
ဘဝတွင်
စာနာစိတ်ထား
သည်းခံပွါး
ရည်ရှည် မြဲမည်မှတ်။

No comments:

Post a Comment