သမီးလေး...ဒီနေ့ ၉လပြည့်ပါပီ...။
သမီးလေးစကားတွေ အရမ်းပြောတာပဲ။ မအေက ဒါဆို သူကပါ...ဘာတွေပြန်ပြောမှန်းမသိဘူး။ တနေ့တော့ သားအမိသားအဖသုံးယောက် ဖရဲသီးစားနေတာ...သူအသံမူမမှန်သလိုဖြစ်လို့ ကိုယ်က r u ok?? r u ok??လို့မေးလိုက်တာ... သူက okပါ လို့ပြန်ဖြေသလို ကြားလို့ ယောက်နဲ့ ကိုယ်နဲ့ မျက်လုံးပြူးပီး.... ကို..ဘာကြားလိုက်လဲမေးတော့..သူက အိုကေပါ လို့ပြောတာကြားသတဲ့ ကိုယ်လဲကြားတယ်ဆိုတော့ နှစ်ယောက်သား ရီလိုက်ရတာ..။
သမီးက စတော်ဘယ်ရီသီးလဲ ကြိုက်တယ်။ ကိုယ်တိုင်လက်နဲ့ကိုင်စားတာ..တထိုင်တည်း ၃လုံး။ ဒါတောင် ဆက်မပေးတော့လို့။ သမီးက အချဉ်ကြိုက်ပုံရတယ်။ ဟိုတနေ့က စားသောက်ဆိုင်မှာ သံပုရာသီးကြုံတာနဲ့ ကျွေးလိုက်တာ... လားလား...သူက ထပ်တောင် တောင်းသေးတယ်။ အမှန်က ယောက်နဲ့ကိုယ်က သမီးလေးကို သံပုရာသီး ကျွေးရင် ဗွီဒီယို ရိုက်မလို့ဟာ..သူက မျက်နှာတောင်မရှုံ။ အခု စတော်ဘယ်ရီလည်း ချိုချဉ်ကို စားတယ် ။
ဟိုနေ့က ကြက်ပေါင်းလည်း မမွှေပဲ သေးသေးလေးတွေ လုပ်ပေးတာ သူက၀ါးစားတယ်။ သူ့သွားလေး ၂ချောင်းနဲ့။ အခု ကြုံရင်ကြုံသလို ငါးပေါင်းလည်းကျွေးတယ်။ ကြိုက်မှကြိုက်ပဲ။ သူမကြိုက်တာ ရေတစ်ခုပဲ။ တိုက်ရ တော်တော်ခက်တယ်။
စကားတွေဆိုတာလည်း ဘာပြောနေမှန်းမသိဘူး။ ရီလည်းရီရတယ်။ တခါတလေ..သူ့ကိုဒါမလုပ်နဲ့ မကိုင်နဲ့ပြောရင် ကိုယ့်ကို ဘာတွေပြန်ပြောနေမှန်းမသိပါဘူး။ ကိုယ့်မျက်မှန်ကို လာလာချွတ်လို့ မချွတ်နဲ့ပြောလည်းမရဘူး။ မျက်မှန်ကိုယူပီး စကားတွေပြောတာ...ကိုယ်က မျက်နှာထားနဲ့ ပြန်တောင်းတော့ ပေးတယ်။ ယောက်ကတော့ ပြောတယ်။ စတာနေမှာတဲ့..။
ညညဆိုလည်း အိပ်ရင် တော်တော်နဲ့မအိပ်ဘူး။ စကားတွေပြောလိုပြော။ကိုယ်ကမီးတွေအားလုံးပိတ်လိုက်ရင် သမီးလေးက ကုတင်ခေါင်းရင်းကို သွား လိုက်ကာကိုဖွင့် ရင် ခြံထဲက အလင်းရောင်က ၀င်တာကိုး။ အစကတော့ ကိုယ်ဟန့်သေးတယ်။ နောက်ကျတော့ ထားလိုက်တယ်။ သူ့ဘာသူ ဆော့ရင်း ၁၅ မိနစ်လောက်နေတော့ ရဲဘော်လေး ကျဆုံးသွားပီး လာအိပ်တာပေါ့။
ကုတင်ခေါင်းရင်းကနေ ကုတင်နောက်ကို ပြေးသွားတာများ မြန်လိုက်တာ။ သူက ရိုးရိုးမပြေးဘူး မအေကို လှည့်ကြည့်တာ။ မအေက ကျမှာဆိုးလို့ လိုက်ဆွဲတာ ကို သူကပျော်နေတာ။ ကုတင်အောက်တော့ မဆင်းဘူး ..အစပ်မှာ မတ်တပ်ရပ်တာ။ ဟိုနေ့က ပိုသေချာသွားတယ်။ ကုတင်ဒီဘက်က တံခါးကို ပိတ်ထားတော့ သူမအေကိုကြည့်ပီးလေးဖက်ပြေးတယ် ကိုယ်တို့၂ယောက်က သူ့ကြည့်ပီးရီရတယ်။
သမီးလေးက ဇွဲတော့ကောင်းမယ်ထင်ပါရဲ့။ မတ်တပ်မရပ်ခင်တုန်းက သူမတ်ရပ်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားတာ။ လုံးဝ လက်မလျှော့ဘူး။ အခုတော့ ကောင်းကောင်းရပ်တဲ့အပြင် ၁လှမ်း၂လှမ်း လှမ်းတတ်နေပီပေါ့...။
သမီးမကြိုက်တဲ့ အစာကလည်း ခပ်ရှားရှားပါပဲ။ ကျွေးသမျှအကုန်စားပဲ။ ခရမ်းချဉ်သီးလဲကြိုက်တယ်။ သူစားတဲ့အခါ စိတ်ကျေနပ်ရင် လက်ခုပ်ကလေးတီးသေးတာ....တခါတလေကျတော့လည်း အံကလေးကျိတ်ပီးအသံထွက်အော်သေးတာ..အသဲယားတဲ့ပုံစံနဲ့ပေါ့...။
ရေချိုးတဲ့အခါ ရေပန်းကိုသူက ကိုင်ရမှ ကျေနပ်တယ်။တခါတလေ သူ့ကို သူ့ဖေဖေနဲ့ထားပီးကိုယ်တယောက်တည်းချိုးရင် အပြင်ကနေတံခါးကို လာထုသေးတာ...။
သမီးလေးက တံခါးတွေကိုလည်း ဖွင့်ချင်သေးတာ...။ အခုဆို ရှိသမျှအခန်းတိုင်း သူဝင်တယ်ထွက်တယ်။ ကိုယ်လည်း တော်တော်ရှင်းရပါတယ်။ သေးသေးလေးတွေကို လိုက်ကိုင်ပီး ပါးစပ်ထဲထည့်လွန်းလို့။ သတိလေးတချက် လွတ်တာနဲ့ သွားပီ။ တစ်ရှူးဆိုလည်း အလိပ်လိုက်ကို ဆွဲဖြန့် ပီးဖွတာ။ တော်သေးတယ်...ပြောထားလို့ ပါးစပ်ထဲတော့မထည့်ဘူး။ ကိုယ်က သမီးပါးစပ်ထဲထည့်ရင် ပြန်သိမ်းမယ်လို့ ပြောပီး တကယ်ပြန်သိမ်းလိုက်တာကိုး...မစားရင်တော့ ခနလောက်ဆော့ချိန်ပေးလိုက်တယ်။ အကျီဆိုလည်း ခေါက်ထားသမျှ သူကဖွပဲ။ အံဆွဲတွေဖွင့် သတိတချက်လွှတ်တာနဲ့ ပွပီးသားပဲ...။ သူကလည်း ရီရတယ်။ သူအဲလိုလုပ်ရင် ကိုယ်မကြိုက်ဘူးဆိုတာသိနေတော့ ကိုယ့်မျက်နှာကိုကြည့်ပီး မှ မဟုတ်တာအကုန်လုပ်တာဆိုတော့ တခုတော့ အဆင်ပြေတယ်။ အသိဦးတယ်ပေါ့..။
ဟိုးတနေ့ကတော့ တခါ မုန့်ထုပ်ကပလပ်စတစ်အစကို ပါးစပ်ထဲထည့်ပီးဝါးတာ..။ ကိုယ်က ဘာမှန်းမသိဘူး။ တခုခုတော့ ပါးစပ်ထဲမှာပဲဆိုပီး အမျိုးစုံထုတ်တာ။ မရဘူး။ ပါးစပ်ကို ဘယ်လိုမှ မဖွင့်ပေးဘူး။ ကိုယ့်မှာဘာလုပ်ရမှန်းကိုမသိဘူး။ ထောင်ပဲထားရတယ်။ နောက်မှ သူတချက် ပါးစပ်အဟမှာ အတင်းလက်နှိုက်လိုက်မှ ပလပ်စတစ်ဖြစ်နေတာ...။
ကြော်ငြာဆိုလည်း ဘာကြိုက်သလဲမမေးနဲ့..။ သူ ၃လ ၄လထဲက အတော်ကြိုက်တာ.။ ကြော်ငြာလာချိန်များ ဆို ကိုယ့်နောက်မလိုက်ဘူးနော်..လိုက်ဖို့တန်းလန်းနဲ့ကို..။ မီးဖိုထဲရောက်နေရင် ကြော်ငြာသံကြားရင် ပြေးကြည့်သေးတာ..။ အိပ်ချင်နေရင်တောင် မျက်လုံးစဉ်းပီး ခေါင်းထောင်ထသေးတာ...။ နောက်တခုသူကြိုက်တာ..သီချင်းနဲ့ကနေတာမြင်ရင်...။
သမီးလေးနဲ့ကိုယ် တအိမ်လုံးကိုပတ်ပီးတူတူပုန်းလို့ရပီ။ သူလိုက်ရှာတတ်တယ်။ လူလည်လေး...အသံကြားရင် ကြားတဲ့နေရာကိုလာတာ။ တခါဆို တခါ မှတ်ထားတတ်သေးတယ်။ သူ့ကို ပေးမ၀င်တာ...အ၀တ်လျှော်စက်ထားတဲ့အခန်း။ အဲဒီတော့ တံခါးလေးဖွင့်ထားတာ မြင်တာနဲ့ အလစ်ပဲချောင်းနေတာ..၀င်ဖို့..တခါတလေ တံခါးလေး လက်တထောက်စာဟထားမိရင် သူ့လက်နဲ့သွားဆွဲဖွင့်ပီး ၀င်သေးတာ..။
အခုလိုရေးနိုင်ဖို့ သူအိပ်နေတာ ကျေးဇူးတင်ရတယ်။ ဘာလို့ဆို အကုန်လျှောက်ရိုက်နေလို့...ပေါ့။ အခုတော့ ကိုယ့်မှာ သူ့ပဲကျေးဇူးတင်နေရတယ်။ သူအဆင်ပြေမှ ကိုယ်လုပ်နိုင်တာကိုး...။
မီးဖိုထဲမှာ ချက်ရင်လည်း သူပါချင်တယ်။.....ရေးမယ်ဆို ကုန်နိုင်ဘူး။
သမီးလေးကို မေမေ သိပ်ချစ်တာပဲ....။ မေမေ့ဘ၀တွေ ခနရပ်ထားရပေမဲ့..သမီးနဲ့ တောက်လျှောက် သမီးဘေးမှာ ဖေးမနေရတဲ့အတွက်ပျော်ပါတယ်။ ဖေဖေ့ကိုလည်း ကျေးဇူးတင်ရမယ်နော်...သမီးလေးရေ..။
Friday, May 16, 2014
Thursday, May 8, 2014
သမီးလေးရဲ့တိုးတက်မှု ၅
အချိန်တွေ တကယ်ကုန်မြန်လှပါတယ်.... ဘာလိုလိုနဲ့ သမီးလေးတောင် ၈လကျော်လို့ ၉လထဲရောက်နေပါပီ။ သိပ်မကြာခင် ၉လပြည့်တော့မှာပါ။
သမီးလေး.. ၂လခွဲမှာ ခေါင်းစခိုင်ပီး ၃ လမှာ မှောက်တတ်ပါတယ်။ ဒါပေမဲ့ မှောက်တာ တတ်တော့ မမှောက်ချင်ပါဘူး။ ၄လမှာ ထိုင်နိုင်နေပါပီ။ ၅လမှာတော့ walker ထဲဝင်ထိုင်နေတတ်ပီး ၆လမှာတော့ တဂျောင်းဂျောင်းပြေးပေါ့...။ ၇ လသမီးမှာတော့ သမီးလေးက လေးဘက်သွားပါပီ။ ၈လမှာတော့ မတ်တပ်တော်တော်ရပ်နိုင်ပီး လေးဘက် ကို ၆လက်မအမြင့်ကို အတက်အဆင်း သူ့ဟာသူ လုပ်နိုင်ပါပီ။အဲလို လုပ်တတ်ဖို့ မေမေက ရှေ့ကနေ သမီး ဒီနေရာရောက်ရင် ဒီအဆင့်ကို လက်ကလေးကို ဒီလိုချ ဟိုလက်ကို ဒီလိုချ ချပီးမှ ဒီခြေထောက် ပီးမှ နောက်ခြေထောက်ချဆိုပီး သင်ပေးခဲ့တာပါ။ သိပ်မကြာပါဘူး။ သမီးအဆင်ပြေသွားပါတယ်။ မေမေ ဆိုတဲ့ စကားလုံးကိုလည်း ပီပြင်အောင် ခေါ်နိုင်နေပါပီ။
အခုလည်း လမ်းကို သူ့မသိစိတ်ကနေ တလှမ်း ၂လှမ်းစ လှမ်းနေပါပီ...။ သိပ်မကြာခင် လှမ်းနိုင်တော့မယ် ထင်ပါတယ်။သူ့ရဲ့ တိုးတက်မှုတိုင်း လက်ဝါးတီးပေးတဲ့အခါ တခစ်ခစ်ရယ်ရင်း ကျေနပ်ပီး ပိုပို လုပ်ချင်တယ်။
သူ ပျော်ပီး အော်လိုက်ရင်လည်း နားမခံသာပါဘူး။
အခု စာအုပ်ဖတ်ပြချိန်ဆို သူက စိတ်လှုပ်ရှားပီး မတ်တပ်ရပ် ပီး လက်လှုပ်ကာ အော်ပါတယ်။ သိပ်ချစ်ဖို့ ကောင်းပါတယ်။ ကိုယ့်အသံနဲ့ လက်နဲ့သရုပ်ပြပီး ပြောပီဆို... သူ့ရဲ့ ပျော်ရွှင်တဲ့ အော်သံ က အတောမသတ်တော့ပါဘူး။ အခုဆို ..ဘာဘဘဘ..ဘာဘာ.. ဂျာဂျာ..ဂျဂျ.. ဘာတွေမှန်းမသိပါဘူး အော်နေတတ်တာ။ မတ်တပ်ရပ်ပီး တဖန်းဖန်းရိုက်ပီး အသံထွက် အော်နေတာ လဲ တခါတလေ အတောမသတ် နိုင်ဘူး။
မှန်ရှေ့သွား မှန်ကိုကိုင်ပီး မတ်တပ်ရပ် လိုရပ်။ ထောင်ထားတဲ့ စားပွဲခုံကို သွားကိုင်ပီး လှဲလိုလှဲ။ မအေက သူ့အပေါ်ပြုတ်ကျမှာစိုးလို့...ပြန်ဆွဲ...အို ပတ်လည်ကိုရိုက် နေတာပဲ။ ဂျောင်တွေလဲ ဘာကြိုက်သလဲ မမေးနဲ့။
ဒီက အ၀တ်တွေ စောင်တွေလှောင်တဲ့ ဗီဒိုတွေဆို သူဝင်ဆော့လိုက်ရမှ။ အံဆွဲဆိုလည်း ဖွင့်တတ်နေပီ။ အံဆွဲမှ ၃ဆင့်မြောက်အထိဖွင့်နေပီ။ ၄ဆင့်မြောက်ကိုတောင် ခြေဖျားထောက်ပီး ဖွင့်ချင်နေလို့ မနဲ ထိန်းနေရပီ။ အံဆွဲဖွင့်ပီး ရှိသမျှ အ၀တ်တွေ ဖြန့်ကျဲ။ ရှင်းပေတော့...ပဲ။ စင်အောက်တွေဆို အထဲထိဝင်ပီး မွှေတတ်နေပီ။ စာအုပ်စင်က စာအုပ်တွေဆိုလည်း ခနခနဆွဲပဲ..။ရီစရာကောင်းတာက မအေက မကြိုက်မှန်းသိတော့ မအေကို သူဖွင့်ပီဆို လှမ်းကြည့်ပီး ရီပြတတ်တာပါပဲ။ ရီပီး မအေက လာပီဆို သူက ခြေလက်တွေ လှုပ်ရှားပီး အတင်းလုတာပေါ့..။
