Sunday, September 21, 2014

သမီးလေး အတွက် ချော့သိပ်တေး

သမီးလေး...အကြောင်း ရေးထားတာ တန်းလန်းလေးတွေ အများသားရယ်။ စာရေးရတာထက် ဖတ်ရတာကို ပိုအားသန်ပီး ပျင်းနေတာရယ် မအားတာရယ်ပေါင်းပီး ဒီဘလော့လေးကို ဖုန်တက်တက်ဆိုပီး ပစ်ထားဖြစ်တယ်။
ဒါပေမဲ့ အမ ခင်ဦးမေ ဘလော့ကို အမြဲဖွင့်ဖတ်တယ်။ ဖတ်လို့ ကောင်းသကိုး။ အန်တီတင့် ရဲ့ ဘ၀ ဇာတ်ကြောင်းတွေကို လည်း စောင့်ဖတ်။ မဒမ်ကိုး ရဲ့ တင်သိန်းအေး အပါအ၀င် ဇာတ်လမ်းလေး တွေဖတ်။ အိမ့်ချမ်းမြေ့ ရဲ့ မိတော ကိုလည်း ကြိုက်လွန်းလို့ ဖတ်ပေါ့။ သူဂျီး ရေးတဲ့ စာတွေလဲ မလွတ်တမ်း။ အမ မေဓာဝီ ရေးတာတွေ ဖဘ က ကဗျာတွေဆိုလည်း ကြိုက်လိုက်တာ။ ဦးဟန်ကြည် တင်တဲ့ ပို့စ်ဆိုလည်း အလွတ်ပေးလို့ရပါ့မလား...။ အို... အမ မရွှေစုရဲ့ ပုံပြင်ကိုလည်း မကြာခဏ သွားနားထောင်...အဲ ဖတ်ရတာ အရသာရှိလွန်းလို့...။ အဲ့အမကို အနားခေါ်ထားချင်တာ။ အမ တန်ခူးရဲ့ ဆုံးမစာတွေ ရသစာတွေ ကလည်း ကောင်းလွန်းလို့...။
အခုတလော ဘလော့စည်းရုံးရေးမှူးကြီး သူဂျီးကြောင့် ဘလော့တွေ နဲနဲ ပြန်လှုပ်ရှားလာတယ်။ ဘလော့ဒေးက နေစပီး ခေါင်းတွဲကြီး အန်တီတင့်ရဲ့ အိမ်တံခါးတွေ လိုက်ခေါက်နေလို့လဲ ပါမယ် ထင်ပါရဲ့။

 အယ်... သမီး ချော့တေးက နေ ဘယ်တွေ ရောက်နေပါလိမ့်...။ ဘွာတေး ဘွာတေး...။
စာရေးတာ ပျင်းတာ သိပ်မကြာပါဘူး။ သမီးလေး မနှင်းဆီလေးတောင် ၁နှစ်ပြည့်ပီး လစွန်းနေပီ။ ဟီးးးး..
 ကိုယ့် သမီးချော့တေး ကို ကြိုက် လွန်းလို့ ကော်ပီ မလုပ် ကြနဲ့နော်...ဟင်း..။
ယောက် က ပြောတယ်..။ သမီးကို ချော့တဲ့ သီချင်း မဆိုတာ ကြာပီနော်တဲ့...။ ဟုတ်တယ်... ကိုယ်တိုင်စပ်ထားတဲ့ ပေါက်ကရ သီချင်းဆိုတော့ ကြာရင် မေ့မှာစိုးလို့ ဒီဘလော့မှာ မှတ်တမ်းတင်ပါရစေ...။ ဖတ်ပီး မရီကြနဲ့နော်...။

သမီးလေး....သမီးလေး... အိပ်ပါတော့ကွယ့်လေး....။
သမီးကလေး အိပ်တော့ကွယ်.. မေမေ.. ချော့သိပ်မယ်...။ အိပ်တော့မယ် ...အိပ်တော့မယ်.. မျက်စိကလေး မှိတ်လို့ကွယ်..။သမီးလေး...အိပ်တော့မယ်။

သမီးလေးရယ်... အိပ်တော့ကွယ်။ မေမေကြီးလဲ အိပ်ချင်တယ်..။ အိပ်ပါတော့ကွယ်...အိပ်တော့ကွယ်။
ဖေဖေကြီးလဲ အိပ်ချင်ပီ...။ အိပ်ပါတော့ကွယ်...အိပ်တော့ကွယ်...။