သူမမှီဘူးထင်တဲ့ နေရာဆိုလည်း ခြေဖျားထောက်ပီး လှမ်းဆွဲလို့ ပစ္စည်းတွေ ပြုတ်ကျတာလဲ အခါခါ။ တံခါးဆိုလည်း ဖွင့်ချင်နေပီ။ အကျီင်္တွေဆိုလည်း ကိုယ်ကခေါက် သူကဖွနဲ့..တနေ့တနေ့ ကိုယ်နဲ့သူနဲ့ လုံးလည်ချာလည်လိုက်လို့ပေါ့..။
အမယ်..သမီးက တခါတလေ.. အသံထွက်အောင် မှုတ်လို့ရတဲ့ သူ့ကစားစရာကို မှုတ်လို့ အသံထွက်နေပီ။ ကြော်ငြာကတော့ ဘာကြိုက်သလဲ မမေးနဲ့။ ကြော်ငြာလာချိန်ဆို ခေါ်လို့လဲမရ အော်လို့လဲမရ ကာလို့လဲမရ။ ဒီကကာရင် ဟိုကကြည့် အောက်ကကာရင် အပေါ်ကကြည့် ။
သမီးက သူ့ရဲ့ အင်္ဂလိပ်ကလေး ကဗျာတွေဖွင့်ရင် ပျော်ပီး ကြည့်တတ်နေသလို ပါးစပ်ကလည်း လိုက်ဆိုသလို လုပ်တတ်နေပီ။ ဂျပန်ကဗျာလဲ ဖွင့်တတ်နားထောင်တတ်ဆော့တတ်နေပီ။ ကိုယ့် အိုင်ပတ်ဆို သမီး တဖတ်ဖတ်လုပ်တာ..တခါတလေဆို ဗိုင်ဗာဖုန်းတွေ နှိပ်မိလို့ ကိုယ့်မှာ ဆောရီးအခါခါ ပြောရတာလဲ အခါခါရှိပီ။
သမီးက အစားလည်း အရမ်းစားပါတယ်။ ဘာကျွေးကျွေးစားပါတယ်။ မုန့်တွေဆို သူ့လက်နဲ့ သူကိုင်ပီးစားရတာကို ပိုသဘောကျပါတယ်။ သမီးလေး ၆လခွဲလောက်မှာ သွားလေး စထွက်ပါတယ်။ အခုဆို သူ့သွားလေး တော်တော်ပေါ်လာပါပီ။ သူ့သွားလေးနဲ့ သူ့မုန့်လေးကို ဂျွတ်ဆိုပီး ၀ါးစားတာ အရမ်းချစ်ဖို့ ကောင်းပါတယ်။ အခုမတ်တပ်ရပ်တတ်ချိန်ကစပီး တမင်းကျွေးရင် ရပ်ပီး စားတယ်။ ရပ်ယုံတင်မဟုတ်ဘူး။ ထမင်းပန်းကန်တင်တဲ့ အပေါ်ကို မတ်တပ်ရပ်တယ်။ ဟိုတလောက အောက်ကို ဇောက်ထိုးကျလို့ လှမ်းဖမ်းရသေးတယ်။ တခါတည်း တွေ့လား မေမေပြောတာ မလုပ်နဲ့ဆို ကျပီ..မေမေမဖမ်းမိရင် ဘယ်လိုလုပ်မလဲ..ကဲ..လို့။ နောက်ကျတော့ ရပ်ပေမဲ့ အဲ့အပေါ် သိပ်မတက်တော့ဘူး။
တခါလည်း microwave က ထုတ်လာတဲ့ သူ့အစာကို အတင်းယူတယ်.. ပူပူ လို့ပြောတာ နားမထောင်ပဲ လှမ်းဆွဲတာ.. ခြေထောက်ပေါ်ဖိတ်သွားတယ်။ ကိုယ်လည်း ချက်ချင်း ရေဘုံဘိုင်ဖွင့်ပီးရေစိမ်လိုက်တယ်။ ပီးတော့ သနပ်ခါးလိမ်းပေးလိုက်တယ်။ တော်သေးတယ်။ သိပ်မများတော့ ဘာမှမဖြစ်ဘူး။ သူလဲ မှတ်သွားတယ်။ ပူပူဆို မကိုင်တော့ဘူး။
ဟိုးနေ့ကတော့ တစ်ရှူးတွေ ပါးစပ်ထဲ ထပ်ထည့်လို့ သူ့ကို ပြောလိုက်တယ်။ နောက်တခါ တစ်ရှူးစားရင် မေမေ မန်မန်လဲ ကျွေးဘူး ချို ချိုလဲ တိုက်ဖူး မုန့်မုန့်လည်းကျွေးဖူး သမီးမှတ်ထားနော်။သမီးက တစ်ရှူးစားချင်တာ တစ်ရှူးပဲ ကျွေးမယ်..ဟုတ်လား promise နော်သမီးဆိုပီး ပြောထားတာ အဲ့ဒီနေ့ကပဲ သမီးက တစ်ရှူးကြိုက်တာ တစ်ရှူးစားနော်.. မေမေ ဘာမှမကျွေးဘူးပြောတော့ သူ မှတ်ထားတယ် အတင်းပဲ တစ်ရှူးပေးလဲ မယူပဲ ချိုချိုလာစို့တယ်။ ဒီနေ့ သူတစ်ရှူးကိုင်တာနဲ့ ကိုယ်က သမီးနဲ့ မေမေ promise လုပ်ထားတယ်နော်..လို့ ပြောပီး မေမေ ဘာမှ ကျွေးတော့ဘူးနော်ပြောတာ .. တစ်ရှူးကို ချပီး တခြားကစားစရာကိုင်တယ်။
ဒီလိုပါပဲ တနေ့မှာ သမီးလေးကုတင်ပေါ်က ပြုတ်ကျပီထင်ခဲ့တာ.. သမီးက မေမေပြောတာကို သေချာ မှတ်ထားတယ်။ ကုတင်အစပ်ကနေ မီးဖိုခန်းက မအေကို ငိုပီး အော်ခေါ်နေတာ... ။ သမီးလေးကို ကုတင်အစပ်ကနေ သမီး မေမေ မရှိတဲ့အခါ ဒီအထိပဲလာနော် ရှေ့တိုးရင် သမီးပြုတ်ကျမှာ ပြုတ်ကျရင် နာနာ ဖြစ်မှာ နာနာဖြစ်ရင် ဆရာဝန်ကြီးက ဆေးထိုးမှာနော်လို့ ပြောထားတာ... တကယ်နားထောင်တာလား ဘာလားတော့မသိဘူး။ လူကြိးမရှိရင် အဲဒီအနားမသွားဘူး။
တခါကလဲ တမင်းစားတုန်း လက်ကိုပုတ်လိုက်တာ... ထမင်းတွေအကုန်နီးပါးဖိတ်ကုန်ရော... ဒါနဲ့ သမီးကို မေမေ ပြောတယ်..မလုပ်နဲ့ဆိုတာ လုပ်တတယ်..ဖိတ်ကုန်ပီ။ အိုကေ..သမီးက ဒီလိုလုပ်ချင်တယ်မို့လား... ကိုင်..ရော့.သမီးကြိုက်သလာက်ကိုင်ဆိုပီး သူ့ကို ကျန်နေတဲ့ ပန်းကန်က ထမင်းတွေ ဆက်ကိုင်ခိုင်းလိုက်တယ်။ သူကလဲ ကိုင်တယ်။အပီ။ သူကိုင်နေချိန်မှာ ကိုယ်က အောက်က ပေနေတာတွေ သုတ်သင်ပေါ့။ ကိုယ်ရှင်းလို့လဲ ပီးရော.. သမီး...သမီးက အဲလို ကိုင်ရတာ ကြိုက်လား... ကြိုက်တယ်ပေါ့..ဟုတ်လား..။ မေမေက ညစ်ပတ်ရင် မချီဘူးနော်..။ သမီး မေမေ့နားလာမကပ်နဲ့လဲ ပြောလိုက်ရော သမီးက အဲ့ကျမှ ငိုတာ..သူငိုပေမဲ့ ကိုယ်မကိုင်ဘူး။ သူ့ကိုပဲ သန့်ရှင်းရေးလုပ်ပေးတယ်။ သူက ကိုယ့်ကိုချီခိုင်းပေမဲ့ ကိုယ်က တော့..သမီးတကိုယ်လုံး ညစ်ပတ်နေတာ မေမေ မချီနိုင်ဘူး။ မေမေက ညစ်ပတ်ရင်မချီဘူးဆိုပီး တကယ့်ကိုမချီဘူး။ သြော်.. ဘာပြောကောင်းမလဲ ပထတော့ ဒေါသထွက်တာပေါ့။ ဒါမဲ့ သမီးကို ကိုယ်ဒေါသထွက်ကြောင်း ဘယ်တုန်းကမှ မပြခဲ့ဘူး။ ဒေါသကို သိမ်းပီး အဲလို လုပ်ပေးလိုက်တဲ့အခါ သူ့အသိထဲမှာ ဒါ သူ့မေမေမကြိုက်ဘူး ဆိုတာ သိသွားတာပေါ့...။ မှတ်သွားတယ်..နောက်အဲလို ဖိတ်အောင်မလုပ်တော့ဘူး။
သမီးက အခုဆို walker ထဲ မနေချင်ဘူး။ မအေရေချိုးရင် ပါချင်တယ်။ တခါတလေ သူ့ကို အတင်းထားရတယ်။ တခါတခါ သူက မ၀င်ချင်တော့ ခြေကို ကုပ်ထားတာရယ်။ အဲလိုထားတဲ့အခါ ကျရငိ သိပ်ရီရတာပဲ။ သူပါ ရေချိုးချင်တော့ သူ့အကျီကို သူ့ဘာသာသူ ချွတ်တယ်ပေါ့..။ တခါတလေ အကျီလက်တဖက်ကျွတ်လို့ တခါတလေတော့ ကြယ်သီး ၁လုံး၁လေ ကျွတ်တယ်ပေါ့...။ သူရေချိုးတဲ့ သူ့ဇလုံနဲ့ ရေမချိုးတာ ၅လခွဲ လောက်ထဲကပဲ။ ရေချိုးလဲ မငြိမ်တော့ သိပ်သတိထားရတာပဲ။ တူတူရေချိုးတိုင်း မအေ ဆီက ချိုချိုကိုပဲ လိုက်ဆွဲနေတာ..များ ရေချိုးနေရင်းနဲ့ကို စို့ချင်တာ။
ခုဆို သမီးက တူဆိုရင် လိုက်ရှာတတ်နေပီ။ မျက်လုံးကွယ်ထားရင် ကွယ်ထားတာကို လိုက်ဖယ်တတ်နေပီ။ သူ့ဖေဖေ ရုံးကပြန်လာရင် ခြေလက်ဆေးတဲ့အခါ အနောက်က တကောက်ကောက် လိုက်တတ်နေပီ။ သူ့အဖေ အလုပ်သွားခါနီး ဆို တခါတလေ အတင်းကုန်းရုန်းထပီး လိုက်နုတ်ဆက်တတ်သေးတာ။
သမီးလေး...အကြောင်းတွေ... ရေးနေရင်း မအေ အလစ်ချောင်းပီး ရေချိုးခန်းထဲ ၀င်ချင်လို့ ချောင်းနေလေရဲ့...ဒီနေ့တော့... ဒီလောက်နဲ့ နားလိုက်ပါဦးမည်။

Wednesday, April 30, 2014
ကလေးငယ်အား အစာကျွေးခြင်း
ဒီမှာကတော့ ကလေးငယ် ၃လပြည့်အပီး ၄လအတွင်းမှာ မြို့နယ်ကျန်းမာရေးဌာနှာ ကလေးအစာကျွေးခြင်း အစားအစာပြုလုပ်ပုံကို လက်တွေ့သင်ကြားပြသပေးပါတယ်။ အဲ့ဒီသင်တန်းက အခမဲ့ပါ.။
ကလေးအစာကျွေးနိုင်တဲ့ လကတော့ ၄လကနေစကျွေးလို့ ရပါတယ်။ ဒါပေမဲ့ ၆လမှ စပီးကျွေးတာ အလာဂျီဖြစ်နိုင်ခြေနဲပီး ကလေးရဲ့ အစာချက်နိုင်စွမ်းရည်အားကောင်းလို့ပါတဲ့။
ကလေးတွေကို ပထမဆုံးအကြိမ်အဖြစ် အစာ စကျွေးတော့မယ်ဆိုရင် ဒီမှာ သတ်မှတ်ထားတဲ့ ပထမဆုံးစည်းကမ်းလေးကတော့ ပထမလမှာ နေ့လည်စာ ၁ကြိမ်ပဲ ကျွေးရမှာပါ။ ဂျပန်တွေကတော့ အချိန်သတ်မှတ်ပေးထားပါတယ်။
မနက်၆နာရီမှာ နို့တိုက် ၁၁ နာရီမှာအစာကျွေး နို့တိုက် ၂နာရီမှာနို့တိုက် ၆နာရီမှာ နို့တိုက် ၁၀နာရီမှာတိုက် ဒါကတော့ အချိန်ဖြစ်ပီးတော့ အောက်ကဇယားကတော့ စကျွေးရတဲ့အစာဖြစ်ပါတယ်။ အစာနဲ့မိတ်ဆက်တဲ့အခါ နဲနဲစီစမ်းကျွေးပီး ၃ရက်မြောက်တဲ့နေ့မှ အခြားအစာကိုစကျွေးပါ။ ဇယားမှာလဲပြထားပါတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့ ကလေးမှာ အလာဂျီဖြစ်ခဲ့ရင် ဘယ်အစာကဖြစ်လဲဆိုတာ အလွယ်တကူသိနိုင်လို့ပါပဲ။
အောက်ကဇယားက ကလေးကျွေးတဲ့ဇွန်းကိုပြောတာပါ။ ကလေးဇွန်းဆိုတာ တီးစပွန်းလောက်ဆိုဒ်ပေါ့။ ကလေးဇွန်းကို ဆီလီကွန်တို့ မယ်လမင်းတို့ အဲလိုဟာတွေ သုံးပါ။ စတီးနဲ့သုံးရင် ကလေးကို ထိခိုက်မဆိုးလို့ပါ။
ကလေးကို ၁နှစ်အထိ သကြားနဲ့ ဆားမသုံးပါနဲ့လို့ပြောထားပါတယ်။ ထောပတ်တို့ မာဂျရင်းတို့တော့ အနဲငယ် သုံးလို့ရပါတယ်။ မရိုးနိစ်ကိုတော့ ၉လမှစတင်သုံးသင့်ပါတယ်။ ပုစွန် ခရု ဂဏန်းတို့ကိုတော့ ၉လကျော်မှ ကျွေးသင့်ပါတယ်။ ဘဲဥကြက်ဥဆိုလည်း အကာကိုဖယ်ပီးအနှစ်ကိုသာ ၉လအထိ ကျွေးသင့်ပါတယ်။ ဘဲဥ ကြက်ဥအလာဂျီဖြစ်တတ်လို့ပါ။ ချိစ်လဲကျွေးလို့ရပါတယ်။
ကြက်သားကိုတော့ အဆီမပါ အရိုးပါတဲ့ ဂျိုင်းအောက်က ရင်ပုံနားကအသားထင်ပါတယ် အဲ့ဒါကိုကျွေးလို့ရပါတယ်။ ကြက်အသဲလဲ ကျွေးလို့ရပါတယ်။
အသီးအနေနဲ့တော့ ပန်းသီး ငှက်ပျောသီးပေါ့။ လိမ္မော်သီးက ၀မ်းပျက်တတ်လို့ပါတဲ့။
ဒါကတော့ ပထမဆုံး ကလေးကို အစာနဲ့စတင်မိတ်ဆက်ပေးတဲ့ အခါ မဖြစ်မနေသုံးဖို့ တိုက်တွန်းထားတဲ့ ကိုယ်တို့မြို့နယ်က ဇယားပါ။
သမီးလေးကို အစာစကျွေးတော့ စာအုပ်ကြီးအတိုင်း အချိန်ကန့်သတ်ပီး ကျွေးမိပါတယ်။ ဟားဟားလို့သာ အော်ရယ်လိုက်ပါ...လုံးဝ မရပါဘူး။ ဟိ...
ဒါနဲ့ စာအုပ်ကနေသွေဖယ်ပီး ကျွေးမှပဲ အဆင်ပြေပါတော့တယ်။ နာ့စ်မကပြောတာကတော့ ကလေးတယောက်နဲ့တယောက် မတူဘူး... အဆင်ပြေသလိုသာ လုပ်ပါတဲ့..။ အိပ်ယာက ထထချင်း ကျွေးလို့မရပါဘူး.. ၁၅ မိနစ်ကနေ နာရီဝက်အထိ ကစားပီးမှ ကျွေးတာ ပိုအဆင်ပြေပါတယ်။
သမီးကို ဒီမှာရှိတဲ့ သူ့အရွယ်အလိုက် စားလို့ရတဲ့ desert တို့ snack တို့လည်း ကျွေးပါတယ်။ juice လဲ တိုက်ပါတယ်။ သမီးသိပ်ကြိုက်ပါတယ်။ အများကြီးတော့ မကျွေးဘူးပေါ့...။ ဆရာမက ကြိုက်တယ်...ဘာကျွေးကျွေး...အကုန်စားပဲ။ သူက ကိုယ်တိုင်လက်ကကိုင်ပီးစား တာ ကြိုက်တော့ chese stick တို့ အခြား ငါးမုန့်အချောင်းလေးတွေ ကို ၀ယ်ကျွေးပါတယ်။ ဘီစကစ်ကတော့ အရုပ်ကလေးတွေပေါ့။ ဒီမှာကတော့ ၅ လ..၆လ ကနေစပီး ကျွေးလို့ရတဲ့ မုန့် ကို သူ့ လအလိုက် ရောင်းတော့ စိတ်ပူစရာ မလိုဘူးပေါ့...။

လရက်
|
1-3
|
4-6
|
7-9
|
10-12
|
13-15
|
16-18
|
19-21
|
22-24
|
25—
27
|
28-
30
|
31-
|
ဆန်ပြုတ်
|
၁ဇွန်း
|
၂ဇွန်း
|
၃ဇွန်း
|
၅-၆
ဇွန်း
|
၅-၆
ဇွန်း
| ||||||
အာလူး
|
၁ဇွန်း
|
၂
ဇွန်း
|
၃ဇွန်း
|
၃-၎
ဇွန်း
|
၃-၎
ဇွန်း
| ||||||
မုန်လာဥနီ
|
၁ဇွန်း
|
၂
ဇွန်း
|
၃
ဇွန်း
|
၎
ဇွန်း
| |||||||
ဟင်းနု
နွယ်
|
၁
ဇွန်း
|
၂
ဇွန်း
|
၃
ဇွန်း
|
၎ဇွန်း
| |||||||
အဖြု
ရောင်ငါး
|
၁ဇွန်း
|
၂ဇွန်း
|
သမီးလေးကို အစာစကျွေးတော့ စာအုပ်ကြီးအတိုင်း အချိန်ကန့်သတ်ပီး ကျွေးမိပါတယ်။ ဟားဟားလို့သာ အော်ရယ်လိုက်ပါ...လုံးဝ မရပါဘူး။ ဟိ...
ဒါနဲ့ စာအုပ်ကနေသွေဖယ်ပီး ကျွေးမှပဲ အဆင်ပြေပါတော့တယ်။ နာ့စ်မကပြောတာကတော့ ကလေးတယောက်နဲ့တယောက် မတူဘူး... အဆင်ပြေသလိုသာ လုပ်ပါတဲ့..။ အိပ်ယာက ထထချင်း ကျွေးလို့မရပါဘူး.. ၁၅ မိနစ်ကနေ နာရီဝက်အထိ ကစားပီးမှ ကျွေးတာ ပိုအဆင်ပြေပါတယ်။
သမီးကို ဒီမှာရှိတဲ့ သူ့အရွယ်အလိုက် စားလို့ရတဲ့ desert တို့ snack တို့လည်း ကျွေးပါတယ်။ juice လဲ တိုက်ပါတယ်။ သမီးသိပ်ကြိုက်ပါတယ်။ အများကြီးတော့ မကျွေးဘူးပေါ့...။ ဆရာမက ကြိုက်တယ်...ဘာကျွေးကျွေး...အကုန်စားပဲ။ သူက ကိုယ်တိုင်လက်ကကိုင်ပီးစား တာ ကြိုက်တော့ chese stick တို့ အခြား ငါးမုန့်အချောင်းလေးတွေ ကို ၀ယ်ကျွေးပါတယ်။ ဘီစကစ်ကတော့ အရုပ်ကလေးတွေပေါ့။ ဒီမှာကတော့ ၅ လ..၆လ ကနေစပီး ကျွေးလို့ရတဲ့ မုန့် ကို သူ့ လအလိုက် ရောင်းတော့ စိတ်ပူစရာ မလိုဘူးပေါ့...။
Friday, April 4, 2014
သမီးလေးရဲ့ တိုးတက်မှု ၎
သူ ၅လမှာ ဘေဘီဝေါ့လ်ကာထဲချလို့ရပေမဲ့ သိပ်မကြိုက်ဘူး။ ဟော.. ၆လတင်းတင်းလဲပြည့်ရော..ဆရာမက ဝေါ့လ်ကာထဲကနေ လျှောက်တာမှ ဂျောင်းဂျောင်းနဲ့ပဲ။ အစာလဲစကျွေးပီဆိုတော့ လူကလည်းထွားလာပီ။ တဖြည်းဖြည်းနဲ့ ထိုင်တာပါ စိတ်ချလာရပီ။ ၇လပြည့်တဲ့နေ့မှာပဲ လေးဘက်ထောက်ချင်စပြုလာပီ။ ထိုင်ရက်ကနေ သူလိုချင်တဲ့ ပစ္စည်း အမှန်က သူနဲ့လက်လှမ်းမမှီတဲ့နေရာက ပစ္စည်းကို လှမ်းယူနိုင်နေပီ။ ထိုင်တယ်...ဆွဲတယ် မရရင် လက်ထောက်တယ် ဖင်ကုန်းတယ် သွားမရတော့ မှောက်ရက်ဖြစ်တယ်။ ခါတိုင်းမှောက်တာမကြိုက်တဲ့ သမီးက သူ့ဟာသူမှောက်ဖြစ်သွားတာကို မအော်ဘူး ။ မှောက်ရာက ပြန်ထတယ် ထိုင်တယ် တခါတလေ လဲတယ်။ လဲတာ ပက်လက်လှန်သွားလို့ မထနိုင်ဖြစ်မှ ကိုယ်ကထူပေးတယ်။ ဒါတောင် နာစရာမရှိရင် ကိုယ်က ရင်ထဲက စိုးရိမ်တာကို ဟန်လုပ်ပီး ပြုံးပြုံးလေးကြည့်လိုက်တယ်။ သမီး..မနာဘူးနော်...မငိုနဲ့..သမီးဖာသာ ဖြစ်တာနော်လို့ပြောရင်း ထူပေးတယ်။ တခါတလေ ကစားစရာနဲ့ ထိရိုက်မိသွားရင် နာတဲ့အခါတွေလဲရှိတာပေါ့..။ နာတယ်ဆိုရင် ကိုယ်က သမီး..မငိုနဲ့နော်..မေမေ ဥုံဖွလေး လုပ်ပေးမယ်ဆိုပီး လုပ်ပေးလိုက်တယ်။ ကံကောင်းစွာပဲ သမီးက ငိုကြောသိပ်မရှည်တတ်ဘူး။
သမီးလေးက ရှေ့တိုးတာ နောက်ပဲရောက်ရောက်သွားတယ်။ သမီးက မှောက်ရက်ကနေ တွားသွားတာလည်း မလုပ်တတ်ဘူး။ မှောက်ရာကနေ လှိမ့်ထွက်တာလဲ မလုပ်ခဲ့ဘူး။ သမီးက အခု ကိုင်ပီး သူ့ဟာသူ မတ်တပ်တော်တော်ရပ်နိုင်နေပီ။ အရင် ၄လသမီးလောက်ထဲက မအေ အကူအညီနဲ့ ရပ်ပီး ခုန်ဆွခုန်ဆွ နဲ့ သူသွားချင်တဲ့နေရာကို သွားတတ်တဲ့ သမီးလေးဟာ ဒီပုံအတိုင်းဆို သိပ်မကြာခင် လမ်းလျှောက်တတ်မယ်ထင်ပါတယ်။ ကိုယ်ကတော့ တိတ်တိတ်လေးဆုတောင်းနေမိတာက ကိုယ်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာ သမီးလေး လမ်းလျှောက်နိုင်ပါစေလို့.... အိုး..တွေးရင်းနဲ့တောင် ရင်ခုန်ပျော်မြူးမိနေသေးပါရဲ့...။ သမီးလေး မတ်တပ်ထပီး လမ်းလျှောက်ချင်တဲ့အခါ ကိုယ်က သမီးလေးကို သမီးရေ... ဒီဘက်ခြေလေးကိုလှမ်းပီးရင် ဟိုဖက်ခြေလှမ်းဆိုပီး သမီးကို သင်ပေးတဲ့အခါ တခါတလေ သမီးလမ်းလျှောက်ဖြစ်တိုင်း အဲဒီလိုလေး လှမ်းလေရဲ့...။
ဒီလိုပဲ လေးဘက်ထောက်စပြုနေတဲ့သမီးလေးကို ကိုယ်က သမီးလေး.. ဒီမှာကြည့် တွေ့လား.. ဒီလိုလေးဘက်ထောက်ပီး ဒီလက် ကလေးရှေ့တိုး ဒီခြေထောက်ကလေးတိုး ပီးရင် ဒီဖက်လက်ကိုတိုး ဒီခြေထောက်ကို တိုး..ဒါဆိုသမီးလုပ်တတ်ပီလို့ပြောပီး..သင်ပေးပါတယ်။ ဒီလိုနဲ့ သမီးလေး... သိပ်မသွက်သေးပေမဲ့ မနေ့က စပီး ခပ်ဝေးဝေးထိ သူ့ကိုယ်ကိုထိန်းပီး သွားတတ်ပါတယ်။ သမီး ၇လနဲ့ ၈ ရက်မြောက်နေ့မှာ လေးဘက်ထောက်နိုင်ပီ။ သမီးလေးက ချော်လဲမှာဆိုးလို့ သူ့ကိုယ်သူထိန်းပီး သွားတာကလည်း ပြုံးချင်စရာလေးပါ။
သွားလည်းမပေါက်သေးဘူးဆိုပီး..စိုးရိမ်နေတာ... အခုတော့ သမီးသွားလေးတွေ ထွက်စပြုနေပီ။
သူရဲ့အောင်မြင်မှုတိုင်းမှာ ဘေးကနေ လက်ခုပ်တီးပီး အားပေးတဲ့အခါ။ သိပ်တော်တာပဲလို့ပြောပေးတဲ့အခါ ၊ သိပ်လိမ္မာတာပဲလို့ပြောတဲ့အခါတွေမှာ သမီးလေးဟာ သိပ်ကိုကျေနပ်ပျော်ရွှင်နေတတ်တာ မေမေ သတိထားမိလေရဲ့။
အခုဆို ရာသီဥတုက လည်းသာယာလာပီဆိုတော့ ဈေးဝယ်ထွက်ရတာ သိပ်အဆင်ပြေလာပီပေါ့။ သမီးလေးက များသောအားဖြင့် ပြုံးရယ်နေတာများပါတယ်။ ကိုယ်ကလည်း ငပြောင်ဆိုတော့ သမီးအတွက် အမြဲလို ခိုးခိုးခစ်ခစ် ရီစရာတွေ ဖြစ်နေသလား မသိပါဘူး။ သမီး အဲလို အသံထွက်ပီး ရယ်တဲ့အခါပဲဖြစ်ဖြစ် အသံမထွက်ပဲရယ်တဲ့ အခါပဲဖြစ်ဖြစ် မေမေကတော့ အမောပြေတာ အမှန်ပဲ သမီးလေးရေ..။ ဖေဖေကလဲ အမောပြေသတဲ့။
သမီးလေးက လေးဘက်ထောက်ပီး သူသွားချင်ရာသွားတာ မေမေ သိပ်မပင်ပန်းပေမဲ့ ဟိုဟာဆွဲပီးရပ် ဒီဟာဆွဲပီးရပ်တာ ပြုတ်ကျမှာစိုးရိမ်လို့ မေမေတော့သိပ်ပင်ပန်းတယ်။ အခုဆိုသမီးက လေးဘက်ထောက်တာထက်ကို ထတာပိုအားသန်တယ်။ ထတယ် ထပီးလက်၂ဖက်လွှတ်ပီးထိန်းကြည့်တယ်။ လဲတယ်။ အဲဒါကိုပဲ သူ့မှာ မမောနိုင်မပန်းနိုင် ထပ်ခါထပ်ခါလုပ်တယ်။ အရှုံးမပေးဘူး။ မေမေ့ကိုလဲ အကူအညီမတောင်းဘူး။ မေမေက ခုထဲက သမီးကို
ကိုယ့်အားကိုယ်ကိုးဖို့ သင်ပေးနေတာ သမီးရေ..။ ဒါကြောင့် သမီးလေးက တော်ရုံတန်ရုံ နာတာလောက်ကို မငိုတတ်တော့ဘူး။ သူထိသွားရင် မအေကို လှမ်းကြည့်တယ်။ မအေက စိုးရိမ်စိတ်ကို ဖုံးပီးဖာသိဖာသာနေတော့ သူက ပြုံးတောင်ပြလိုက်သေးတယ်။
သူတခုခု အမှားလုပ်လိုက်ပီဆို မျက်လုံးလှန်ကြည့်တာကလဲ လူကြီးလေးအတိုင်းပဲ.။ သမီးလေးရေ... သိပ်ချစ်တယ်...မေမေ နမ်းမ၀ဘူး။ ဖေဖေကလည်း ချစ်မ၀ဘူး။
သမီးလေးနဲ့ အပြင်သွားရင် သမီးလေးအိပ်နေတဲ့အခါ ရှည်ပီးကော့စင်းနေတဲ့ မျက်တောင်လေးတွေရယ် သေးသွယ်ပီး ခုံးခုံးတန်းတန်းလေးဖြစ်နေတဲ့ မျက်ခုံးကလေးတွေရယ်ကြောင့် တွေ့တဲ့သူတိုင်းက..ဟယ် အရုပ်ကလေးအတိုင်းပဲ လို့ပြောကြရင် မေမေ့မှာကျေနပ်လိုပေါ့ သမီးရယ်။ တခါတလေ သမီးနိုးတဲ့အခါကျတော့ သမီးလေးရဲ့ လှပတဲ့ မျက်လုံးဝိုင်းလေးရယ်ကြောင့် သမီးကို စကားလာပြောကြပြန်ရော.. အဲ့အခါကျတော့ တခါတလေ သမီးက ပြန်ရယ်ပြတော့...အို..ချစ်စရာကောင်းလိုက်တာ ချစ်စရာလေးဆိုပီး ပြောကြပြန်ရော... သီးလေးက သူတို့တွေကို ဟိုဟာလှမ်းဆွဲ ဒီဟာလှမ်းဆွဲပြန်တော့ သမီးလေးရဲ့ လက်ချောင်းရှည်ရှည်လေးတွေ မြင်ပြန်တော့ အံ့သြကြပြန်ရော.. သမီးလေးရေ..သမီးလေးက မေမေနဲ့ဖေဖေရဲ့ အလှတွေအကောင်းတွေ အကုန်ရထားတော့ သမီးလေးက ချောချောလေးဖြစ်နေတာပေါ့..။ ဖေဖေကတော့ မေမေ့ကိုပြောတယ်.. ဆုတောင်းပြည့်သတဲ့..။ ဒါပေမဲ့ သမီးရဲ့နုတ်ခမ်းကို စူစူထားတာ..မေမေ့အကျင့်ကိုယူထားတာတော့ မေမေက သိပ်မကြိုက်ချင်ဘူး...အချစ်ကလေးရေ..