သမီးလေး...လည်း အိပ်တော့မယ်..။ ပူစီလေးလည်း အိပ်တော့မယ်... ညောင်....ညောင်...ညောင်.။ ပါပီလေးလည်း အိပ်တော့ မယ်... ၀ုတ်..၀ုတ်...၀ုတ်...။ ငှက်ကလေးတွေလည်း အိပ်တော့မယ်...ကျလိ..ကျလိ..ကျလိ။ နွားကြီးတွေလည်း အိပ်တော့မယ်...၀မ်း...ဘဲ....အဲ..။
ဆိတ်ကလေးတွေလည်း အိပ်တော့မယ်...ပဲ...ပဲ....အဲ...။
သမီးလေးလည်း အိပ်တော့မယ်...အားလုံးတိတ်ကြကွယ်...။ ပူစီလေးလည်း အိပ်တော့မယ်...ညောင်...အိုယဆုမိ။ ပါပီလေးလည်း အိပ်တော့မယ်... ၀ုတ်..၀ုတ်...အိုယဆုမိ။ ငှက်လေးတွေလည်း အိပ်တော့မယ်... ကျလိ ...ကျလိ... အိုယဆုမိ။

ချမ်းမြေ့..ချမ်းမြေ့ပါစေ...။ ဖေဖေ လည်း ချမ်းမြေ့ပါစေ.. မေမေလည်း ချမ်းမြေ့ပါစေ...သမီးလေးလည်း ချမ်းမြေ့ပါစေ..။ အားလုံးပဲ ချမ်းမြေ့ပါစေ..။

ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကို ချစ်တယ်..။ မေမေကြီး ..မေမေကြီးကို ချစ်တယ်။ ပါပီ့ကိုလည်း ချစ်ပါတယ်။ပူစီ့ကိုလည်း ချစ်ပါတယ်။ ငှက်လေးကိုလည်း ချစ်ပါတယ်။

အထက်ပါ သီချင်းတွေကို သမီးလသားအရွယ်ကနေ ၇လ အထိ ဆိုပီးသိပ်တာပါ။ သမီးလေးက အဲ့ပေါက်ကရ သီချင်းတွေနဲ့ နားဆင်ပီး မအိပ်တာလား.. အဲ ..အိပ်တာလား မသိပါဘူး။ တခါတလေ...ယောက်ကတော့ အဲ့သိချင်းဆို ဦးလေတဲ့...။ သူတခါမှ မကြားဘူးတဲ့ ပေါက်တက်ကရ သီချင်းတွေ ကို နားဆင်ချင်လိုတဲ့...ဟီးးးဟီး...။ စာဖတ်သူတွေလည်း လိုက်မဆိုကြနဲ့နော်... ဒါ နောင်ဂျိန်တို့ မူပိုင်...ဟွင်းဟွင်း...။

သမီးနာမည်လေးက မြန်မာလို အသ့ထွက်က ဂျပန်လို အသံထွက်ရင် မြန်မာနာမည် မနှင်းဆီလို့ အဓိပါယ် ရလို့ ဒီပို့စ်ကနေ မနှင်းဆီလေးလို့ ခေါ်မယ်နော်။

5 comments:

  1. ဟားဟား ညီမရဲ့ သမီးချော့တေးက မိုက်တယ်။ လိုက်ဆိုကြည့်ပြီး ရယ်လိုက်ရတာ ... :D
    သမီးလေးနာမည် မနှင်းဆီ ... ဆိုတာလဲ လှတယ်။ ချစ်စရာလေး ...
    တဂ်ထားတာ ရေးပေးလို့ ကျေးဇူးပဲ ညီမရေ ... <3

    ReplyDelete
  2. ကလေးချော့တေးလေး မှတ်ထားဦးမှ။ တစ်ခါမှ ဒီလောက် စုံလင်တဲ့ ကလေးချော့တေးကို မတွေ့ဖူးသေးဘူး။
    နားထောင်ချင်စမ်းပါဘိ။
    ကလေးကတော့ အိပ်တော့ ကောင်းကောင်း ကောင်းမယ်။ သူကြီးကတော့ ရယ်လိုက်ရတာ။
    တော်လောက် ဥာဏ်ရည်ဥာဏ်သွေးနဲ့ ဒီဆို ကလေးချော့တေး မဖြစ်နိုင်ဘူး။

    ReplyDelete
  3. မေမေ့သမီးချော့တေးလေးက မေမေ့လိုပဲ ချစ်စရာလေး... မိခင်မေတ္တာနဲ့ သီကုံးထားတဲ့ တေးလေးမို့  နားထောင်လို့ ကောင်းနေမှာအမှန်ပဲ... မနှင်းဆီလေးတောင် မျက်စိအောက်တင် အတော်ကြီးလာတာနော်... ဘလော့တူမလေးကို မမြင်ဘူးပေမယ့် သံယောဇဉ်ကြီးမိတာအရမ်း...

    ReplyDelete
  4. မနှင်းဆီမေမေရဲ့ သမီးချော့တေး
    ကောင်းမှကောင်း

    ReplyDelete
  5. နောင်ဂျိန် ညီမလေးရေ..သမီးဖတ်နေတဲု ပုံပြင်စာအုပ်တွေက ယူနီဆက်ဖ်က အလကားဝေတဲ့ စာအုပ်လေးတွေပါ.. တစ်ပုဒ်ကို တစ်အုပ်..ပါးပါးလေးတွေပါ.. သူ့မှာ ၅ အုပ်လောက်ရှိတယ်..။

    ReplyDelete