Sunday, March 2, 2014
ကိုယ်ဝန်ဆောင် အတွေ့အကြုံ သင်တန်းများနှင့်ဆေးရုံတက်ခြင်း အတွေ့အကြုံ
ကိုယ်ဝန်ဆောင်နေချိန်မှာ ဒီမှာစစ်ဆေးနည်း အဆင့်ဆင့်က မှန်တာပြောရရင် ဘာတွေစစ်နေမှန်းတော့သိဘူး။ ဟီးဟီး.. သူတို့ လုပ်ခိုင်းသမျှ လုပ်လိုက်တာကြီးပါပဲ..။
ကိုယ်ဝန်ရှိစကနေ ၄လ အထိ ၁လ၁ကြိမ် စစ်ပါတယ်။ပထမဆုံးလမှာ ဆီး..သွေးနဲ့ အတော်များများစစ်ပါတယ်။ ၁လ ၁ခါကတော့ ဆီးအမြဲစစ်ပါတယ်။ ၅လနဲ့ ၇လမှာ တခါ ဆီးအပြင် သွေး၎ခါဖောက်စစ်ပါတယ်။ ကိုယ်ဝန် ၄လကျော်ပီဆိုတာနဲ့ ၁လတခါကနေ ၂ပတ်၁ခါ စစ်ဆေးမှု လုပ်ပါတယ်။ ၇ လကျော်တာနဲ့ ၁ပတ် ၁ခါ စစ်ဆေးပါတယ်။ ကိုယ်ဝန် ၃၅ ပတ်ကနေစပီး ကလေးရဲ့ နှလုံးခုန်နှုန်းကို ၁ပတ်၁ခါ နာရီဝက် တိုင်းပါတယ်။ ကလေးလှုပ်ရှားမှုကို ကြည့်တာပါ။ ကိုယ်ဝန်ဆောင်တယောက်ဟာ ၃၇ ပတ်ကျော်ရင် မွေးဖွားဖို့ အဆင်သင့်ဖြစ်နေပါပီ။ အပတ်၄၀ ဆိုရင်တော့ ပိုကောင်း တာပေါ့ နော်။ သမီးကို ၃၈ပတ်ကျော်မှာ မွေးပါတယ်။
ကိုယ်ဝန် ၅လ အချိန်မှာ စစ်ဆေးမှူကြောင့် ကိုယ်ဟာ ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်သွားပါတယ်။ ဒါကြောင့် အစားအသောက်ကို ညှိထိန်းပီးစားရပါတယ်။ အစားအသောက်နဲ့ ကယ်လိုရီထိန်းနည်း သေချာသင်ပေးပါတယ်။ ငှက်ပျောသီး အလွန်စားတဲ့ အကျိုးကြောင့် ဆီးချိုဖြစ်သွားသလို အချိုရည်သောက်သုံးခြင်းကြောင့်လိုဆိုပါတယ်။ အဆီ မစားပဲ အကင်နဲ့အပြုတ် အပြင် မျှတအောင်အစုံစားလိုက်တဲ့အခါမှာ ကိုယ်အလေးချိန်ဟာ သိသိသာသာကျသွားပါတယ်။ ကိုယ်ဝန်ဆောင်ပီ ဆိုလျှင် ၇ ကနေ ၁၀ ကီလိုထိ တက်ပေမဲ့ ဒီမှာ ၇ အထိပဲ တက်ခိုင်းပါတယ်။ ဆရာဝန်တွေက အလေးချိန် သိပ်တက်တာမကြိုက်ပါဘူး.။
ဒီမှာ တက်သမျှ သင်တန်းတွေထဲမှာ မြို့နယ်က လုပ်ပေးတဲ့ အခမဲ့သင်တန်း တွေမှာ အစားစားပုံကိုပါ သင်ပေးပါတယ်။ အချိန်မှန် အစာစားခြင်းဟာလည်း ဆီးချိုကို ထိန်းပေးပါတယ်။ ကိုယ်ဝန်ဆောင်ပီဆိုတာနဲ့ လူတွေက ထင်နေတာ ၂ယောက်စာ စားဖို့ပါပဲတဲ့။ ဒါက အရင်က ခေတ်အောက်တဲ့ အတွေးအမြင်တွေပါ။ ခေတ်သစ်မှာ ဥရောပအနောက်နိုင်ငံ တွေနဲ့ အမေရိကန်အပါအ၀င် ဂျပန်နိုင်ငံမှာပါ ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ သူနေ့စဉ်စားသုံးနေတာထက် ပိုပီး ဘာမှစားစရာမလိုပါဘူးလို့ ဆိုကြပါတယ်။ အထဲက ကလေးဟာ မိခင်ဆီမှာရှိတဲ့ အသွေးအသားတွေထဲက စုတ်ယူစားသုံးနေနိုင်လို့ပါပဲတဲ့။ ဒါကြောင့် ကိုယ့်ကလေးဟာ ကိုယ်အစားထိန်းလိုက်ပေမဲ့ ၃၂၀၆ ဂရမ်ရှိပါတယ်။ ကိုယ်ကတော့ သူ့ကြောင့် သွေးအားနည်းသွားပါတယ်။ ကိုယ်စားရတဲ့ အစာက မနက်စာ ပုံမှန်စားပါတယ်။ မနက်စာကို နွားနို့ ဒါမှမဟုတ် ဒိန်ချဉ် ဒါမှမဟုတ် ထမင်းနဲနဲ ဒါမှမဟုတ် ပေါင်မုန့်၂ချပ်ပါ။ မလိုင်၁လုံးပေါ့။ချိစ်လဲ ၂ပြားလောက်စားလို့ရပါတယ်။ ထောပတ်နဲ့ မယိုးနိစ် ပေးမစားပါဘူး။ မယိုးနီးစ်မှာပါတဲ့ ကီလိုရီဟာ အစားအရာတွေစားတာထက် ကီလိုရီများပါတယ်။ အသီးစားချင်ရင် ငှက်ပျောသီးတခြမ်း ဖရဲသီးတစိတ် စတော်ဘယ်ရီ၃-၄ လုံး ပေါ့။ တကြိမ်မှာ အကုန်မဟုတ်ဘူးပေါ့နော်။ ကီလိုရီတွက်ပီး စားရတာပါ တနေ့ကို ကီလိုရီ ၁၅၀၀ ထိပဲ စားခိုင်းတာပါ။ ထမင်းဆိုလည်း အများကြီး မစားခိုင်းပါဘူး။ အကြော်တွေမစားခိုင်းပါဘူး။ ဒါက စားသောက်ခြင်းဆိုင်ရာ အတွေ့အကြုံပါ။
အခြားသင်တန်းကတော့ မြို့နယ်နဲ့ဆေးရုံမှာ အမျိုးသားနဲ့တူတူတက်ရတာကတော့ ဗိုက်နာချိန်မှာ နေပုံထိုင်ပုံနဲ့ နှိပ်နယ်နည်းတွေပါပဲ။ဆေးရုံမှာ တက်ရတာကတော့ ပိုက်ပိုက်ပေးရပါတယ်။
အဲဒီ သင်တန်းမှာကတော့ ဘာတွေ သင်လဲဆိုတော့... ဗိုက်ဘယ်လိုပုံ နာတယ်ဆိုတာကနေစပါတယ်။ ဗွီဒီယိုနဲ့လဲရှင်းပါတယ်။ ဗိုက်နာတာစိတ်ပီး ၁၀ မိနစ်ဆက်တိုက်စိတ်စိတ်နာမှဆေးရုံက လာခဲ့ဖို့ လက်ခံပါတယ်။ နာလိုက်ပျောက်လိုက်ဆို မမွေးနိုင်သေးဘူးလို့ ဆိုပါတယ်။ ဗိုက်နာချိန်မှာ အသက်ရှူနည်း က အရမ်းအရေးကြီးပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် ရှုပီး ဖူးဆို အသက်ရှူထုတ်ရတာပါ။ ဗိုက်နာချိန်မှာ relax အနေအထားဖြစ်ဖို့. ကိုယ်သက်သာသလိုနေခိုင်းတာပါ။ တယောက်နဲ့တယောက် သက်သာစေတဲ့ ပုံစံက တူမှာ မဟုတ်ပါဘူး။ အဲလိုနာချိန်မှာ ခင်ပွန်းက နှိပ်နယ် ပြုစုပေးတာ ယပ်ခပ်ပေးတာ ရေတိုက်တာ အစရှိသဖြင့် ဘေးကနေ အားပေးကူညီဖို့အတွက် သင်တန်းပေးတာပါ။ ဗိုက်နာပုံ ကလေးမွေးပုံ ကလေးခေါင်းဘယ်လိုစတိုးပုံ ခေါင်းထွက်ပီဆိုတာနဲ့ ကိုယ်ကို ဘယ်လိုလှည့်ပီးထုတ်ပုံ အစရှိတာတွေကို ရုပ်ပုံအပြင် မိန်းမကိုယ်ထဲကလေးထည့်ပီးပြတာပါ။ နာမယ်ဆိုတာသိပေမဲ့ အဲဒီအနာကလွန်ရင် ချစ်စရာကောင်းတဲ့ ကလေးလေးကို တွေ့ခွင့်ရမယ်ဆိုတဲ့အတွေးနဲ့ မွေးပါလို့ဆိုပါတယ်။ အဲဒီသင်တန်းကတော့ ကိုယ်ဝန် ၃၅ ပတ်ကျော်မှ တက်ရတာပါ။
ဒီမှာက ဗိုက်နာချိန်မှာ အရေးပေါ်ကား ခေါ်ခွင့်မရှိပါဘူး။
ဆေးရုံမတက်ခင် ဆေးရုံတက်ဖို့ အဆင်သင့်ပြင်ထားရမဲ့ ပစ္စည်းတွေကို နာ့စ်မတွေက ကိုယ်ဝန်၃၅ ပတ်မှ စပြောပါပီ။ မှန်တာပြောရရင် တခါမှ မမြင်ဖူးတဲ့ပစ္စည်းများပါ။ နာ့စ်မက ပစ္စည်းနမူနာတွေပါ ပြပေးပါတယ်။
ဥပမာ..ကပ်ခွါဘောင်းဘီ..တို့ ရာသီလာရင်ခံတဲ့ဟာ အထူအကြီးစား (၁တောင်လောက်ရှိတာ)တို့ အလတ် အသေးတို့ပေါ့.နောက်ပီး မွေးရင်ဝတ်တဲ့ ဒူးလောက်ရှည်တဲ့ ရင်ခွဲထားတဲ့အကျီံတို့ပေါ့။ မြင်ဖို့မပြောနဲ့ ကြားတောင်မကြားဖူးပါဘူး။ သူတို့ပြောမှ ကမန်းကတန်းပြေးဝယ်ရတဲ့ ပစ္စည်းတွေပေါ့။ ကျန်တာကတော့ ကလေးအနှီး ကလေးဖင်သုတ်ပုဝါ နို့သုတ်ပုဝါ လူကြီးရေချိုးဖို့ တာဝါအသေးအကြီး ကိုယ်သုံးဖို့တစ်ရှူး လိပ် သွားပွတ်တံသွားတိုက်ဆေးပေါ့။ ဆေးရုံတက်လက်မှတ်တို့ကို တခါတည်းအိတ်ထဲအဆင်သင့်ပြင်ထားခိုင်းတာပါ။
ဆေးရုံမတက်ခင်မှာလဲ ဆေးရုံအခန်းအခြေအနေတွေကို ရှင်းပြပေးပါတယ်။ ဒါကဗိုက်နာခန်းပေါ့..အခန်းထဲမှာ ကုတင်၁လုံး စားပွဲ ကုလားထိုင်နဲ့ ဗိုက်နာထောက်ကူ ပစ္စည်းတွေ ရယ် ကလေးနှလုံးခုန်နှုန်းတိုင်းတဲ့ဟာရယ်ပါပါတယ်။ အဲဒိအခန်းကနေ သားအိမ် ၁၀ စင်တီပွင့်ပီဆို မွေးခန်းထဲကို ၀င်ခိုင်းပါတယ်။ မွေးခန်းထဲကိုပါ အမျိုးသား ခေါ်ခွင့်ရှိပါတယ်။ မွေးခန်းထဲက ကိရိယာတွေကို ပြပေးပါတယ်။ ပီးတော့ မွေးလာတဲ့ အခါ ကလေးကို ဘယ်လိုထားပါတယ်ဆိုတာပါ ရှင်းပြပေးပါတယ်။ ပီးတော့ မွေးပီးရင် နေရမဲ့အခန်းတွေ လိုက်ပြပေးတယ်။ အိမ်သာရေချိုးခန်းပါ လိုက်ပြပေးတာပေါ့။ ရေချိုးချိန်သတ်မှတ်ထားလို့ ချိုးချိန်မှာ ကိုယ့်ကုတင်နံပါတ်ရေးခိုင်းတာတွေကိုပါ ရှင်းပြပါတယ်။ အစားအသောက်ကိုလဲ ဘာမစားတာလဲမေးပါတယ်။ဒါတွေက ဆေးရုံမတက်ခင်မှာ ကြိုတင်ပြင်ဆင်တာတွေပါ။
တကယ် တန်း ကိုယ်ဗိုက်နာလာပါပီ... အိုးမိုင်ဒါလင်...နာ..နာ...နာ ပေါ့..။ ကို့ နာတယ်..အင့်ဟင့်ဟင့်... ဆို သူလဲ မနားတမ်း ကျောလေးကိုသပ် နှိပ်နယ်ပေးပေါ့။ နာလွန်းတာဟာ ပထမအဆင့်နာတာ ဒုတိယအဆင့်နာတဲ့အခါ ပထမဆင့်နာတာဟာ ဘာမှ မဟုတ်ပါဘူး။ သားအိမ်ပွင့်ဆေးလဲမပေးတဲ့အခါ ကိုယ်ဟာ ပြန်မစဉ်းစားချင်လောက်အောက်ကို နာလှပါတယ်။ အရပ်ကလဲ ပေမှီထောက်မှီ အင်တာနေရှယ်နယ် အာရှအရပ်ဆိုတော့...။ နေ့တွေညတွေ ပြောင်းပီး ၂ည၃ရက်ကြာတဲ့အခါမှာတော့ ရေမွှာပေါက်နေတာ ကြာပီဖြစ်တာကြောင့် နောက်ဆုံးခွဲလိုက်ရတာပါ။ ကိုယ်ဆေးရုံရောက်ရောက်ချင်းပါပဲ..ကိုယ်ပါလာတဲ့ အိတ်ထဲက အကျီတွေဘောင်းဘီတွေ ပက်တွေထုတ်ပီး နာ့စ်မက ကိုယ်တိုင်လဲပေးတာပါ။ မြန်မာပြည်က ကိုယ့်အတွက် အထူးအဆန်းပေါ့။ ထမင်းလာပို့တာလဲ နာ့စ်တွေပါပဲ။ ဗိုက်လေးလာနှီပ်ပေးတာလဲ နာ့စ်တွေပါပဲ။ အော်ဟစ်ဆူပူငေါက်ငန်းခြင်း လုံးဝမရှိပါဘူး။ အဲလို နာခန်းကလဲ အခန်းကန့်ထားတော့ အော်ချင်သလိုသာ အော်ပေတော့ပေါ့.. ချစ်ချစ်လဲ ကိုယ့်ညည်းသံကြားမှာ အရူးတပိုင်းပါပဲ။ နာပါတယ်ဆိုမှ သူက ရီစရာတွေ လာပြော ကိုယ်နာတာကို ဗီဒီယို ရိုက်ထားတာ မသိလိုက်ပါဘူး။ သမီးလေးကို ပြမလို့တဲ့။
ခွဲဖို့ ဆုံးဖြတ်လိုက်ချိန်မှာလည်း စနေမမွေးရေးအတွက် ချစ်ချစ်နဲ့ ဆရာဝန်တွေ အကျိတ်အနယ်ဆွေးနွေးရတာပါ။ နောက်ဆုံး သောကြာည ၉နာရီကျော်မှခွဲဖို့ အဆင်သင့်ဖြစ်နေပါပီ။ ခွဲခန်းထဲကိုပါ ချစ်ချစ်လိုက်လာပါတယ်။ ဆရာဝန်တွေနဲ့ မိတ်ဆက်ပေးပါတယ်။ ကိုယ့်ကိုခွဲ့မဲ့ဆရာဝန်ကိုယ်တိုင် ကိုယ့်ကိုတွန်းလှဲပေါ်တင်ပေးပါတယ်။ ဗိုက်နာခန်းက ပစ္စည်းတွေကို နာ့စ်က ဖိနပ်ကအစ သိမ်းပီး ခွဲပီးကိုယ်နေရမဲ့အခန်းဆီယူသွားပေးပါတယ်။ ခွဲခန်းထဲမှာ ခွဲစိတ်မဲ့ဆရာဝန် မေ့ဆေးဆရာဝန် အကူဆရာဝန်နဲ့ နာ့စ်၂ယောက်အပြင် ကလေးဆရာဝန်ပါ အဆင်သင့်ကြိုနေကြပါတယ်။ ကလေးထွက်လာရင် ကလေးသန့်ရှင်းရေးလုပ်ပီး အနွေးပေးတဲ့ကလေးရုံ အသေးထဲမှာ ကလေးဆရာဝန်က စောင့်နေပါတယ်။ မေ့ဆေးစပေးပါပီ... ပုဇွန်ထုပ်ကွေးခိုင်းပါတယ်။ ရင်ဗတ်ကနေ အောက်ပိုင်းအထိ ပေးတာပါ။ ထိုးပီးတာနဲ့ချက်ချင်း အောက်ပိုင်းတခုလုံး ထုံသွားပါတယ်။ ဘာမှမခံစားရတော့ပါဘူး။ ရေခဲတားတဲ့အထုပ်နဲ့ တကိုယ်လုံးကိုစမ်းပီး မေးတာပါ။ မျက်နှာနဲ့လည်ပင်းရင်ညွှန့်ကအေးတာကိုသိတာ။ မေ့ဆေးဆရာဝန်က လိုအပ်တဲ့ တနေရာစီကိုတိုင်းပီး မေးတာပါ။ ခွဲခန်းက နဲနဲပူနေတော့ ကိုယ်က ဆရာဝန်ကို ကျနော်က ပူရင် အသက်ရှူကြပ်တတ်တယ်.. အခန်းကပူတယ်လို့ပြောတော့.ကလေးထွက်လာရင် အေးလို့မရဘူးလို့ပြောပီး.. မပူပါနဲ့တဲ့ တခုခုဖြစ်တာနဲ့ ဒီမှာရှိတဲ့ အောက်ဆီဂျင်တို့ ဘာတို့ အသက်ကယ်တဲ့ စက်တွေ အများကြီးရှိပါတယ်တဲ့။ကလေးမွေးပီးမှ နဲနဲပြန်အေးပေးမယ်တဲ့။
ကိုယ့်ကို လည်ပင်းကစပီး အောက်ပိုင်းကို မမြင်ရအောင်ကာလိုက်ပါတယ်။ ကိုယ့် ခေါင်းဖက်မှာ မေ့ဆေးဆရာဝန်ကြီးက တချိန်လုံး ကိုယ်နဲ့စကားပြောပေးနေပါတယ်။ အိပ်ပျော်သွားမှာ ဆိုးလို့တဲ့။ မအိပ်ရဘူးဆိုပဲ။ ကိုယ့်အောက်ဖက်မှာ ဆရာဝန်တွေ ခွဲနေပါပီ။ ကိုယ်ပဲ မကြားလို့လား မသိပါဘူး။ စစချင်း သူတို့ အချင်းချင်း တူတူခွဲကြစို့ ဆိုတဲ့စကားကလွဲပီး ကျန်တာ ဘာမှမကြားရပါဘူး။ နောက် ကလေးထွက်ပီဆိုတာ ကြားရပီး ခနလေး ခလေးကို သန့်ရှင်းရေးလုပ်ပီးမှ ကြည့်နော်တဲ့ ။ ကလေးက ဖအေတူတဲ့။ ခွဲခန်းထဲဝင်တော့ ၉နာရီပါ။ သမီးလေးကို ၉နာရီ၃၅မိနစ်မှာ မွေးပါတယ်။ မွေးတာနဲ့ တခါတည်း နာရီမှတ်ပေးပါတယ်။ ခလေးကိုသန့်စင်ပေးပီး သမီးလေးကို လာပြပါတယ်။ သမီးဆံပင်တွေက အများကြီးနဲ့ မဲနက်နေတာပါပဲ။ သမီးလက်ကလေးကို ကိုင်ပီးကြည့်ရတာနဲ့တင် အရင်ဗိုက်နာခဲ့ဖူးတာတွေ အကုန်မေ့ပလိုက်နိုင်ပါတယ်။ သမီးကို ကလေးများအခန်း ယူသွားမယ်လို့ ပြောပါတယ်။ ၉နာရီ ၄၅ မှာ ခွဲစိတ်ခြင်းအမှူ အောင်မြင်စွာပီးဆုံးခဲ့ပါပီ။ သမီးလေးကို ယူသွားပီးတာ့ အခန်းအပူချိန်ကိုလျှော့ပေးပါတယ်။ လျှော့ပေးပီးကြောင်းလည်း ကိုယ့်ကိုပြောပါတယ်။ ကိုယ်လည်း ဆရာဝန်တွေ နာ့စ်တွေကို ကျေးဇူးတင်ကြောင်းပြောပီး ကိုယ့်ကို ခွဲတဲ့ဆရာဝန် ကိုယ်တိုင် တွန်းလှည်းကိုတွန်းပီး ခွဲခန်းထဲက ထွက်ပါတယ်။လူနာကုတင်ကို ခေါင်းကဆရာဝန်ဖြစ်ပီး ခြေပိုင်းက နာ့စ်၁ယောက်က တွန်းပေးတာပါ။ ခွဲခန်းအထွက်မှာတော့ စိုးရိမ်နေတဲ့ ချစ်ချစ်ကို တွေ့တော့ သမီးလေးကို တွေ့ပီးပလားမေးတော့ တွေ့ပီးပီတဲ့။ သူကထင်တာ သမီးကို သူအရင်တွေ့တာဆိုပီး ဂုဏ်ယူပါသေးတယ်။
ဒီမှာက ကလေးကိုရိုးရိုးမွေးရင် ၁ပတ် ခွဲမွေးရင် ၁၀ ရက် ဆေးရုံတက်ရပါတယ်။ ဆေးရုံတက်နေစဉ် ပရိုက်ဗိတ်နဲ့ အများသုံးအခန်း ဘယ်မှာနေမလဲမေးပါတယ်။ အများသုံးခန်းမှာမှ ၄ယောက်ခန်း ၅ယောက်ခန်းဆိုပီး များသောအားဖြင့် ၂ခန်းထပ်ခွဲပါတယ်။ ပရိုက်ဗိတ်အခန်းက၁ခန်းလောက်ပဲရှိတာများပါတယ်။ သူက အိမ်သာပါတွဲရက်ပါတာကိုး။ တော်ရုံလူကတော့ တယောက်ခန်း သိပ်မသုံးပါဘူး။
ဆေးရုံမှာ ဘာလို့ကြာကြာထားရသလဲဆိုတာ နောက်မှသိတာပါ။ ကလေးအတွက် စပါယ်ရှယ်လေ့ကျင့်ပေးလိုက်တာပါ။ ဆေးရုံစောင့်အိပ်ခွင့်မရှိပါဘူး။ အမျိုးသမီးတွေကြီးပဲ ဖြစ်လို့ အမျိုးသားအိမ်သာတောင် မထားပေးပါဘူး။ ဆေးတိုက်တာကအစ သူ့အချိန်နဲ့သူ နာ့စ်က လာပေးတာပါ။ ကလေးတွေကို ၃နာရီခြားတခါနို့တိုက်ဖို့ နာ့စ်တွေ က လာနှိုးပါတယ်။ နို့မထွက်လို့ နို့ကို နှိပ်နယ်ပေးခြင်းကိုလည်း လုပ်ပေးပါတယ်။ အဲဒါကတော့ ဆေးရုံတခုနဲ့မတူတာက တခါတည်းလုပ်ပေးတာနဲ့ ခနခနလုပ်ပေးတဲ့ ဆေးရုံ ကွာပါတယ်။ အစားအသောက်ကလဲ သူ့နာမည်နဲ့သူပါ။ ကယ်လိုရီ ဘယ်လောက်ဆိုတာကို ဖော်ပြပေးထားပါတယ်။ မနက်၆နာရီ နေ့လည် ၁၁ ခွဲ ညနေ၃နာရီ နဲ့ ညနေ၆နာရီ မှာ အစားအသောက်တွေကို နာ့စ်တွေက လူနာ နာမည်စစ်ပီးး ကုတင်ဘေးကို လာတင်ပေးထားပါတယ်။ ဧည့်သည်တွေကိုတော့ မနက် ၆နာရီကနေ ည၉နာရီအထိ လက်ခံပါတယ်။ အ၀တ်လျှော်စက် အခြောက်ခံစက်တွေကို ပိုက်ဆံထည့်ပီးသုံးနိုင်ပါတယ်။ အခန်းထဲမှာ လူနာကုတင်ပတ်လည် လိုက်ကာ အထူတွေကာဆီးပေးထားပါတယ်။ ကုတင်ပေးမှာ စားပွဲတလုံး ဗီဒီု၁လုံး ကုလားထိုင် ရေခဲသေတ္တာအသေး နဲ့ တီဗွီထားပေးပါတယ်။ လူနာစောင့်တို့ လူနာအတွက် ထမင်းတို့က ပူစရာမလိုအောင် အဆင်ပြေလှပါတယ်။ ဆေးရုံတက်နေစဉ်မှာလဲ ကလေးရေချိုးနည်းကို တခါ ထပ်သင်ပြပေးပါတယ်။ ဆေးရုံဆင်းကာနီးမှာတခါ ဗွီးယိုနဲ့ ကလေးအိပ်နေစဉ်မှာ အလုပ်ဘယ်လိုလုပ်ဖို့ ကလေး မွေးပီးချိန်မှာ ဘာကိုမှမတွေးဖို့ စိတ်တွေရှုပ်ရင် တယောက်တည်းမနေဖို့ ပညာပေးတာပါ။
ဒီလိုနဲ့ ကလေးတယောက်မွေးဖွားပီး ချိန်မှစကာ မိခင်တွေဟာ ၃နာရီခြား၁ခါ ပုံမှန် နို့တိုက် ။ မိခင်နို့ဆို ၂နာရီခြားတိုက်ရင်း အိပ်ရေးပျက်ခြင်းများနဲ့ ရာသက်ပန်လက်တွဲရပါတော့တယ်။ ဒီကြားထဲ ကလေး မအိပ်ရင်.. ကိုယ်ပါမအိပ်ပဲ ကျော်ဖြတ်ရပြန်ပါတော့တယ်။
သည်းခံပါ။ အပိုင်းပိုင်းကို ကလေးတဖက် အိမ်အလုပ်တဖက်နဲ့အကြာကြီးရေးထားတာပါ။ စာလာဖတ်သူ ကော်မန့်ပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။

Saturday, March 1, 2014
ကလေးကို မစနောက်ပါနဲ့ (နိုင်းနိုင်းစနေ)
-----------------------
ကလေးကို စနောက်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့ရိုးသားခြင်းကို အသုံးပြုလို့ ကလေးကြောက်အောင်၊ အမှားလုပ်အောင်၊ ငိုယိုအောင် တမင်လုပ်တာဖြစ်တယ်။ အဲဒီလိုပြုလုပ်တဲ့ ရည်ရွယ်ချက်က လူကြီးကိုပျော်ရွှင်စေပေမယ့် ကလေးတွေအတွက် ရှက်ကြောက်ခြင်း၊ ကြောင့်ကြခြင်း၊ စိတ်ကျခြင်းတွေကို ဖြစ်စေပါတယ်။
ကစ်ကစ် မူကြိုတက်စအချိန်က ကျွန်မအလုပ်များတဲ့အချိန်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောင်းပို့၊ ကျောင်းကြိုတဲ့ကိစ္စကို ကစ်ကစ်ဖေဖေက တာဝန်ယူခဲ့တယ်။ ကစ်ကစ်ဖေဖေအလုပ်လုပ်တဲ့နေရာက မူကြိုကျောင်းနဲ့နီးတယ်။ ကစ်ကစ်မူကြိုကျောင်းဆင်းချိန်မှာ သူ့ဖေဖေရဲ့ရုံးက မဆင်းသေးဘူး။ အဲဒါကြောင့် ကစ်ကစ်ကို သူ့ဖေဖေက မူကြိုမှာအရင်သွားကြိုပြီး ရုံးမှာလာထားတယ်။ ပြီးမှ အတူအိမ်ပြန်တယ်။
သူ့ရုံးမှာ အသက်(၃ဝ)ဝန်းကျင်လောက်ရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် သုံး၊ လေးယောက်ရှိတယ်။ အားလုံးက ချစ်ချစ်ခင်ခင်နဲ့
ပျော်ပျော်နေတတ်သူတွေဖြစ်တယ်။ သူတို့ထဲကနှစ်ယောက်က ကစ်ကစ်နဲ့စကားပြောရတာကို အရမ်းကြိုက်တယ်။ ဒါပေမယ့် သူတို့က ကလေးကို ရိုးရိုးတန်းတန်း စကားပြောတာမျိုးမဟုတ်ဘဲ တိရစ္ဆာန်လေးတစ်ကောင်ကို ဆော့ကစားသလိုမျိုး ဆက်ဆံတယ်။
ဥပမာ- အရမ်းကြောက်စရာကောင်းတဲ့ရုပ်မျိုးလုပ်ပြီး ကလေးကိုပြေးပွေ့တော့မယ်ပုံမျိုးလုပ်တယ်။ ကလေးကလန့်ပြီး ပြေးပုန်းတော့ သူတို့က တဟားဟားနဲ့ ရယ်မောကြတယ်။ ဒါမှမဟုတ် သူတို့ကို “ဘိုးဘိုး”လို့ ကစ်ကစ်ကိုအခေါ်ခိုင်းတယ်။ ကစ်ကစ်က ဘာမှနားမလည်ဘဲ သူတို့ကို“ဘိုးဘိုး”လို့ခေါ်တော့ တဝါးဝါးနဲ့အော်ရယ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ကစ်ကစ်က သူတို့အားလုံးရဲ့အပြုအမူကိုကြည့်ပြီး တစ်ခုခုမှားနေပြီလို့ ခံစားမိမယ်၊ ဒါပေမယ့် ဘယ်နေရာမှားနေမှန်း သူ မသိသလို စိုးရိမ်ကြောင့်ကြစိတ်တွေဖြစ်နေမယ်ဆိုတာကို ကျွန်မခန့်မှန်းမိတယ်။ ကစ်ကစ်ကို သူတို့က “ဘိုးဘိုး”လို့ နောက်တစ်ကြိမ်ခေါ်ခိုင်းတယ်။ ကစ်ကစ်ကမခေါ်တော့ သူတို့ကစိတ်ဆိုးဟန်ပြတယ်။ ပြီးတော့ ကစ်ကစ်ကို မယဉ်ကျေးဘူးလို့ဆိုတယ်။ ကစ်ကစ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် သူတို့စနောက်တယ်။ ကစ်ကစ်ကို စနောက်ကြတာကို သူ့ဖေဖေလည်း မနှစ်သက်ပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်ကလည်းဖြစ်ပြန်၊ ဒါဟာ အပျော်သက်သက်လုပ်တယ်လို့ထင်ပြီး သူလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေကို မတားမြစ်နိုင်ခဲ့ဘူး။
ဒီကိစ္စကို စစချင်းမှာ ကျွန်မ မသိခဲ့ဘူး။ ကစ်ကစ်ကလည်းငယ်သေးတော့ ကျွန်မကို သူခံခဲ့ရတာတွေ ပြောမပြနိုင်ခဲ့ဘူး။ ကာလအတန်ကြာမှ ကစ်ကစ်ဟာ အပြင်လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုမဲ့တာ၊ စကားပြောရာမှာ အရင်လို ပွင့်ပွင့်လင်းလင်းမရှိတာ၊စကားကို ပြောချင်ပေမယ့် ရေရေရာရာမပြောနိုင်တာ၊ မျက်လုံးအကြည့်တွေက ချီတုံချတုံဖြစ်ပြီး ရှောင်လွဲတာမျိုးကို ကျွန်မသတိထားလိုက်မိတယ်။ အထူးသဖြင့် သူစိမ်းတွေနဲ့စကားပြောတဲ့အခါ ပိုသိသာပါတယ်။ ကစ်ကစ်အတွက် ကျွန်မအရမ်းစိုးရိမ်ခဲ့မိတယ်။ ဒါပေမယ့် ဒါကိုဘယ်လိုဖြေရှင်းကုသပေးရမှန်း ကျွန်မချက်ချင်းအဖြေရှာမရဖြစ်ခဲ့လို့ ကလေးအပေါ် ကျွန်မတို့ရဲ့သွန်သင်ဆုံးမမှုကို ကျွန်မတို့ပြန်ဆန်းစစ်ခဲ့ကြတယ်။ နေ့စဉ်ဘဝမှာ သူ့ကို တခြားလူတွေနဲ့ ပိုဆက်ဆံပြောဆိုစေခဲ့တယ်။ သူ့ရဲ့ မိမိကိုယ်ကိုယ်ယုံကြည်စိတ်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်။
တစ်နေ့မှာ ဖေဖေနဲ့အတူ ကစ်ကစ်အိမ်ပြန်လာတယ်။ ကစ်ကစ်ရဲ့ပုံစံက ငိုထားပုံရလို့ ဘာဖြစ်လာတာလဲလို့ ကျွန်မမေးတော့ “ဖေဖေ့ရုံးက ဦးလေးမိုးကပြောတယ်။ ဖေဖေက သမီးကိုမယူတော့ဘူးတဲ့” ပြောရင်း ကစ်ကစ်ငိုပြန်တယ်။ ကစ်ကစ်ရဲ့ဖေဖေက သူရုံးမဆင်းခင် အစည်းအဝေးတစ်ခုတက်ခဲ့ရတယ်။ အစည်းအဝေးက သတ်မှတ်ချိန်ထက် နောက်ကျမှပြီးခဲ့လို့ ရုံးဆင်းချိန်ကျော်သွားခဲ့တယ်။ အဲဒီမှာ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကစ်ကစ်ကို “သမီးရဲ့ ဖေဖေနဲ့မေမေက သမီးကို မယူတော့ဘူး။ သမီးကို ဦးမွေးစားဖို့အတွက်ပေးလိုက်ပြီ။ ဦးမှာ သားတစ်ယောက်ရှိတယ်၊ သမီးမရှိတာနဲ့ အတော်ပဲ။ လာ… ဦးနဲ့ အိမ်ပြန်လိုက်ခဲ့ပါ”လို့ နောက်ပြီးကစ်ကစ်လက်ကိုဆွဲခေါ်သွားမယ့်ပုံစံနဲ့ နောက်တယ်။ အဲဒီမှာ ကစ်ကစ်က ကြောက်လန့်ပြီး အော်ငိုတော့တယ်။ ဒီအဖြစ်ကိုသိမှ သူတို့ရုံးကလူတွေ ကစ်ကစ်ကို အမြဲစနောက်တတ်မှန်း ကျွန်မသိရတော့တယ်။
သိသိချင်း ကျွန်မအရမ်းစိတ်တိုမိတယ်။ ယောက်ျားဖြစ်သူကိုလည်း ကလေးကို မစောင့်ရှောက်၊ မကာကွယ်တတ်သူဆိုပြီး အပြစ်ပြောမိတယ်။ စိတ်တိုတိုနဲ့ ကလေးကိုအကြိုအပို့ကိစ္စဆက်မလုပ်ဖို့ ပြောမိတယ်။ ယောက်ျားဖြစ်သူကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြုမူပုံကို မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့် ဒီလိုစနောက်တာတွေကကစ်ကစ်ကိုဘာမှအကျိုးသက်ရောက်စေမှာမဟုတ်ဘူးလို့ ထင်ခဲ့လို့ ဒီကိစ္စကို ပေါ့ပေါ့တန်တန်ထားခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ ကျွန်မအကြိမ်ကြိမ်ဆွေးနွေးခဲ့သလို ကလေးရဲ့စိတ်ဓာတ်ရေးရာကို သူနဲ့အတူ စိတ်ဖြာလေ့လာခဲ့တယ်။ အကျိုးမသက်ရောက်နိုင်ဘူးလို့ သူထင်ထားတာတွေဟာ တကယ့်လက်တွေ့မှာဖြစ်လာတာကို သူတွေ့လိုက်ရတယ်။ ကစ်ကစ်ဟာ မကြာခဏ အိပ်နေရာကနေ ငိုရင်း လန့်နိုးလာတတ်တယ်။ ဘာအိပ်မက်များမက်လို့ ငိုရတာလဲလို့ ကစ်ကစ်ကို ကျွန်မတို့မေးတော့ ကစ်ကစ်က အိပ်မက်ထဲမှာ ဖေဖေဟာ သူ့ကိုကျောင်းမှာလာကြိုပြီး သူ့ကိုမခေါ်ဘဲ တစ်ယောက်တည်းထားပြီး ထွက်သွားကြောင်းပြောတယ်။ လူကြီးရဲ့ အမှတ်တမဲ့နောက်ပြောင်မှုတစ်ခုက ကလေးငယ်ကို ဘယ်လောက်ထိ နက်နဲကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီလဲ။
ပျော်ရွှင်ချင်လို့ အမှတ်တမဲ့နောက်ပြောင်တဲ့ အပြုအမူတစ်ခုက ကစ်ကစ်ကို ဘယ်လောက်ထိ အကျိုးသက်ရောက်စေခဲ့ကြောင်းကို တွေ့မြင်ပြီးတဲ့နောက် ကစ်ကစ်ရဲ့ဖေဖေ အရမ်းနောင်တရခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မကပဲ ကစ်ကစ်ကို ကြိုပို့လုပ်ခဲ့တော့တယ်။ ယောက်ျားဖြစ်သူကို မကြိုမပို့စေတော့တာကလည်း အဲဒီသူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ကစ်ကစ်နဲ့ ပေးမဆုံ၊ ပေးမတွေ့ချင်တော့လို့ဖြစ်တယ်။ ကစ်ကစ် စိတ်မချမ်းမသာဖြစ်မှာ စိုးလို့ဖြစ်တယ်။ ကစ်ကစ်ရဲ့ဖေဖေကလည်း ဒီကိစ္စကို အလေးအနက်ထားလာခဲ့တယ်။ တစ်ခါတလေ ကျွန်မအလုပ်အရမ်းများလို့ ကစ်ကစ်ကို သွားမကြိုနိုင်တဲ့အခါ သူ့ဖေဖေကသွားကြိုပြီး ရုံးမှာခဏထားတယ်။ ဒါပေမယ့် ကစ်ကစ်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေ စနောက်တာကို လုံးဝခွင့်မပြုခဲ့တော့ဘူး။ ကျွန်မလည်း ကျွန်မယောက်ျားနဲ့ နှစ်ဦးသဘောတူညီမှုတစ်ခု ယူခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အမှားလုပ်မိချင်လုပ်မိပါစေ.. ကလေးအပေါ်တော့ “အမှား”မလုပ်မိဖို့ဖြစ်တယ်။ လူကြီးတွေက ကလေးကို မလိုမုန်းထားလို့ စနောက်တာမဟုတ်မှန်းသိပေမယ့် ဒီလိုစနောက်တာကို အုပ်ထိန်းသူသဘောမတူတော့ သူတို့လည်း မစနောက်ကြတော့ဘူး။ ဒီတော့ “အမှား”လုပ်မိတဲ့အရာလည်း မရှိခဲ့တော့ဘူး။
ကလေးတွေနဲ့ “ကစား”တာနဲ့ ကလေးတွေကို “နောက်ပြောင်”တာက လုံးဝမတူတဲ့အရာနှစ်ခုဖြစ်တယ်။ “ကစား”တာက ကလေးရဲ့ပျော်ရွှင်မှုကို ဦးစားပေးတဲ့အရာဖြစ်တယ်။ ကလေးရဲ့စိတ်ဝင်စားမှု၊ နှစ်လိုမှုထဲ လူကြီးရဲ့စိတ်ကို နိမ့်ချပြီး ကလေးနားလည်နိုင်တဲ့၊ လက်ခံနိုင်တဲ့နည်းနဲ့ ကလေးပျော်ရွှင်ရယ်မောအောင် ပြုလုပ်တာပဲဖြစ်တယ်။ အဲဒီလိုကစားရမှာ ကလေးစိတ်၊ ပျော်ရွှင်စိတ်၊ ရယ်မောစိတ်နဲ့ အသိဉာဏ်တွေပါဝင်ရပါတယ်။
တစ်ခါက မိခင်တစ်ဦးဟာ လျှော်ပြီးသားအိပ်ရာခင်းကို လှန်းပြီးနောက် သူ့ရဲ့၂နှစ်သမီးလေးနဲ့အတူ တူတူပုန်းတမ်းဆော့ကစားတာကို ကျွန်မတွေ့ခဲ့ရတယ်။ မိခင်ဟာ ကလေးငယ်နဲ့ လှန်းထားတဲ့အိပ်ရာခင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ တစ်ယောက်ကိုတစ်ယောက်ကွယ်ပြီး ရပ်လိုက်ကြတယ်။ တူတူရေဝါးလို့ အော်လိုက်တာနဲ့ နှစ်ယောက်စလုံးက အိပ်ရာခင်းရဲ့ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကနေခေါင်းပြူပြီး မျက်နှာချင်းဆိုင်ကြည့်ကြတယ်။ ကလေးရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း မေမေနဲ့မျက်နှာချင်းဆုံဖို
့ဖြစ်တယ်။ မိခင်ရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း ကလေးနဲ့မျက်နှာချင်း မဆုံမိဖို့ဖြစ်တယ်။ အဲဒီလိုနဲ့ မိခင်ဖြစ်သူက ဘယ်ဘက်ကနေ ခေါင်းပြူထွက်လိုက်တယ်။ နောက်တစ်ကြိမ်မှာလည်း ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်တယ်။ ကလေးက ဒီတစ်ကြိမ်မှာ မေမေဘယ်ဘက်ကနေ ခေါင်းပြူထွက်ရင် နောက်တစ်ကြိမ်မှာ ညာဘက်ကနေ ခေါင်းပြူထွက်လိမ့်မယ်လို့ စဉ်းစားချင့်ချိန်ပြီး ညာဘက်ကိုပြေးကြည့်တယ်။ ဒါပေမယ့် မေမေကို မတွေ့လိုက်ရဘူး။ အဲဒီလို အကြိမ်ကြိမ်လုပ်ရင်း နောက်ဆုံးမှာ မေမေနဲ့မျက်နှာချင်းဆုံလိုက်ရချိန် ကလေးက အရမ်းပျော်သွားပြီး အော်ရယ်တော့တယ်။ မေမေက ပထမတစ်ကြိမ်မှာဘယ်ဘက်ကနေ ခေါင်းပြူထွက်တယ်။ နောက်တစ်ကြိမ်မှာလဲ ဘယ်ဘက်ကနေ ခေါင်းပြူထွက်တာကို ကလေးကလည်း ခန့်မှန်းတတ်သွားတယ်၊ စဉ်းစားချင့်ချိန်တတ်သွားတယ်။ ဒါကြောင့် သူလည်း မေမေနဲ့မျက်နှာချင်းဆုံနိုင်ဖို့ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်ခဲ့တယ်
မေမေနဲ့မျက်နှာချင်းဆုံမိတော့ ကိုယ့်ရဲ့အောင်မြင်မှုအတွက် သူပျော်ရွှင်မိတော့တယ်။
ကလေးကိုနောက်ပြောင်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့မသိတတ်ခြင်းကိုအသုံးပြုပြီး ကလေးအမှားလုပ်အောင်၊ ငိုယိုအောင်၊ ကြောက်ရွံ့အောင် တမင်လုပ်တာပဲဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်က လူကြီးပျော်ရွှင်ပြီး ကလေးက အရှက်ရ၊ စိုးရိမ်ကြောင့်ကျမှုရနဲ့ စိတ်ပျက်အားလျော့မှုရတာမျိုး ဖြစ်စေပါတယ်။
လူကြီးတစ်ယောက်ယောက်ရဲ့လက်ထဲမှာ ကလေးကိုပေးမယ့် ပစ္စည်းတစ်ခုခုကိုင်ထားတယ် ဆိုပါစို့။ ဒါပေမယ့် လူကြီးက ကလေးကို စိတ်လိုလက်ရမပေးဘဲကလေးဆီကနေသတ်မှတ်ချက်တွေယူနေခဲ့သေးတယ်။ ကလေးကို နှစ်လိုတဲ့စကားတွေ ပြောခိုင်းတယ်။ တကယ်လို့ ကလေးကမပြောရင် ပေးမယ့်ပစ္စည်းကို ပြန်ယူသွားမယ့်ပုံစံမျိုးလုပ်တယ်။ ကလေးပြောမှ စိတ်ကျေကျေနပ်နပ်နဲ့ ပေးလိုက်တယ်။
တချို့လူကြီးတွေက ကလေးကိုခြောက်လှန့်ပြီး ပျော်ရွှင်မှုကိုယူတယ်။ ကလေးက ယောက်ျားလေးဖြစ်ရင်ကလေးငယ်ရဲ့အင်္ဂါကို ဖြတ်ထုတ်လိုက်မယ့်ပုံစံမျိုးလုပ်ပြီး ခြောက်လှန့်တယ်။ တကယ်လို့ မိန်းကလေးဖြစ်ရင် သူနှစ်သက်တဲ့ ကစားစရာအရုပ်ကို ယူသွားမယ့်ပုံစံမျိုးနဲ့ စနောက်တယ်။ အရုပ်ကိုဖွက်ထားပြီး ပစ်ထုတ်လိုက်ပြီ ဒါမှမဟုတ် တခြားလူကို
ပေးပစ်လိုက်ပြီဆိုတာမျိုးနဲ့ နောက်တယ်။ ကလေးက စိတ်လှုပ်ရှားပူပန်ပြီးငိုမှ အရုပ်ကိုထုတ်ပေးတော့တယ်။ လူကြီးတွေက ဒါကို ပျော်စရာလိုမှတ်တယ်။ ကလေးတွေက ခဏလောက်ပဲစိုးရိမ်ပူပန်တာ၊ ငိုတစ်ချက်၊ ရယ်တစ်ချက်နဲ့ ပြီးသွားတာပဲလို့ ထင်မှတ်ကြတယ်။ တကယ်တော့ ဒီလိုအပြုအမူတွေက ကလေးရဲ့စိတ်ဓာတ်ရေးရာကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒီလိုပြုမူပုံတွေက ကလေးတွေအတွက် ဘာပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာမှ မကောင်းတဲ့အပြင် ကလေးတွေကို လုံခြုံစိတ်ကင်းမဲ့အောင်၊ မလေးစားရာရောက်အောင် ခံစားစေပါတယ်။ ကလေးငယ်ရဲ့ မိမိကိုယ်ကိုယ်လေးစားစိတ်ကို ထိခိုက်စေပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အကြောက်တရားကို ပိုတိုးအောင်၊ တခြားလူအပေါ် မယုံကြည်ရဲအောင်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါ အုပ်ထိန်းသူက ယဉ်ယဉ်ကျေးကျေးနဲ့ တားမြစ်ရပါတယ်။ ဒါဟာ ကိစ္စအသေးအမွှားမဟုတ်ပါဘူး။ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ ကိစ္စအသေးအမွှားဆိုတာ မရှိပါဘူး။ လူကြီးတွေရဲ့အကြည့်ထဲက ကိစ္စအသေးအမွှားဟာ ကလေးငယ်အနေနဲ့ပြောရရင် ကိစ္စကြီးကြီးမားမားဖြစ်နေလို့ပါပဲ။
ကျွန်မတို့နိုင်ငံက နာမည်ရမျက်မှောက်ပညာရေးပါရဂူ မစ္စတာ Chen က ကလေးငယ်တွေကို ဒီလိုစနောက်၊ နောက်ပြောင်တဲ့အပြုအမူကို လုံးဝဆန့်ကျင်ကန့်ကွက်ပါတယ်။ ကလေးငယ်တွေနဲ့ ဆော့ကစားရင်လည်း ကိုယ်ကျင့်တရားပညာပေးကို လက်ကိုင်ထားရမယ်လို့ သူယူဆတယ်။ အမြဲတမ်း စနောက် နောက်ပြောင်ခံရတဲ့ ကလေးငယ်မှာ ကိုယ်ကျင့်တရားချွတ်ယွင်းတာတွေ ဖြစ်စေတတ်ပါတယ်။ ဥပမာ- လူကြီးက ကလေးကို လိမ်ညာတဲ့နည်းနဲ့ စနောက်မယ်၊ ကလေးငယ် စိတ်လှုပ်ရှား စိတ်သောကရောက်တာကိုကြည့်ပြီး တဟားဟားရယ်မယ်ဆိုရင် ကလေးငယ်ရဲ့စိတ်မှာ တဖြေးဖြေးနဲ့ သူတစ်ပါးကို မယုံကြည်တော့တဲ့စိတ်မျိုး၊ လိမ်ညာတတ်တဲ့စိတ်မျိုး မွေးမြူလာတတ်ပါတယ်။
ယနေ့ခေတ် မြို့ပြလူနေမှုစနစ်မှာ အထက်ကပြောသွားတဲ့ စနောက်မှုမျိုးနဲ့ ကလေးတွေကို သိပ်စနောက်တော့မယ် မထင်ပါဘူး။ ဒါပေမယ့် ကလေးတွေရဲ့ ဆင်ခြင်တွေးခေါ်မှုကို စနောက်တဲ့နည်းကိုတော့ အများအပြားတွေ့မြင်နေရဆဲဖြစ်တယ်။ ကလေးငယ်တွေဟာ နေရာတော်တော်များများမှာ အစနောက်ခံနေရဆဲဖြစ်တယ်။ ဒီလိုစနောက်တဲ့အပြုအမူတွေက အပေါ်ယံကကြည့်ရင် ကြမ်းတမ်းမှုမရှိဘူးဆိုပေမယ့် အထက်ကပြောသွားတဲ့ စနောက်နည်းတွေနဲ့ ရိုင်းစိုင်းတာချင်းက အတူတူပဲဖြစ်တယ်။ ကလေးအပေါ် မလေးစားတာ၊ ကလေးရဲ့စိတ်ဓာတ်ကိုပျက်ပြားစေခြင်းက အတူတူပဲဖြစ်တယ်။
၂ဝဝ၈ခုနှစ် ဇန်နဝါရီလ၂ရက်နေ့ညက ပီကင်းတီဗွီလိုင်းကနေ အစီအစဉ်တစ်ခုကို ကျွန်မကြည့်ခဲ့တယ်။ အစီအစဉ်မှာ ဟေဘေမြို့ကလာတဲ့ ၅မွှာပူးကို ဖိတ်ခေါ်ထားပါတယ်။ ယောက်ျားလေး ၄ယောက် မိန်းကလေးတစ်ယောက်ပါတဲ့ ဒီ၅မွှာပူးတွေက အသက်(၄)နှစ်အရွယ် ကျန်းကျန်းမာမာကလေးတွေဖြစ်တယ်။ ၅ယောက်သား စတူဒီယိုအခန်းထဲမှာ စုဝေးနေကြတယ်။ ရန်ဖြစ်ငြင်းခုန်နေတာမျိုးလည်း မရှိဘူး။ မျက်နှာလေးတွေက ပြုံးပြုံးရွှင်ရွှင်မို့ ကျွန်မကိုဆွဲဆောင်နေခဲ့ပါတယ်။ ကျွန်မလည်း စိတ်ဝင်တစားထိုင်ကြည့်နေခဲ့မိတယ်။
အစီအစဉ်တင်ဆက်သူရဲ့ ပထမဆုံးမေးခွန်းက “ကလေးတို့ထဲမှာ ဘယ်သူအတိုင်အတောအထူဆုံးလဲ”ဆိုတာဖြစ်တယ်။ ဒီလိုမေးခွန်းကိုကြားတော့ ကလေးငါးယောက်လုံး တွေဝေသွားတယ်။ စစချင်းမှာ သူတို့က တစ်ယောက်ကိုတစ်ယောက် လက်ညိုးလျှောက်ထိုးကြတယ်။ နောက်တော့ တခြားတစ်ယောက်ထိုးတဲ့နောက်လိုက်ပြီး ထိုးကြတယ်။ နောက်ဆုံးမှာ ကလေးတစ်ယောက်အပေါ်မှာပဲ လက်ညိုးတွေစုပြုံနေတော့တယ်။ အဲဒီကလေးက အတိုင်အတောအထူဆုံးဖြစ်သွားတယ်။ အတိုင်အတောအထူဆုံးလို့ လက်ညိုးထိုးခံရတဲ့ကလေးက နေမထိထိုင်မသာဖြစ်နေတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို မကောင်းသူတစ်ယောက်လို့ခံစားရပြီး အနေခက်နေတယ်၊ ကြောက်ရွံ့နေတယ်။
အစီအစဉ်တင်ဆက်သူရဲ့ ဒုတိယမေးခွန်းက “ဘယ်သူက တခြားလူကိုအရိုက်တတ်ဆုံးလဲ”ဖြစ်တယ်။ ကလေးတွေက တစ်ယောက်ကိုတစ်ယောက် လက်ညိုးလျှောက်ထိုးကြပြန်တယ်။ အချင်းချင်းဖော်ထုတ်ကြတယ်။ နောက်ဆုံးမှာ လက်ညိုးတွေက တစ်ယောက်ယောက်ပေါ်မှာပဲ စုပြုံနေတော့တယ်။ အဲဒီ “အရိုက်တတ်ဆုံး” လို့ လက်ညိုးထိုးခံရတဲ့ ကလေးက ရှက်ရွံ့ကြောက်လန့်နေတော့တယ်။
တတိယမေးခွန်းကို အစီအစဉ်တင်ဆက်သူက ဆက်မေးပြန်တယ်။ ဒီတစ်ခါ မေးတဲ့မေးခွန်းက “ဖေဖေရိုက်တာကို ဘယ်သူအခံရဆုံးလဲ”ဖြစ်တယ်။ ကလေးတွေက တွေတွေဝေဝေနဲ့ လက်ညိုးတွေလျှောက်ထိုးကြပြန်တယ်။ နောက်ဆုံး လက်ညိုးအထိုးခံရတဲ့တစ်ယောက်က ဘာလုပ်လို ဘာကိုင်ရမှန်းမသိဖြစ်သွားတယ်။ မျက်နှာပေါ်မှာလဲ ပြောမပြတတ်တဲ့ ရှက်ရွံ့မှုတွေပေါ်နေခဲ့တယ်။
ကလေးငယ်တွေရဲ့အမူအရာကြောင့် အစီအစဉ်တင်ဆက်သူရော ပရိသတ်တွေပါ တဝါးဝါးပွဲကျနေကြတယ်။ မရယ်တဲ့သူတွေဆိုလို့ ဒီကလေး ၅ယောက်ပဲရှိတယ်။ သူတို့ကြားမှာရှိတဲ့ အချင်းချင်းချစ်ခင်မှုက အဆွခံလိုက်ရပြီ။ လူတွေရှေ့မှာ နာမည်ဆိုးတံဆိပ်တွေ အကပ်ခံလိုက်ရပြီ။ စင်ပေါ်တက်စကလို သူတို့ရဲ့ပုံစံတွေက ပေါ့ပါးတက်ကြွမနေကြတော့ဘူး။ သူတို့တတွေစိတ်လှုပ်ရှားနေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေခဲ့ကြတယ်။
ဆက်လက်ပြီး အစီအစဉ်တင်ဆက်သူက လွယ်အိတ်လှလှလေးတစ်လုံးကို ယူလာပြီး “ဒီလွယ်အိတ်က တစ်လုံးပဲရှိတယ်။ ဘယ်သူ့ကို ပေးမလဲ”လို့ ကလေးတွေကို မေးကြတယ်။ ကလေးတွေကို ဒီလွယ်အိတ်က ဆွဲဆောင်နေတယ်။ လွယ်အိတ်ကိုကြည့်တဲ့ သူတို့ရဲ့အကြည့်ထဲမှာ လိုချင်တပ်မက်မှုတွေပါနေတယ်။ နုနုယ်တဲ့သူတို့ရဲ့ စိတ်ထဲမှာ ဒီလွယ်အိတ်ကို သူတို့လိုချင်နေကြမှာပဲ။ ဒါပေမယ့် အခုနားက နာမည်ဆိုးတံဆိပ်တွေကပ်ခံရတဲ့ အတွေ့အကြုံရှိနေတော့ ပိုကောင်းအောင် သူတို့ပြုမူချင်ကြတယ်။ စစချင်းမှာ တစ်ယောက်ယောက်ကိုပေးဖို့ သူတို့ပြောကြတယ်။ ဘယ်သူကမှ ကျွန်တော်ကျွန်မကိုပေးပါလို့ မပြောရဲကြဘူး။ နောက်ဆုံးမှာ အကြီးမကိုပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကြီးမက လွယ်အိတ်ရတော့ ဝမ်းသာတယ်။ ကျန်တဲ့လေးယောက်ရဲ့ မျှော်လင့်ချက်မဲ့သွားတဲ့ပုံစံက သိသာမြင်သာနေတယ်။ ဒါကို အကြီးမက ချက်ချင်းနေမသိထိုင်မသာဖြစ်ပြီး အံကြိတ်ရင်း အငယ်ဆုံးမောင်လေးကို လွယ်အိတ်ကမ်းပေးလိုက်တယ်။ ဒါကတော့ ဘယ်သူမှ ထင်မှတ်မထားတဲ့အရာပါ။ အစီအစဉ်တင်ဆက်သူက သူ့ကို ချီးမွမ်းစကားပြောချိန် ကလေးမ ချက်ချင်းငိုပါတယ်။ တကယ်ရှိုက်ကြီးတငင်ကို ငိုရှာပါတယ်။ တင်ဆက်သူက ဘာလို့ငိုတာလဲလို့ တအံ့တသြမေးတာကိုတောင် သူပြန်မဖြေနိုင်လောက်အောင် ငိုနေခဲ့ပါတယ်။
အဲဒီအချိန်မှာ သွက်သွက်လက်လက်ရှိတဲ့ တတိယမောင်လေးက “မကြီးက ညီငယ်ကိုအကောင်းဆုံးထင်လို့ ငိုတာပါ”လို့ ဝင်ပြောတယ်။ သူရဲ့ “ရှင်းပြချက်”က ပရိသတ်ကို တဝါးဝါးပွဲကျစေခဲ့တယ်။
အဲဒီလိုနဲ့ အစီအစဉ်က ကလေးတွေကို ငိုအောင်လည်းလုပ်ခဲ့သလို မဟုတ်မမှန်စကားတွေလည်း ဆိုစေခဲ့ပါတယ်။ ကလေးတွေရဲ့စိတ်ကိုလည်း ချောက်ချားအောင်၊ ရှုပ်ထွေးအောင် လုပ်ခဲ့ပြီးမှ အစီအစဉ်တင်ဆက်သူက နောက်ထပ်လွယ်အိတ် ၄လုံးကို ယူလာပြီး တစ်ယောက်တစ်အိတ်ဝေပေးပါတယ်။ အဲဒီအချိန်ကျမှ ကလေးတွေ ရယ်နိုင်ပါတော့တယ်။
ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူတို့တင်ဆက်တဲ့ မေးခွန်းတွေနဲ့ တင်ပြမှုတွေရဲ့ ရည်ရွယ်ချက်ကဘာလဲ။ တကယ်ကို မစဉ်းစားတတ်ခဲ့ပါဘူး။ ကျွန်မဆက်ကြည့်လို့ မရတော့တာနဲ့ တီဗွီကိုပိတ်ပြီး ထထွက်ခဲ့တယ်။ ဒီလိုမှမလုပ်ရင် ကျွန်မလည်း စိတ်မချမ်းမသာဖြစ်ပြီး ငိုမိတော့မယ်။
ဒီစာကိုရေးနေရင်း တရုတ်ပြည်ရဲ့ ပညာရေးပါရဂူ၊ တွေးခေါ်ပညာရှင်၊ စာရေးဆရာတစ်ဦးဖြစ်တဲ့ Tao Xingzhi ရဲ့ ကဗျာတစ်ပုဒ်ကို ကျွန်မသွားသတိရမိတယ်။ ဒီကဗျာလေးက အဓိပ္ပာယ်ရှိလွန်းလှတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ကြတဲ့လူကြီးတွေ ဒီကဗျာကို သေသေချာချာမှတ်သားထားသင့်ပါတယ်။
ကလေး ကလေး ငယ်တယ်လို့ လူတိုင်းပြောကြတယ်
ကလေးက လူသာငယ်ပေမယ့် စိတ်မငယ်ပါဘူး
ကလေးကို ငယ်တယ်လို့ သင်ထင်ရင်
သင်က ကလေးထက်ငယ်တဲ့သူဖြစ်တယ်။
အထူးဂရုပြုရမည့်အချက်
လူကြီးတွေက ကလေးတွေကို စနောက်ရတာ ပျော်စရာကောင်းတယ်လို့ထင်ကြတယ်။ ကလေး စိတ်မငြိမ်မသက်ဖြစ်အောင် စနောက်တာလေးပဲ၊ ငိုခဏ ရယ်ခဏနဲ့ ပြီးသွားတာပဲလို့ ထင်ကြတယ်။ တကယ်တော့ ဒီအပြုအမူတွေက ကလေးကို စိတ်ဒဏ်ရာရစေပါတယ်။ ဒီလိုအပြုအမူတွေက ကလေးတွေအတွက် ဘာပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာမှ မကောင်းတဲ့အပြင် ကလေးတွေကို လုံခြုံစိတ်ကင်းမဲ့အောင်၊ မလေးစားရာရောက်အောင် ခံစားစေပါတယ်။ ခံစားစေပါတယ်။ ကလေးငယ်ရဲ့ မိမိကိုယ်ကိုယ်လေးစားစိတ်ကို ထိခိုက်စေပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အကြောက်တရားကို ပိုတိုးအောင်၊ တခြားလူအပေါ် မယုံကြည်ရဲအောင်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါ အုပ်ထိန်းသူက ယဉ်ယဉ်ကျေးကျေးနဲ့ တားမြစ်ရပါတယ်။ ဒါဟာ ကိစ္စအသေးအမွှားမဟုတ်ပါဘူး။ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ ကိစ္စအသေးအမွှားဆိုတာ မရှိပါဘူး။ လူကြီးတွေရဲ့အကြည့်ထဲက ကိစ္စအသေးအမွှားဟာ ကလေးငယ်အနေနဲ့ပြောရရင် ကိစ္စကြီးကြီးမားမားဖြစ်နေလို့ပါပဲ။ ကလေးငယ်တွေနဲ့ ဆော့ကစားရင်လည်း ကိုယ်ကျင့်တရားပညာပေးကို လက်ကိုင်ထားရပါမယ်။ အမြဲတမ်း စနောက် နောက်ပြောင်ခံရတဲ့ ကလေးငယ်မှာ ကိုယ်ကျင့်တရားချို့ယွင်းတာတွေ ဖြစ်စေတတ်ပါတယ်။
----------------
(တရုတ်စာရေးဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းကဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။)
-----------------
(နိုင်းနိုင်းစနေ ၏ Facebook စာမျက်နှာတွင်
ဖြတ်တောက်ဘာသာပြန်ထားသည်ကို ( မောက္ခ )မှာ နှစ်သက်စွာ ကူးယူဖော်ပြခဲ့ပါသည်။ ဆရာမ နိုင်းနိုင်းစနေမှ ထပ်မံ၍ အပြည့်အစုံ ဘာသာပြန်ထားချက်ကို မေတ္တာဖြင့် ပေးပို့ပါသဖြင့် ထပ်မံ ဖော်ပြအပ်ပါသည်။)
Maukkha Education Magazine

Friday, February 14, 2014
မွေးကင်းစ ကလေး ရေချိုးနည်း
သမီးလေး မမွေးခင် မေမေက ရေချိုးပုံရေချိုးနည်းသင်တန်းကို မြို့နယ်က အခမဲ့ လုပ်ပေးတဲ့နေရာမှာ တတ်ခဲ့သလို ဆေးရုံပေါ်မှာလည်း ကလေးရေချိုးပုံ ထပ်ပြပေးပါတယ်။
ကလေးတယောက် ရေချိုးပေးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ရေချိုးဇလုံတခု..ရေချိုးဆပ်ပြာရည် လက်ကိုင်တာဝါအသေးလေးရယ် ကလေးနားကြပ်တောင်လေးတွေပါပဲ။ ရေအပူချိန်တိုင်းမဲ့ ကိရိယာလေးလည်း ဆောင်ချင်ရင်ဆောင်ပေါ့နော်။ ကလေးသုတ်ဖို့ မျက်နှာသုတ်ပုဝါအကြီးတစ်ထည်ဆောင်ပါ။ လေးထောင့်စပ်စပ် ဖြစ်လျှင်ပိုကောင်းပါသည်။
ကလေးတယောက် ရေမချိုးခင် ကြိုတင်ပြင်ဆင်ရမှာက ရေချိုးဇလုံထဲကို ရေဖြည့်ပါ။ နွေမှာဆို ၃၇ ဒီဂရီစင်တီထားပီး ဆောင်းမှာဆို ၄၀ ဒီဂရီထားပေးပါ။
ရေဖြည့်ထားပီးချိန်မှာ အရင်ဦးဆုံး စားပွဲ သို့ ကုတင်ပေါ်မှာ ကလေးအနှီးဒိုင်ဗာကို ဖြန့်ပါ။ အပေါ်က ကလေးဝတ်ဖို့ အကျီ အတွင်းခံနဲ့ အပေါ်အကျီကို ကလေးချပီးဝတ်လို့ရအောင် တခါတည်းပြင်ပေးပါ။ အဲဒီအပေါ်ကမှ ကလေး မျက်နှာသုတ်ပုဝါကို တင်ပါ။
ကလေးကို အရင်နို့တိုက်ပီးမှရေချိုးတာ ပို၍ကောင်းပါသည်။ဘာလို့ဆို ရေချိုးပီး မကြာခင် ကလေး ချက်ချင်းအိပ်တတ်လို့ဖြစ်ပါသည်။ ဗိုက်ဝတော့ ပို၍ အိပ်သည်ကိုး။ အပူချိန်တိုင်းပါ။ ကဲ ရေချိုးဖို့ အဆင်သင့်ဖြစ်ပါပီ။ သင်တန်းတုန်းကတော့ ၃ကီလို ဂရမ် ရှိတဲ့ အရုပ်နဲ့ လက်တွေ့ လုပ်ခဲ့ရပါတယ်။ အရုပ်က မလှုပ်ဘူး ကလေးကတော့ လှုပ်တာပေါ့နော်။ သတိထားပါ။ အထူးသဖြင့် ကလေးဇက်မလည်ဖို့ပါ။ ကလေးရေချိုးနေချိန်မှာ ဧည့်သည်တို့ ဖုန်းတို့ ဘာပဲလာလာ ကလေးကို ထားပီး
ဘာမှ မလုပ်ပါနှင့်။ ကလေးက အရေးအကြီးဆုံးပါ။
ကလေးကို အထက်ကပြထားတဲ့ အ၀တ်ပုံပေါ်မှာ ထားပီး ကလေးအ၀တ်များကို စတင်ချွတ်ပါမည်။ ပီးလျှင် မျက်နှာသစ်သုတ်ပုဝါ အသေးစားကို ရေလေးဆွတ်ပီး မျက်နှာသစ်ပါမည်။ နဖူး ပါး၂ဖက်နှင့် နှာခေါင်းတ၀ိုက်ကို ပွတ်ပေးပါ။ ပီးလျှင် နား၂ဖက်။ ပီးလျှင် လက်ညှိုးထဲ မျက်နှာသုတ်ဝတ်ကို ထည့်ကာ မျက်စိ ၂ဖက်ကို ခပ်ဖွဖွ ပွတ်ပေးပါ။ အထက်ပါ အဆင့်ပီးလျှင် မျက်နှာသုတ်ပုဝါကို ရေပြန်ဆွတ်ပီး ညှစ်ပီးလျှင် ကလေးရင်ဖတ်ပေါ် တင်ပေးပါ။ သို့မှသာ ကလေးကို ရေထဲချလျှင် ရေမလန့်မှာ ဖြစ်ပါသည်။ ဒါဆိုလျှင် ရေထဲ ထည့်ပါတော့မည်။
ရေထဲ ထည့်လျှင် ခြေထောက်လေးကနေမှာ ရေထဲကို တဖြည်းဖြည်း ညင်ညင်သာသာ ချပေးပါ။
ချသည့်အခါ ဇက်အောက်ကနေ မိမိလက်တဖက်ကို ပင့်ထိန်းပီးကိုင်ပေးပါ။ ကျန်သော လက်တဖက်က ကလေးရဲ့ တံတောင်ဆစ်ကြား ဂျိုင်းကြား ဖင်ကြား ဒူးခေါင်းကြားများကို ရှင်းလင်းပေးပါ။ လည်ပင်းအောက်ကို လက်ညှိုးလေးဖြင့် ဂျီးရှင်းပေးပါ။ ဆပ်ပြာကိုင်လျှင် ကိုင်ပီး အထက်ပါနေရာများကို လုပ်ပေးပါ။ (ကိုယ်ကတော့ ခေါင်းပါလျော်လို့ရသည့် ကလေးဆပ်ပြာရည်ကို သုံးပါသည်။ ကိုယ်သုံးသည့် ဆပ်ပြာရည်က တခါတည်းရေချိုးဇလုံထဲထည့်ရပါသည်။)
ပီးလျှင် ခေါင်းလျှော်ပါသည်။ ယောင်္ကျားလေးများ ရေချိုးပေးလျှင် ရွှေပန်းကိုသေချာ ဆေးပေးရသလို မိန်းကလေးများကို ဖင်သေချာဆေးပေးပါ။ ဒီမှာကတော့ ၀မ်းသွားထားလျှင် ကလေးအဆီလေးဖြင့် ရေချိုးချိန်မှာ ဆေးပေးလျှင် ပိုကောင်းပါသည်တဲ့။ (နောက်တချက် မိန်းကလေးများ ၀မ်းသွားပီး သုတ်သင်သည့်အခါ စအိုအောက်မှ အထက်မသုတ်မိရန်သတိထားပါ။ အပေါ်မှအောက်သာ သုတ်ပေးပါ။ မိန်းမကိုယ်ထဲ ပိုးမ၀င်စေရန်ဖြစ်ပါသည်။) ရေချိုးသည့် အပေါ်ပိုင်းကိစ္စ ပီးလျှင် ကျောဖက်ကို လှန်ပါမည်။ လှန်သည့်အခါ ကလေးဇက်ကို သတိထားပါ။ သို့အတွက်ကြောင့် ကလေးကို လှန်ရာမှ လက်၂ဖက်ဖြင့် ထိန်းပီး မှောက်ပါမည်။ အမှန်က လက်တဖက်က ခေါင်းကို ထိန်းပီး ကျန်တဖက်ရဲ့ လက်မကို ပေါင်ကြား အရှေ့ ဖက်မှာထားပီး ကျန်၎ချောင်းကို ကျောဖက်မှာ ဆုပ်ကိုင်ပီးမှောက်ပါလေ။ ကလေးလည်မထွက်ပါ။ ကျောကို ရေပွတ် လည်ပင်း ပေါင်ကြားရေပွတ်ပီးလျှင် ရေချိုးခြင်း ပီးပါပီ။
ရေချိုးနေချိန်မှာ ကလေးကို စကားပြောပေးပါ။ ဥပမာ သမီးလေးရေ.. ရေချိုးတော့မယ်.. ရေချိုးရတာ ကောင်းတယ်နော်..ပျော်လားသမီးရေ..နဲနဲလေး ကြီးလာရင် ရေဆော့တတ်လာပီ ဆိုရင်..ဟယ်..သိပ်တော်တဲ့ သမီးလေး... ရေဆော့တတ်နေပီ..အစရှိသဖြင့် ကလေးတွေကို စကားပြောပီး ရေချိုးပေးပါ။ ဥာဏ်ရည်ဖွံ့ဖြိုးစေပါသည်။
ကလေးကို ရေထဲက စစ်ပီးထုတ်လာလျှင် အထက်ကကြိုတင်ပြင်ဆင်ထားသည့် မျက်နှာသုတ်ပုဝါ ပေါ်မှာတင်ပီး တခါတည်းမျက်နှာပဲဖော်ကာ ပတ်ပီး ခေါင်းကို အရင်သုတ်ပါ။ ပီးတာနဲ့ကိုယ်ကိုသုတ်ပါ။ ကလေးရေခြောက်ပီဆိုတာနဲ့ ကလေးအနှီးဝတ်ပတ်ပါ။ (ကိုယ်ကတော့ ပေါင်ကြားကို ပေါင်ဒါအနဲငယ်သုံးပါသည်။ ဆရာဝန်တွေ မသုံးခိုင်းပါ။) ပီးလျှင် ရာသီဥတုကြောင့် ကိုယ်တို့ကတော့ ကလေး အသားမပတ်စေရန် လိုရှင်းလူးပေးပါသည်။ အားလုံးကို လုပ်ပေးနေရင်း စကားတွေလည်းပြောပေးပါသည်။ ပီးလျှင် အသင့်ပြင်ထားသော ကလေးအကျီကို ၀တ်ပါသည်။ ကလေးနားများလည်း သန့်ရှင်းရေးလုပ်နိုင်ပါသည်။ မွေးကင်းစဖြစ်သည့်အတွက် ချက်ကိုလည်း အရက်ပြန်လေးဖြင့် ပွတ်ပေးပါ။ ကလေးသည် မကြာမီ မျက်စိစင်းပီး အိပ်ချင်လာပါမည်။ အချိန်မှန်ရေချိုးပေးခြင်းသည်ကောင်းပါသည်။
ဤတွင် ကလေးရေချိုးခြင်းပီးပါပီ။
မှတ်ချက်။ ကလေးရေမချိုးခင် ကိုယ်အပူချိန်တိုင်းသင့်ပါသည်။

Subscribe to:
Posts (Atom)